Zar Chi

Zar Chi Real estate

📌စလစ်မြေ၊ပါမစ်မြေ၊ဂရန်မြေအကြောင်း📌စလစ်မြေ-----------------------------------------------------စလစ်မြေဆိုတာ တိုးချဲ့ မြို...
25/10/2025

📌စလစ်မြေ၊ပါမစ်မြေ၊ဂရန်မြေအကြောင်း

📌စလစ်မြေ
-----------------------------------------------------
စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ, လယ်ယာမြေ အစား အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် ​မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ ​မြေပဲ ဖြစ်ပါတယ်။ မြေပြေစာ ထွက်ပါတယ်။
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။

အဲ့ဒီစလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်

စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။

စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံ ရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။

စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ၊မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..

စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။

စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လို့အသိပေးအပ်ပါတယ်။

စလစ်မြေမှာလည်း အိမ်ဆောက်လုပ်ပြီး နေထိုင်လို့ရပါတယ်၊ အမွေပေးလို့ရတယ်၊ အရောင်းအဝယ်ပြုလုပ် လို့လည်းရတယ်။

၁။
စလစ်မြေမ၀ယ်ခင်မှာ မြေကွက်တည်နေရာကိုလည်း သွားရောက်ကြည့်ရှုဖို့သင့်ပါတယ် တစ်ခါတစ်ရံမှာ ကျူးကျော်နေထိုင်သူတွေရှိတတ်လို့ပါ မြေချစလစ်လည်း အတုတွေရှိနိုင်တဲ့အတွက် အရောင်းအ၀ယ် မပြုလုပ်ခင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ သွားရောက်စစ်ဆေးဖို့လည်းလိုပါတယ်

၂။
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

၃။
စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။

#စလစ်မြေ

စလစ်မြေဝယ်မယ်ဆိုရင်
အတုအပတွေ များလွန်းလို့ စာရေးသူကတော့ အလွန်ဂရုတစိုက်ဝယ်ကြရန် အကြပြုအပ်ပါသည်
စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။

📌ပါမစ်မြေ
-----------------------------------------------------------
ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

📌ဂရန်မြေ
---------------------------------------------------
နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့မြေအမျိုးအစားများ
အိမ်ခြံမြေ ဗဟုသုတ၊
အခြားသိမှတ်ဖွယ်ရာအဖြာဖြာနှင့်
ဥပဒေသုတများကို နောက်postတွေမှာ
ဆက်လက်မျှဝေပေးမှာမို့
Pageကို like&followလုပ်ထားလို့ရပါတယ်ရှင့်


Legal Knowledge For Myanmar People

“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်းမြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန်အချက်များနှင့် လတ်တလော သတင်းများ”(ကူးယ...
19/03/2024

“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်း
မြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန်အချက်များနှင့် လတ်တလော
သတင်းများ”(ကူးယူဖော်ပြပါသည်)

၁။ "အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ
အထူး သတိပြုစရာတွေ"

လယ်မြေတွေကို အကွက်ရိုက်ပြီး တချို့
ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။စျေးအရမ်း
ပေါတယ်ဆိုပြီး မိတ်ဆွေများ မ၀ယ်မိစေဖို့
အောက်ပါအချက်များကို ဗဟုသုတ အနေဖြင့်
အလိမ်မခံရအောင် တင်ပြပေးလိုက်ပါသည် ။

၁။ ပုံစံ ၁၀၅ ဆိုတာ
- တည်နေရာ ဖော်ပြရန်၊
- မြေအမျိုးအစား ဖော်ပြရန်၊
- အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊
- မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက်
ဖြစ်သည်။

ပုံစံ ၁၀၅ ကို ယာ၊ ဥယျာဉ်၊ တောင်ယာ ၊
လန (၃၉ ) ၊ ၃ (ခ) ၊ ယခု ၃၀ (ခ) အတွက်
ထုတ်ပေးသောစာရွက်စာတမ်းများတွင်တွေ့
နိုင်ပါသည်။

၂။ လယ်မြေဖြစ်စေ၊ယာမြေဖြစ်စေ၊သက်ဆိုင်ရာ
ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်
မှလွဲ၍ အခြားနည်းလမ်းဖြင့်အသုံးပြုခွင့် လုံးဝ
မရှိပါ။

၃။ လယ်မြေဖြစ်စေ၊ ယာမြေဖြစ်စေ အခြား
နည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ -
အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်
တည်ရန် စသည်ဖြင့်)သီးခြားလျှောက်ထား
ပြီးမှ အသုံးပြုနိုင်မည်။

၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည်။

၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့စီမံကိန်း မှလွဲ၍ လယ်မြေ၊ ယာမြေကို လူနေအိမ်ခြေ အဖြစ်အကွက်ရိုက်ရောင်းချခြင်းသည် တရားမဝင်ပါ။

မဖြစ်သေးခင်တော့ အေးဆေးပါ။ ဥပဒေ ကြောင်းအရအတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများသာ
ဆုံးရှုံး မှာဖြစ်ပါသည်။

အကွက်ရိုက်ရောင်းတဲ့မြေကို ဝယ်လိုသူများ
အတွက် သတိပြုစရာ သတင်း)ယ

၂။ "မြို့စွန်များတွင် အကွက်ချ ရောင်းနေသည့် တန်ဖိုးနည်း မြေကွက်များ သတိထားသင့်ဟုဆို"

ပုံစံ(၁၀၅)ကျပြီဟုဆိုကာမြို့စွန်များတွင် အကွက်ချ ရောင်း ချနေသည့် ကျပ်သိန်း ၂၀ ခန့် ပေါက်စျေးရှိ တန်ဖိုးနည်းမြေ ကွက်များကို ခိုင်မာမှုမရှိဘဲ မဝယ်ယူသင့်ကြောင်း
အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

မြို့စွန်ဧရိယာများတွင် မြို့သစ်စီမံကိန်း ဧရိယာ
အတွင်း ပါဝင်နိုင်မည်ဟု ယူဆပြီး လိုက်လံ
ဝယ်ယူနေသူများအား အိမ်ခြံမြေ အကျိုးဆောင်
များက သတိပေး နေခြင်းဖြစ်သည်။

ပုံစံ(၁၀၅) ဆိုသည်မှာ ပိုင်ဆိုင်မှု အာမခံချက်
အတွက် မဟုတ်ဘဲ တည်နေရာ၊မြေအမျိုးအစား၊
ဂရန်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်သာ ဖြစ်ပြီး မြေစာရင်းဌာနက ထုတ်ပေးထားသည့် တစ်နှစ်သာ
အကျုံးဝင်သော ထောက်ခံချက်တစ်ခု ဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

အစိုးရ၏တရားဝင်စီမံကိန်း မလာမချင်း
ယင်းနေရာများတွင် အကွက်ရိုက်၍ လူနေ
အိမ်ခြေအဖြစ် ရောင်းချခြင်းမှာ တရားမဝင်
ကြောင်း ၎င်းက ဆိုသည်။

အများစုမှာ လယ်မြေများ တွင် အကွက်ချ
ရောင်းချနေခြင်းဖြစ်ပြီး ဒေသခံမြေအရောင်း
အဝယ်သမားများ၊ လယ်သမားများကအဓိက
ရောင်းချနေကြကာသွားရောက်ဝယ်ယူမည်ဆိုပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေး
သင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။

‘‘ဘာမှမဖြစ်ဘူးဆိုပြီး ဝယ်ရင်တော့ ရတယ်။
ဖြစ်လာလို့ ဥပဒေအကြောင်းအရ ရှင်းရင်တော့ မလွယ်ဘူး’’ ဟု သီရိစံအိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်းရှင်ဦးမြင့်ဝေက ပြောသည်။

(မိုးညို)

လယ်ယာမြေပေါ်တွင်အခြားနည်းအသုံးပြုသူများအတွက် သတိပြုစရာ သတင်း

၃။ "လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့
အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိဟုဆို"

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ
များပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်
အပြင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုသူ
၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်
ကျော် လက်ရှိအစိုးရသက်တမ်းအတွင်း ရရှိကြောင်းမန္တလေးတိုင်းဒေသကြီးလယ်ယာမြေ
စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ
အဖြစ်ထားရှိပြီး လယ်ယာမြေဥပဒေအရ အရေးယူရာတွင်
လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော်အတွက်
ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိခြင်းဖြစ်ကြောင်း
၄င်းက ဆိုသည်။

လယ်ယာမြေများပေါ်တွင် အဆောက်အဦဆောက်ခြင်း၊
လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ
လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက်
အရ အရေးယူထားခြင်းဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။

လယ်ယာမြေများပေါ်တွင် အခြားလုပ်ငန်း
လုပ်ကိုင်လိုပါက အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ပြီး ယာမြေဖြစ်ပါက တိုင်းဒေသကြီး
အစိုးရက ခွင့်ပြုချက်ပေးနိုင်ပြီးလယ်မြေဖြစ်ပါက လယ်ယာမြေလျှောက်ထားရကြောင်း အဆိုပါ
ဌာနထံမှသိရသည်။

လယ်ယာမြေများပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့် ဥပဒေနှင့်အညီ
ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေကျပ် ၁ဝသိန်း
ပေးဆောင်ကာ လယ်ယာမြေ အခြားနည်း
အသုံးပြုခွင့်ချထားပေးမှုရှိသော်လည်း
ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်း
ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ
က ဆိုသည်။

လယ်ယာမြေများပေါ်တွင် လူနေရန်အတွက် အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသည့်
အပြင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ လယ်ယာမြေ
များပေါ်တွင် နေအိမ်များဆောက်လုပ်ကာ
ကျေးရွာများချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ
ဆုံးရှုံးလျက်ရှိကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

လယ်ယာမြေများပေါ်တွင်အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင်စက်သုံးဆီအရောင်း
ဆိုင်များ၊ ဟိုတယ်များဆောင်ရွက်ရန်
လျှောက်ထားမှုရှိကြောင်းမန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာနထံမှ သိရသည်။

credit:property journal / 7day daily
& The Voice Weekly

“အိမ်ခြံမြေ လမ်းဆုံ page မှ ကူးယူဖော်ပြပါသည်။

မြေ ကွက် ဝယ်တော့ မယ်ဆိုရင် သတိထား သင့်တဲ့ အချက် ( ၅ ) ချက်လူ တစ်ယောက် အတွက် ၊ မိသားစု အတွက် နေထိုင်စရာ ကျောတစ် ခင်းစာ နေ...
05/02/2024

မြေ ကွက် ဝယ်တော့ မယ်ဆိုရင် သတိထား သင့်တဲ့ အချက် ( ၅ ) ချက်
လူ တစ်ယောက် အတွက် ၊ မိသားစု အတွက် နေထိုင်စရာ ကျောတစ် ခင်းစာ နေရာဟာ မရှိမဖြစ် ဖန်တီး ဖို့ လိုအပ် ပါတယ် ။ ကိုယ့်မှာ စုဆောင်း ထားတဲ့ ငွေကြေး အသပြာ လေး နဲ့ တစ်ဘဝ လုံးစာ နေထိုင်ဖို့ အိမ် နဲ့ ခြံလေး ဝယ်ယူ တော့မယ် ဆိုရင် အချိန်ကုန် ၊ ငွေကုန် လူပင်ပန်း မဖြစ် ရအောင် မဖြစ်မနေ သိထား သင့်တဲ့ အိမ်ခြံ မြေ ဆိုင်ရာ ဗဟုသုတ လေး တွေကို ဖော်ပြ လိုက်ပါ တယ်နော် ။

၁။ ပိုင်ဆိုင် မှု ခိုင်မာ ပါစေ
ငွေပေါပေါ ရှိလို့ ဝယ်လိုက် သည် ဖြစ်စေ ၊ အနှစ်နှစ် အလလ စုထား ရတဲ့ ချွေးနှဲစာ ငွေလေး နဲ့ ဝယ်ယူသည် ဖြစ်စေ ဝယ်ပြီး မှတော့ လွယ်လွယ် နဲ့ ဆုံးရှုံး ချင်မှာ မဟုတ်ဘူး နော် ။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိ ဝယ်ယူ လိုတဲ့ မြေကွက် ရဲ့ အမည် ပေါက်ဟာ ဘယ်သူလဲ ၊
( ခ ) မြေ ပိုင်ဆိုင် မှု အထောက် အထား ၊
( ဂ ) စာရွက် စာတမ်း တွေစုံ / မစုံ ၊
( ဃ ) မူရင်း စစ်မှန်မှု ရှိ / မရှိ ၊ အရှုပ်အရှင်း ကင်း မကင်း ၊
( င ) မြေခွန် ၊ အိမ်ခွန် ကြွေးကျန် ရှိ ၊ မရှိ
( စ ) မြေပုံ / မြေ ရာဇဝင် နဲ့
( ဆ ) စည် ပင်သာယာ ( သို့ မဟုတ် ) မြေ စာရင်း ရုံး ရဲ့ နောက်ဆုံး မှတ်တမ်း မှာ ဘယ်လို ရေးသွင်း မှတ်သား ထားလဲ ဆိုတာ တွေကို တိကျ ရှင်းလင်း စွာ စစ်ဆေး ရပါမယ် ။

၂။ မြေ အမျိုးအစား ကို သေချာ စစ်ဆေး ပါ
ကိုယ် ဝယ်မယ့် မြေဟာ ဘိုးဘွား ပိုင်မြေ လား ၊ ဂရန် မြေလား ၊ မြေချ မိန့် ရထားတဲ့ မြေလား ၊ လယ် မြေလား၊ ယာ မြေလား၊ မီးလောင် မြေချ ထားမိန့် နဲ့လား ၊ ပုံစံ-၇ ရထား တဲ့ မြေလား ဆိုတာ သေချာ စစ်ဆေး ရပါမယ် ။

၃။ မြေ ကွက်ကို ရောင်းချသူ ဘယ်လို ပိုင်ဆိုင် ခဲ့တယ် ဆိုတာကို စစ်ဆေးပါ
မြေကွက် ပိုင်ရှင် ရောင်းချ သူဟာ ကိုယ့်ရဲ့ မိတ်ဆွေ ရင်းကြီး ဖြစ်နေ ရင်တောင် သေချာ စစ်ဆေး ဖို့ လိုပါတယ် ။ ရောင်းချ သူဟာ မြေကွက် ကို အမွေရ ခဲ့တာလား ၊ ကိုယ်တိုင် ဝယ်ယူ ခဲ့တာလား ၊ လက်ဆောင် ရထား တာလား ဆိုတာ ကို သေချာ စုံစမ်း ဖို့ လိုပါတယ်နော် ။

၄။ စာချုပ် စာတမ်း စုံ ၊ မစုံ စစ်ဆေးပါ
စာချုပ် စာတမ်း စစ်ဆေး ရာမှာ

ဂရန် မြေ ဆိုရင် –

( က ) မြေ ချထား မိန့် မူရင်း
( ခ ) ငွေသွင်း ပြေစာ မူရင်း
( ဂ ) ဂရန် စာချုပ် မူရင်း ၊ မြေပုံ / မြေ ရာဇဝင်
( ဃ) မှတ် ပုံတင် စာချုပ် အဆက်ဆက်
( င ) အမွေ ဆက်ခံ ပိုင် လာရင် အမွေ ဆက်ခံ မှတ် ပုံတင် စာချုပ်
( စ ) တရားရုံး အမိန့် နဲ့ ပိုင် လာတာ ဆိုရင် စီရင် ချက် ၊ ဒီဂရီ ( တာဝန်ခံ မိတ္တူ )
( ဆ ) ကိုယ်စား ချုပ် ဆိုခဲ့ ဖူးတာ ရှိရင် GP, SP ကိုယ်စား လှယ်စာ များ
( ဇ ) အိမ်ခွန် ၊ မြေခွန် ပြေစာ များ

ဘိုးဘွား ပိုင် မြေ ဆိုရင် –

( က ) ဘိုးဘွား ပိုင် မြေ မှတ်တမ်း စာချုပ်
( ခ ) မြေပုံ / မြေ ရာဇဝင်
( ဃ ) မှတ် ပုံတင် စာချုပ် အဆက်ဆက်
( င ) အမွေ ဆက်ခံ ပိုင်လာရင် အမွေ ဆက်ခံ မှတ် ပုံတင် စာချုပ်
( စ ) တရားရုံး အမိန့် နဲ့ပိုင် လာတာ ဆိုရင် စီရင်ချက် ၊ ဒီဂရီ ( တာဝန်ခံ မိတ္တူ )
( ဆ ) ကိုယ်စား ချုပ်ဆိုခဲ့ ဖူးတာ ရှိရင် GP, SP ကိုယ်စား လှယ် စာများ

ပုံစံ -၇ ထုတ် ပေးထား တဲ့ မြေ ဆိုရင် –

( က ) ပုံစံ - ၇ မူရင်း
( ခ ) မြေပုံ ၊ မြေ ရာဇဝင်
( ဂ ) ရပ် / ကျေး မှတ်တမ်း
( ဃ ) စာချုပ် အဆက်ဆက်
( င ) အမွေ ဆက်ခံ ပိုင်လာရင် အမွေ ဆက်ခံ မှတ် ပုံတင် စာချုပ်
( စ ) တရားရုံး အမိန့် နဲ့ ပိုင်လာ တာ ဆိုရင် စီရင် ချက် ၊ ဒီဂရီ ( တာဝန်ခံ မိတ္တူ )
( ဆ ) ကိုယ်စား ချုပ်ဆို ခဲ့ ဖူးတာ ရှိရင် GP, SP ကိုယ်စား လှယ်စာ များကို စုံအောင် စစ်ဆေး ရပါမယ် ။

၅။ စာချုပ် ချုပ် ဆိုခြင်း



စာချုပ် စာတမ်း တွေ စစ်ဆေး ပြီး ရင်တော့ စရံပေး စာချုပ် ( ကတိ စာချုပ် ) ချုပ်ဆိုခြင်း ၊ အရောင် အဝယ် ပြုလုပ် ခြင်းအား ကန့်ကွတ် လိုသူ ရှိ ၊ မရှိ သတင်းစာ မှာ ကြေညာခြင်း ၊ သတင်းစာ မှာ ထည့်ပြီး စောင့်ကြည့် နေစဉ် အတွင်း အရောင်း အဝယ် စာချုပ် မှတ် ပုံတင်ခြင်း ၊ မြေပုံ ၊ မြေ ရာဇဝင် ရေးသား ခြင်းတို့ လုပ်ဆောင် ရပါမယ် ။ ကန့်ကွတ် သူ မပေါ်လာ ရင်တော့ ငွေအပြည့် ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန် ဆောင်ထား သော မှတ်တမ်း မှတ်ရာများ ၊ စာချုပ် စာတမ်း များ ၊ ဂရန် မူရင်း ( သို့ ) ပုံစံ - ၇ မူရင်း အစ ရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်း အရယူ ထားရ ပါမယ် ။

အထက်ပါ အဆင့်တွေ အားလုံးပြီး ရင်တော့ မှတ်ပုံတင် အရောင်း အဝယ် စာချုပ် လက်ထဲ ရတာ နဲ့ မိမိ အမည်ပေါက် ပြောင်းလဲဖို့ လျှောက် ထားကာ ပိုင်ဆိုင် မှုကို ပိုမို ခိုင်မာ အောင် ဆက်လက် လုပ်ဆောင် နိုင်ပါပြီ ။

: Ra Wai

မြေကွက်ကိုဝယ်ယူပြီးမှ  #အရှုပ်အရှင်းမဖြစ်လာစေရန် ဘယ်လိုအချက်တွေသိထားရမလဲ------------------(၁) ဝယ်ယူမယ့်မြေကွက်က ပိုင်ဆို...
05/02/2024

မြေကွက်ကိုဝယ်ယူပြီးမှ #အရှုပ်အရှင်းမဖြစ်လာစေရန် ဘယ်လိုအချက်တွေသိထားရမလဲ
------------------

(၁) ဝယ်ယူမယ့်မြေကွက်က ပိုင်ဆိုင်မှုခိုင်မာရမယ်။

မြေကွက်ကိုဝယ်တော့မယ်ဆိုရင်
ငွေပိုငွေလျှံရှိလို့ ဝယ်သည်ပဲဖြစ်စေ၊
နေထိုင်ရန်ရည်ရွယ်၍ ဝယ်သည်ပဲဖြစ်စေ၊
မိမိမှ ဆုံးရှုံးမှုတစ်စုံတစ်ရာမဖြစ်စေရန် ‌
အောက်ပါအချက်တွေ သိထားဖို့လိုမည်။

ဝယ်ယူမယ့်မြေကွက်ရဲ့ ပိုင်ရှင်အမည်ပေါက်
မြေပိုင်ဆိုင်မှုအထောက်အထား
ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ အစုံအလင်ရှိ/မရှိ။
မြေခွန်/အိမ်ခွန် ကြွေးကျန်ရှိ/မရှိ။
မြေပုံ/မြေရာဇဝင်
မြို့တော်စည်ပင်သာယာရေးကော်မတီ
(သို့မဟုတ်) မြေစာရင်းရုံးရဲ့
နောက်ဆုံးမှတ်တမ်းမှာ
မည်သို့ ရေးသွင်းမှတ်သားထားသလဲ? ဆိုတာ
တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
***********************

(၂) မြေအမျိုးအစားကို သေချာစွာစစ်ဆေးပါ။

မိမိဝယ်မယ်မြေကွက်ဟာ
ဘိုးဘွားပိုင်မြေလား
ဂရန်မြေလား
မြေချမိန့်ရထားတဲ့မြေလား
လယ်ယာမြေလား
မီးလောင်ချထားမိန့်နဲ့မြေလား ပုံစံ(၇)ရထားတဲ့မြေလား ဆိုတာ
သေချာစစ်ဆေးရပါမယ်။
****************

(၃) မြေကွက်ကိုရောင်းချသူဟာ အဆိုပါမြေကွက်ကို ဘယ်လိုပိုင်ဆိုင်လဲဆိုတာကို စစ်ဆေးပါ။

မြေကွက်ကိုရောင်းချသူပိုင်ရှင်ဟာ
ထိုမြေကွက်ကို အမွေရခဲ့တာလာ:အမွေရခဲ့တာဆိုရင် ကျန်အမွေဆိုင်ညီမကို
မောင်နှမများရဲ့
သဘောတူညီချက်ပါရှိရဲ့လား။
တခြားရောင်းသူထံမှ
ကိုယ်တိုင်ဝယ်ယူခဲ့တာလားဆိုတာ
သေချာအောင် စုံစမ်းဖို့ လိုအပ်ပါမယ်။
******************

(၄) စာချုပ်စာတမ်းအပြည့်အစုံရှိ/မရှိစစ်ဆေးပါ။

စာချုပ်စာတမ်းစစ်ဆေးတော့မယ်ဆိုရင်ပထမအချက်က -

ဂရန်မြေဆိုရင်
မြေချထားမိန့်မူရင်း
ငွေသွင်းပြေစာမူရင်း
ဂရန်စာချုပ်မူရင်း
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်တယ်ဆိုပါက အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ(တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ
အိမ်ခွန်/မြေခွန်ပြေစာများ

**ဘိုးဘွားပိုင်မြေဆိုရင်**

ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
ကိုယ်စားချုပ်ဆိုဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ

**ပုံစံ(၇)ရထားတဲ့မြေဆိုရင်**

ပုံစံ(၇)မူရင်း
မြေပုံ/မြေရာဇဝင်
ရပ်/ကျေးမှတ်တမ်း
စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်များကို စုံလင်စွာ စစ်ဆေးရပါမယ်။
******************

(၅) စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်‌ဆေးပြီးပါက
စရန်ပေးစာချုပ် (ကတိစာချုပ်)ချုပ်ဆိုခြင်း၊
အရောင်းအဝယ်ပြုလုပ်ခြင်းအား
ကန့်ကွက်လိုသူရှိ/မရှိ
သတင်းစာတွင် ကြေငြာခြင်း။
သတင်းစာတွင်ထည့်ပြီး
စောင့်ကြည့်နေစဥ်အတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊
မြေပုံ/မြေရာဇဝင်‌ရေးသားခြင်းတို့ကို
ဆောင်ရွက်ရပါမည်။
ကန့်ကွက်သူ မပေါ်လာပါက
အပြီးသတ်ငွေချေ စာချုပ်ချုပ်ဆိုကာ
မြေလက်ရောက်လွှဲပြောင်းရယူခြင်း
ဝယ်ယူတဲ့မြေနဲ့သက်ဆိုင်တဲ့
ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း)အားလုံး၊
အခွန်ဆောင်ထားသော
မှတ်တမ်းမှတ်ရာများ၊
စာချုပ်စာတမ်းများ၊
ဂရန်မူရင်း (သို့မဟုတ်) ပုံစံ(၇)မူရင်း
အစရှိတဲ့ စာရွက်စာတမ်းတွေ
တစ်ခါတည်းအရ ယူထားရပါမယ်။

အထက်ပါအဆင့်ဆင့်တွေ
အားလုံးလုပ်ဆောင်ပြီးပါက
မှတ်ပုံတင်အရောင်းအဝယ်
စာချုပ် မိမိလက်ဝယ်ရရှိပါက
မိမိအမည်ပေါက် ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုအဆင့်ဆင့်ကို
ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

Crd to Original Uploader

မြေဝယ်မကျ ဆိုသည်မှာ...မြေဝယ်မကျ  ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့်ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံနိုင်...
15/06/2023

မြေဝယ်မကျ ဆိုသည်မှာ...

မြေဝယ်မကျ ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့်
ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံ
နိုင်ပါ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။

ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
▪သစ်တော ဂရံမြေ
▪စိုက်ပျိုး ဂရံမြေ
▪စက်မှုဇုံ ဂရံ မြေ
▪လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်

သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

စက်မှုဇုံဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

လူနေထိုင်အိမ်ဂရံ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။

ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
▪Gပြေစာ(စလစ်)
▪R/G ပြေစာ(စလစ်)
▪L ပြေစာ (စလစ်)
▪စ/ ပြေစာ (စလစ်)
▪ပုံစံ(5) ပြေစာ (စလစ်)
▪ရွာမြေ ပြေစာ(စလစ်)
▪R4 ပြေစာ(စလစ်)

G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။

ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
( အရှုပ်ရှင်းကင်းရှင်းပါသည်)

လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

ဘိုးဘွားပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။Admin မတွေ့ဖူး ၍လဲ ဖြစ်နိုင်ပါသည်။
ဘိုးဘွားပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။

မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး
ခွင့်သာ ရှိပါသည်။

ကူးယူဖော်ပြပါသည်။

. ဥပဒေရေးရာ

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့ အောက်ပါအချက်များ သေချာစဥ်စား။=================================...
08/06/2023

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့ အောက်ပါအချက်များ သေချာစဥ်စား။
=========================================

ဆရာရေ အင်းစိန်မြို့နယ်မှာ ဘိုးဘပိုင်မြေလို့ပြောတာပဲ၊ အဲ့ အိမ်ဝန်ခြံလေးဝယ်ယူဖို့ပါ၊ဝယ်ယူပြီတော့လည်းအမည်ပေါက်ပြောင်းလို့ရပါသလား။

ဘိုးဘပိုင်မြေလို့ ပြောတော့လည်း၊ ဂရန်ရှိလား၊ ပါမစ်စာရွက်ရှိလားဆိုပြီး မေးလို့လည်းမရတော့။ ကဲ ဒါဆိုရင်တော့ အမည်ပေါက်က ဘယ်သူလဲ၊ ဘာစာရွက်စာတမ်းတွေရှိလဲပေါ့မေးကြည့်ရာဝယ်... မှတ်ပုံမတင်ထားသည့် (အရပ်)အရောင်းအဝယ်စာချုပ် အဆက်အစပ်တွေပဲ ရှိပါတယ်ဆရာ။

အမည်ပေါက်ပြောင်းလို့ရလားဆိုသည့် မေးခွန်းနဲ့ပတ်သတ်လို့
---------------------------------------------------------------------------------
အမည်ပေါက်ပြောင်းလို့တော့မရဘူး မပြောပါဘူး၊ လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရမည့်အပြင်ငွေအ နည်းငယ်ပို၍ ထပ်ကုန်ပါမည်။ ဘာမို့လဲဆိုတော့ မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး လိုက်လံစုံစမ်းရတော့ပါမည်။

- သက်ရှိထင်ရှားရှိပြန်တော့လည်း အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်ပါ့မလား။
- သက်ရှိထင်းရှာမရှိပြန်တော့လည်း ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်ပါ့မလား။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလားစသည့် အထက်ပါအချက်အလက်တွေကို မဝယ်ခင်ထည့်သွင်းစဥ်းစားဖို့တော့လိုပါတယ်။

🗣️ဟုတ်ကဲ့ဆရာရယ် စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူပါ။

ဘိုးဘပိုင်မြေနဲ့ပတ်သတ်၍ အနည်းငယ်ဖော်ပြပေးပါရစေ။
------------------------------------------------------------------------------
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေးကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။ (ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)

ဦးဇင်လင်းအောင်

စလစ်မြေဆိုတာက အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ရတဲ့ မြေအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ တိုးချဲ့မြေ၊ မြို့မြေ၊ လယ်ယာမြေများအစား ...
03/06/2023

စလစ်မြေဆိုတာက
အိမ်ရာဆောက်လုပ်နေထိုင်ခွင့်ရတဲ့
မြေအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။
တိုးချဲ့မြေ၊ မြို့မြေ၊ လယ်ယာမြေများအစား
အစားထိုးချထားပေးကာ
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌‌ရေးဦးစီးဌာနမှ
ထုတ်ပေးသော အထောက်အထားစာရွက်နှင့်
နေထိုင်နိုင်တဲ့မြေဟု ဆိုရမှာဖြစ်ပါတယ်။
အမွေဆက်ခံခွင့်ရှိသလို
လွှဲပြောင်းရောင်းချပိုင်ခွင့်လည်း ရှိပါတယ်။
မြို့နယ်တွေမှာဆိုရင်‌တော့ မြေစာရင်းဦးစီးဌာန၊
လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ
ထုတ်ပေးပါတယ်။
ထိုအထောက်အထားစာရွက်လေးမှာ
မြေကွက်အမည်ပေါက်သူ၏ အမည်၊
နိုင်ငံသားမှတ်ပုံတင်အမှတ်၊
အဘအမည် စတာတွေအပြင်
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
အကြီးအကဲ၏ လက်မှတ်နှင့်အတူ
စည်းတံဆိပ်အဝိုင်း ပါရှိပါတယ်။
တာဝန်ရှိသူတွေရဲ့ လက်မှတ်နှင့်အတူ
ချထားပေးတဲ့မြေကွက်အမှတ်၊
မြေတိုင်းရပ်ကွက်အမှတ်/ ကွင်းအမှတ်
ရေးပေးထားတဲ့ ဖြတ်ပိုင်းစာရွက်လေး ဖြစ်ပါတယ်။
အကယ်၍ စလစ်မြေကို
အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ
ဘာတွေလိုအပ်မလဲ?၊
ဘာတွေသိထားသင့်သလဲဆိုတာက?
စလစ်မြေကို ဝယ်ယူတဲ့အခါမှာ
မူလရောင်းချသူ၏ အမည်ပေါက် (သို့မဟုတ်)
ရောင်းချသူသည် အမည်ပေါက်သူနှင့်
မည်သို့တော်စပ်ပုံ၊ စပ်ဆက်စာချုပ်များအဆက်ဆက်နှင့်
မြေရာဇဝင်ကို သိထားဖို့ လိုအပ်ပါတယ်။
အမည်ပေါက်မှ ရောင်းချခြင်းမဟုတ်ပဲ
တဆင့်ခံရောင်းချခြင်းများလည်း ရှိနေသောကြောင့်
ရောင်းမှားဝယ်မှားမဖြစ်စေရန်နှင့်
ဝယ်ယူသူမှ နစ်နာမှုများ မရှိစေနိုင်ရန်အတွက်
အရောင်းအဝယ်ပြုလုပ်စဉ်မှာတည်းက
ပိုင်ဆိုင်မှုအထောက်အထားများ၊
စာရွက်စာတမ်းများကို သေချာစီစစ်ကာ
ဝယ်ယူသင့်ပါတယ်။
ရောင်းချသည့်မြေစလစ်သည်
အတုဟုတ်မဟုတ်ကို သက်ဆိုင်ရာမြေစာရင်းဌာနမှာ
စစ်ဆေးဖို့လိုအပ်သလို
ရောင်းသူလက်ရောက်ပိုင်ဆိုင်ခြင်း
ရှိ/မရှိကို စစ်ဆေးသင့်ပါတယ်။
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါတွင်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ
မှတ်ပုံတင်စာချုပ်ချုပ်နိုင်ခွင့်တော့ မရှိပါ။
အရပ်ကတိစာချုပ်၊ အရောင်းအဝယ်
စာချုပ်များဖြင့်သာ အရောင်းအဝယ်ပြုလုပ် နိုင်ပါတယ်။
စလစ်မြေကို ဂရန်အမည်ပေါက်
တိုက်ရိုက်လျှောက်ထား၍ မရနိုင်ပါ။
မြေချစလစ်မှ မြေပေးမိန့်ကို
သက်ဆိုင်ရာမြေစီမံခန့်ခွဲ‌ရေးဌာနမှာ
လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။
ထိုမှတဆင့် ပါမစ်မြေ၊ ဂရန်မြေ
စသည်မြေတစ်မျိုးမျိုးကို
အရင်လျှောက်ထားရပါမည်။
အရောင်းအဝယ်စာချုပ်မူရင်းနှင့်
သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ
အရင်သွားရောက် လျှောက်ထားရပါမည်။
ထိုမှတဆင့် ပါမစ်မြေ၊ ဂရန်မြေစသည်ဖြင့်
အဆင့်ဆင့်ထပ်မံ လျှောက်ထားနိုင်ပါတယ်။
Credit :
~~~~~~~~~~~~~~~
ရောင်းမှား၊ ဝယ်မှားမဖြစ်ရလေေအောင်ဈေးနှုန်းနဲ့ ပိုင်ဆိုင်မှုအား အထူးဂရုစိုက်စစ်ဆေးပြီး ဥပဒေရေးရာ ကျွမ်းကျင်သူ နှင့် သိရှိနားလည်သောအိမ်ခြံမြေအကျိုးဆောင် များနှင့် တိုင်ပင်ပြီး အရောင်းအဝယ်ပြုလုပ်ကြပါလို့အကြံပြုလိုက်ပါတယ်....




zar chi (hlegu)
အိမ်ခြံမြေအကျိုးဆောင်
09404914245 - 09898727232

ပုဂ္ဂလိက သစ်တောမြေလျှောက်ထားခြင်းရာသီဥတု အရမ်းပူလာတော့လဲ ပြန်ကယ်ဆယ်နိုင်မယ့်နည်းဒီနည်းပဲရှိတာမို့ သိသလောက်တော့ပြောချင်လာ...
03/06/2023

ပုဂ္ဂလိက သစ်တောမြေလျှောက်ထားခြင်း

ရာသီဥတု အရမ်းပူလာတော့လဲ ပြန်ကယ်ဆယ်နိုင်မယ့်နည်းဒီနည်းပဲရှိတာမို့ သိသလောက်တော့ပြောချင်လာတယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမယ့် အဲဒီတစေ့ကစမှလဲ အချိန်တန်ဆီဖြစ်လာမှာပဲလို့တွေးပြီး ရေးမိတယ်။ FB ပေါ်မှာအာဝင်မချောင်တာလဲကြာပြီလေ။ သစ်စိုက်တယ်ဆိုတာ အချိန်နဲ့ငွေလဲတာပါပဲ။ သတ်မှတ်ကာလရောက်ရင် အစပေါင်းများစွာမြတ်စွန်းလို့ လူတိုင်းစိတ်ဝင်စားကြတဲ့ လုပ်ငန်းတခုပါ။ ဒါတောင် မြေစျေးတက်လာမယ့်အမြတ်အစွန်းမပါသေးပါဘူး။

ယခင်က သစ်တောဦးစီးဌာနပိုင်မြေတွေကို ပုဂ္ဂလိကပိုင်အဖြစ် လျှောက်ထားဖို့ဆိုတာ တော်ရုံအာဏာရှိသူတွေရဲ့ အစွယ်အပွားတွေတောင် တတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ခုချိန်မှာတော့ ပြောင်းလဲသွားပါပြီ။ အများစုကမသိကြသေးတာပါ။ အရင်ကအမှန်တကယ်မစိုက်ပျိုးပဲ မြေနေရာဦးထားသူတွေလက်ထဲကမြေတွေကိုလဲ ပြန်လည်သိမ်းယူပြီး တကယ်စိုက်မယ့်သူတွေကို ပေးနေပါပြီ။ ဘယ်လောက်တောင်မသိလဲဆိုတော့ ဧရာဝတီတိုင်မှာ မြေနဲ့ပတ်သက်တဲ့စီးပွားရေးအကြီးအကျယ်လုပ်နေတဲ့ အကိုတယောက်နဲ့ စကားပြောဖြစ်မှ သိလာရတာပါ။ ဒါကြောင့်လဲ ထရေးဖြစ်တာပါပဲ။ ပူလာတာနဲ့တိုက်ဆိုင်ချိန်ပေါ့။

အခုအချိန်က ပုဂ္ဂလိကသစ်တောစိုက်ခင်းလျှောက်ထားဖို့အတွက် သစ်တောဦးစီးဌာနကိုယ်တိုင်က ကူညီတွန်းအားပေးနေတယ်ဆိုရင် အံ့သြစရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်နေထိုင်ရာ ခရိုင်သစ်တောဦးစီးလိုပုဂ္ဂိုလ်မျိုးနဲ့ စကားပြောကြည့်ရင်အဖြေထွက်လာပါလိမ့်မယ်။ လက်ရှိအစိုးရက သစ်တောဧက ကျယ်ကျယ်ပြန့်ပြန့်၊ မြန်မြန်ဆန်ဆန်ဖြစ်ထွန်းရေးကို ဖိအားပေးအကောင်အထည်ဖော်ခိုင်းထားပုံရတာကိုလဲ သူတို့နဲ့ စကားပြောကြည့်ရင် သိလာပါလိမ့်မယ်။

ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်း ဘယ်လိုလျှောက်မလဲ။

မှတ်ပုံတင်ကိုင်ဆောင်ထားသောလူတဦးချင်းစီအတွက် မြေဧက ၅၀ မှ ၃၀၀ အထိလျှောက်ထားနိုင်ပါတယ်။ မြေဧက ၅၀ အထိကိုတော့ သက်ဆိုင်ရာခရိုင်ဦးစီးကခွင့်ပြုပေးနိုင်ပြီးတော့ အဲဒီရဲ့အထက်ကိုတော့ သစ်တောဦးစီးဌာန နေပြည်တော်ထိသွားရောက်လျှောက်ထားရမှာပါ။
ကိုယ်နဲ့နီးစပ်ရာ သစ်တောဦးစီးဌာနကိုသွားပါ။ တာဝန်ရှိသူနဲ့ သစ်တောစိုက်ပျိုးလိုကြောင်းဆွေးနွေးပြီး လွတ်လပ်နေတဲ့ မြေနေရာကို မြေပုံနဲ့တောင်းယူကြည့်ရှုပါ။ မြေပြင်ကွင်းဆင်းကြည့်ပြီး နေရာရွေးပါ။ သစ်တောဦးစီးက ချမှတ်ထားတဲ့ပုံစံအတိုင်း လျှောက်ထားပါ။ တပတ်ကနေ တလခွဲအတွင်း မြေရှင်းခွင့်ကျလာပါလိမ့်မယ်။
မှတ်ချက်။ ။ စေတနာရှိတဲ့အရာရှိနဲ့တွေ့ရင် တကယ်မစိုက်ပျိုးပဲ လာရောက်လျှောက်ထားပါက ဖြစ်ပေါ်လာမယ့်အကျိုးဆက်များကိုရှင်းပြပြီး အမှန်တကယ်စိုက်ပျိုးဖို့ တိုက်တွန်းပါလိမ့်မယ်။

အဲဒီလောက်ကိုလွယ်နေပါပြီ ခုခေတ်မှာ။

စိုက်ပျိုးတဲ့အပိုင်း
ကျွန်တော်တို့ စတင်စိုက်ပျိုးဖို့ လျှောက်ထားစဉ်ကတည်းက စိုက်မယ့် အပင်အမျိုးအစား၊ စိုက်မယ့် plan၊ စိုက်ပြီးမယ့်အချိန်တွေထည့်သွင်းလျှောက်ထားရပါတယ်။ အဲဒီအစီအစဉ်တိုင်း စိုက်ပျိုးအောင်မြင်မှုပေါ်မှာစိစစ်ပြီး ပုဂ္ဂလိကသစ်တောစိုက်ခင်းဂရန်ထုတ်ပေးပါတယ်။ အနှစ်သုံးဆယ်ပါ။ မအောင်မြင်ဘူးဆိုရင်လဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းမြေကိုပြန်သိမ်းမှာပါ။ လျှောက်ထားတဲ့ plan အတိုင်း 80% အနည်းဆုံးအောင်မြင်အောင်စိုက်ပျိုးနိုင်ခြင်းမရှိဘူးဆိုရင် မြေပြန်သိမ်းမှာပါ။
အဲဒါကြောင့်အမှန်တကယ် စိုက်ပျိုးမည့်သူများကိုသာ စိုက်ပျိုးဖို့တိုက်တွန်းရတာပါ။ ဒီနေရာမှာ ကိုယ့်စိုက်ကွင်းက အခြားသူရဲ့အနောက်ဖက်ရောက်နေလို့ သွားလာရေးအဆင်မပြေမှာကို တွေးပူမိတတ်ကြပါမယ်။ မပူပါနဲ့ အမှန်တကယ်စိုက်ပျိုးသည့်ခြံတိုင်းမှာ မီးတားလမ်းဖောက်ရပါတယ်။ အဲဒီမီးတားလမ်းက ဆယ်ပေလောက်ကျယ်လို့ ခြံချင်းသာဆက်နေရင် အကုန်လမ်းဖောက်ပြီးသားဖြစ်နေမှာပါ။

စိုက်ပျိုးကုန်ကျစရိတ် (အကြမ်း)
ဒီအပိုင်းကတော့ လူတိုင်းစိတ်ဝင်စားမယ့်အပိုင်းပါ။
ရှေ့မှာပြောခဲ့သလိုပဲ ကိုယ်စိုက်မယ့်မြေကေိုရှင်းလင်းခွင့်ရဖို့ကတော့ ပုံမှန်အတိုင်းလျှောက်ထားရုံပါပဲ။ မြန်ချင်ရင်တော့ ဒီနိုင်ငံရဲ့သဘောသိတဲ့အတိုင်းပါပဲ။

မြေ ၁ ဧကအတွက်အစိုးရအခွန်သွင်းငွေ ၁သောင်းကျပ်ပါ။ ဧက ၅၀ဆို ၅သိန်း

စိုက်ပျိုးမြေအာမခံကြေး ၁ ဧက ၅သောင်းပါ။ ယခင်က အဲဒီအာမခံကြေးကောက်ခံခဲ့ခြင်းမရှိပေမယ့်။ လောဘသားတွေရဲ့ မြေပိုင်ဆိုင်လိုမှုနဲ့ အပင်မစိုက်ပဲလျှောက်ထားမှုများကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းကမှ စတင်ကောက်ခံတာပါ။ အပင်အမှန်တကယ်စိုက်ပျိုးပြီး အောင်မြင်ကြောင်း စစ်ဆေးပြီးချိန်မှာ ယခုအာမခံငွေနှင့် ဂရန်ကိုပြန်ထုတ်ပေးမှာပါ။ အမှန်တကယ်မစိုက်ရင်တော့ မြေရော၊ ငွေပါသိမ်းမှာပါ။ ဒီနေရာမှာ ဝါးကအဖြစ်မြန်လို့ ဝါးစိုက်ဖို့လျှောက်ထားရင် အာမခံကြေးမကောက်ခံဖို့ ဆွေးနွေးနေတယ်လို့လဲ သိရပါတယ်။

ကဲတောရှင်းလင်းခွင့်ကျလာပါပြီ။ အဲဒီတောကိုရှင်းလင်းစဉ်အတွင်းရရှိမယ့် သစ်၊ ဝါးများကိုလဲ ခံစားခွင့်ရှိပါတယ်။ မရှင်လင်းပဲ ဆက်လက်ထားရှိလိုတာတွေအတွက်လဲ ခံစားခွင့်ရှိပါတယ်။ တောရှင်းလင်းခကိုတော့ တဧက ၅သောင်းလောက်မှန်းပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပါ။

တောရှင်းပြီးပါပြီ။ အပင်စစိုက်တော့မယ်။ အဲဒီမှာ ကိုယ်စိုက်မယ့်ပျိုးပင်က စျေးအမျိုးမျိုးကွာခြားမှုရှိပါတယ်။ အချို့ဆို နှစ်ဆသုံးဆကွာတာတွေတောင် ရှိတတ်ပါတယ်။ ဒါက အပင်ရွေးပြီးမှ ဆုံးဖြတ်ရမယ့်အပိုင်းပါ။

ပျိုးပင်စိုက်စရိတ်ကလဲ ၁ဧက ၃သောင်းလောက်ရှိပါတယ်။ နေရာဒေသအလျောက်ကွဲပြားမှုရှိနိုင်ပါတယ်။ ကျွန်တော့ အတွေ့အကြုံအရမှန်းပြီးပြောတာပါ။

ဟုတ်ပါပြီ။ အဲဒီကုန်ကျစရိတ်အကုန်ခံပြီး ပုဂ္ဂလိကသစ်တောစိုက်ခင်းတခုတည်ထောင်လိုက်ပြီ။ ဘယ်လောက်မြတ်မှာတုန်း။
အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ။ သစ်တောစိုက်ပျိုးခြင်းဟာ အချိန်နဲ့ပိုက်ဆံလဲတာနဲ့တူပါတယ်။ ကုန်ကျစရိတ်ကို ကိုယ့်သစ်တောခုတ်ထွင်မယ့်နှစ်နဲ့မြှောက်တာထက်အမြတ်ရနိုင်ပါတယ်။
ဥပမာ။ ။ မန်ဂျန်ရှားစိုက်တယ်ဆိုပါစို့။ ၁ဧကကို အပင် ၄၀၀ ပဲတင်ပါ။ ယခုလက်ရှိမန်ဂျန်ရှား တတန်ပေါက်စျေး ၆သိန်းနဲ့ နောက်အနှစ် ၂၀ဆိုရင်။ ၄၀၀ x ၆သိန်းပေါ့။ ၁ဧကဝင်ငွေ။

မြေအမည်ပေါက်လွဲပြောင်းရောင်းချခွင့်ကိုတော့ ၇ နှစ်နောက်ပိုင်းမှပြုလုပ်နိုင်မှာပါ။ ကိုယ်စွမ်းရင်တော့ ကိုယ့်စိတ်ကြိုက်ပေါ့ :-) ။

ဟာ ငါတို့မှအဲလိုတွေမလုပ်တတ်တာ။
စိတ်တော့ဝင်စားတယ်။ ဘယ်လိုလုပ်ရမှာလဲ။

စိတ်ဝင်စားရင်ရပါပြီ။ လက်ရှိမှာ စိုက်ခင်းအလိုက် ဝင်ငွေရရှိအောင်၊ ချမှတ်ထားတဲ့စည်းမျဉ်းဥပဒေတွေနဲ့လဲညီအောင် ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေအများအပြားပေါ်နေပါပြီခင်ဗျ။ ကျွန်တော်သိသလောက် သူတို့တောင်းတဲ့စျေးကတော့ ကိုယ်ဘာသာလုပ်နိုင်တဲ့စျေးထက် ပိုများပါတယ်။ ဒါလဲမထူးဆန်းပါဘူး။ သူတို့ရဲ့ဝန်ဆောင်ခပဲလေ။ လက်ရှိသူတို့ယူနေတဲ့ အားလုံးအပြီးအစီးဝန်ဆောင်ခက ၁ ဧက ၅သိန်းပတ်လည်မှာရှိပါတယ်။

ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေရဲ့ပွဲစားမဟုတ်တဲ့အတွက် သူတို့လိပ်စာတော့ ထည့်မရေးပေးနိုင်တာ ခွင့်လွတ်ပါ။

အပူချိန်တွေလျော့ကျပြီး သားသမီးများနောင်ရေးခိုင်မာဖို့
ပုဂ္ဂလိက နှစ်ရှည်ပင်သစ်တောတွေပျိုးထောင်စို့

Ye Lin Htet...........credit

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when Zar Chi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share