08/09/2026
တချို့တချို့ထဲက ခြံရှင်တွေ တကယ်ပါဗျာ 😅
စေတနာ၊ မေတ္တာတွေနဲ့ အချိန်တွေ ပေးဆပ်ပီး လုပ်ကိုင်
ကူညီပေးရကျိုး သိပ်နပ်တယ်ဗျ 😁
အတော်ကြာပီ ကျနော့်ကို ခြံလေး တကွက် နယ်ကလှမ်းအပ်
ကိုယ်တိုင်ကိုယ်ကျ အရင်ပြေးရှာရတာ ဒီအကျိုးဆောင်
နယ်ကနေ ဆင်းလာ အဆင်သင့် ခြံကို လိုက်ပြန်ကြည့်
ရပ်ကျေးရုံးဝင် အာလာဘ သလာဘပြောကြား
ရောင်းမို့လေးရှိလို့ ကူညီပေးပါဦး
ဆက်သွယ်မို့ ဖုန်းနံပတ်များ အပြန်အလှန် share ဘာညာပေါ့ 😅
ပီးကျတော့ ငါ့သားကိုလဲ အပ်ပါတယ် ထလုပ်
ခြံကိုပစ်ထားခဲ့တော့ ခြံမျက်နှာစာတခြမ်းက အခြေအနေကို
ခြံရှေ့ နှစ်နာရီကြာ ဒီအကျိုးဆောင်နဲ့ ဘယ်လိုလုပ်ရမလဲ
တိုင်ပင် အကြံဉာဏ်တွေ နှီးနှောဖလှယ်ကြရင်း
ကိစ္စအဝဝ ကို ကူညီပေးပါဦးပေါ့ ...
ဒီခြံ မြန်မြန်ထွက်ရင် သားကိုအကျိုးဆောင်ခအပြင်
Bonus မုန့်ဖိုးပါ ထပ်ပေးမယ်ပေါ့
ခြံရှင်က ကိုယ့်အဖွားအရွယ် ကိုယ့်အဖွားလို
သူ့ဒူးက သိပ်မကောင်းလို့ ကိုယ်ကပဲ ကိုယ့်အဖွားကို ပြုစုခဲ့သလို
ဘေးကနေ တွဲပီး ခြံကို လမ်းထိပ်ကနေလျှောက်
အဲ့ခြံကို နယ်က ခြံရှင်ရဲ့ မိတ်ဆွေတွေ ခေါ်လာပီး
ကျနော်နဲ့ ကြိုချိန်း ဖုန်းတဂွမ်ဂွမ်ဆက် ခြံရှင်က ခြံမမှတ်မိ့ပြန်လို့
သားရယ် လိုက်ပြန်ပြပေးပါဦး အန်တီတို့ကိုဆိုတော့
ထပ်လိုက်ပြပေးရင်း ခြံမျက်နှာစာ တခြမ်း
အခြေအနေတခုကို နည်းလမ်းမျိုးစုံ တိုင်ပင်ကြပီး ပြန်ကြရင်း
ကိုယ့်ဘက် အဝယ်အမတဦးကို အမရေ ခြံကတော့ ဒီလိုပဲ
မြင်တဲ့အတိုင်း ခြံရှင်ကလဲ အလှူအတန်းလေးလုပ်ချင်တာမို့
သင့်သင့်တဲ့ဈေးလေး ရရင် ထုတ်မယ်ဆိုတော့
မျက်နှာစာတစောင်းကိုဖယ်ရင် ပေ 20 တော့ ရဦးမယ်ပေါ့
အာ့လေးကိုပဲ ဈေးတခုပေးပီး ယူမလား စာရွက်စာတမ်းကလဲ
ပြောစရာမလို ခိုင်မာတယ် ကျနော်ကိုယ်တိုင် စစ်ဆေးပီးသားပေါ့
ကိုယ့်အဝယ်အမကလဲ အာ့ဆို သူနိူင်တဲ့ဈေးလေးပေးမယ်ပေါ့
ဘာပဲဖစ်ဖစ် မင်္ဂလာပဲလေ အဆိုးထဲကအကောင်းပေါ့ဆိုပီး
ခြံရှင်ဆီ ဖုန်းဆက် ဈေးပေးလိုက်တဲ့အခါမှာ
ညှိနှိုင်းမှု့ မရှိပဲ အန်တီတို့က အဲ့ဈေးကတော့ နည်းတယ်
သားရယ် မရောင်းနိူင်ဖူး ထပ်တိုးပေးပါဦးဆိုလို့
ကိုယ့်အဝယ်ကို သူ နိူင်သည်အထိ့ ဈေးတိုးပေးခိုင်း
အကြိမ်ပေါင်းများစွာ ကိုယ်က စိတ်ရှည်ရှည်နဲ့
နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းပေးခဲ့ပီး ခြံရှင်ဘက်က အဲ့ဈေးရမှ
ရောင်းမယ်ဆိုပီး အပိတ်ဈေးပြော အာ့နဲ့
ကိုယ့်အဝယ်ကလဲ ယူမယ် ဖစ်ချင်တာဖစ် ဆိုပီး
ကဲ ခြံရှင်ဆီ ဖုန်းဆက်၊ အရောင်းအဝယ်ဖြစ်ပီ အဆင်ပြေပီပေါ့လေ
အဲ့အချိန်မှာပဲ ခြံရှင်ဘက်က စကားတခု ထပြောခဲ့တယ်။
အဲ့စကားက သူတို့မိတ်ဆွေ နံနံဂျားက ပြန်လာရင်
အန်တီတို့ခြံကို လိုက်ကြည့်ဦးမယ်လို့ ပြောလို့ သားရေ တဲ့
တပတ်လောက် စောင့်ပေးပါဦးတဲ့ ဈေးတည့်ပီးမှနော် 😓
ဟူးးးးးး အဲ့ဒီအကြောင်းစုံကို ကိုယ့်အဝယ်ကို အသေးစိတ်ပြောပြပေးခဲ့ပီး
ကိုယ့်အဝယ်ကလဲ ကိုယ့်ကိုယုံကြည်တော့ တပတ် ထိုင်စောင့်နေပါလေရော။
ထုံးစံအတိုင်း တပတ်ပြည့်လို့ ဖုန်းခေါ်တော့ ဖုန်းမကိုင်
အကြိမ်ပေါင်းများစွာ ခေါ်ပေမယ့် မကိုင်တော့ပါ။
အဲ့လိုနဲ့ Viber ကနေ စာပို့ဆက်သွယ်ပီး ကျနော့်ကို
အကြောင်းလေးပြန်ပေးပါဦး ကျနော့်အဝယ်မိတ်ဆွေက
တဖက်မှာ ထိုင်စောင့်ပေးနေရလို့ပါလို့ ပြောလိုက်တော့
စာပြန်ပို့လာတယ် ...
သားရေ အန်တီတို့မိတ်ဆွေကို ခြံလေးလိုက်ပြပီးပီ
သူက သိပ်ကြိုက်ပုံမပေါ်ပါဖူး သားရယ် တဲ့
သားကိုလဲ အစစအရာရာ ကူညီပေးတာ
အရောင်းအဝယ်လေး ဖစ်မြောက်အောင်
ကြိုးစားပေးခဲ့တာတွေအတွက်
ကျေးဇူးတင်ပါတယ် ကိုယ့်တူကိုယ့်သားလိုပါပဲဆိုပီး
ခြံလေးကိုလဲ အန်တီတို့ လိုအပ်တာတွေလုပ်တော့မှာမို့
ဈေးလဲ အခုဈေးနဲ့မရောင်းနိူင်တော့ကြောင်း
ဒီဈေး ဒီဈေး ခေါ်ထားပါကြောင်းပေါ့
ကိုယ်လဲ စိတ်ထဲ အကုန်ထိန်းချုပ်ပီး "ဟုတ်ကဲ့ပါ" တခုပဲ
ပြန်ပို့ရင်း လ အနည်းငယ်ကြာတော့ ပွဲစားအတော်များများကို
လှမ်းအပ်တဲ့ထင်ပါရဲ့ ... ခေါ်ထားတဲ့ ဒီဈေး ဒီဈေးရဲ့
ထက်ဝက်ကို လျော့ပီး တင်ထားတာတွေ့မိ့တော့
စိတ်ထဲမှာ အတော်လေးခံပြင်းသွားပီး စိတ်ထဲမကောင်းဖြစ်မိ့ခဲ့လို့
ကျနော် "ဘုန်းဟိန်းထက်" က ပွဲခကို မက်လို့မဟုတ်ဖူးနော်
တဖက်မှာထိုင်စောင့်ရတဲ့အဝယ်၊ ကြားကနေ နှစ်ဦးနှစ်ဖက်
အဆင်ပြေအောင်လုပ်နေတဲ့ agent ကိုမှ ပြန်မကြည့်
အခုလို တချို့တချို့သော လူတွေက ကိုယ့်စေတနာတွေ
ကိုယ့်ပေးဆပ်ခဲ့ရတဲ့ အချိန်တွေနဲ့ မတန်ပါလား
ကတိ့စကားတခုကို လွယ်လွယ်ပဲ ပြန်ဖျက်လို့ရကြလားဆိုပီး 😎
ခြံကတော့ ပုံထဲတွေ့မိ့တာ ခြံရှင်လာရှာတုန်းကလိုတော့
မဟုတ်တော့ဖူးဗျ မိုးတွင်းဆိုတော့ မျက်နှာစာတခြမ်းရဲ့
တဖက်တချက်စီမှာ ချုံနွယ်တွေအပြည့်နဲ့
အတော်လေး လှပနေပါလေရောဗျာ 😁😁😅
ဟုတ်ကဲ့ ... ကျနော် ပဲခူး_အိမ်ခြံမြေ_အကျိုးတော်ဆောင် "ဘုန်းဟိန်းထက်" ဖြစ်ပါတယ်ခင်ဗျာ 😇🏠🏠🏠🙏
လူကြီးမင်းတို့၏ အိမ်၊ခြံ၊မြေ အရောင်း_အဝယ်_အငှားတို့ဖြင့် ပတ်သတ်ပီး ဆက်သွယ်၊စုံစမ်း၊ မေးမြန်းနိူင်ပါတယ်ခင်ဗျာ 🙏
🔔 ဘုန်းဟိန်းထက်-ပဲခူးအိမ်ခြံမြေအကျိုးဆောင် 🔔
📱 0️⃣9️⃣-4️⃣2️⃣8️⃣0️⃣1️⃣3️⃣0️⃣8️⃣7️⃣
📱 0️⃣9️⃣-7️⃣9️⃣5️⃣5️⃣6️⃣1️⃣2️⃣9️⃣4️⃣
🏠ပဲခူးမြို့🏠