MRPDA Kalaw

MRPDA Kalaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MRPDA Kalaw, Estate agent, Hneepagoda Road, Kalaw.

နေပြည်တော် အမြန်လမ်းမကြီးဘေး၊ ပုံစံ (၇)ယာမြေ၊ စာရွက်စုံ (၆)ဧက၊ တစ်ဧက သိန်း ၃၂၀ ညှိနှိုင်း၊ ပိုင်ရှင်တိုက်ရိုက် ဖုန်း -09...
23/03/2024

နေပြည်တော် အမြန်လမ်းမကြီးဘေး၊ ပုံစံ (၇)ယာမြေ၊ စာရွက်စုံ (၆)ဧက၊ တစ်ဧက သိန်း ၃၂၀ ညှိနှိုင်း၊ ပိုင်ရှင်တိုက်ရိုက်
ဖုန်း -09 970566215
Viber - 09 955226907

05/03/2024

အကျိုးဆောင်လုပ်ငန်းကို စီးပွားရေးတစ်ခုအနေဖြင့်လုပ်ကိုင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုများ ပါဝင်လာစေရမည်

05/03/2024

အကျိုးဆောင်လုပ်ငန်းကို စီးပွားရေးတစ်ခုအနေဖြင့်လုပ်ကိုင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုများ ပါဝင်လာစေရ

05/03/2024

လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းကို စီးပွားရေးဆန်ဆန် လုပ်ကိုင်မည်ဆိုပါက ထောင်ဒဏ်ခြောက်လဖြစ်စေ၊ ငွေဒဏ်ကျပ်သိန်း ၃ဝ ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ကျခံရနိုင်သည်။

အိမ်ခြံမြေလုပ်ငန်းတွင် နိုင်ငံခြားသားများအားရာနှုန်းပြည့်ခွင့်ပြုမထားအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းအရ အိမ်ခြံမြေဝန်ဆောင...
05/03/2024

အိမ်ခြံမြေလုပ်ငန်းတွင် နိုင်ငံခြားသားများအားရာနှုန်းပြည့်ခွင့်ပြုမထား

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းအရ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများ ရာနှုန်းပြည့် ရင်းနှီးမြှုုပ်နှံလုပ်ကိုင်ခွင့်ပြုမထားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဌ ဦးအောင်ထွန်းက သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့သော ဥပဒေကြမ်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဖွံဖြိုးတိုးတက်ရေးအသင်းတို့က ဦးဆောင်ကာ ၂ဝ၁၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။

အဆိုပါဥပဒေကြမ်းအရ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများကို ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုထားသော်လည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုကိုမူ ခွင့်ပြုမထားကြောင်း သိရသည်။နိုင်ငံသားလုပ်ငန်းရှင်များသည် နိုင်ငံခြားသားကုမ္ပဏီများနှင့် နည်းပညာ၊ ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှု၊ စီမံခန့်ခွဲမှုစသည်တို့တွင် အားနည်းနေသောကြောင့် ထိုကန့်သတ်ချက်များကို ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

''တကယ်လို့သာ နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် သေချာတာက လက်ရှိလုပ်ကိုင်နေတဲ့ အကျိုးဆောင်လုပ်ငန်းတွေ တော်တော်များများက လုပ်ပိုင်ခွင့် အရမ်းနည်းသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ်လုပ်ကိုင်မယ်ဆိုရင်တော့ အမ်အိုင်စီ (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) ခွင့်ပြုချက်ယူပါ''

ဟု ဦးအောင်ထွန်းက ပြောသည်။

အမ်အိုင်စီမှ ခွင့်ပြုချက်ရရှိပါက ဥပဒေအရ ပေါ်ပေါက်လာမည့် ဗဟိုကော်မတီထံတွင် လိုင်စင်လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက လုပ်ကိုင်နိုင်မည်ဖြစ်သည်။ သို့သော်လက်ရှိတွင်မူ နိုင်ငံခြားသားများသည် နိုင်ငံခြားသားချင်း ချိတ်ဆက်ကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေကြကြောင်း အသင်းဥက္ကဌဦးတင်အောင်က ပြောသည်။

''ဒီကနေ နိုင်ငံခြားသားတွေက အသီးသီးကြေညာနေကြတယ်။ ဘာအခွန်မှလည်း မရဘူး။ နိုင်ငံသားတွေရဲ့အခွင့်အရေးကို လုယူနေတယ်။ နိုင်ငံခြားသားတွေ ဒီလိုလုပ်နေပေမဲ့ ဥပေဒမရှိသေးတဲ့အတွက် သူတို့ကို တားမြစ်လို့မရဘူး''

ဟု ဦးတင်အောင်က ပြောသည်။

ထို့ပြင် ယခုဥပဒေကြမ်းကို ရေးဆွဲရန် အစိုးရဌာနများနှင့် ဆက်သွယ်ရာတွင် ဌာနအချို့က ၎င်းတို့နှင့် မဆိုင်ကြောင်း ငြင်းဆန်မှုများရှိခဲ့ပြီး ထိုကဲ့သို့ ငြင်းပယ်ခြင်းသည် နိုင်ငံတော်အတွက် အခွန်ရရှိမှုကို ငြင်းပယ်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ၎င်းအမြင်ကို ပြောသည်။နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် သေချာတာက လက်ရှိလုပ်ကိုင်နေတဲ့ အကျိုးဆောင်လုပ်ငန်းတွေ တော်တော်များများက လုပ်ပိုင်ခွင့် အရမ်းနည်းသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ်လုပ်ကိုင်မယ်ဆိုရင် ...အဆိုပါ ဥပဒေနှင့်ပတ်သက်ပြီး အမြင်ကွဲလွဲမှုများလည်းရှိနေကာ လက်ရှိတွင် မည်သူမဆို လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နိုင်သော်လည်း ဥပဒေအတည်ဖြစ်လျှင်မူ ယာယီလိုင်စင်၊ သို့မဟုတ် လိုင်စင်လိုအပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို စီးပွားရေးဆန်ဆန် လုပ်ကိုင်မည်ဆိုပါက ထောင်ဒဏ်ခြောက်လဖြစ်စေ၊ ငွေဒဏ်ကျပ်သိန်း ၃ဝ ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ကျခံရနိုင်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ သို့သော် အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို လိုင်စင်လျှောက်ထားပြီး လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့် မည်သူ့အတွက်မျှ အခက်အခဲရှိမည်မဟုတ်ကြောင်း သိရသည်။

''ဥပဒေပြဌာန်းဖို့ လုပ်တယ်ဆိုတာ အကျိုးဆောင်တွေကို ချုပ်ချယ်ဖို့၊ အပြစ်ပေးဖို့ မဟုတ်ဘူး။ စည်းကမ်းနဲ့လုပ်တဲ့ အကျိုးဆောင်တွေအတွက် ဂုဏ်သရေရှိရှိနဲ့ လုပ်ကိုင်နိုင်အောင် လိုင်စင်ကို ယူခိုင်းခြင်းဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေမှာပါ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေရှိပေမဲ့ မြန်မာနိုင်ငံမှာ မရှိသေးတာကြောင့် ပြဌာန်းချင်တာဖြစ်ပါတယ်''

ဟု ဦးတင်အောင်က ပြောသည်။

ထို့ပြင် အကျိုးဆောင်လုပ်ငန်းကို စီးပွားရေးတစ်ခုအနေဖြင့်လုပ်ကိုင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုများ ပါဝင်လာစေရန်နှင့် ဝန်ဆောင်မှုပေးသူနှင့် ရယူသူပါ ရသင့်ရထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ယခုလို ဥပဒေပြဌာန်းပြီး တရားဝင် လုပ်ကိုင်စေခြင်းဖြင့် အိမ်ခြံမြေရောင်းဝယ်ငှားလုပ်ငန်းတွင် ရောင်းမှား၊ ဝယ်မှားဖြစ်မှုများနှင့် နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှုများလည်း နည်းပါးလာမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင်အကျိုးဆောင်လုပ်ငန်းများသည် အခွန်ပေးဆောင်ရမည်ဖြစ်သောကြောင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်အခများ ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူများက ပြောသည်။ဥပဒေကြမ်းသည် အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လွှတ်တော်သို့ မကြာခင်တင်ပြမည်ဖြစ်သော်လည်း လွှတ်တော်တွင် မည်မျှကြာမြင့်မည်ကိုမူ မသိရသေးပေ။

ရှေ့နေမပါပဲမြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲအိမ်ခြံ မြေ အရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ခ...
04/03/2024

ရှေ့နေမပါပဲမြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

အိမ်ခြံ မြေ အရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ။ပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ၊ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင် အရောင်းမှားအဝယ်မှားမဖြစ်အောင်ရယ် ၊ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ် ။
နောက်ကျောဓားနဲ့ထိုးခံရတယ်၊ ယုံမိလို့ ဆုံးရှုံးကုန်တယ်နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့ ကတိမေပးဖူးပါဘူးလို့ ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့ အရေးကြီးမှန်းသိလောက်ပါပြီ။
အခုပြောပြမှာကတော့ ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ၊မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊ ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင် ဘယ်သူမှဆုံးရှုံးချင်မှာမဟုတ်ပါဘူးဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ ။
ပထမဦးဆုံးအနေနဲ့ မိမိဝယ်ယူလိုတဲ့
မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတမ်းတွေစုံ/မစုံ၊ မူရင်းစစ်မှန်မှုရှိ/မရှိ၊
အရှုပ်အရှင်းကင်းမကင်း၊ မြေပုံ/မြေရာဇဝင် နဲ့
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့
နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
မြေခွန်၊ အိမ်ခွန် ကြွေးကျန်ရှိ/မရှိ နဲ့ ဂရန်သက်တမ်းကိုလည်း စစ်ဆေးရပါမယ် ။မြေပိုင်ဆိုင်မှုအထောက်အထား စုံ/မစုံဆိုတာမှာ အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ် ။
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်မြေအမျိုးအစား စိစစ်ပြီးတာနဲ့အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလားပေးကမ်းရယူပိုင်ဆိုင်
တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလားဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား အစရှိသဖြင့်ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာမဖြစ်မနေစစ်ဆေးရပါမယ်သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/မရှိဟာလည်း အရေးပါတဲ့အချက်ပါရောင်းချသူ ဘယ်လိုပိုင်လာသလဲ ၊သိရပြီဆို စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့ မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ် ။
စာရွက်စာတမ်း စုံ/မစုံ ဘယ်လိုစစ်မလဲဆိုရင်...
ဂရန်မြေဆိုရင် -
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံ
မှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင်
စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP
ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ
ဘိုးဘပိုင်မြေဆိုရင် -
(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံ
မှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင်
စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP
ကိုယ်စားလှယ်စာများ
ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံ
မှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင်
စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP
ကိုယ်စားလှယ်စာများအစရှိတဲ့အတိုင်း စုံနေအောင် မူးနေအောင် စစ်ဆေးရပါတယ်ဒါတွေက အများအားဖြင့်
ရှိနေတဲ့ မြေအမျိုးအစားတွေကို ထုတ်နှုတ်ပြတာပါဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်
စနစ်တကျစစ်ဆေးမှသာ နောင်မှာ အရှုပ်အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်မိမိဝယ်ယူတဲ့ အိမ်မြေတွေဟာ သိန်းရာထောင်ချီတန်တဲ့အတွက်အနည်းငယ်သော ကုန်ကျစရိတ်ကို ကြည့်နေလို့မရပါဘူး။
ဆိုခဲ့တဲ့အတိုင်း သက်ဆိုင်ရာရုံးဌာနတွေမှာ စနစ်တကျစုံစမ်းစစ်ဆေးပြီးတာနဲ့စာ ရွက်စာတမ်း မှန်ကန်ကြောင်း၊ ပြည့်စုံကြောင်း၊ အရှုပ်အရှင်းကင်းကြောင်းအတည်ပြုလို့ရပြီဆိုတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ...အဆင့်အလိုက်ပြောပြချင်ပါတယ် ။
အဆင့် (၁)
စရံပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုရပါမယ်။စရံပမာဏကို သင့်လျော်တဲ့ပမာဏကိုသာအရင်
ပေးပြီး ခိုင်မာအောင်ချုပ်ဆိုရပါမယ်စရံပေးစာချုပ်ဟာ အရောင်းအဝယ်လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အသက်သွေး ကြောပါဖြစ်ပေါ်လာသမျှ ပြဿနာအားလုံးကို အရောင်းအဝယ်အားလုံးမပြီးဆုံးခင်အထိ
စရံပေးစာချုပ်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံခိုင်မာမှုဖြင့်သာ ဝယ်သူဟာခေါင်းပြားအောင်အိပ်နိုင်ပါမယ် ။
အဆင့် (၂)
စရံပေးစာချုပ်ချုပ်ဆိုပြီးတာနဲ့ အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိလာရောက် ကန့်ကွက်နိုင်ပါ ကြောင်း အများသိစေရန်သတင်းစာမှာ ကြော်ငြာထည့်သွင်းရပါမယ် ။
အဆင့် (၃)
ကြော်ငြာပါတဲ့နေ့ကစပြီး (၁၄) ရက်အတွင်း နောက်ထပ်စရံမပေးသေးဘဲ ကန့်ကွက်သူရှိ/မရှိ
ရက်ပြည့်အောင် စောင့်ကြည့်ရပါမယ်ကန့်ကွက်သူပေါ်လာခဲ့ရင် အရောင်းအဝယ်ကိုခေတ္တရပ်ထားပြီး ရောင်းသူဘက်က ပြေလည်အောင်ဖြေရှင်းပေးဖို့နဲ့ ကန့်ကွက်သူမှာ ပိုင်ဆိုင်ခွင့်ရှိနေခဲ့မယ်ဆိုရင် အရောင်းအဝယ်စာချုပ်မှာ ကန့်ကွက်ထားသူတွေပါ လက်မှတ်ရေးထိုးနိုင်ဖို့ ရောင်းသူကကြိုးစား ပေးရပါမယ် ။
အဆင့် (၄)
သတင်းစာထည့်ပြီး စောင့်ကြည့်နေစဉ်ကာလအတွင်းအရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန်မြေပုံ/မြေရာဇဝင် ရေးကူးခွင့်ရှိသူမှ မြေပုံ/မြေရာဇဝင် ရေးကူးခြင်းလိုအပ်နေတဲ့ စာရွက်စာတမ်းတွေပြင်ဆင်ခြင်းများ ကြိုတင်ပြုလုပ်ထားရပါမယ်မြေပုံ/မြေရာဇဝင်ရေးကူးဖို့ မြေစာရင်းဦးစီးဌာန/ အိုးအိမ်/စည်ပင်ရုံးများမှာရေးကူးခွင့်ရှိသူရဲ့ အချက်အလက်။ရေးကူးမယ့် မြေရဲ့အချက်အလက်၊ပိုင်ဆိုင်မှု အထောက်အထား၊မှတ်ပုံတင်မူရင်းများနဲ့ရေးကူးမယ့် သူကိုယ်တိုင် ရေးကူးခွင့် လျှောက်ထား/ ထုတ်ယူရမှာဖြစ်ပါတယ်။
အဆင့် (၅)
သတင်းစာမှာ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်း ကန့်ကွက်သူပေါ်မလာရင်တော့နောက်တစ်ရက်မှာ စရံထပ်မံပေးခြင်း (သို့မဟုတ်) ငွေချေခြင်းများပြုလုပ်နိုင်ပါပြီတစ်ပြိုင်တည်းမှာ အရောင်းအဝယ်မြေပုံ/မြေရာဇဝင်ထုတ်ယူပြီးတာနဲ့ အခွန်ဦးစီးဌာနမှာ အဝယ်ခွန်ဆောင်ဖို့ လျှောက်ထားရပါတယ် ။
အဆင့် (၆)
အဝယ်ခွန်အတွက် မြေတန်ဖိုးသတ်မှတ်နှုန်းကျတာနဲ့သတ်မှတ်ထားတဲ့ အခွန်ဆောင်၊ တံဆိပ်ခေါင်းများ ကပ်ရမှာပါ ။
အဆင့် (၇)
ငွေအကျေချေပြီးပြီဆိုတာနဲ့ မြေလက်ရောက်လွှဲပြောင်းရယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ပိုင်ဆိုင် မှုစာရွက်စာတမ်း (မူရင်း) အားလုံးအခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများဂရန်မူရင်း (သို့) ဘိုးဘစာအုပ် မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။
အဆင့် (၈)
အဲ့ဒီအဆင့်တွေအားလုံးပြီးတာနဲ့ ရောင်းသူ၊ ဝယ်သူတို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပါပြီ။ မှတ်ပုံတင်စာချုပ်မှာ ရောင်းချတဲ့မြေရဲ့ ပိုင်ဆိုင်ခွင့်ရှိသူအားလုံးပါရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေ၊ ပိုင်ဆိုင်လာသူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့မှတ်ပုံတင်၊ အိမ်ထောင်စုမူရင်းများ၊ မြေပုံ/မြေရာဇဝင်များ နဲ့တကွ သက်ဆိုင်ရာအိုးအိမ်၊ မြေစာရင်း၊ ထွေအုပ်၊ စည်ပင် အစရှိတဲ့ရုံးတွေမှာ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်နိုင်ပါပြီ ။
ကျွန်တော်ပြောခဲ့တဲ့အထက်ပါအချက်တွေကိုအတိအကျလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့ရောင်းမှား၊ ဝယ်မှားမဖြစ်တဲ့အပြင် သားစဉ်မြေးဆက်အထိ ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေနဲ့အတူပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင် မှာပါအသက်ကိုဥာဏ်စောင့်သလို မိမိပိုင်ဆိုင်မှုဥစ္စာတွေကို ကံရော၊ ဥာဏ်ရော၊သက်ဆိုင်ရာရုံးဌာနအသီးသီးကပါ ဝိုင်းစောင့်မှ ခိုင်မာတည်မြဲမှာဖြစ်ပါတယ် ။

အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း======================၁။ ဂရန်အမည်ပေါက်သူထံကတိုက်ရိုက်ဝယ်မယ်ဆိ...
01/03/2024

အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း
======================

၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့နယ်မြေစာရင်းဦးစီးဌာမှာသွားပြီးမြေပုံ/မြေရာဇဝင်ကူးပေးရပါမယ်။

၂။ မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ (၆)စုံစီကို ယူသွားပြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြလျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။

တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘဏ်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာအရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း ဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။

၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီး အပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

ကလောခရိုင်အတွင်း အောက်ပါအိမ်ခြံမြေ ဥပဒေ ကိစ္စ အရပ်ရပ်နှင့် ပတ်သတ်၍ ကျွမ်းကျင်သော အကျိုးဆောင်များမှ ဝန်ဆောင်မှု ပေးနေပါသည...
29/02/2024

ကလောခရိုင်အတွင်း အောက်ပါ
အိမ်ခြံမြေ ဥပဒေ ကိစ္စ အရပ်ရပ်နှင့် ပတ်သတ်၍ ကျွမ်းကျင်သော အကျိုးဆောင်များမှ ဝန်ဆောင်မှု ပေးနေပါသည်။

# ဂရန်အမည်ပြောင်း လျှောက်ထားခြင်း။

# ဂရန် သက်တမ်းတိုးခြင်း။

# ပါမစ်မြေအား ဂရန်အမည်ပေါက်လျှောက်ထားခြင်း။

# ဂရန်ခွဲလျှောက်ထားခြင်း။ (ဂရန်ခွဲမြေပုံကူးခြင်း၊ မြေကွက်တိုင်းခွဲ၊ ဂရန်ခွဲလျှောက်ထားခြင်း ပါဝင်သည်။)

# ကာလတန်ဖိုးစိစစ်ရေးအဖွဲ့တွင် အခွန်ပေးဆောင်၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်း။

# မြေပုံ/မြေရာဇဝင် ကူးခြင်း။

# စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်၊ ပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊ စွန့်လွတ်စာချုပ်၊ ပေးကမ်းစာချုပ်၊ မွေးစားစာချုပ်များ ချုပ်ဆိုခြင်း။

# မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာ ဆောင်ရွက်ခြင်း။

# အရပ်ကတိစာချုပ်အမျိုးမျိုးချုပ်ဆိုခြင်း။

# မြေအမည်ပေါက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

# မြေတိုင်းတာခြင်း။

# ဂရန်မိတ္တူလျှောက်ထားခြင်း

စသည်တို့အား MNDA Kalaw မှ ကျွမ်းကျင်သော အကျိုးဆောင်များ မှ ဝန်ဆောင်မှုပေးနေပါသည်။
ဆွေးနွေးတိုင်ပင်လိုပါက ဖုန်း-
# 09955226907,
# 09960779075,
# 09 428365480

မြေယာကန့်ကွက်လွှာမြေယာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပက်သက်၍ ရောင်းမှား၊ ဝယ်မှားများ ဖြစ်ပွားလာတဲ့အခါ နစ်နာသူများအနေနှင...
29/02/2024

မြေယာကန့်ကွက်လွှာ

မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပက်သက်၍ ရောင်းမှား၊ ဝယ်မှားများ ဖြစ်ပွားလာတဲ့အခါ နစ်နာသူများအနေနှင့် မိမိပိုင်မြေကို မဆုံးရှုံးရစေရန် သက်ဆိုင်ရာ မြေစီမံခန့်ခွဲမှုရုံးဌာနများတွင် ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊ ကာယကံရှင်ကိုယ်တိုင် မဟုတ်လျှင်ဖြစ်စေ၊ အထောက်အထားမှန်ကန်မှုရှိပါက ကန့်ကွက်လွှာများ တင်ပြနိုင်ကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ အပိုဒ် - ၅၈အရ မြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပက်သက်၍ အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ကာယကံရှင်ကိုယ်တိုင် ကန့်ကွက်တင်ကြားခြင်း မဟုတ်ပါက မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာ၊ (အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ) ရရှိသူတို့မှ ကန့်ကွက်လိုပါက အောက်ပါအထောက်အထားများဖြင့် ကန့်ကွက်လွှာ တင်သွင်းနိုင်ပါသည်။

(က) မြေပိုင်ဆိုင်မှုအထောက်အထား(သို့မဟုတ်) တစ်နည်းနည်းဖြင့် ဥပဒေအရ ပိုင်ဆိုင်ခွင့်ရရှိနိုင်သည့် အထောက်အထား။

(ခ) တရားရုံးမှ ထုတ်ပေးထားသည့် ယာယီတားဝရမ်း(သို့) ထာဝရတားဝရမ်း။

(ဂ) တရားရုံးတွင် အမှုရငျဆျိုငျနရေဆဲဖွဈကွောငျး အထောက်အထား။

(ဃ) တရားရုံး အဆင့်ဆင့်သို့ အမှုမပြီးပြတ်သေးပဲ အယူခံဝင်ရောက်နေကြောင်း အထောက်အထား။

(င) တရားရုံးမှ ထုတ်ပေးသည့် အမွေဆက်ခံခွင့်အမိန့်နှင့် စီမံခန့်ခွဲခွင့် အမိန့်။

အထက်ပါအပိုဒ် -(၅၈)တွင် ဖော်ပြထားသည့် အထောက်အထားများကို ကန့်ကွက်သူမှ မှန်ကန်စွာ တင်ပြနိုင်ခြင်း မရှိပါက ကန့်ကွက်လွှာအား လက်ခံဆောင်ရွက်ပေးခြင်း မပြုပါ။
ကန့်ကွက်လွှာတင်သွင်းသည်အခါ သက်ဆိုင်ရာ အခွန်ရုံးတွင် အခွန်တံဆိပ်ခေါင်း ကပ်ရန်လိုအပ်ပါသည်။ ပုံစံ (၁၀၅)ဖြစ်ပါက ကန့်ကွက်လွှာကို မြို့နယ်မြေ စာရင်းရုံး နှင့် သက်ဆိုရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးသို့တင်ပြရပါမည်။ ဂရမ်မြေနှင် ပုံစံ(၇)ဖြစ်ပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၊မြေစာရင်းရုံးများသို့ ပေးပို့ကန့် ကွက်ရပါမည်။

ဤှဗဟုသုတအကြောင်းအရာများကို ဖော်ပြပေးခြင်း ရည်ရွယ်ချက်မှာ- မြေယာပိုင်ဆိုင်မှုနှင့် ပက်သက်ပြီး မြေပိုင်ရှင်အချို့တွင် ပိုင်ဆိုင်မှုရှိပါလျှက် နစ်နာမှုများဖြစ်ပေါ်နေပြီး မည်သို့ဆောင်ရွက်ရမည်ကို မသိရှိသူများကို သိရှိပြီး ဆောင်ရွက်မှုပြုနိုင်ရန် ရည်ရွယ်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။
# MRPDA Kalaw

စွန့်လွှတ်စာချုပ်နှင့် အပိုင်ပေးစာချုပ် ကွာဟချက်စွန့်လွှတ်စာချုပ်နှင့် အပိုင်ပေးစာချုပ် ကွာဟချက်မိမိ၏ ပိုင်ဆိုင်မှုကိုသူ...
28/02/2024

စွန့်လွှတ်စာချုပ်နှင့် အပိုင်ပေးစာချုပ် ကွာဟချက်

စွန့်လွှတ်စာချုပ်နှင့် အပိုင်ပေးစာချုပ် ကွာဟချက်

မိမိ၏ ပိုင်ဆိုင်မှုကိုသူတစ်ပါးကိုစွန့်လွှတ်လိုက်သည်ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ။ မိမိ၏ ပိုင်ဆိုင်မှုကိုသူတစ်ပါးကိုပေးလိုက်သည်ဆိုတာလည်း ပေးကမ်းခြင်း ပါပဲ။ ပေးကမ်းခြင်း အတူတူဘာကြောင့် စာချုပ်ချုပ် ဆိုတဲ့ နေရာမှာကွဲပြားသလဲဆိုတာကိုတော့ ရှင်းပြလိုပါတယ်။

စွန့်လွှတ်စာချုပ်

မြေတစ်ကွက်ကို A နှင့် B အမည်နှင့် ဝယ်လိုက်သည် ဆိုပါစို့။

A က B ကို မေတ္တာသက်ဝင်လို့သော် လည်းကောင်း၊ အလျော်ပေးလို၍သော်လည်းကောင်းအကြောင်းအမျိုးမျိုးကြောင့် ပေးကမ်းလိုပါကအပိုင်ပေးစာချုပ် ချုပ်စရာမလိုအပ်ဘဲ A က ယင်းမြေကွက်၏ ပိုင်ဆိုင်မှုကိုစွန့်လွှတ်လိုက်ရုံနှင့် B ကိုပေးကမ်းပြီးသား ဖြစ်သွားပါသည်။

စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်အတွက် ပိုင်ရှင်နှစ်ဦးစလုံးဖြစ်သောA နှင့် B က စွန့်လွှတ်လိုသောအိမ်၊ မြေနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများကိုယူ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနှင့် မြို့ပြမြေယာဌာနတွင် မြေပုံ၊ မြေရာဇဝင်အား ရေးကူးလျှောက်ထားရမည်။ ဌာနမှ လိုအပ်သည်များကိုကွင်းဆင်းစစ်ဆေး၍ ကန့်ကွက်သူမရှိပါက မြေပုံနှင့်မြေရာဇဝင် ထုတ်ပေးပါသည်။

ထိုအခါ မြေကွက် ပိုင်ရှင်များဖြစ်သောA နှင့် B က ရန်ကုန်မြို့တော်စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးသို့ သွား၍ A နှင့် B ပူးတွဲပိုင်ဆိုင်သောမြေကွက်အား A မှ B ကိုစွန့်လွှတ်ကြောင်းစာချုပ်အား ချုပ်ဆို၍ မှတ်ပုံတင်ရပါမည်။ ကပ်နှိပ်ရမည့် တံဆိပ်ခေါင်းခွန်မှာ ၄၀၀၀ိ/- ကျပ် ဖြစ်ပါသည်။

မှတ်ချက်။ ။ ပူးတွဲပိုင်ဆိုင်သောA နှင့် B ကသာအပြန်အလှန်စွန့်လွှတ်ခွင့်ရှိပြီး A နှင့် B မှလွဲ၍ အခြားတစ် ယောက်အားစွန့်လွှတ်ခြင်းမရှိပါ။

ပေးကမ်းစာချုပ်

မြေကွက် တစ်ကွက်ကို A နှင့် B က ပူးတွဲပိုင်ဆိုင်ထားပြီးA က ၎င်း၏ပိုင်ဆိုင်သောအစုအားညီမဖြစ်သူ C အားပေးကမ်းလိုပါသည်။ ထိုအခါ စွန့်လွှတ်စာချုပ် မချုပ်ရဘဲမေတ္တာနှင့် အပိုင်ပေးစာချုပ်ကို ချုပ် ဆိုရပါသည်။

အပိုင်ပေးရာတွင် ဆွေမျိုးတော်စပ်သည့် အနေအထားရှိမှသာအပိုင်ပေးကမ်းလို့ရပါသည်။

စာချုပ်ချုပ်ဆိုပုံအဆင့်ဆင့်မှာစွန့်လွှတ်စာချုပ်နှင့်ပုံစံတူဖြစ်ပြီးထမ်းဆောင်ရသည့် တံဆိပ်ခေါင်းဖိုးသာကွာခြားပါသည်။ မိဘကသားသမီးအားပေးကမ်းပါက ၄% နှင့် ညီအစ်ကို၊ မောင်နှမ၊ တူဝရီးတို့ အချင်းချင်းပေးကမ်းပါကတံဆိပ်ခေါင်းခွန် ၇% ထမ်းဆောင်ရပါမည်။

Credit :Myanmar Property News

အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း======================၁။ ဂရန်အမည်ပေါက်သူထံကတိုက်ရိုက်ဝယ်မယ်ဆိ...
25/02/2024

အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း
======================

၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့နယ်​မြေစာရင်းဦးစီးဌာမှာသွားပြီးမြေပုံ/မြေရာဇဝင်ကူးပေးရပါမယ်။

၂။ မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ (၆)စုံစီကို ယူသွားပြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြလျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။

တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘဏ်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာအရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း ဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။

၇။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီး အပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

24/02/2024

အကျိုးဆောင်များအတွက် ဝယ်လက် (၃)မျိုး၊ စရိုက် (၃)မျိုး

Address

Hneepagoda Road
Kalaw
06023

Telephone

+959955226907

Website

Alerts

Be the first to know and let us send you an email when MRPDA Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MRPDA Kalaw:

Share

Category