11/05/2024
အရပ်အခေါ် အုန်းမွှေးလုံးကားတွေနဲ့ ကွန်ကရစ်လောင်းမယ်ဆိုရင် သတိပြုစရာလေးတွေ ဝေမျှပေးပါရစေ။
1️⃣Concrete ကား ရောက်လာတဲ့အခါ ကိုယ်မှာထားတဲ့ ကွန်ကရစ်အတိုင်း Strength, Slump, Maximum Size of Aggregate, Temperature, Quantity, Cement Type တွေ ဟုတ်ရဲ့လားဆိုတာကို အရင်ဆုံး စစ်ဆေးရပါမယ်။
2️⃣အသုံးပြုမယ့် ကွန်ကရစ်ဟာ Batching Plant မှ လုပ်ငန်းခွင်ကို (၁) နာရီခွဲဝန်းကျင်အတွင်း ရောက်သင့်ပါတယ်။
3️⃣Site ထဲကို ရောက်လာပြီဆိုရင် (၁၅) မိနစ်အတွင်း လောင်းသင့်ပြီး ဘိလပ်မြေအိပ်ချိန်မကျော်လွန်မီ အပြီးသတ် လက်စသတ်ရပါမယ်။
4️⃣ကွန်ကရစ်လောင်းတဲ့ လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ အသုံးပြုတဲ့ ကရိယာ တန်ဆာပလာတွေကို လုပ်ငန်းပြီးလို့ နာရီဝက်အတွင်း(ကွန်ကရစ် မခြောက်ခင်မှာ) ရေစင်အောင် ဆေးကြောပါ။
5️⃣Ready mix concrete သယ်ပို့တဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့ segregation ပြသာနာဖြစ်ပေါပြီး batching plant သို့ ပြန်ပို့ရန် အခက်အခဲရှိပါက သန့်ရှင်းတဲ့ ပလက်ဖောင်းပေါ်တွင် ရေထပ်မထည့်တော့ပဲ mix ပြန်လုပ်ရပါမယ်။
6️⃣Ready Mixed Concrete ကို စတင်မလောင်းမီ Slump cone နဲ့ ဦးစွာစစ်ဆေးမှု ပြုလုပ်ရပါမယ်။
7️⃣Ready Mixed Concrete လောင်းတဲ့အခါ segregate မဖြစ်စေရန် သတိထားရပါမယ်။ Wall နဲ့ column အမြင့်လိုနေရာတွေ လောင်းတဲ့အခါမှာ free fall concrete အမြင့်က 1.5 metre ထက်
မြင့်နေတယ်ဆိုရင် ကွန်ကရစ်စီးဆင်းမှု မကောင်းနိုင်တာကြောင့် honeycomb, separation လို ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Vi****or တွေနဲ့ ညက်နေအောင် သေချာထိုးပေးရတာပါ။
သင့်ခိုလှုံရာ၊ သင့်ယုံကြည်ရာ...
အစဉ်အမြဲ MD ပါ 🏡
Contact us:
09 757187373
09 5280326
09 785280326