18/08/2026
အိမ်ခြံမြေမဝယ်ခင် သိထားသင့်တဲ့ Due Diligence
အခု လက်ရှိ အချို့သော အိမ်ခြံမြေဈေးကွက်တွေမှာ Project Progress၊ Handover နဲ့ Developer Communication ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
Property Development ဆိုတာ ရေရှည်လုပ်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် Construction Delay၊ Material Supply၊ Regulation အပြောင်းအလဲနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကို ဘယ်သူကမှ အပြည့်အဝ ကြိုတင်ခန့်မှန်းလို့မရနိုင်ပေမယ့် Buyer တွေအနေနဲ့ ကိုယ့်ရဲ့ Property နဲ့ Investment အပေါ် ရှင်းလင်းတဲ့အချက်အလက်တွေ သိရှိခွင့်ရှိသလို Developer ဘက်ကလည်း Project Progress၊ Timeline နဲ့ အပြောင်းအလဲတွေကို ပွင့်လင်းစွာ ဆက်သွယ်ပေးဖို့ အရေးကြီးပါတယ်။
ဒီလိုအခြေအနေတွေက Property မဝယ်ခင် Due Diligence လုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲဆိုတာကို ပြန်လည်သတိရစေပါတယ်။
Due Diligence ဆိုတာ Buyer ကိုယ်တိုင် အရာအားလုံးကို သိပြီး စစ်ဆေးရမယ်ဆိုတာ မဟုတ်ပါဘူး။
အဓိကကတော့ မဝယ်ခင် ကိုယ်ဘာကိုဝယ်နေတယ်၊ ဘာတွေကို သိထားသင့်တယ်၊ ဘယ်လို Risk တွေရှိနိုင်တယ်၊ ကိုယ့်အတွက် သင့်တော်ရဲ့လားဆိုတာ နားလည်ဖို့ပါ။
Property မဝယ်ခင် ဘာတွေကြည့်သင့်လဲ?
1) Developer
အရင်က Project တွေ ဘာတွေပြီးထားလဲ၊ Delivery History နဲ့ Market Reputation ဘယ်လိုရှိလဲ။
2) Construction & Handover
လက်ရှိ Construction Progress က ဘယ်အဆင့်ရောက်နေပြီလဲ၊ မူလ Timeline နဲ့ Handover Date က ဘယ်လိုရှိလဲ။
3) Contract
Payment Schedule၊ Handover Terms၊ Delay ဖြစ်ရင် ဘယ်လိုလုပ်ဆောင်မလဲ၊ Buyer နဲ့ Developer တို့ရဲ့ တာဝန်တွေကို နားလည်ထားလား။
4) Ownership & Legal
Title၊ Ownership Structure နဲ့ ကိုယ့်ရဲ့ Ownership Rights တွေကို နားလည်ထားလား။
5) Financials & Market
Purchase Price တင်မဟုတ်ဘဲ Tax၊ Service Fee၊ Rental Demand၊ Rental Yield နဲ့ Resale Market ကိုပါ ကြည့်ထားလား။
6) Exit Strategy
နောက် ၃ နှစ်၊ ၅ နှစ်အကြာ ဒီ Property ကို ပြန်ရောင်းချင်ရင် ဘယ်သူက ဝယ်မလဲဆိုတာ စဉ်းစားထားလား။
ဒီမေးခွန်းတွေနဲ့ အတူ Project တစ်ခုကို “ကောင်းတယ်၊ မကောင်းဘူး” ဆုံးဖြတ်ဖို့ထက် ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိ နားလည်ဖို့ ကလည်းအရေးကြီးပါတယ်။
Professional Agency/Advisor ရဲ့ အခန်းကဏ္ဍ
Property ဝယ်ယူမှုတစ်ခုမှာ Professional Property Agency သို့မဟုတ် Advisor/Consultant ရဲ့ အခန်းကဏ္ဍက Property ရှာပေးရုံနဲ့ မပြီးပါဘူး။
Project တွေကို နှိုင်းယှဉ်ပေးနိုင်တယ်၊ Developer နဲ့ Project Information တွေကို စုစည်းပေးနိုင်တယ်၊ Market နဲ့ Rental Potential ကို သုံးသပ်ပေးနိုင်တယ်၊ Buyer ကိုယ်တိုင် မစဉ်းစားမိနိုင်တဲ့ မေးခွန်းတွေကိုလည်း ကြိုတင်ထောက်ပြပေးနိုင်ပါတယ်။
အထူးသဖြင့် Cross Border Investment လုပ်တဲ့အခါ Local Market၊ Ownership Rules၊ Tax နဲ့ Legal Procedures တွေက မတူနိုင်တာကြောင့် Professional Guidance ရဲ့ အရေးပါမှုက ပိုတိုးလာပါတယ်။
Professional Advice ရဲ့ တန်ဖိုးက Buyer ကို ဝယ်စေဖို့မဟုတ်ဘဲ ပိုကောင်းတဲ့ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးဖို့ပါ။
IPS ရဲ့ Approach
IPS Cambodia မှာ Project တစ်ခုကို Client ဆီ မိတ်ဆက်ပေးပြီး Sale ပိတ်လိုက်တာနဲ့ တာဝန်ပြီးသွားတယ်လို့ မယူဆပါဘူး။
Due Diligence က IPS ရဲ့ Property Advisory Approach ရဲ့ အခြေခံအဆင့်တစ်ခု ဖြစ်ပါတယ်။
Project တစ်ခုကို Client တွေအတွက် မိတ်ဆက်ပေးဖို့ စဉ်းစားတဲ့အခါ
Developer၊ Construction Progress၊ Ownership၊ Legal Considerations၊ Financials၊ Market Potential နဲ့ Risk Factors တွေကို အတတ်နိုင်ဆုံး စုစည်းပြီး သုံးသပ်ပါတယ်။
ဒါကြောင့် Project တစ်ခုရှိနေတာနဲ့ Client ကို အလိုအလျောက် မိတ်ဆက်ပေးတာမျိုး မဟုတ်ပါဘူး။
ကျွန်မတို့ရဲ့ Due Diligence Criteria နဲ့ ကိုက်ညီပြီး Client တွေအတွက် သင့်တော်တယ်လို့ ယုံကြည်တဲ့ Project တွေကိုသာ အကြံပြုပါတယ်။
တစ်ခါတလေ ဝယ်ဖို့ထက် Information ထပ်တောင်းဖို့၊ အခြား Project တွေနဲ့ နှိုင်းယှဉ်ဖို့ ဒါမှမဟုတ် ခဏစောင့်ဖို့ အကြံပြုရတာလည်း ရှိပါတယ်။
ဒါဟာ IPS ရဲ့ Responsible Property Advisory Approachဖြစ်ပါတယ်။
Property Investment က ဝယ်တဲ့နေ့မှ စတာမဟုတ်ပါဘူး
ကိုယ်နေဖို့ ဝယ်တာပဲဖြစ်ဖြစ်၊ Investment အတွက် ဝယ်တာပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံမှာ ဝယ်တာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ဝယ်တာပဲဖြစ်ဖြစ် အခြေခံမူကတော့ တူတူပါပဲ။
Property တစ်ခုရှာဖို့ထက် ကိုယ်ဝယ်မယ့် Property ရဲ့ နောက်က အချက်အလက်တွေ၊ အခွင့်အရေးတွေနဲ့ Risk တွေကို နားလည်ဖို့က ပိုအရေးကြီးပါတယ်။
Developer က ပွင့်လင်းစွာ ဆက်သွယ်ပေးဖို့ တာဝန်ရှိပါတယ်။
Buyer ကလည်း ကိုယ့်ရဲ့ Property နဲ့ Investment ကို နားလည်ခွင့်ရှိပါတယ်။
Professional Advisor ကလည်း မှန်ကန်တဲ့ Information နဲ့ မှန်ကန်တဲ့ မေးခွန်းတွေ ရှာဖွေနိုင်အောင် ကူညီပေးဖို့ တာဝန်ရှိပါတယ်။
IPS Cambodia ရဲ့ ရည်ရွယ်ချက်က Property တစ်ခုကို ရောင်းပေးဖို့တင် မဟုတ်ပါဘူး။ Due Diligence ပြီးစီးပြီး Client အတွက် သင့်တော်တဲ့ Property ကို ပိုပြီးယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။
Property ဝယ်ဖို့ ဆုံးဖြတ်ချက်က တစ်ရက်တည်းနဲ့ ချနိုင်ပေမယ့် ကောင်းမွန်တဲ့ Investment Decision တစ်ခုကတော့ အဲဒီထက် အများကြီးစောပြီး စတင်သုံးသပ်လေ့လာ ဆုံးဖြတ်သင့်ပါတယ်။
Read more about IPS Difference for Foreign Investors : https://ips-cambodia.com/the-ips-difference-for-foreign-investors/