Thanlwin Myay

Thanlwin Myay Real Estate Agent
09985640353
09751989841

ရှေ့နေမပါပဲမြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ မြေအရောင်းအဝယ်စာချုပ်တစ်ခုကို   ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိ...
25/04/2025

ရှေ့နေမပါပဲ
မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို
ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ

ပိုင်ဆိုင်မှုခိုင်မာအောင်
စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊

ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့
မြေကွက်တွေဝယ်တော့မယ်ဆိုရင်
အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ်
ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင်
ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်

နောက်ကျောဓားနဲ့ထိုးခံရတယ်၊
ယုံမိလို့ ဆုံးရှုံးကုန်တယ်
နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့
ကတိမပေးဖူးပါဘူးလို့
ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့
မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့
အရေးကြီးမှန်းသိလောက်ပါပြီ

အခုပြောပြမှာကတော့
ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ

မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊
ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင်
ဘယ်သူမှ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး

ဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ

ပထမဦးဆုံးအနေနဲ့
မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတမ်းတွေစုံ/မစုံ၊
မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
မြေပုံ/မြေရာဇဝင် နဲ့
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ
ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

မြေခွန်၊ အိမ်ခွန် ကြွေးကျန်ရှိ/မရှိ နဲ့ ဂရန်သက်တမ်းကိုလည်း စစ်ဆေးရပါမယ်

မြေပိုင်ဆိုင်မှုအထောက်အထား စုံ/မစုံဆိုတာမှာ
အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊
မြေချမိန့်ရထားတဲ့မြေလား၊
လယ်မြေလား၊ ယာမြေလား၊
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်

မြေအမျိုးအစား စိစစ်ပြီးတာနဲ့
အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်
အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလား
ပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလား
ဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား
အစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်

သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်
ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/မရှိဟာလည်း အရေးပါတဲ့အချက်ပါ

ရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို
စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါ
ငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့
မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ်

စာရွက်စာတမ်း စုံ/မစုံ ဘယ်လိုစစ်မလဲဆိုရင်...
ဂရန်မြေဆိုရင် -
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင် -
(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

အစရှိတဲ့အတိုင်း စုံနေအောင် မူးနေအောင် စစ်ဆေးရပါတယ်
ဒါတွေက အများအားဖြင့်ရှိနေတဲ့ မြေအမျိုးအစားတွေကို ထုတ်နှုတ်ပြတာပါ

ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်
စနစ်တကျစစ်ဆေးမှသာ
နောင်မှာ အရှုပ်အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်မိမိဝယ်ယူတဲ့ အိမ်မြေတွေဟာ
သိန်းရာထောင်ချီတန်တဲ့အတွက်
အနည်းငယ်သော ကုန်ကျစရိတ်ကို ကြည့်နေလို့မရပါဘူး

ဆိုခဲ့တဲ့အတိုင်း သက်ဆိုင်ရာရုံးဌာနတွေမှာ စနစ်တကျစုံစမ်းစစ်ဆေးပြီးတာနဲ့စာရွက်စာတမ်းမှန်ကန်ကြောင်း၊
ပြည့်စုံကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း
အတည်ပြုလို့ရပြီဆိုတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ...
အဆင့်အလိုက်ပြောပြချင်ပါတယ်..

အဆင့် (၁)
စရံပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုရပါမယ်။
စရံပမာဏကို သင့်လျော်တဲ့ပမာဏကိုသာ
အရင်ပေးပြီး ခိုင်မာအောင်ချုပ်ဆိုရပါမယ်
စရံပေးစာချုပ်ဟာ အရောင်းအဝယ်လုပ်ငန်းစဉ်
တစ်ခုလုံးရဲ့ အသက်သွေးကြောပါ
ဖြစ်ပေါ်လာသမျှ ပြဿနာအားလုံးကို
အရောင်းအဝယ်အားလုံးမပြီးဆုံးခင်အထိ
စရံပေးစာချုပ်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံခိုင်မာမှုဖြင့်သာ
ဝယ်သူဟာခေါင်းပြားအောင်အိပ်နိုင်ပါမယ်

အဆင့် (၂)
စရံပေးစာချုပ်ချုပ်ဆိုပြီးတာနဲ့
အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိ
လာရောက်ကန့်ကွက်နိုင်ပါကြောင်း
အများသိစေရန်
သတင်းစာမှာ ကြော်ငြာထည့်သွင်းရပါမယ်

အဆင့် (၃)
ကြော်ငြာပါတဲ့နေ့ကစပြီး (၁၄) ရက်အတွင်း
နောက်ထပ်စရံမပေးသေးဘဲ ကန့်ကွက်သူရှိ/မရှိ
ရက်ပြည့်အောင် စောင့်ကြည့်ရပါမယ်
ကန့်ကွက်သူပေါ်လာခဲ့ရင်
အရောင်းအဝယ်ကို ခေတ္တရပ်ထားပြီး
ရောင်းသူဘက်က ပြေလည်အောင်ဖြေရှင်းပေးဖို့နဲ့
ကန့်ကွက်သူမှာ ပိုင်ဆိုင်ခွင့်ရှိနေခဲ့မယ်ဆိုရင်
အရောင်းအဝယ်စာချုပ်မှာ ကန့်ကွက်ထားသူတွေပါ
လက်မှတ်ရေးထိုးနိုင်ဖို့ ရောင်းသူက ကြိုးစားပေးရပါမယ်

အဆင့် (၄)
သတင်းစာထည့်ပြီး စောင့်ကြည့်နေစဉ်ကာလအတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန်
မြေပုံ/မြေရာဇဝင် ရေးကူးခွင့်ရှိသူမှ
မြေပုံ/မြေရာဇဝင် ရေးကူးခြင်း
လိုအပ်နေတဲ့စာရွက်စာတမ်းတွေပြင်ဆင်ခြင်းများ
ကြိုတင်ပြုလုပ်ထားရပါမယ်
မြေပုံ/မြေရာဇဝင်ရေးကူးဖို့
မြေစာရင်းဦးစီးဌာန/အိုးအိမ်/စည်ပင်ရုံးများမှာ
ရေးကူးခွင့်ရှိသူရဲ့အချက်အလက်၊
ရေးကူးမယ့်မြေရဲ့အချက်အလက်၊
ပိုင်ဆိုင်မှုအထောက်အထား၊ မှတ်ပုံတင်မူရင်းများနဲ့
ရေးကူးမယ့်သူကိုယ်တိုင်
ရေးကူးခွင့်လျှောက်ထား/ထုတ်ယူရမှာဖြစ်ပါတယ်

အဆင့် (၅)
သတင်းစာမှာ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်း
ကန့်ကွက်သူပေါ်မလာရင်တော့
နောက်တစ်ရက်မှာ စရံထပ်မံပေးခြင်း
(သို့မဟုတ်) ငွေချေခြင်းများပြုလုပ်နိုင်ပါပြီ
တစ်ပြိုင်တည်းမှာ
အရောင်းအဝယ်မြေပုံ/မြေရာဇဝင်ထုတ်ယူပြီးတာနဲ့
အခွန်ဦးစီးဌာနမှာ အဝယ်ခွန်ဆောင်ဖို့
လျှောက်ထားရပါတယ်

အဆင့် (၆)
အဝယ်ခွန်အတွက် မြေတန်ဖိုးသတ်မှတ်နှုန်းကျတာနဲ့
သတ်မှတ်ထားတဲ့ အခွန်ဆောင်၊ တံဆိပ်ခေါင်းများကပ်ရမှာပါ

အဆင့် (၇)
ငွေအကျေချေပြီးပြီဆိုတာနဲ့
မြေလက်ရောက်လွှဲပြောင်းရယူခြင်း၊
ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ
ဂရန်မူရင်း (သို့) ဘိုးဘစာအုပ် မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့
စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်

အဆင့် (၈)
အဲ့ဒီအဆင့်တွေအားလုံးပြီးတာနဲ့ ရောင်းသူ၊ ဝယ်သူတို့
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပါပြီ..မှတ်ပုံတင်စာချုပ်မှာ ရောင်းချတဲ့မြေရဲ့ ပိုင်ဆိုင်ခွင့်ရှိသူအားလုံးပါရပါမယ်။)

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့
ပိုင်ဆိုင်မှုအထောက်အထားတွေ၊
ပိုင်ဆိုင်လာသူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့
မှတ်ပုံတင်၊ အိမ်ထောင်စုမူရင်းများ၊
မြေပုံ/မြေရာဇဝင်များနဲ့တကွ
သက်ဆိုင်ရာ အိုးအိမ်၊ မြေစာရင်း၊ ထွေအုပ်၊ စည်ပင်
အစရှိတဲ့ရုံးတွေမှာ မိမိအမည်ပေါက်ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင်
ဆက်လက်လုပ်ဆောင်နိုင်ပါပြီ

ကျနော်ပြောခဲ့တဲ့ အထက်ပါအချက်တွေကို
အတိအကျလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့
ရောင်းမှား၊ ဝယ်မှားမဖြစ်တဲ့အပြင် သားစဉ်မြေးဆက်အထိ ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ
ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်မှာပါ

အသက်ကိုဥာဏ်စောင့်သလို
မိမိပိုင်ဆိုင်မှုဥစ္စာတွေကို
ကံရော၊ ဥာဏ်ရော၊
သက်ဆိုင်ရာရုံးဌာနအသီးသီးကပါ ဝိုင်းစောင့်မှ
ခိုင်မာတည်မြဲမှာဖြစ်ပါတယ်

Credit to original uploader

👉👉ဘားအံမြို့ လှာကမြင် သပြေ(၄)လမ်းနှင့် ပျဉ်းကတို့ ဘုန်းကြီးကျောင်း လမ်းဆုံ လမ်းဒေါင်ကွက်အနီး မြေကွက်ရောင်းမည်👈👈👉 လူနေအိမ...
25/03/2025

👉👉ဘားအံမြို့ လှာကမြင် သပြေ(၄)လမ်းနှင့် ပျဉ်းကတို့ ဘုန်းကြီးကျောင်း လမ်းဆုံ လမ်းဒေါင်ကွက်အနီး မြေကွက်ရောင်းမည်👈👈
👉 လူနေအိမ်နီး/မီးတိုင်နီး/မြေညီမြေဖို့ပြီး👈

🛑မြေအကျယ်...(50'×70')သုံးကွက်ဆက်ရှိ🛑

💵💵ရောင်းဈေး...တစ်ကွက် သိန်း(၂၇၀)ညှိနှိုင်း
သုံးကွက်လုံးယူလျှင် ဈေးညှိပေးပါမည်

🚨ပိုင်ရှင်တိုက်ရိုက်၊အရှုပ်အရှင်းကင်း

👉ဝယ်သူဘက်မှ မည်သည့်အကျိုးဆောင်ခမျှ မပေးရပါ👈

မြေကွက်ကြည့်လိုလျှင် နာရီဝက်ခန့် ဖုန်းကြိုဆက်ပေးပါ🙏🙏

ဆက်သွယ်ရန်.... Thanlwin Myay Real Estate
09985640353/09751989841/CB
https://t.me/thanlwinmyay1 မှာလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်...

ဘားအံမြို့ လှာကမြင်ထဲလိုချင်တဲ့မိတ်ဆွေများအတွက်ပါ📌မြေအကျယ်......60'×80'📌မြေအမျိုးစား....အစိုးရမြေပေးမိန့်📌မီးရပြီး အိမ်အ...
24/03/2025

ဘားအံမြို့ လှာကမြင်ထဲလိုချင်တဲ့မိတ်ဆွေများအတွက်ပါ

📌မြေအကျယ်......60'×80'
📌မြေအမျိုးစား....အစိုးရမြေပေးမိန့်
📌မီးရပြီး အိမ်အသေးတစ်လုံးပါ
📌ပတ်ဝန်းကျင်ကောင်း။အိမ်ရှေ့ ကွန်ကရစ်လမ်း
📌ဈေးနီး/ကျောင်းနီး/အားကစားကွင်းနီး
📌အိမ်နံပတ်ကျပြီး
📌တောင်ဇလပ်လမ်း(၂)လမ်းမြောက်ပါ

💵💵ရောင်းဈေး....(1370)သိန်း ညှိနှိုင်း
ပိုင်ရှင်တိုက်ရိုက် ညှိနှိုင်း၍ရပါသည်

🛑ဝယ်သူဘက်မှ မည်သည့်အကျိုးဆောင်ခမျှ မပေးရပါ🛑

မြေကွက်ကြည့်လိုပါက နာရီဝက်ခန့်ကြို၍ ဖုန်းဆက်ပေးပါခင်ဗျ 🙏🙏

ဆက်သွယ်ရန်... Thanlwin Myay Real Estate
09985640353/09751989841/CB

https://t.me/thanlwinmyay1 မှာလည်း စုံစမ်း ဆက်သွယ်နိုင်ပါသည်

24/03/2025

Page အခုမှ ပြန်ရလို့ပါ 🥲

ပြန်ရရချင်း အိမ်အငှားပိုစ့်လေးနဲ့ တင်ပါရစေဗျ

👉RC၂ထပ်အိမ် တစ်လုံးလောက်ငှားချင်လို့ပါ
နှစ်ရှည်နေမှာဆိုတော့ အိမ်ကောင်းကောင်းလေးလိုချင်လို့ပါ၊အကျိုးတူ မောင်နှမ များ ရှိရင် CB မှာ ပြောပေးကြပါဦးနော်၊ရေမမြုပ်တဲ့ နေရာလေး ဦးစားပေး လိုချင်ပါတယ် 😊

 #အဝယ်တော်😊
14/03/2025

#အဝယ်တော်😊

14/03/2025

#အဝယ်ပိုစ့်ပါ
ဘားအံ ဇွဲကပင်တောင်ခြေနား မြေကွက်အဝယ်ရှိလို့ပါ
အိမ်ဆောက်လို့ရရင် ဖြစ်ပါတယ်၊ဈေးအများကြီးမနိုင်လို့ ခြံအကျယ်ကြီးတွေ မပြပေးကြပါနဲ့နော်၊ကျေးဇူးပါ ခင်ဗျ 🙏🙏🙏
Thanlwin Myay Real Estate
09985640353/09751989841/CB မှာ ပုံ/ဈေးနဲ့ location လေးတွေ ပြပေးလို့ရပါတယ်ဗျ

လူကြီးမင်းတို့ ၏ အိမ်/ခြံ/မြေ များ ရောင်း/ဝယ်/ငှား/ပေါင် လိုပါက စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းလို့ရပါတယ်ဗျမြန်မာနိုင်ငံ အိမ...
12/03/2025

လူကြီးမင်းတို့ ၏ အိမ်/ခြံ/မြေ များ ရောင်း/ဝယ်/ငှား/ပေါင် လိုပါက စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းလို့ရပါတယ်ဗျ
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အသိအမှတ်ပြု လတ်မှတ်ရမို့ စိတ်ချယုံကြည်စွာ ဆက်သွယ်လို့ရပါတယ်





☎️0️⃣9️⃣9️⃣8️⃣5️⃣6️⃣4️⃣0️⃣3️⃣5️⃣3️⃣
☎️0️⃣9️⃣7️⃣5️⃣1️⃣9️⃣8️⃣9️⃣8️⃣4️⃣1️⃣

12/03/2025

အရစ်ကျ မြေကွက် တည်နေရာလေးမေးတဲ့မိတ်ဆွေများအတွက်ပါ

အရစ်ကျနဲ့ အရကျစ်ဖို့ မြန်မြန် ဆက်သွယ်လို့ရပါပြီနော်

Thanlwin Myay Real Estate
09985640353/09751989841/CB

https://t.me/thanlwinmyay1 မှာလည်း ဆက်သွယ်လို့ရပါတယ်ဗျ

အရစ်ကျ နဲ့ အရကျစ်ချင်တဲ့ မိတ်ဆွေများအတွက်ပါ 😊 ဘားအံမြို့ လှာကမြင် ပန်းခြံကနေ ၇မိနစ်အကွာရေတူးဖို့လည်း လွယ်မယ်မီးတိုင်လည်း...
11/03/2025

အရစ်ကျ နဲ့ အရကျစ်ချင်တဲ့ မိတ်ဆွေများအတွက်ပါ 😊

ဘားအံမြို့ လှာကမြင် ပန်းခြံကနေ ၇မိနစ်အကွာ
ရေတူးဖို့လည်း လွယ်မယ်
မီးတိုင်လည်းအဆင်သင့်ရှိမယ်
ကွန်ကရစ်လမ်းခင်းဖို့လည်း အဆင်သင့်ဖြစ်နေမယ်
ပတ်ဝန်းကျင်သာယာတဲ့ နောင်ယားဖေးရွာ မြေကွက်လေးတွေ ရှိပါမယ်နော်

လူနေအိမ်လည်းအဆင်သင့်ဆောက်လို့ရမယ်၊ဘုန်းကြီးကျောင်းလည်း နီးတယ်

ရောင်းချပေးမယ့် ဈေးလေးက 💸💸သိန်း(180)ပါ
အရစ်ကျ အနေနဲ့က 💸💸သိန်း(90)သွင်းပြီးရင် ကျန်ငွေကို စိတ်တိုင်းကျ ညှိနှိုင်းလို့ရပါတယ်ဗျ

ဝယ်သူဘက်မှ မည်သည့်ဝန်ဆောင်ခမျှ မပေးရပါ 😊

စိတ်ဝင်စားရင်... Thanlwin Myay Real Estate
09985640353/09751989841/CB
https://t.me/thanlwinmyay1 မှာလည်း ဆက်သွယ်လို့ရပါတယ်ဗျ 🙏🙏🙏

07/03/2025

ဘားအံ လှာကမြင်နဲ့ အနီးဆုံး (40×60)တစ်ကွက်ကို သိန်း(200)‌နဲ့ရမယ်ဆို စိတ်ဝင်စားကြလားဗျ 😳😳

ဘားအံ လှာကမြင် သပြေ(၈)လမ်းကနေ မြေကွက်အရောက် (6)မိနစ်ခန့် 🤗
မီးတိုင် ခြံရှေ့တည့်တည့်😊
ကွန်ကရစ်လမ်းခင်းပြီး👏👏
ရေတွင်းတူးရလွယ်သော
လူနေအိမ်များအနီး၊စိုက်ပျိုးရေးခြံများအနီး😀
ပတ်ဝန်းကျင်သာယာ🌅

လူနေအိမ်အဆင်သင့်ဆောက်နိုင်သော မြေကွက်များရောင်းမည်

(40×60)အကျယ်ကို သိန်း(200)မှ စ၍ နေရာပေါ်မူတည်ပြီးသိန်း(250)အထိ ရှိပါတယ်

‌နောင်တချိန် စည်ကားလာဖို့ အခွင့်အလန်းများသော နေရာလေးမို့ အမြန်လက်ဦးဖို့တော့ လိုမယ်နော် 😊😊

ဝယ်သူဘက်မှ မည်သည့်အကျိုးဆောင်ခမျှ ပေးစရာမလိုပါဘူးခင်ဗျ
လိုင်စင်ရတရားဝင်အကျိုးဆောင်ဖြစ်လို့ လူကြီးမင်းတို့၏ အိမ်ခြံမြေများကို ရောင်း/ဝယ်/ငှား လိုသမျှကို စိတ်တိုငကျ ဆက်သွယ်လို့ ရပါတယ်နော်

ဆက်သွယ်ရန်... Thanlwin Myay Real Estate
09985640353/09751989841/CB
https://t.me/thanlwinmyay1 မှာလည်း စုံစမ်းဆက်သွယ်လို့ရပါတယ်ဗျ 🙏🙏

06/03/2025

ကြက်မောက်ခြံမေးထားတဲ့ မိတ်ဆွေများအတွက်
ခြံထဲသွားတဲ့လမ်းလေး ရိုက်ပြပေးထားပါတယ်ဗျ

အပင်အောက်မှာ ခူးပြီးအဝထိုင်စားမလား။🤤
ပြန်ပြီး ရောင်းကြမလား အကုန်အဆင်ပြေသောပါနော်😊

(40×80)အကျယ်မှာ ကြက်မောက်(၇)ပင်/သရက်(၂)ပင် ပါပါတယ်
ရောင်းဈေး ......💸💸သိန်း(130)ကို ညှိနှိုင်းပါ

နေရာက အိန္ဒုရွာ လမ်းဆုံမှ (၈)မိနစ်အကွာ နောင်အီပုန်းရွာ
အိန္ဒု-ဇာသပြင် လမ်းမကြီးမှ (၂)မိနစ်ခန့် ဝင်ရပါတယ်
စိတ်ဝင်စားတယ်ဆိုရင်....

Thanlwin Myay Real Estate
09985640353/09751989841/CB မှာ ဆက်သွယ်လို့ရပါတယ်ဗျ

https://t.me/thanlwinmyay1 မှာလည်း စုံစမ်းနိုင်ပါသည်🙏🙏🙏

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when Thanlwin Myay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thanlwin Myay:

Share

Category