01/06/2023
တန်ဖိုးထားရတဲ့ ဆက်ဆံရေးတစ်ခု
အဆုံးသတ်သွားတဲ့ အခါမှာ ကျွန်မတို့တွေက
အသည်းကွဲတယ်လို့ ပြောလေ့ရှိကြတယ်။
ဒီလိုအသည်းကွဲတာက စိတ်ဖိစီးမှုတွေကို
ဖြစ်စေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုပါ
အများကြီးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒါပေမယ့်လည်း အသည်းကွဲခြင်းက Toxic Relationshipတစ်ခုမှာပိတ်မိနေတာလောက်တော့
မဆိုးသေးပါဘူး။လူတစ်ယောက်က ကျွန်မတို့ကို အမြဲတမ်းနာကျင်စေတယ်ဆိုရင် အဲ့ဒီလူဆီကနေ
ကျွန်မတို့ထွက်သွားခွင့်ရှိပါတယ်။
ကျွန်မတို့ကိုကြေကွဲစေတဲ့အရာတွေကြား
ဆက်လက်နေထိုင်ပြီး ကျွန်မတို့နှလုံးသားထဲက
ကျန်ရှိနေတဲ့ ကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကို
ဖျက်စီးပစ်နေစရာမလိုပါဘူး။
ကျွန်မတို့သိထားရမှာကဆက်ဆံရေးတစ်ခုကိုအဆုံးသတ်တာဟာ ကျွန်မတို့ဘ၀ကိုအဆုံးသတ်ဖို့ဖြစ်လာတာမဟုတ်ဘူး။ချစ်ခြင်းတရားရှိတဲ့အရပ်မှာ
ဆုံးရှူံးမှုဆိုတာကအမြဲတမ်းရှိနေနိုင်တာမို့
ဒါက ကိုယ်ကိုယ်တိုင်လက်ခံထားရမယ့် ကိစ္စပါပဲ။
လူတစ်ယောက်ကအသည်းကွဲပြီဆိုရင်
စိတ်ခံစားမှုလွန်ကဲခြင်းနဲ့ ခံစားချက်မဲ့တဲ့အချိန်တွေကြားမှာ ရုန်းကန်နေရတာများပါတယ်။
ဘယ်လောက်ပဲစိတ်ခံစားမှုတွေ ရှုပ်ထွေးနေပါစေ
ကိုယ့်နှလုံးသားကို ပျက်စီးစေခဲ့တဲ့အရာတွေဆီကို
ပြန်မသွားပါနဲ့။နောက်ပြီး ဘာကိုမှမခံစားချင်လို့ဆိုပြီး အသည်းကွဲခဲ့တဲ့စိတ်ဒဏ်ရာတွေဆီက ထွက်ပြေးရင်း အလုပ်တွေဖိလုပ်လိုက် သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်နဲ့ ရှောင်ပြေးနေတာကလည်း မှန်ကန်တဲ့ ကုစားနည်းမဟုတ်ပါဘူး။တကယ်ဆို ရှောင်ပြေးနေတာက
ဒဏ်ရာတွေကိုဘ၀ထဲမှာ အချိန်အကြာကြီး
ထိန်းသိမ်းထားတာနဲ့အတူတူပါပဲ။
ဒီတော့ Accept that your relationship is over
ဘာကြောင့်ပဲအဆုံးသတ်သတ် ပြီးဆုံးသွားပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုကိုပြီးဆုံးသွားကြောင်းလက်ခံတတ်ရပါမယ်။ သူကဖောက်ပြန်သွားတယ်။ သူကသစ္စာမရှိဘူး။သူကငါ့ကိုမချစ်ဘူး။ ငါသူနဲ့နေရတာမပျော်ဘူး။
သူကငါ့ကိုနာကျင်စေတယ်။ သူနဲ့ငါ့ကြားမှာပြဿနာတွေဖြစ်ခဲ့တယ်။ ငါတို့ရှေ့ဆက်လို့မဖြစ်တော့ဘူး။ ဒါကြောင့် ငါတို့ရပ်တန့်လိုက်ရတယ် စသဖြင့် ဖြစ်ခဲ့တဲ့ အရာမှန်သမျှ ကိုယ့်ခံစားချက်မှန်သမျှကို ကိုယ်ကိုယ်တိုင်
အမှန်အတိုင်းလက်ခံနိုင်ဖို့လိုပါတယ်။
ခံစားချက်တွေကို ဖိနှိပ်ပြီးဘာမှမဖြစ်သလို ဟန်ဆောင်နေတာကအဆင်မပြေပါဘူး။ အချိန်တစ်ခုအထိ တစ်၀ကြီးခံစားလိုက်လို့ရပါတယ်။အချိန်အကြာကြီးမျောနေဖို့တော့မလိုဘူးပေါ့။ အားလုံးကိုလက်ခံနိုင်သွားပြီဆိုရင်တော့ဘယ်သူမှားမှားဘယ်သူမှန်မှန်ခွင့်လွှတ်ပေးဖို့ရွေးချယ်ပါ။ သူမှားရင်လည်းသူ့ကိုခွင့်လွှတ်ပေးဖို့ ကိုယ့်အပြစ်တွေရှိခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်ဖို့ ကြိုးစားပါ။ဒါတွေကို လက်ခံနိုင် ခွင့်လွှတ်နိုင်သွားရင်နောက်ဆုံးအနေနဲ့ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေဖို့လိုအပ်လာပါပြီ။ ငါဘယ်ကိုရှေ့ဆက်သွားမှာလဲကိုယ့်ကိုယ်ကိုယ်သိရှိသွားခြင်းက ဘ၀ရဲ့
သက်တောင့်သက်သာအရှိဆုံးအချိန်ပါပဲ။
လူတိုင်းက အသည်းကွဲခြင်းနဲ့
Past Relationship က Trauma တွေကို
ကုစားဖို့လိုကိုလိုအပ်ပါတယ်။
ဒါတွေကို လက်မခံပဲ မကုစားပဲ
ထွက်ပြေးနေမယ်ဆိုရင်တော့ ရှေ့ဆက်ရမယ့်
နေ့ရက်တွေနဲ့ ထပ်မံဆုံတွေ့ရမယ့် လူတွေကလည်း
ကိုယ့်အတွက် အိပ်မက်ဆိုးတွေပဲဖြစ်လာမှာပါ။
ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က
အိပ်မက်ဆိုးတွေကို ဖန်တီးနေတဲ့သူဖြစ်နေလို့ပါပဲ။