Agri Tea Talks by Htet

Agri Tea Talks by Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Agri Tea Talks by Htet, Real Estate, Assam Agricultural University, Jorhat.

🌿India နိုင်ငံ တွင် လက်ဖက် အထူးပြုဘာသာရပ်ဖြင့် ပညာသင်ကာလ အတွေ့အကြုံများ ၊ အစားအသောက်နှင့် အဟာရဆိုင်ရာကြောင်းအရာများကို Knowledge sharing လုပ်ပေးပါမည်။
# Tea Husbandry and Technology
# Food science and Technology
# Indian traditional

23/01/2026

ဒီ Mega Farmer's Fair ပွဲ လေး ပြီးသွားတာကတော့ နည်းနည်းကြာပါပြီ၊ ခုမှ အလုပ်နည်းနည်းပါးလို့ တင်ဖြစ်တာပါ။

#လက်ဖက်

18/01/2026

ဒီမှာ က ဈေးရောင်းဈေးဝယ် က အမျိုးသားတွေ အလုပ်ထင်တယ်။
fish market, Assam, India

14/01/2026

Indian milk Tea ☕ ☕ 🤤
#လက်ဖက်

မနက်ဖြန် ကျွန်မ ကျောင်းတက်နေတဲ့ Assam Agricultural University, India  ကျင်းပတဲ့ Farmers Affairs ပွဲမှာ ကျွန်မတို့ လက်ဖက်...
08/01/2026

မနက်ဖြန် ကျွန်မ ကျောင်းတက်နေတဲ့ Assam Agricultural University, India ကျင်းပတဲ့ Farmers Affairs ပွဲမှာ ကျွန်မတို့ လက်ဖက်ဌာနက Display ပြမဲ့ လက်ဖက် ထုတ်ကုန် မျိုးစုံ ထဲမှာ မြန်မာလက်ဖက်စိုကို ထည့်သွင်းပြသနိုင်အောင် ကျွန်မ ကိုယ်တိုင် Fermentation period ၂ လ‌ ရအောင် ကြိုတင် ပြုလုပ်ထားတာတဲ့ လက်ဖက်စိုတွေပါ။ လာလေ့လာသမျှ ဧည့်သည်တွေကို လက်ဖက်သုပ်ကျွေးပြီး မြန်မာ့လက်ဖက်စို အကြောင်း ရှင်းပြပါမယ်ရှင်။

#လက်ဖက်

📢📢ကျွန်မ ဒီရက်ပိုင်း သုတေသန အတွက် ဓာတ်ခွဲခန်းထဲမှာ တိုင်းတာတွေ လုပ်နေတာနဲ့ စားမေးပွဲတွေ ရှိနေတာတွေ ကြောင့် videos လေးတွေ...
10/12/2025

📢📢ကျွန်မ ဒီရက်ပိုင်း သုတေသန အတွက် ဓာတ်ခွဲခန်းထဲမှာ တိုင်းတာတွေ လုပ်နေတာနဲ့ စားမေးပွဲတွေ ရှိနေတာတွေ ကြောင့် videos လေးတွေ မတင်ဖြစ်သေးတာပါရှင့်။
🗣️လက်ဖက်နဲ့🗣️ ပတ်သတ်လို့ ဗဟုသုတ ရဖွယ် အကြောင်းအရာလေးတွေနဲ့ India နိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ အကြောင်းအရာလေးတွေ မျှဝေပေးနေတဲ့ ကျွန်မရဲ့ Page လေးကို follow လုပ်ထားသူ တစ်ဦးချင်စီကို ကျေးဇူးတင်ပါတယ်ရှင့်🙏😊

🙏လေးစားရပါသော လက်ဖက် တောင်သူကြီးများရှင့်🌿🌿လက်ဖက်စို ပြုလုပ်ရန် အချိန်ဘယ်လောက် ယူရလည်းရှင့် 🥗🥗အိတ်တွေထဲ လက်ဖက် ‌တွေ ထည့်...
06/12/2025

🙏လေးစားရပါသော လက်ဖက် တောင်သူကြီးများရှင့်🌿🌿လက်ဖက်စို ပြုလုပ်ရန် အချိန်ဘယ်လောက် ယူရလည်းရှင့်
🥗🥗အိတ်တွေထဲ လက်ဖက် ‌တွေ ထည့်သိပ်ပြီးနောက် ရက်ပေါင်း ဘယ်လောက် ထားပြီးရင် စတင် စားသုံးလို့ (အသုံးပြုလို့) ရပြီလည်းရှင့်
🙏🙏ကျွန်မကို ကူညီသော အားဖြင့် ဖြေပေးကြပါအုံးရှင့်
ကျေးဇူးတင်ပါတယ်ရှင့်

🧬🧬📢ဒီနေ့ ကျွန်မ ဓာခွဲခန်းထဲမှာ လက်ဖက်စို၊ လက်ဖက်ခြောက်နှစ်မျိုး (Green Tea လက်ဖက်စိမ်းခြောက် နဲ့ Orthodox Tea (လက်ဖက် အခ...
12/11/2025

🧬🧬📢ဒီနေ့ ကျွန်မ ဓာခွဲခန်းထဲမှာ လက်ဖက်စို၊ လက်ဖက်ခြောက်နှစ်မျိုး (Green Tea လက်ဖက်စိမ်းခြောက် နဲ့ Orthodox Tea (လက်ဖက် အခါးခြောက်)) သူတို့ မှာ ပါတဲ့ Tannin ဓာတ် ကို တိုင်းတာခဲ့တယ်။ အဲမှာ အားလုံးထဲက Green Tea က Tannin ဓာတ်အများဆုံးဖြစ်ပြီး၊ လက်ဖက်စို က Tannin ဓာတ် အနည်းဆုံး ပါဝင်တာကို တွေ ခဲ့ရပါတယ်။
🧪🧪ဆိုလိုချင်တာက အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်က Tannin ဓာတ်ကို လျှော့ ချပေးနိုင်ဆိုတာပါပဲ။
🥂🥗အစားအသောက် တွေမှာ ပါဝင်တဲ့ Tannin ဓာတ်က လူတွေ ကျန်းမာရေးကို ဆိုးကျိုးကြည့်ပေးတာ မဟုတ်ပါဘူး သူ့မှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အချက်တွေလည်း ရှိပါသေးတယ်ရှင့်။
📢📢အခုလို အကြောင်းအရာလေးတွေ စိတ်ဝင်စားတယ်ဆိုရင် ကျန်မရဲ့ Page လေးကို Follow လုပ်ပေးထားပါနော်
🙏ကောင်းသောနေ့လေးဖြစ်ကြပါစေ🙏🙏🙏




11/11/2025

လက်ဖက် အချိုခြောက် (CTC Tea) ထုတ်လုပ်ရာတွင် အဆင့်အလိုက် အသုံးပြုသည့် စက်များ



လက်ဖက်စို လုပ်မလို့🤤🤤
09/11/2025

လက်ဖက်စို လုပ်မလို့🤤🤤

မျိုး စပ်ထားတဲ့ လက်ဖက်မျိုးတွေ collection လုပ်ထားတဲ့ ALBUM လေး Tea Department မှာ တွေ့လို့  Tea Varieties Series က စုစုပ...
01/11/2025

မျိုး စပ်ထားတဲ့ လက်ဖက်မျိုးတွေ collection လုပ်ထားတဲ့ ALBUM လေး Tea Department မှာ တွေ့လို့ Tea Varieties Series က စုစုပေါင်း 30 ရှိတာ ALBUM လေးမှာတော့ 28 ထိပဲပါတယ်။ ALBUM လေးကလည်း အတော် ဟောင်းနေပြီ ဆိုတော့ ပြုတ်ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ လက်ဖက်မျိုး နံပါတ် (T.V clone ) ဘယ်လောက် ကို ဘာ ထုတ်ကုန်အတွက် သုံးတယ် ဆိုတာလေးပါ ပြောပြမယ်နော်။



30/10/2025

🇮🇳🇮🇳🌿🌿လက်ဖက်ပင် ပျိုးခြံ လေ့လာခြင်း။



Address

Assam Agricultural University
Jorhat
785013

Alerts

Be the first to know and let us send you an email when Agri Tea Talks by Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category