Shwebo သတင်းစုံ

Shwebo သတင်းစုံ Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Shwebo သတင်းစုံ, Immobilier, Democratic Republic of the.

အိမ်ထောင်ကျပြီဆိုရင် အိမ်ခွဲနေပါ မဖြစ်မနေ နေရမယ်ဆိုရင် အိမ်ငှါးနေပါ အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ ၈၀% ဟာ အိမ်ခွဲမနေနိုင်ခ...
23/12/2022

အိမ်ထောင်ကျပြီဆိုရင် အိမ်ခွဲနေပါ
မဖြစ်မနေ နေရမယ်ဆိုရင် အိမ်ငှါးနေပါ
အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ ၈၀% ဟာ
အိမ်ခွဲမနေနိုင်ခြင်းက စတာပါ

နှစ်ယောက်တဘဝတောင် ထူထောင်တည်ဆောက်ပြီးပြီးပဲ ၊ဘာလို့ ဘဝကို Lead လာလုပ်ပြီး Management လာလုပ်မယ့် နှစ်ဖက် မိဘတွေရဲ့ အုပ်ချုပ်မှုကို ခံနေအုံးမှာလဲ??သေချာတယ် လက်ထပ်ပြီးတဲ့အထိ ကိုယ်ပိုင် ဘဝမရှိတဲ့ မိဘ အုပ်စိုးမှုခံနေရသေးရင် ပြိုကွဲဖို့ ၁၀၀% ပဲ၊ဒီနေရာမှာယောက်ျားလေး မိဘ၊မိန်းကလေးမိဘဆိုတဲ့ခွဲခြားမှုမရှိဘူး ၊နှစ်ဖက်စလုံးကမိဘရဲ့ ဝင်ရောက်စွက်ဖက်မှုတိုင်းကိုဆိုလိုတာ၊

နောက်တစ်ချက်က ဟိုဘက်မိဘ၊ဒီဘက်မိဘရဲ့
အားကိုးအားထားပြုပြီး နေထိုင်ရတဲ့သူမျိုးကိုရွေးချယ်မိရင်သေချာတယ် ရန်သူ အဖြစ်နဲ့ကို သတ်မှတ်ခံရပြီး အမြဲအမြင်စောင်း ရန်လိုခံနေရမှာ

ပြီးရင် လုံးဝကိုမှ ကိုယ်ချင်းမစာနာတတ်ပါသော ညီအကိုမောင်နှမတွေ ပိုင်ဆိုင်ထားခဲ့ရင်သေချာပါတယ်
အိမ်ထောင်ရေးအဆင်မပြေစေဖို့ ကလော်ကလယ် ကတုန်းကတိုက် လုပ်ပြီး သွေး ထိုး မယ့် သူ ဖြစ်ခဲ့ရင်
ဘယ်လောက်ပဲအကောင်းဆုံးတည်ဆောက်ထားပါစေ ကွဲမှာပါ

နောက်ဆုံးတစ်ခုကတော့ ကိုယ့်လူပါပဲ
ဘယ်သူမကောင်းကောင်း ၊ကိုယ့်လူက
ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ
ကိုယ့်ဘက်က အပြည့်အဝရပ်တည်ပြီး
လက်တွဲမယ် ၊ဘယ်သူ့လောင်းရိပ်မှာမှ မမှီခိုဘူး
မင်းရှိရင်ပြည့်စုံပြီးဆိုရင်တော့
Everything is okay ပါ

ဒီ့တော့ အိမ်ထောင်ရေးဆိုတာ သမီးရည်းစားဘဝလောက်မရိုးရှင်းပါဘူး ၊
မလွယ်ကူပါဘူး ၊သေချာစဉ်းစားပါ
အကောင်းဆုံးရွေးချယ်ပါ၊မှန်ကန်စွာဆုံးဖြတ်ချက်ချပြီးမှ တည်ဆောက်ပါ ၊ထူထောင်ပါ ….🍀🍀🍀

မြန်မြန်ပြေးဖို့ မလိုပါဘူး၊ မှန်မှန်ပြေးဖို့ပဲ လိုပါတယ်➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ယုန်နဲ့ လိပ်ပုံပြင်ကနေပြီးတော့ အတွေးတစ်ခုရမိတယ်။ ...
23/12/2022

မြန်မြန်ပြေးဖို့ မလိုပါဘူး၊ မှန်မှန်ပြေးဖို့ပဲ လိုပါတယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ယုန်နဲ့ လိပ်ပုံပြင်ကနေပြီးတော့ အတွေးတစ်ခုရမိတယ်။ ပုံပြင်လေးကို နည်းနည်းပြန်နွှေးရရင်...

ယုန်နဲ့ လိပ် အပြေးပြိုင်တယ်။ ယုန်က အပြေးမြန်တယ်။ လိပ်ကနှေးတယ်။ အပြေးပြိုင်ပွဲစတော့ အပြေးမြန်ပါတယ်ဆိုတဲ့ ယုန်က သူ့ရဲ့ လျင်မြန်မှုကို အသုံးချပြီး တဟုန်ထိုးပြေးတယ်။ လိပ်ထက်လည်း အများကြီး ရှေ့ကို ရောက်သွားတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ အိပ်နေတယ်။

လိပ်ကတော့ နှေးတယ်။ ယုန်လို လျင်လျင်မြန်မြန်လည်း မပြေးနိုင်ဘူး။ ဒါကြောင့် ဖြည်းဖြည်းချင်းစီပဲ ရွေ့တယ်။ နောက်ဆုံးမှာတော့ အားလုံး သိကြတဲ့အတိုင်းပဲ လိပ် အနိုင်ရသွားတယ်။

အဲ့တော့ ကျွန်တော်တို့တွေဟာလည်း တစ်ခါတလေမှာ ပုံပြင်ထဲက ယုန်လိုမျိုးပဲ လမ်းတဝက်ရောက်တော့မှ အိပ်နေတတ်တဲ့လူတွေလားဆိုတာ ပြန်စဥ်းစားကြည့်ဖို့လိုတယ်။

အလုပ်တစ်ခုခုလုပ်တယ်။ အစပိုင်းမှာတော့ Passion အပြည့်၊ စိတ်ထက်သန်မှုအပြည့်နဲ့ ဝုန်းဒိုင်းဝုန်းဒိုင်းလုပ်တယ်။ ပြီးရင် ပြန်ငြိမ်သွားတယ်။ ဒါဟာ စဥ်းစားကြည့်ရင် ယုန်လိုပဲ အစပိုင်းမှာတော့ တဟုန်ထိုးထပြေးပြီး လမ်းတစ်ဝက်ရောက်မှာ အိပ်ပျော်သွားတာနဲ့ မတူပေဘူးလား။

ကျွန်တော်ဆိုလဲ ငယ်ငယ်က အင်္ဂလိပ်ဘာသာစကားတို့၊ တရုတ်ဘာသာစကားတို့ စတင်လေ့လာတုန်းက အစပိုင်းမှာတော့ စိတ်ထန်သက်မှုအပြည့်နဲ့ လေ့လာပေမယ့် နောက်ပိုင်းမှာ လမ်းတစ်ဝက်ရောက်မှ အိပ်ချင်စိတ်ဖြစ်လာလို့ မနည်းပြန်ထိန်းခဲ့ရဖူးတယ်။

ကျွန်တော်ကတော့

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုဟာ ကိုယ့်အတွက် အရမ်းပင်ပန်းစေတယ်၊ စိတ်မသက်မသာဖြစ်စေတယ်ဆိုရင် ကိုယ်သက်သာစေနိုင်တဲ့ အနေအထားတစ်ခုကနေပဲ အရင်ဦးဆုံး စတင်လိုက်တာပဲ။

ကျွန်တော် တနေ့ကို Eng ဘာသာစကားအတွက် 5 မိနစ်၊ တရုတ်ဘာသာစကားအတွက် 5 မိနစ်ပဲ လေ့လာခဲ့တယ်။ တနေ့ကို 10 မိနစ်ပဲလေ့လာတယ်။

ဒါပေမဲ့ တနေ့ကို 10 မိနစ်ပဲ လေ့လာတယ်ဆိုပေမယ့် တစ်ရက်မှ မပျက်ခဲ့ဘူး။ ဘယ်လောက်ပဲ အချိန်မရမရ အဲ့ဒီ 10 မိနစ်အတွက် အချိန်မရရအောင်ပေးတယ်။

နောက်ပိုင်း ၁လ လောက်ထိ ပုံမှန်လေး လေ့လာဖြစ်လာတော့မှ အချိန်ကိုထပ်တိုးတယ်။ မိနစ် ၂၀၊ ၂၅ စသည်ဖြင့် တဖြည်းဖြည်းချင်းတိုးတိုးသွားတာ။

အဲ့တော့ ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ ရပ်မနေဖို့ပါပဲ။ ကျွန်တော်တို့ နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ရွေ့နေဖို့လိုပါတယ်။

ခရုသည် နှေးတယ်ဆိုပေမယ့် သူမှန်မှန်ရွေ့မယ်ဆိုရင် နေရာတစ်ခုရောက်တာပဲ၊ လိပ်သည်လည်း နှေးတယ်ဆိုပေမယ့် မှန်မှန်လေးရွေ့နေမယ်ဆိုရင် နေရာတစ်ခု ရောက်နိုင်တာပဲ။

ဒါကြောင့်...

ကျွန်တော်တို့ မြန်မြန်ပြေးဖို့ မလိုပါဘူး။
မှန်မှန်ပြေးဖို့ပဲ လိုပါတယ်။ မှန်နေပြီဆိုမှ အရှိန်ကို တင်ဖို့စဥ်းစားပါလို့ အကြံပေးချင်ပါတယ်။

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။စီးပွါးရေး သမား ဖြစ်သူက  ၃ ၊ ၄ ချက်ရိုက်ပြီးတော့ တစ်ချက်မှ...
23/12/2022

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။

စီးပွါးရေး သမား ဖြစ်သူက ၃ ၊ ၄ ချက်ရိုက်ပြီးတော့
တစ်ချက်မှမဝင်လို့ ဆဲဆိုထူပူနေပါရော။

အဲ့နောက် အင်ဂျင်နီယာ ရိုက်ရမယ့်အလှည့် ရောက်လာတယ်။

သူ့အလှည့်ရောက်ရောက်ချင်း သူမရိုက်ဘူး။ Golf Buggy ကားပေါ်မှာပါလာတဲ့ ရေပြင်ညီတိုင်းကိရိယာနဲ့
သူ စရိုက်ရမယ့် နေရာကနေ အပေါက်ရှိတဲ့နေရာအထိ လိုက်တိုင်းတယ်။

တိုင်းပြီးသွားတော့ ကားပေါ်က ပေကြိုးထုတ်လာပြီး ထပ်တိုင်းပါလေရော။

စီးပွားရေးသမားဖြစ်သူကတော့ ဘာကိုတိုင်းနေမှန်းမသိလို့ ဒီတိုင်း ကြည့်နေတယ်။

ဒီလိုနဲ့ ထပ်တိုင်းပြီးသွားတော့ စာအုပ်တစ်အုပ်ထုတ်လာပြီးတြိဂံတွေ စတုဂံတွေ စက်ဝိုင်းတွေ မျဉ်းတွေ ဆွဲတယ်။

နာရီဝက်လောက်ကြာလာတဲ့အခါမှာတော့
စီးပွားရေးသမားဖြစ်သူက အင်ဂျင်နီယာကို ပြောတယ်။

" မင်းရဲ့ ဂေါက်သီးကို မင်းရိုက်မလား ငါရိုက်ရမလား " တဲ့။

အင်ဂျင်နီယာလည်း အကုန်တိုင်းတာလို့ ပြီးသွားဟန်နဲ့
ဂေါက်ရိုက်တံကိုကိုင်ပြီး မြက်ခင်းစိမ်းပေါ်က ဂေါက်သီးကို ယုံကြည်မှုအပြည့်နဲ့ ကျင်းရှိရာကိုရိုက်ချလိုက်တယ်။
..
...

"မဝင်ပါဘူး .... "

ဒါကြောင့် ဘဝမှာ မလိုအပ်ပဲ
သောက်ကြီးသောက်ကျယ်တွေ သောက်ပို​တွေသိပ်မလုပ်ပါနဲ့။

23/12/2022

၂၃-၁၂-၂၀၂၂ မုံရွာမြို့ ကုန်စည်ဒိုင်ပေါက်ဈေး

မြေသို့ ကြွေမကျခင်****************ဖတ်ကြည့်နော်-- #မအားတဲ့ကြားကဘဲအိုမင်းလာပြီ မဟုတ်လား-?အချိန်ကြာလာလျှင်ဒီထက် ပိုဆိုးတော့...
23/12/2022

မြေသို့ ကြွေမကျခင်
****************
ဖတ်ကြည့်နော်--

#မအားတဲ့ကြားကဘဲ
အိုမင်းလာပြီ မဟုတ်လား-?

အချိန်ကြာလာလျှင်
ဒီထက် ပိုဆိုးတော့မယ်။

အပိုအလုပ်တွေမှာ
ဝင်ပါ မနေနဲ့တော့။

#မအားတဲ့ကြားကဘဲ
နာလာပြီ မဟုတ်လား-?

ရှေ့ကိုတိုးလျှင်
ဒီထက် ပိုဆိုးတော့မယ်။

နေရာတကာမှာ
ငါမပါ မပြီးဆိုပြီး
ဆရာကြီး လုပ်မနေပါနဲ့တော့။

#မအားတဲ့ကြားကဘဲ
အသေဘက်ကို
နီးလာပြီ မဟုတ်လား-?

မရေရာတာတွေကို
လိုက်ရှာ မနေပါနဲ့တော့။

သေချာတာတွေကို
တမလွန်အတွက်
စုဆောင်းဦးမှပေါ့။

#အားအား,မအားအား
သေမင်း မသနားတော့လျှင်

သူသူငါငါ အကုန်လုံးက
ထားသွားရတာပဲ မဟုတ်လား-?

#အားမှ သွားရစတမ်းဆိုလျှင်
ဘယ်တုန်းကမှ
ဘယ်လိုနည်းနဲ့မှ
အားနေကြမှာ မဟုတ်လို့

နာရေးကြော်ငြာဆိုတာ
သတင်းစာမှာ
ပါလာစရာ အကြောင်းကို
မရှိနိုင်ဘူးလေ။

ဒါကြောင့်--
မြေသို့ ကြွေမကျခင်
အသိတရားနဲ့
သတိထားပြီး
ဆင်ခြင်နိုင်အောင် ကြိုးစားကြပါ။

မူရင်း-Credit-Ven Javana

မေတ္တာဖြင့်--

20/12/2022
လူ့
20/12/2022

လူ့

ပိုက်ဆံရှာပါ... ချစ်သူ ရည်းစားကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ အချစ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားတတ်တယ်။ ဆွေမျိုး ကြ...
20/12/2022

ပိုက်ဆံရှာပါ...

ချစ်သူ ရည်းစားကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ အချစ်တွေ တဖြေးဖြေး ပျောက်ကွယ်သွားတတ်တယ်။

ဆွေမျိုး ကြားမှာ ရွှေမရှိရင် ကြာလာတာနဲ့အမျှ အမျိုးဆိုတဲ့ မေတ္တာတွေ တဖြေးဖြေး ပျောက်ကွယ်သွားကြတယ်။

သူငယ်ချင်းကြားမှာ ပိုက်ဆံမရှိရင် ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ လျော့ကျတတ်လာတယ်။

မေတ္တာစစ်ဆိုတာ ငွေနဲ့ဝယ်လို့မရပေမယ့်
လူရာဝင်ဖိုအြတွက်ဆိုရင် ငွေရှိဖို့လိုပြန်လိမ့်မယ်။

ချမ်းသာဖို့ မလိုပေမယ့်
ငွေကြိုးစား ရှာတတ်သူဖြစ်ဖို့ လိုပါလိမ့်မယ်။

မင်းပြည့်စုံဖို့ မလိုပေမယ့်
ကြိုးစားနေသူဖြစ်ဖို့လိုပါလိမ့်မယ်။

ပြဿနာဆိုတာ လူတိုင်းမှာရှိကြပါတယ်။
ဒါပေမယ့် ဘာဖြစ်ဖြစ် ပိုက်ဆံရှာပါ

ပိုက်ဆံရှိအောင်သာ အရင်လုပ်
တော်ယုံတန်ယုံ အဆင်မပြေမှုတွေက
ပိုက်ဆံနဲ့ ပြီးတယ်တဲ့... ။ (တချို့ထဲကပါ)

မေတ္တာများစွာဖြင့်

20/12/2022

19.12.2022 မုံရွာ ကုန်စည်ဒိုင် ပေါက်စျေး

20/12/2022

20.12.2022 🌽🌽🌽 (ပြောင်းဈေးနှုန်း)

ဆောင်းကလည်း တော်တော်ပီပြင်လာပြီဆိုတော့ တောင်သူဦးကြီးများနဲ့ ကုန်သည်ကြီးများအားလုံးလည်း ကျန်းမာရေးတွေ ဂရုစိုက်ကြပါနော်။

အရောင်းအဝယ်တွေလည်း ကောင်းပြီး မကြာခင်ရောက်ရှိတော့မယ့် နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။

ခိုင်ရတနာဝင်း ကုမ္ပဏီမှဝယ်ယူသည့် ပြောင်းတပိဿာဈေးနှုန်းကတော့
အေးသာယာ - 1040 ကျပ်
ရန်ကုန် - ??? ကျပ်

Moisture < 15%
ပြောင်းသားအကောင်း 80%

အရောင်းအဝယ်ပြုလုပ်လိုပါက ဖုန်းနံပါတ်
☎09777045918,
☎09777045915,
☎09777045922 သို့ ဆက်သွယ်နိုင်ပါတယ်.....

မှတ်ချက်။ ။ အချိန်နဲ့တစ်ပြေးညီ ဈေးအပြောင်းအလဲရှိနိုင်ပါသည်။

လေးစားရပါသော တောင်သူဦးကြီး ကုန်သည်ကြီးများ စီးပွါးရေးတွေ အဆင်ပြေကာ ကြီးပွားတိုးတက်ကြပါစေ 🙏🙏🙏ယုံကြည်စိတ်ချစွာဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်.....

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Shwebo သတင်းစုံ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager