09/07/2026
#ဥပဒေကြောင်းအရအန္တရာယ်အရှိဆုံးမြေအမျိုးအစားများနှင့် #ဝယ်ယူသူတို့သတိပြုရန်✨🙆🙆
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အိုးအိမ်ပိုင်ဆိုင်မှုအတွက် မြေကွက်များ ဝယ်ယူရာတွင် စရန်ငွေ မပေးချေမီနှင့် အရောင်းအဝယ် မပြုလုပ်မီ ဥပဒေကြောင်းအရ လုံးဝ (လုံးဝ) မဝယ်ယူသင့်သော၊ ဝယ်ယူပါက ဥပဒေအရ ကြီးမားသော နစ်နာဆုံးရှုံးမှုများနှင့် တရားစွဲဆိုခံရမှုများ ရင်ဆိုင်ရနိုင်သည့် မြေအမျိုးအစားများကို ဥပဒေပညာရှင်တစ်ဦး၏ အမြင်ဖြင့် အောက်ပါအတိုင်း မျှဝေအပ်လိုက်ပါတယ်ဗျ။
၁။ ဘိုးဘွားပိုင်မြေ သို့မဟုတ် ဂရန်မြေ (အမွေဆိုင်ပြဿနာရှိနေသောမြေ)
🙆မြေအမည်ပေါက်သူ ကွယ်လွန်သွားပြီးနောက် ကျန်ရစ်သူ အမွေဆိုင်အားလုံး၏ သဘောတူညီချက် (သို့မဟုတ်) ကိုယ်စားလှယ်လွှဲစာ (GP/SP) မပါရှိဘဲ အမွေဆိုင်တစ်ဦးတစ်ယောက်တည်းက သဘောတော်အတိုင်း ရောင်းချသော မြေမျိုးဖြစ်သည်။
🙆ဥပဒေပုံစံ ✨ဝယ်ယူပြီးမှ အခြားအမွေဆိုင်များက ကန့်ကွက်လာပါက အရောင်းအဝယ်စာချုပ်သည် တရားပျက်ပြယ်နိုင်ပြီး၊ ငွေကြေးဆုံးရှုံးရုံသာမက တရားရုံးတွင် ကာလရှည်ကြာ အမှုရင်ဆိုင်ရတတ်ပါသည်။
၂။ လယ်ယာမြေ (လုပ်ပိုင်ခွင့်ပြုလက်မှတ် - ပုံစံ ၇ မရှိဘဲ အကွက်ရိုက်ရောင်းသောမြေ)
အကြောင်းတရား: လယ်ယာမြေဥပဒေအရ လယ်မြေကို အခြားနည်းအသုံးပြုခွင့် (ဥပမာ - လူနေအိမ်ခြေဆောက်လုပ်ခွင့် ပုံစံ-၁၅) မရရှိဘဲ ကျူးကျော်ဆောက်လုပ်ခြင်း သို့မဟုတ် အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။
🙆ဥပဒေပုံစံ✨ လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ အရ သတ်မှတ်ချက်ကို ဖောက်ဖျက်ပါက မြေပေါ်ရှိ အဆောက်အအုံများကို ဖယ်ရှားခံရခြင်း၊ မြေယာလုပ်ပိုင်ခွင့် သိမ်းဆည်းခံရခြင်းနှင့် ဒဏ်ငွေ/ထောင်ဒဏ်များအထိ ဥပဒေအရ အရေးယူခံရနိုင်ပါသည်။
၃။ ကန့်သတ်ချက်ရှိသော မြေများ (မြေလွတ်၊ မြေရိုင်းနှင့် အစိုးရစီမံကိန်းမြေ)
🙆နိုင်ငံတော်မှ စိုက်ပျိုးရေး/မွေးမြူရေးအတွက် ယာယီလုပ်ပိုင်ခွင့်ပေးထားသော မြေလွတ်၊ မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အိမ်ကွက်အဖြစ် လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် အစိုးရ၏ အနာဂတ်စီမံကိန်းနယ်မြေ (မီးရထား၊ လမ်းဦးစီး၊ စစ်ဘက်နယ်မြေ) များတွင် ပါဝင်နေခြင်းဖြစ်သည်။
🙆ဥပဒေပုံစံ✨ နိုင်ငံတော်က အချိန်မရွေး ပြန်လည်သိမ်းယူနိုင်ပြီး မည်သည့်နာလျော်ကြေးမှ ရရှိမည်မဟုတ်ပါ။ ဥပဒေအရ ပိုင်ဆိုင်ခွင့် လုံးဝမတင်မြှောက်နိုင်ပါ။
၄။ ဘာသာရေး၊ သာသနိကမြေများ..
🙆သာသနာပိုင်မြေ၊ ဝတ်တကမြ(ဘာသာရေးအဆောက်အအုံမြေ) သို့မဟုတ် အများပြည်သူဆိုင်ရာ မြေများကို လိမ်လည်၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။
🙆ဥပဒေပုံစံ✨ တည်ဆဲဥပဒေများအရ ဘာသာရေးမြေများကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းရောင်းချခွင့် လုံးဝမရှိသဖြင့် အရောင်းအဝယ်စာချုပ်သည် အလိုအလျောက် ပျက်ပြယ်ပြီး သာသနာရေးဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။
၅။ တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲနှင့်ခြေနေပေါ်မူတည်
🙆 ပိုင်ဆိုင်မှုအငြင်းပွား၍ တရားရုံးတွင် တရားစွဲဆိုထားဆဲ ဖြစ်ခြင်း၊ တရားရုံးက ယာယီတားဆီးမိန့် (Injunction) ထုတ်ပြန်ထားခြင်း သို့မဟုတ် အပေါင်ပစ္စည်းအဖြစ် ဘဏ်တွင် ခံဝန်ပြုထားခြင်းမျိုး ဖြစ်သည်။
🙆ဥပဒေပုံစံ✨တရားရုံး တားမြစ်မိန့်ကို ဖောက်ဖျက်၍ ဝယ်ယူမိပါက "တရားရုံးကို မထောက်ညှာရာ" ရောက်သည့်အပြင်၊ အမှုရှုံးနိမ့်ပါက မိမိဝယ်ယူထားသော ပိုင်ဆိုင်ခွင့်သည်လည်း သုညဖြစ်သွားပါလိမ့်မည်။
#ဥပဒေပညာရှင်သိတက်လုပ်ကိုင်ကျွမ်းကျင်သူများအဆို
🙆အိမ်ခြံမြေ ဝယ်ယူရာတွင် မျက်မှောက်မြင်တွေ့ရသည့် မြေကွက်အလှအပထက် စာရွက်စာတမ်း အထောက်အထားများ၏ ဥပဒေစိုးမိုးမှုနှင့် ခိုင်မာမှုကို ပထမဦးစားပေး စိစစ်ရပါမည်။ 'တန်ဖိုးနည်းခြင်း' ဟူသော မက်လုံးနောက်တွင် 'ဥပဒေကြောင်းအရ နစ်နာမှု' ဟူသော ထောင်ချောက် ပါမလာစေရန် မြေပုံ၊ မြေရာဇဝင်နှင့် ဂရန်စာချုပ်များကို သက်ဆိုင်ရာ မြေစာရင်းနှင့် စည်ပင်သာယာဌာနများတွင် မပျက်မကွက် ကွင်းဆင်းစစ်ဆေးပြီးမှသာ အရောင်းအဝယ် ပြုလုပ်ကြပါရန် အကြံပြုအပ်ပါသည်။🙆
လာရောက်တိုင်ပင်ဆွေးနွေး အခမဲ့ ပါ။
THU YA OO REAL ESTATE
© Viber: 09449991481
Viber & TG: 09761378266
Email: [email protected]
苏拉乌 勃固 房地产 买卖 租房 中介服务
#သူရဦးပဲခူးအိမ်ခြံမြေအကျိုးဆောင်
#AungThuraOo
.
#တက်သစ်စလူငယ်လေးပါ
#