Inn Pyin Home - kalaw

Inn Pyin Home - kalaw Warmly welcome to my home.

ကိုယ့်ကိုကိုယ် စိတ်ထဲ မှာ ငါအိုသွားပီငါမလှတော့ဘူး ငါအရင်လို မနုပျိုတော့ဘူးလို့များ အတွေးဝင်လာရင်စျေးခြင်းတောင်းလေး ကိုင်...
17/05/2026

ကိုယ့်ကိုကိုယ် စိတ်ထဲ မှာ ငါအိုသွားပီ

ငါမလှတော့ဘူး ငါအရင်လို မနုပျို

တော့ဘူးလို့များ အတွေးဝင်လာရင်

စျေးခြင်းတောင်းလေး ကိုင်ပီး စျေးထဲ

သွားတာပဲ စျေးထဲ ဝင်ဝင်ချင်း ကိုယ်ဝင်နေ

ကျအပေါက် အမှန်တော့ အဲ့လမ်းကနေကို

တမင်ရွေးပီး ဝင်တာ ကုန်ခြောက်ဆိုင်က

အမကြီးက လှမ်းခေါ်တာ သဲရေ သဲလေးရေ

ဘာယူအုံးမလဲ လှမ်းခေါ်တာနဲ့တပြိုင်နက်

အံမယ် ကလေးလေးလို အပစ်ကင်း

တဲ့ အပြုံးလေးနဲ့ ခေါင်းလေးယမ်း

လက်လေးကာပြပီး ဆက်လျှောက်လာခဲ့ တာ

ကြက်သားသယ်နားရောက်လာတော့

ငယ်လေးရေ ရင်ဘုံသားယူမလား ပေါင်လေး

ယူမလား ငယ်လေး နဲ့ ☺️အခုနက အပြုံး

လက်စလေးနဲ့ ပြုံးပြပီး

မဝယ်သေးဘူး ငါးသယ်တန်းဘက်

ဆက်လျှောက်လာတာ အပြိုင်ဆိုင်

ခေါ်ကြတာ ခေါ်ကြတာဆိုတာ

တစ်ယောက်တမျိုး ချစ်ရေ ကလေးလေးရေ

အသဲလေးရေ အသဲရေ ညီမလေးရေ ရုပ်ချော

ချောနဲ့ ကလေးရေ ဆိုတာ ပါသေးတယ်

ဒါကျပြံးယုံနဲ့မရတော့ဘူး ဖြီးပါပြရတာ

အမြန်ပြန်ထွက်မှ ရတော့မယ် ကြာရင်

လူကလေပေါ်မြောက်တတ်တော့မယ်

တစ်ယောက်ထဲ ဆီ ဝယ်ရင်လဲကျန်တဲ့ သူတွေ

အားနာရလို့ မဝယ်ခဲ့ဘူး

ခြင်းတောင်းအလွတ်လေး ကိုင်ပီး

အပြန်လမ်းပေါက် ထိပ်မှာ ရောင်း နေတဲ့

ကန်စွန်းရွက်သယ် အဒေါ်ကြီးဆီက

ကန်စွန်းရွက်နှစ်စီး အားပေး လာခဲ့ လိုက်တယ်

စျေးမဆစ်တော့ဘူး 🤪

ဒါကြောင့်ပြောတာ အသဲလေးရေ

ချစ်ရေ ကလေးလေးရေ အခေါ်ခံချင်

စျေးထဲသာသွားလိုက်တော့

23/04/2026


Inn Pyin Home - kalaw

ရာသီဥတုက ပူလာပီ ကလောမှာ အေးအေးဆေးဆေးနဲ့ အပူရှောင် မယ် လို့ စိတ်ကူးနေပီလား😍။ အဲ့ဒါဆို သန့်သန့် ရှင်းရှင်း နဲ့ တိတ်ဆိတ် အေ...
10/04/2026

ရာသီဥတုက ပူလာပီ ကလောမှာ အေးအေး

ဆေးဆေးနဲ့ အပူရှောင် မယ် လို့ စိတ်ကူး

နေပီလား😍။ အဲ့ဒါဆို သန့်သန့်

ရှင်းရှင်း နဲ့ တိတ်ဆိတ် အေးချမ်း တဲ့

Inn pyin Home 🏡 အိမ်လေး ကို သတိရ

ပေးပါနော် 🥰🥰 ။ view လှလှနဲ့ ခြံဝန်း

လေးက အတော်အသင့် ကျယ်တဲ့ အထဲမှာမှ

သုံးထပ်ခွဲ ဘန်ဂလိုအိမ် ဖြစ်ပါတယ်ရှင့် ။

အိမ်လေးရဲ့ အခန်းဖွဲ့ ပုံလေးကတော့

မြေညီထပ်မှာ နှစ်ယောက်ခန်း တစ်ခန်း

ပထမထပ်မှာ လေးယောက်ခန်း

အပေါ်ဆုံး ထပ်မှာ ထပ်ခိုးလေးနဲ့ မလို့

အောက်မှာ နှစ်ယောက် ထပ်ခိုးမှာ နှစ်ယောက်

လေးယောက် နဲ့ အားလုံးပေါင်း

ဆယ်ယောက် တိတိနေလို့ ရပါတယ် ။

တထပ်ခြင်း သီးသန့် အပြင်လှေခါးနဲ့ မလို့

ကိုယ်နေတဲ့ အထပ်ဟာ ကိုယ့်အခန်းပါပဲရှင့်။

သုံးထပ်လုံးမှာ ရေချိုးခန်း အိမ်သာ ပါ

ပါတယ်နော် ။ တထပ်ချင်း ဆီတိုင်းမှာ

အဲကွန်း ရေခဲသေတ္တာ TV ရေပူရေအေး

မှန်တင်ခုံနဲ့ Hair dryer ပါ ပါသေးတယ်ရှင့် ။

ချက်ပြုပ် စားသောက်ဖို့ kitchen လေးပါ

ရှိပီး kitchen ထဲ သုံးတဲ့ ရေခဲသေတ္တာ အကြီး

တလုံး ထားပေးပါသေးတယ် ။

အဝတ်လျော်စက် မီးပူလဲ ထားပေးထားလို့

ကိုယ့်အိမ်မှာ နေရသလို အားလုံးပြည့်စုံ

နေစေရပါမယ် ရှင့် ။ မီးကလဲ အခုချိန်ထိ

၂၄ နာရီ မှန်တဲ့ ရပ်ကွက်ထဲမှာရှိပါတယ်ရှင့်။

မီးပျက်ခဲ့လျင်လဲ lighting အတွက် Inverter

ထားပေးထားလို့ စိတ်ပူစရာတော့ မရှိပါဘူး

အင်တာနက်အတွက်လဲ ပူစရာမလိုဘူး

Wifi ပါသေးတယ်နော် 😍😍

ရက်ရှည် နေမယ့် ဆို ရှစ်ယောက်ထိ လက်ခံ

ပေးပါမယ်နော် ။ လူအနည်းအများ နဲ့ နေမယ့်

လအပေါ် စျေးညှိပေးပါအုံးမယ်နော်

စိတ်ဝင်စားလို့ ဆက်သွယ် မေးမြန်း မယ်ဆို

📞📞☎️☎️09 443015662 ကိုဆက်နော် 💕


#နွေရာသီ အပူရှောင်ချင်သူများ


လူလိမ်တွေ ဖုန်းဆက်တဲ့ ပုံစံလေးSharing လုပ်ပေးချင်လို့ပါ 👌မှတ်မှတ်ရရ Feb 17 ရက်နေ့က ဖုန်းဝင်လာတယ် အမရေ ဘယ်မှာလဲ ဒီမှာရှိလ...
10/03/2026

လူလိမ်တွေ ဖုန်းဆက်တဲ့ ပုံစံလေး

Sharing လုပ်ပေးချင်လို့ပါ 👌

မှတ်မှတ်ရရ Feb 17 ရက်နေ့က

ဖုန်းဝင်လာတယ် အမရေ ဘယ်မှာလဲ

ဒီမှာရှိလားတဲ့

သူကအိမ်မှာတည်းနေကျပုံစံနဲ

ကျမကလဲ မရှိဘူးရှင့်

ဘာပြောချင်လို့လဲ ဆိုတော့

သူ့ကိုယ်သူ ကျနော်က မနေ့က ဝင်တဲ့ ဧည့်

သည်ပါတဲ့ ကျမလဲ မသိချင်ယောင်ဆောင်ပီး

အော် ဟုတ်ကဲ့ ဘယ်နှရက်ယူထားတာလဲ

လို့မေးလိုက်တော့ သူရုတ်တရက်

ဘာဖြေရမှန်းမသိတော့ ဖုန်းချသွားတယ်

(အဲ့နေ့က အိမ်မှာ ကလော GTI ဆရာ

ကန်တော့ပွဲ

လာတဲ့ ဆရာကြီးဆရာမကြီးတွေပဲ ရှိတယ် ဆို

တာ ကိုယ်က သိတယ်လေ )

မနေ့က ဖုန်းထပ်ဆက်လာတယ်

အမရေတဲ့ ဘယ်မှာလဲ တဲ့ ထပ်လာတာ

မေ့လောက်ပီ ထင်လို့

အဲ့လိုမေးရင် ကို သိနေပီ ဒီမှာ ရှိလားတဲ့

ကျမလဲ မရှိဘူး ဘယ်ကလဲဆိုတော့

အိမ်မှာတည်းနေတဲ့ ဧည့်သည် ပါတဲ့

အမမရှိဘူးဆိုလဲ အိမ်က တာဝန်ခံ အကိုလား

အမလား မသိဘူး တဲ့ (လိမ်ရင်လဲ ပိပိရိရိမရှိ)

သူ့ဖုန်းနံပါတ် လေးသိချင်လို့ပါတဲ့ (ဒီရက်ပိုင်း

ဧည့်သည်မရှိဘူး ဆိုတာ သူမသိရှာဘူး)

လိမ်ပါစေ ဆိုပီး မသိချင်ယောင်ဆောင် ပေး

လိုက်ပီး တာဝန်ခံ ဖုန်းနံပါတ်က ဘာလို့ လိုချင်

တာလဲ ဘာအဆင်မပြေလို့လဲ အမကိုပြော

ဆိုတော့ မရှိပါဘူး တာဝန်ခံ ရဲ့ ဖုန်းလိုချင်

လို့ ဆိုတာကြီးပဲ အာ့နဲ့ မောင်လေးတို့က

ဘယ်နှရက် ယူထားတာလဲ ဆိုတော့ သုံးရက်

တဲ့ ဘယ်နှယောက်လဲဆိုတော့ လေးယောက်

မဟုတ်ဘူး ငါးယောက်တဲ့

တရက် ဘယ်လောက်နဲ့ ငှါးထားတာလဲ

ဆိုတော့ အမရယ် ထုံးစံ အတိုင်းပဲလေတဲ့

အံမယ် သူက လုပ်သေးတာ သူ့မှာ လိမ်ဖို့

အချိန်မရဘူး ကိုယ်ကပဲ မေးခွန်းတွေထုတ်

ပစ်တာ မဟုတ်ဘူး ထုံးစံအတိုင်း ဆိုတာ

တိတိကျကျ သိချင်လို့ ပါဆိုတော့

၂၅၀၀၀၀ တဲ့ ရမ်းတုတ်တာ မှန်သွားပီ

အခန်းခ ဘယ်သူ့ကို ရှင်းပေးတာလဲ

ဆိုတော့ အမကိုပဲ ရှင်းပေးတာ မဟုတ်ဘူး

လားတဲ့ အိမ်က တာဝန်ခံရဲ့ ဖုန်းနံပါတ်

ပဲပေးပါတဲ့ ဘယ်လိုဆက်သွယ်ရမလဲ

ဆိုတာကြီးပဲ နောက်ဆုံး ကိုယ့် ရဲ့ အရစ်မခံ

နိုင်တော့လို့ ထင်တယ် အမရယ် ကျနော်

ပြန်ရှာကြည့်လိုက် ပါအုံးမယ် ဆိုပီး ဖုန်းချ

သွားလေရဲ့ 😄😄 လိမ်ချင် လဲ ကြည့်လိမ်လေ

ကိုယ့်အိမ်ဆိုတာ ဟိုတယ် လို အကြီးကြီး

လဲမဟုတ် ကျမ အိမ်နား ခွေးဖြတ်ပြေးတာက

အစ ကျမက သိနေတာ

လူလိမ်တွေက ဟိုတယ်ကြီးတွေ

ဧည့်သည်တွေ ဆီကတင်မဟုတ်ပဲ

ကျမတို့လို အိမ်သေးသေးလေးတွေ အထိ

လာလိမ်ချင်နေကြတာ

ဘယ်သူ့ကို ဘယ်လို အကွက်တွေ ဆင်ပီး

လိမ်မယ် ဆိုတာ မသိရလို့ အမြဲ သတိထား

နိုင်ကြပါစေနော် 😍😍🥰🥰

Booking တင်မယ်ဆို

☎️09 4430 15662 📞📞ကိုပဲ ဆက်သွယ်

လိုက်နော်

vacation home
゚viralシalシ

21/02/2026

အိမ်ကိုလွမ်းလို့ ကြည့်မိတာ မိုးတွေရွာနေ

ပါလား ကလောရယ်

14/02/2026

゚viralシalシ

‘ဟယ်လို “ဟယ်လို’’နဲ့ မရဲတရဲ အသံနဲ့ ဖုန်းခေါ်ပီး “”ကြားလား ကြားလား “”တဲ့ ဟုတ်ကဲ့ ကြားပါတယ်ရှင့် ဆိုတော့ ‘’မင်း ကောင်တာမှာ...
13/02/2026

‘ဟယ်လို “ဟယ်လို’’နဲ့ မရဲတရဲ အသံနဲ့

ဖုန်းခေါ်ပီး

“”ကြားလား ကြားလား “”တဲ့

ဟုတ်ကဲ့ ကြားပါတယ်ရှင့် ဆိုတော့

‘’မင်း ကောင်တာမှာရှိသေးလားတဲ့ ‘’

ဟယ် ဘယ်ကောင်တာလဲ ဖုန်းမှား

နေတယ်နော်ဆိုတော့။ ဟာ မနက် အခန်း

ကထွက်လာတဲ့ တစ်ယောက်လေတဲ့

အံမယ်

သူက စိတ်မရှည်တဲ့ လေသံနဲ့

ဟာ ဘယ်အခန်းက ထွက်လာတာလဲ

ဆိုတော့

ဂွက်ခနဲ ဖုန်းချ သွားတယ်

အကိုရယ် အကျိုးအကြောင်းလေးတော့

နဲနဲပြောခဲ့သင့်ပါတယ် ကျမ မှာ

ရှင်ပြောတဲ့ အခန်းဆိုတာပဲ

တချိန်လုံးစိုးမိုးနေပီ 🤨 မှားစရာရှားလို့

ကျမမှာရှိတဲ့အခန်းတွေက👇👇





゚viralシalシ

23/12/2025


#ဗျိုက်တောင်

04/12/2025

တောင်စောင်း လေးမှာ ရှိတဲ့

နှစ်ယောက်ထဲသီးသန့် နေလို့

ရမယ့် ဘန်ဂလိုလေး ရှာနေတယ်ဆို

ဒါလေးရှိတယ် 😅😅

နေဝင်ချိန်ဆည်းဆာလေးကိုကြည့်မလား

ကံကောင်းရင် တိမ်ပင်လယ်လေးပါ

မြင်တွေ့နိုင်တယ် ကျန်တာတော့

ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ 😅😅

credit 😍🙏

02/12/2025

#တောင်မင်းကြီးခုံပြာ

Address

Kalaw

Telephone

+959443015662

Website

Alerts

Be the first to know and let us send you an email when Inn Pyin Home - kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share