18/03/2024
ကျွန်တော့်လို နိုင်ငံခြားကို ပထမဆုံးအကြိမ်သွားမယ့်သူတွေအတွက် လေဆိပ်ထဲအဝင်ကနေ ဟိုဘက်နိုင်ငံထဲရောက်တဲ့အထိ ဖြတ်ရမယ့်အဆင့်တွေ၊ ဂရုစိုက်ရမှာတွေကို အသေးစိတ်မျှဝေပေးပါ့မယ်။ ☺️
မြန်မာကအထွက် 🇲🇲
လေဆိပ်အဝင်မှာ ပစ္စည်းစစ် (စိတ်လှုပ်ရှားပြီး အရေးကြီး ကိုယ့်ပစ္စည်းတွေမကျန်အောင်)
- သွားမယ့်သူက Ticket နဲ့ Passport ပြရပါတယ်
- လိုက်ပို့သူက တခြားဂိတ်ကဝင်ရပါတယ်
လေဆိပ်ထဲရောက်ပြီဆိုရင်
အရင်ဆုံး Check In Counter လိုက်ရှာရပါမယ်
- Information ပြတဲ့ TV တွေမှာ ကိုယ့်လေယာဉ်အချိန်နဲ့တိုက်ပြီး Counter နံပါတ်ရှာပါ။
- တွေ့ရင် တန်းစီ Check In ဝင်ပါ။
- တစ်ခါထဲ Immigration Card ဖြည့်ရပါတယ်။ (Immigration ဖြတ်တဲ့အခါပြရမယ့် Card ပါ . . . Check In Counter မှာပေးပါတယ်)
- အသွား၊ အပြန် လေယာဉ်လက်မှတ်ပြရပါတယ် (ကျွန်တော့်တုန်းက ပထမအကြိမ်ဆိုတော့ ပိုပိုလိုလိုပြင်ဆင်သွားလို့ပါ . . . တကယ်ဆို ကိုယ်ကပြောတတ်ဆိုတတ်ရင် အပြန်လက်မှတ်မပြပဲ Booking ပဲပြပြီး ရတဲ့သူတွေရှိတယ်လို့ ကြားပါတယ်)
- အိုကေပြီဆိုရင် Boarding Pass ထုတ်ပေးပါတယ်
- ပါလာတဲ့ပစ္စည်းကို Kilo ချိန်ပါတယ် (ကျွန်တော့်တုန်းက Hand Carry ကိုမချိန်ပါဘူး)
- အရေးကြီးတာက ကိုယ့် Luggage ကို အမှတ်အသားသေချာလုပ်ဖို့ပါ။ နာမည်ကပ်တာကတော့ကောင်းပါတယ်။ ဓာတ်ပုံလေးလည်း အိမ်ထဲကကြိုရိုက်ထားပါ။
Boarding Pass ရပြီးရင် Immigration ဖြတ်ဖို့သွားရပါမယ် (Immigration ဖြတ်ပြီးရင် ပြန်ထွက်လို့မရတော့လို့ နှုတ်ဆက်တာဘာညာ လုပ်ခဲ့ပါ) ☺️
Immigration ဖြတ်တဲ့နေရာမှာ
- Passport / Boarding Pass / Immigration Card (ခုန Check In မှာရတဲ့ဟာ) တွေပြရပါတယ်။
- Immigration Officer ကမေးရင် စိတ်အေးအေးထားပြီးဖြေပါ။
- ဘာသွားလုပ်မှာလဲ?
- ဘယ်နှရက်နေမှာလဲ?
- Hotel Booking လုပ်ထားလား? (ကျွန်တော့်တုန်းက Booking တော့ တောင်းမကြည့်ခဲ့ပါဘူး)
(ကိုယ်သွားမယ့်ရက်၊ ပြန်မယ့်ရက် တည်းမယ့်နေရာတွေကို သေချာမှတ်ထားပါ)
အိုကေပြီဆိုရင် Boarding Pass မှာပါတဲ့ ကိုယ်စီးရမယ့် ဂိတ်မှာလေယာဉ်သွားစောင့်ရုံပါပဲ။ 🪑
အချိန်ရောက်ရင် လေယာဉ်ပေါ်တက် ✈️
ဟိုဘက်ရောက်ခါနီးရင် လေယာဉ်က Immigration Card ပေးပါတယ်။ ဟိုဘက်နိုင်ငံရဲ့ Card ပါ။ English လိုဖြည့်ပေးရင်ရပါတယ်။
လေယာဉ်ပေါ်မှာတစ်ခါထဲဖြည့်ပါ။ 📝
(ဒီအောက်ကတော့ ကျွန်တော်က Cambodia သွားတာမို့ Phnom Penh လေဆိပ်ရောက်တဲ့အကြောင်းက စရေးပေးပါမယ်) 🇰🇭
Cambodia လေဆိပ်ရောက် -> မျှားပြထားတဲ့အတိုင်း လျှောက်ပြီး Visa လုပ်ပါ။ ➡️⬆️⬇️
Officer ကမေးပါမယ်။ ကိုယ်က Business Visa လို့ပြောရပါတယ်။ သူက $50 တောင်းမယ် . . . $50 ရယ် Passport ရယ် ခုန Boarding Pass ရယ်ပေးပြီး Passport ပြန်ထုတ်ပေးတဲ့နေရာကစောင့်ရပါတယ်။ ✅
ကိုယ့်နာမည်ခေါ်ရင် Passport ပြန်ယူ (နာမည်မခေါ်တတ်ရင် တလွဲခေါ်လို့ ကိုယ့် Passport ဟုတ်မဟုတ် ပုံကိုပါ သေချာကြည့်နေဖို့လိုပါတယ် 🥲
Passport ပြန်ရရင် Cambodia Immigration ဖြတ် . . . သူကတော့ ဘာမှသိပ်မပြောပါဘူး။ လက်ဗွေ Scan ဖတ်တာစောင့် Passport ပြန်ယူ အေးဆေးဆက်ထွက်လာခဲ့ရုံပါပဲ။ 👍
ပြီးရင် Luggage ရွေးတဲ့နေရာမှာ ကိုယ့် Luggage လိုက်ရှာပါ။ 🧳
ရရင် လေဆိပ်အပြင်ထွက် သွားလိုရာသွားနိုင်ပါပြီ။ ⭐️
ကျွန်တော့်တုန်းကလည်း ပထမဆုံးအကြိမ်ဆိုတော့ အကုန်လုံးကိုလိုက်မေးပြီး သေချာလုပ်တာတောင် တကယ်လေဆိပ်ရောက်တော့ စိတ်တွေလှုပ်ရှားပြီး
လေဆိပ်ဝင်ဝင်ချင်း Security Check မှာ အိတ်တစ်အိတ်မေ့ကျန် 🥲
ဟိုဘက်လေဆိပ်ရောက်ပြီး Luggage ရွေးတော့ ကိုယ့် Luggage ပုံစံကိုမေ့ပြီး တော်တော်ရှာလိုက်ရပါသေးတယ် 🥲
ကျွန်တော့်လိုမဖြစ်ကြပါနဲ့ စိတ်အေးအေးထားပြီး ကျော်ဖြတ်နိုင်ကြပါစေခင်ဗျာ။ ❤️