Kalaw Max Real Estate

Kalaw Max Real Estate လူကြီးမင်းတိုရောင်/ဝယ်/ဌားရမ်းလိုသော ကလောနှင့်အောင်ပန်းအိမ်ခြံမြေများကို ယုံကြည်စွာအပ်နှံနိုင်ပါသည်၊

မင်္ဂလာပါ Kalaw Max အိမ်ခြံမြေ လုပ်ငန်းမှ ကြိုဆိုပါတယ်ရှင် 🙏☀️ပင်းတယ၊ဘော်ဆိုင်း ၊ဟဲဟိုး လမ်းမတန်းအကွက်လေးပေါ်မှာရှိတဲ့ ခ...
21/11/2024

မင်္ဂလာပါ Kalaw Max အိမ်ခြံမြေ လုပ်ငန်းမှ
ကြိုဆိုပါတယ်ရှင် 🙏

☀️ပင်းတယ၊ဘော်ဆိုင်း ၊ဟဲဟိုး လမ်းမတန်းအကွက်လေးပေါ်မှာရှိတဲ့ ခြံဝန်းကျယ်ပြီး စျေးတန်တန်ရမယ့် မြေကွက်လေး ၂ကွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်👏👏

🍀✨အကွက်No.B

☀️စျေး - သိန်း ၆၅၀

☀️ဧရိယာအကျယ်- ၁ဧက

☀️ပိုင်ဆိုင်မှု -ပုံစံ ၇ (ဥယျာဉ်ခြံမြေ)

🍀✨အကွက် No.C

☀️စျေး -သိန်း ၇၀၀

☀️ဧရိယာအကျယ် - ၁.၁၃ ဧက

☀️ပိုင်ဆိုင်မှု - ပုံစံ ၇ (ဥယျာဉ်ခြံမြေ)

💥ရေလွယ်ပြီးတော့ မီးတိုင်တွေလည်းရှိလို့ မီးလည်း သွယ်လို့ရပါတယ်🫶

💥ရှုခင်းလည်း အရမ်းလှပြီး ၊အနီးနားတစ်ဝိုက်မှာ
အိမ်တွေနဲ့ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်🤗

💥၂ကွက် တွဲလေးယူမယ်ဆိုရင် ၂ ဧကကျော်ကိုမှ
သိန်း ၁၃၀၀ ကျော်နဲ့ ရမှာဆိုတော့ အရမ်းတန်နေပါပြီရှင်👏👏

💥အရမ်းတန်တဲ့ မြေကွက်လေးမလို့ မြန်မြန်လေး
ဝယ်ဥထားနိုင်ဖို့ဆိုရင် Kalaw Max ကိုဆက်သွယ်လိုက်ပါ👏👏

💥ယခု ခြံဝန်းလေးအပြင် အခြားမြေကွက်များစွာ
ရွေးချယ် ဝယ်ယူနိုင်ဖို့ဆိုရင် Kalaw Max အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလေးကို သတိရလိုက်ပါ

☎️ 09259505872 (Viber),
☎️ 09954182701 (Viber)

🍀Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေ အကျိူးဆောင်လုပ်ငန်းမှ ကြိုဆိုပါတယ်ရှင့်🍀၁၈ပေ ဧည့်ခန်း ၂ခန်းပါပြီး ၊ အိပ်ခန်း ၄ခန...
02/11/2024

🍀Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေ
အကျိူးဆောင်လုပ်ငန်းမှ ကြိုဆိုပါတယ်ရှင့်

🍀၁၈ပေ ဧည့်ခန်း ၂ခန်းပါပြီး ၊ အိပ်ခန်း ၄ခန်းပါတဲ့ ရေမီးအစုံ ပူစရာမလိုတဲ့ RC၂ထပ်တိုက်လေးကို
စျေးနှုန်း ချိုသာစွာနဲ့ ရောင်းချပေးပါမယ်👏👏

💠စျေး- သိန်း ၁၈၀၀ (ညှိုနှိုင်း)

💠ဧရိယာအကျယ်အဝန်း-ပေ ၅၅* ၈၅

💠တည်နေရာ - နန်းသဲ၊ ကလောမြို့။

💠ကင်းလွတ်ခွင့် ရထားတဲ့မြေဖြစ်ပြီး ၁၀၅ တန်းလျောက်လို့ ရပါတယ်

💠ခြံဝန်းကျယ်ကျယ်နဲ့ RC ၂ထပ်တိုက်လေးပါပြီး
ဖြစ်လို့ အရမ်းအရမ်းကို စျေးနှုန်းတန်တဲ့ အိမ်လေး
မလို့ အမြန်ဆုံး ဝယ်ယူ လိုက်တော့နော်🤗

💠မြေဝယ်မယ်ဆို Kalaw Max ကို အမြန်ဆုံးဆက်သွယ် လိုက်တော့နော် 🤗

☎️09259505872 , 09954182701


အိမ်ခြံမြေကို ဘာကြောင့်ရင်းနှီးမြှုပ်နှံသလဲ မေးရင် ချမ်းသာချင်လို့ပါ။ ချမ်းသာဖို့ လောက်ထိ အိမ်ခြံမြေကို ဘာကြောင့် ရင်းနှ...
31/10/2024

အိမ်ခြံမြေကို ဘာကြောင့်ရင်းနှီးမြှုပ်နှံသလဲ မေးရင် ချမ်းသာချင်လို့ပါ။ ချမ်းသာဖို့ လောက်ထိ အိမ်ခြံမြေကို ဘာကြောင့် ရင်းနှီးမြှုပ်နှံရသလဲဆိုရင်

(၁) Tax Benefits (အခွန်သက်သာမှု)
(၂) Appreciation (ဈေးတက်မှု)
(၃) Cash Flow (ဝင်ငွေရလမ်းကြောင်း ရှိမှု)
(၄) Leverage (အထောက်အပံ့ဖြစ်မှု)
တို့ ကြောင့်ဖြစ်ပါတယ်။

ကိုယ်ဝယ်လိုက်တဲ့ အိမ် ပုံမှန်ထက် ဈေးရချင်ရင်ဘယ်လို လုပ်ရမလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။

၁) Natural Appreciation (သဘာဝ အလျောက် ဈေးတက်မှု)
၂) Forced Appreciation (အတင်း ဈေးတက်မှု)

Natural Appreciation (သဘာဝ အလျောက် ဈေးတက်မှု) အပေါ်ကို မှီခိုပြီးတော့ ဈေးတက်နေလို့ ဈေးရခြင်း ဖြစ်ပါတယ်။

Forced Appreciation (အတင်း ဈေးတက်မှု) ဆိုတာကတော့ “ရောင်းတဲ့ နေရာ တန်ဖိုး မြင့်တက်ဖို့ အတွက် အဆောက်အဦးကို အဆင့် မြှင့်တင်ခြင်း
Fix and Flip (ပြင်ပြီးပြန်ရောင်း) သမားတွေကို ဆိုလိုပါတယ်။


🫶Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ကြိုဆိုပါတယ်ရှင်🤗💠မြေအနိမ့်ပိုင်းလည်း မကြိုက်ဘူး အမြင့်ပို...
30/10/2024

🫶Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ကြိုဆိုပါတယ်ရှင်🤗

💠မြေအနိမ့်ပိုင်းလည်း မကြိုက်ဘူး အမြင့်ပိုင်းလည်း မကြိုက်ဘူး။ အဝင်အထွက်လမ်းသာပြီး အုတ်တံတိုင်းခတ်ပြီးသား ခြံဝန်းလေးနဲ့ မိတ်ဆက် ပေးပါမယ်👏

💠စျေး - ၃၀၀၀

💠ဧရိယာအကျယ်အဝန်း -ပေ ၁၀၀ * ၅၀

💠ပိုင်ဆိုင်မှု - ပုံစံ ၁၀၅

💠တည်နေရာ - ရပ်ကွက် ၉၊ ကလောမြို့။

💠ရေ၊မီးလည်း ရသလို ၊အနီးနားပတ်ဝန်းကျင်လည်း ခြံအကျယ်ကြီးတွေပဲ ရှိတာမလို့ ရပ်ကွက်
နေရာသန့်သန့်လေး ကြိုက်ရင် ဒီမြေကွက်လေး
ယူပါနော်

💠မြေကွက်ဝယ်ဖို့ စိတ်ချရတဲ့ အကျိုးဆောင်ရှာနေတယ် ဆိုရင်တော့ Kalaw Max အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလေးကို အမြန်ဆုံးဆက်သွယ်လိုက်ပါ

☎️ 09-259505872 , 09954182701


ဟိုတယ်၊ Home Stay အတွက်ပဲဆောက်မလား?လမ်းသာပြီး ခြံနေရာကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🤗🤗💠စျေး - သိန်း ၈၃၀၀(ညှိနှိုင်း)💠ဧ...
29/10/2024

ဟိုတယ်၊ Home Stay အတွက်ပဲဆောက်မလား?လမ်းသာပြီး ခြံနေရာကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🤗🤗

💠စျေး - သိန်း ၈၃၀၀(ညှိနှိုင်း)

💠ဧရိယာအကျယ်အဝန်း- ပေ၂၀၀*၂၀၀(၀.၆၀ဧက)

💠ပိုင်ဆိုင်မှု - ပုံစံ ၁၀၅

💠တည်နေရာ -ကျေးကုန်း၊ကလောမြို့။

💠ပိုင်ဆိုင်မှုခိုင်မာပြီး မြေနေရာကောင်းလေးတွေရှာနေရင်တော့ Kalaw Max အိမ်ခြံမြေလုပ်ငန်းလေးကို အခုပဲ ဆက်သွယ် လိုက်ပါနော်🤗


📌မြေဝယ်တဲ့အခါ မြေအမျိုးအစားအလိုက် ကွာဟမှုတွေအများကြီးရှိပါတယ်။ မြေအမျိုးအစားအလိုက် ပိုင်ဆိုင်မှုနဲ့ လုပ်ပိုင်ခွင့်တွေ ကွ...
25/10/2024

📌မြေဝယ်တဲ့အခါ မြေအမျိုးအစားအလိုက် ကွာဟမှုတွေအများကြီးရှိပါတယ်။ မြေအမျိုးအစားအလိုက် ပိုင်ဆိုင်မှုနဲ့ လုပ်ပိုင်ခွင့်တွေ ကွာကြတဲ့အတွက် ဘယ်အဆင့် ရောင်းသူဆီက ဝယ်ချင်းဖြင့် ဘယ်လောက်ထိ အာမခံချက်နဲ့ ခိုင်မာမှုရှိတယ်ဆိုတာတွေက သိထားသင့်ပါတယ်။ ထို့အပြင် ကွာခြားချက်များကို သိထားချင်းဖြင့် ကိုယ်အသုံးပြုမယ့်ပုံစံနဲ့ နောင်တွင် လုပ်ဆောင်မယ့် လုပ်ဆောင်ချက်များအပေါ်မူတည်၍ ဘယ်လိုမြေမျိုးက ဝယ်သင့်လည်း မဝယ်သင့်လည်း ဆိုတာ စဉ်းစားလို့ရပါမယ်။အောက်ပါအချက်အလက်များအလိုက်စစ်ဆေးဝယ်ယူပါ။

✅ဂရန်မြေ
မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အစိုးရမှ တရားဝင် အငှားချထားသည့် မြေမျိုးကို မြေငှား ဂရန်မြေလို့ခေါ်ပါတယ်။ ဂရန်မြေအမျိုးအစားများသည်
- ၃ လလျှင် တစ်ကြိမ် မြေခွန်ဆောင်ရပါသည်။
- မြေပေါ်တွင် အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန် ဆောင်ရပါမည်။
- လုပ်ပိုင်ခွင့်များအနေဖြင့် မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။ မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ် လွှဲစာ GP (သို့)အထူးကိုယ်စားလှယ်လွှဲစာ SP (GP & SP အကြောင်းကို Page ထဲတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်သူထံမှ တရားဝင် အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူကလည်း ရောင်းချခွင့်ရှိသည်။ အဆိုပါ မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူကလည်း ရောင်းချခွင့်ရှိပါသည်။
- မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူကလည်း တဆင့်ရောင်းချခွင့်ရှိပါသည်။
- မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူကလည်း ရောင်းချခွင့်ရှိသည်။
- ယင်းအမျိုးအစားသည် မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။ (ခွဲခြမ်းရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်စတုရန်းပေ(၁၂၀ဝ)ရှိရန်လိုပါသည်။) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။

✅ပါမစ်မြေ
စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။
- ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
- ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
- ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။
- မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။

✅လိုင်စင်မြေ
မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသောမြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများဖြစ်ပါသည်။ လယ်ယာမြေတွင် အသုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့် အိမ်ယာမြေ သတ်မှတ်သည့် ၃(ခ)ထွက်ရှိ မြေများကို မြေငှားဂရန် လျှောက်ထားလျှင် မြေငှားစာချုပ် ထုတ်ပေးပါသည်။

✅မြေပိုင်မြေ/ ဘိုးဘွားပိုင်မြေ/ ဂရန်ရှိမြေပိုင်မြေ
ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
- မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
- မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူး ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့် ရှိသည်။
- မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း ၊တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
- မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။

မှတ်ချက် ။ General Power GP အထွေထွေကိုယ်စားလှယ်လွဲစာ နဲ့ Special Power SP အထူးကိုယ်စားလှယ်လွဲစာ တို့ဆိုတာက မြေအမည်ပေါက် မသေဆုံးမီနှင့် လွှဲစာပြန်လည်မရုပ်သိမ်းမီ (ရူးနှမ်းသွားပါကလည်း အကြုံးမဝင်တော့ပါ) ကာလအတွင်းသာ သက်ဆိုင်မှုရှိပါသည်။ ထို့ကြောင့် ဝယ်ယူသည့်အခါ ရောင်းချခွင့်ရှိသည်ဟုဆိုတိုင်း မယုံကြည်ပါနဲ့ အမည်ပေါက်အချက်အလက်များနဲ့ သက်ဆိုင်သည်များကို သေချာစစ်ဆေးပါ။

📌📌မြေဝယ်မယ်ဆို ကိုယ်ဝယ်တဲ့ မြေအမျိုးအစားကို သေချာသိနေဖို့တော့လိုပါမယ်နော်🤗❇️ဂရန်မြေ❇️ပါမစ်မြေ❇️လိုင်စင်မြေ❇️မြေပိုင်မြေ/...
23/10/2024

📌📌မြေဝယ်မယ်ဆို ကိုယ်ဝယ်တဲ့ မြေအမျိုးအစားကို သေချာသိနေဖို့တော့လိုပါမယ်နော်🤗

❇️ဂရန်မြေ

❇️ပါမစ်မြေ

❇️လိုင်စင်မြေ

❇️မြေပိုင်မြေ/ ဘိုးဘွားပိုင်မြေ/ ဂရန်ရှိမြေပိုင်မြေ

မြေဝယ်တဲ့ အခါယုံကြည်စိတ်ချရတဲ့ အကျိုးဆောင်ရှာနေပြီ ဆိုရင်တော့ရာနှုန်းပြည့်စိတ်ချရတဲ့ Kalaw Max အိမ်ခြံမြေလုပ်ငန်းလေးနဲ့အမြန်ဆုံးလက်တွဲဖို့တော့လိုပါမယ်နော်👏👏

ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် စိတ်ချမ်းသာစေမှာ
Kalaw Max ပါ 🫶


🍃မင်္ဂလာပါရှင် Kalaw Max အိမ်ခြံမြေလုပ်ငန်း မှ ကြိုဆိုပါတယ်ရှင်🤗🍃စီးပွါးရေးလုပ်ငန်း အတွက် ဗျူးလှလှ ဧကကျယ်ကျယ် မိန်းလမ်းမ...
23/10/2024

🍃မင်္ဂလာပါရှင် Kalaw Max အိမ်ခြံမြေလုပ်ငန်း
မှ ကြိုဆိုပါတယ်ရှင်🤗

🍃စီးပွါးရေးလုပ်ငန်း အတွက် ဗျူးလှလှ
ဧကကျယ်ကျယ် မိန်းလမ်းမ မေးတင်မြေကွက်
လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်

🍃စျေး -သိန်း ၇၀၀

🍃ဧရိယာအကျယ်အဝန်း- ၃ ဧက

🍃တည်နေရာ- ဝက်ဖြူရေ၊ကလောမြို့။

🍃ရေ၊မီး ရပါတယ်

🍃လူကြီးမင်းတို့ရဲ့ စီးပွါးရေး လုပ်ငန်းအကောင်
အထည်ဖော်နိုင်ဖို့မြေအတွက်ငွေအများကြီးသုံးစရာမလိုပဲ ဧကကျယ်ကျယ် ရမယ့်အကွက်လေးပါနော်🤗

📌ဧကကျယ်ကျယ်နဲ့စျေးတန်တန်မြေကွက်လေး
ကို လိုချင်ရင်တော့ Kalaw Max ကိုဆက်သွယ်လိုက်
ပါနော်🤗

☎️09-259505872
09-954182701

🏫ဆက်သွယ်ရန်လိပ်စာ
Myanmar Best United Co.,Ltd
Kalaw Max Real Estate (ကလောအိမ်ခြံမြေ)

 #မြေကွက်ဝယ်တော့မယ်ဆိုရင်သတိထားသင့်တဲ့အချက်(၅)ချက်....နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ။ကိုယ့်မှာ...
14/10/2024

#မြေကွက်ဝယ်တော့မယ်ဆိုရင်သတိထားသင့်တဲ့အချက်(၅)ချက်....

နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ။ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ..

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊စလစ်မြေ၊ရွာမြေ၊လယ်မြေလား၊ ယာမြေလား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

. လေးစားစွာဖြင့်..
ဒေါ်ဇင်ဝေထွန်း(LL.😎
အထက်တန်းရှေ့နေ
09 421091588.(viber)
09 759697598.

Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေလုပ်ငန်းက ကြိုဆိုပါတယ်❇️အဝေစိတွင်းပါအပြီး ခြံဝန်းကျယ်ကျယ်နဲ့ ပိုင်ဆိုင်မှု ခိုင်မာ...
12/10/2024

Hello ! မင်္ဂလာပါ Kalaw Max အိမ်ခြံမြေလုပ်ငန်းက ကြိုဆိုပါတယ်

❇️အဝေစိတွင်းပါအပြီး ခြံဝန်းကျယ်ကျယ်နဲ့ ပိုင်ဆိုင်မှု ခိုင်မာတဲ့ ခြံဝန်းလေးတွေကို လို ချင်ရင်
ဒီခြံကွက်လေး ယူပါ

❇️အကျယ်အဝန်း - 0.25 ဧက

❇️ပိုင်ဆိုင်မှု - ရွာမြေ

❇️အရပ်လှည့် -အနောက်မြောက်အလှည့်

❇️ရေ၊မီး ရ (အဝေစိတွင်း ရွာစုပေါင်းတူးကန်ပါ)

❇️အိမ်အရှေ့တွင် ၁၂ပေ၊ ၁၅ပေ လမ်းရှိပါတယ်
ပြည်ထောင်စုလမ်းမကြီးနဲ့ မိုင်ဝက်ဝင်ရပါမယ်ရှင်

📌မြေကွက်လေး ကိုဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ဖို့အောက်ပါဖုန်း နံပါတ်လေးကို ဆက်သွယ်လိုက်ပါနော် 👏👏👏

☎️09259505872 , 09954182701


ဟလို …ဟလို  Everyone 👏👏Kalaw Max အိမ်ခြံမြေလုပ်ငန်းကနေ ကြိုဆိုပါတယ်🤗✅Kalaw Max ကနေပြီးတော့ လူကြီးမင်းတို့အတွက် ပိုင်ဆိုင...
10/10/2024

ဟလို …ဟလို Everyone 👏👏

Kalaw Max အိမ်ခြံမြေလုပ်ငန်းကနေ ကြိုဆိုပါတယ်🤗

✅Kalaw Max ကနေပြီးတော့ လူကြီးမင်းတို့အတွက် ပိုင်ဆိုင်မှုမာတဲ့ မြေကွက်တွေကို သာရောင်းချပေးခြင်း

✅သိန်းရာဂဏန်းက အစ ရှိတာဖြစ်လို့သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ လူကြီးမင်းတို့စိတ်ကြိုက်ဖြစ်သည်အထိ ရှာဖွေဝန်ဆောင်မှုပေးခြင်း

✅အရောင်း/အဝယ် လုပ်တဲ့အခါတွင် သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက် လူကြီးများနဲ့ အခိုင်အမာစာချုပ်
ချုပ်ဆိုပေးခြင်း(စာချုပ်များစစ်ဆေးပေးခြင်း)

✅အရောင်းအဝယ်အတွက် ၁၀၀% စိတ်ချရခြင်း

✅ ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာဖို့
Kalaw Max အိမ်ခြံအကျိုးဆောင်လုပ်ငန်းလေးရှိပါတယ်

✅ဘယ်မှာမှ မရနိုင်တဲ့ စျေးနှုန်းနဲ့ ဝန်ဆောင်မှုလေးကိုရှာနေပြီဆိုရင်တော့ Kalaw Maxကိုသတိရ
လိုက်ပါ🤗🤗🤗

☎️09259505872 (Viber) , 09954182701(Viber) , or Page Messenger ကနေဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်



09/10/2024

Hello ! Hello ! မင်္ဂလာပါ 👏👏

📌Kalaw Max ကနေပြီးအိမ်ခြံမြေ
ဝယ်ဖို့ရှာနေတဲ့ သူတွေအတွက် အထူးသတင်းကောင်းလေး လာပါမယ် 😌

Address

အမှတ်(၃)ရပ်ကွက် ကလောမြို့
Kalaw

Website

Alerts

Be the first to know and let us send you an email when Kalaw Max Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category