Rohingya Refugee Committee RRC-India

Rohingya Refugee Committee RRC-India Rohingya Refugee Committee represents the Voice of Rohingya Refugee in India.

စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ်  ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ထပ်မံဆုံးရှု...
20/12/2024

စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံဆုံးရှုံး၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA လက်ရ အရှင်ဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ပြီးနောက် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

20/12/2024

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA အပြီးသတ်သိမ်းပိုက်
ဒုတိုင်းမှူးသောင်းထွန်းနှင့် တိုင်းစစ်ဦးစီး ဗိုလ်မှူးကျော်ကျော်သန်းကို လက်ရအရှင်ဖမ်းမိကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ အတည်ပြု

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၀/၂၀၂၄

အာရက္ခတပ်တော် ( AA) က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ နေ့လယ် ၁၂ နာရီက အပြတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AAပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနကို အတည်ပြုပါတယ်။

ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းစစ်ဦးစီး ဗိုလ်မှူးကျော်ကျော်သန်းကို တိုက်ပွဲအတွင်း ဒဏ်ရာလက်ရအရှင်ဖမ်းမိတယ်လို့ သိရှိရပါတယ်။

(ဦးခိုင်သုခ အင်တာဗျူးအားများမကြာမီ တင်ပြပေးပါမည်။)

20/12/2024

အေအေ ရခိုင်တပ်က မောင်တောမြို့ကို သိမ်းပိုက်ပြီးနောက် ဒေသခံ တိုင်းရင်းသား ရိုဟင်ဂျာ လူနည်းစုများကို ညှမ်းပန်းနှိပ်စက်ကာ ဒုက္ခမျိုးစုံပေးပြီး မိမိတို့မြေမှ ထွက်ပြေးသွားရန် အကြမ်းဖက်ဂိုဏ်းဖွဲ့၍ ကြိမ်းခြောက် သတ်ဖြတ် မောင်းထုတ်နေပါသည်။

17/12/2024

Belgium declared for Intervention on prevention and punishment of Genocide
Gambia VS Myanmar (7 states intervening)

Address

Budella, Vikaspuri 4
Delhi
110018

Website

Alerts

Be the first to know and let us send you an email when Rohingya Refugee Committee RRC-India posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category