Shwe Linn Yone Realtor

Shwe Linn Yone Realtor အိမ်ခြံမြေ ရောင်းဝယ်ငှား

သင်ကြားပေးမှုတွေ၊ တိုက်ရိုက်မျှဝေမှုတွေက အနာဂတ်အတွက်တန်ဖိုးကြီးမားတဲ့အတွေ့အကြုံဖြစ်လာမှာပါ။
30/06/2025

သင်ကြားပေးမှုတွေ၊ တိုက်ရိုက်မျှဝေမှုတွေက အနာဂတ်အတွက်တန်ဖိုးကြီးမားတဲ့အတွေ့အကြုံဖြစ်လာမှာပါ။

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲတိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်...
10/09/2022

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ x ၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄%ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလို့လို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

Credit : Myanmar Builders Guide
ပြန်လည်ကူးယူဖော်ပြပါသည်။

🟩ရွာမြေ၊ ဥယျာဥ်ခြံမြေတွေမှာ အိမ်ဆောက်နေထိုင်လို့ရပါသလား⁉️🟢အရောင်းအဝယ်တစ်ခုမှာ မြေအမျိုးအစားအလိုက် ကွာခြားမှု ရှိပါတယ်။ ထ...
27/08/2022

🟩ရွာမြေ၊ ဥယျာဥ်ခြံမြေတွေမှာ
အိမ်ဆောက်နေထိုင်လို့ရပါသလား⁉️

🟢အရောင်းအဝယ်တစ်ခုမှာ
မြေအမျိုးအစားအလိုက်
ကွာခြားမှု ရှိပါတယ်။
ထိုအထဲများမှ ရွာမြေ၊
ဥယျာဥ်ခြံမြေတွေမှာ လူနေထိုင်ခွင့်/
တနည်းအားဖြင့် အိမ်ရာဆောက်လုပ်
နေထိုင်ခွင့် ရှိပါသလား။⁉️

🟢ရွာမြေ၊ ဥယျာဥ်ခြံမြေတွေကို
စည်ပင်မှာ အိမ်ဆောက်ခွင့်
တင်လို့ရပါသလား၊
ဂရန်လျှောက်ထားနိုင်ပါသလား⁉️
စသဖြင့် မေးတတ်ကြပါတယ်။ 🟢

🟢ဥယျာဥ်ခြံမြေဆိုတာကလည်း
ရွာနဲ့ဆက်စပ်နေတဲ့မြေလား
ရွာမြေလား? ဒါမှမဟုတ်
ဥယျာဥ်ခြံမြေလား?ဆိုတာကို
သိနိုင်ရန်အတွက် မြို့နယ်ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနက
သင်္ကေတ(G) အမှတ်အသားပြပြီး
တရားဝင် သတ်မှတ်ထားလားဆိုတာ
အရင်ဆုံး စစ်ဆေးသင့်ပါသည်။🟢

🟢ဒါမှမဟုတ် ရွာမြေနှင့်
ဆက်စပ်မြေများကို
ဝယ်ယူမည်ဆိုပါက
နှစ်ဦးသ‌ဘောတူ
အိမ်ခြံမြေအရောင်းအဝယ်
ကတိစာချုပ်ဖြင့် ချုပ်ဆို၍
ရပါသည်။ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် သွားရောက်၍
အရောင်းအဝယ်စာချုပ်
ချုပ်ဆိုရန် မလိုအပ်ပါ။
အကြောင်းအရင်းမှာ
တရားဝင်လွှဲပြောင်းနိုင်အောင်
ရောင်းသူအမည်ပေါက်
ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊
ဂရန်မြေ အထောက်အထား
မရှိ၍ ဖြစ်ပါတယ်။🟢

🟢လက်ရောက်လွှဲပြောင်း
ရယူထားကြောင်း
သက်သေအနေနှင့်
ကျေးရွာအုပ်ချုပ်ရေးမှုး
ရှေ့တွင် ပြုလုပ်ထားသင့်ပါသည်။
သင်္ကေတ(G)အမှတ်အသားပြ
ဥယျာဥ်ခြံမြေကို အမည်ပေါက်သူထံမှ
တိုက်ရိုက်ဝယ်ရင်တော့
မြို့နယ်ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနမှ
ဥယျာဥ်ခြံမြေ လုပ်ကိုင်သူ
အမည်ပြောင်းပေးဖို့
လျှောက်ထားနိုင်ပါတယ်။🟢

🟢ဝယ်သူ၏ မှတ်ပုံတင်၊
အရောင်းအဝယ်စာချုပ်၊
ကျေးရွာအုပ်ချုပ်ရေးမှူး
ထောက်ခံစာ၊
ဝယ်သူ၏အိမ်ထောင်စုစာရင်း၊
နောက်ဆုံးလမှာ ဆောင်ထားတဲ့
ဥယျာဥ်ခြံမြေလုပ်ကိုင်သူအဖြစ်
ဝယ်သူရဲ့ အမည်ပေါက်နဲ့
ထွက်ရှိလာပါလိမ့်မည်။
၂၀၁၅ခုနှစ်မှာ လျှောက်ရင်
၂၀၁၆ခုနှစ်တွင် ဥယျာဥ်ခြံမြေ
လုပ်ကိုင်သူအဖြစ်
ဝယ်သူရဲ့နာမည်နဲ့
ထွက်ရှိလာပါလိမ့်မည်။ 🟢

🟢စည်ပင်မှာ အိမ်ဆောက်ခွင့်
တင်လို့ရအောင်တော့
မိမိဝယ်ထားတဲ့
မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးဆီမှာ
တင်ပြရမှာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုအထောက်အထား
ခိုင်လုံပါက နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားသည်ဟု သိရပါသည်။🟢

#မူရင်းရေးသားသူအား_Credit_ပေးပါသည်။

21/06/2021

ပိုစ့်တခုရဲ့ အောက်မှာ တွေ့မိတာလေးပါ။

တစ်ဧက ၁၀သိန်းမှ သိန်း၃၀
ကားဝင်ရ မယ် ဥယျာဉ်ခြံလည်းဖြစ်မယ်
မရနိုင်ပါ။

မြေဝယ်မယ်ဆို ရှောင်ရန် နှင့် သိရန် စေတနာ ပိုက်ဆံ က ရှားတယ်

(၁) အမြန်လမ်း ၁၅ မိုင်
ကြီး၄ကြီးလမ်း ဧက ၃သောင်း
တပ်သိမ်းမြေ ဝယ်မရ

(၂)အမြန်လမ်း မိုင်တိုင် ၂၃မိုင် ၄ဖာလုံမှ တပ်သိမ်းမြေ ၂၅မိုင်
၂၆မိုင် ၂၇မိုင် ၂၈မိုင် အနီး
MEC နှင့် တပ်မြေ ပါ

(၃) တိုက်ကြီးမြို့အဝင် ဖောင်ကြီးလမ်း အတိုင်း
ရွာမြေဆိုတာလည်း
သစ်တောမြေဝယ်မရ

(၄)မြောင်းတကာစက်မှု့အရှေ့
ကုလားကုန်းအရှေ့ ရဲတပ်ရင်း၅ အနီး
ကြက်ဆူသီး စိုက်ခင်း
တပ်မြေ ရွှေပြည်ရွာ အနီး
နှင်းဆီမြိုင်အနီး

(၅)လှည်းကူးမြို့
ငချောကွင်းရွာ
နှုပ်ခမ်းမွှေးသိုက်
ကျူးမြေ

ရွာမြေဆိုလည်း စာရွက်စာတမ်း
မြေစာရင်းရုံးမှာစစ်လို့ရပါတယ်
ဘာမြေဝယ်ဝယ် မြို့နယ်မြေစာရင်းရုံးမှာ စစ်ဆေးပြီးဝယ်ပါ။

Crd

မူရင်း ပိုစ့်အား မန့်တွင် ကြည့်နိုင်ပါသည်။

Credit/ထီယုအိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်ပြီးခဲ့သည့် ရက်ပိုင်းက ဖြ...
14/01/2021

Credit/ထီယု
အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး -
''ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။
''ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''
''စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''
''စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ''
''မြို့သစ်ဆောက်တဲ့ သဘောပေါ့''

''ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

''မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့''

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

''စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား''

''ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါ မယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''

''ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး''

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်''

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

''နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်''

ပါမစ်မြေ

''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်'

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်''

''အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ် ဆရာ''

''မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန် တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်''

''ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ''

''စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ''လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

ထီယု(ဥပဒေအတိုင်ပင်ခံ)

 #ဂရန်လျှောက်နိုင်သည့်မြေ1)လိုင်စင်မြေ2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ3)စကွာတာမြေ #ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ 1)နိုင်ငံ...
21/12/2020

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo – YCDC

Credit to ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အိမ်ခြံမြေ အမည်ပေါက်မှန်/မမှန် စိစစ်ခြင်း၊ အမည်ပြောင်းခြင်း၊ ဂရံခွဲခြင်း၊ ဂရံသက်တမ်းတိုးခြင်း စသည်တို့ကို ရန်ကုန်မြို့တေ...
20/12/2020

အိမ်ခြံမြေ အမည်ပေါက်မှန်/မမှန် စိစစ်ခြင်း၊ အမည်ပြောင်းခြင်း၊ ဂရံခွဲခြင်း၊ ဂရံသက်တမ်းတိုးခြင်း စသည်တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ Website မှ တဆင့် လျှောက်ထားနိုင်ပါပြီ။

(ရန်ကုန်တိုင်းဒေသကြီး ၃၃မြို့နယ်အတွက်)

အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

myanmar.gov.mm/city-development



ရန်ကုန် မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် (၉) နာရီကြာသွားရောက်နိုင်တော့မည့် စီမံကိန်းစတင်- - - - - - - - - - - - - - - -...
13/12/2020

ရန်ကုန် မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် (၉) နာရီကြာသွားရောက်နိုင်တော့မည့် စီမံကိန်းစတင်

- - - - - - - - - - - - - - - - - - - -
ရန်ကုန်မှဘန်ကောက်သို့ မော်တော် ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်မည့် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေအကူအညီဖြင့် စတင်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဦးကျော်လင်းက ပြောသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့်လုပ်ဆောင်နေသည့်အကြောင်းနှင့် ယင်းစီမံကိန်းကတစ် ဆင့် ရန်ကုန်မှ ဘန်ကောက်ကို အချိန် ၉ နာရီတည်းဖြင့်ရောက်ရှိနိုင်ရန် အထောက် အပံ့ပြုမည်ဟု ၎င်းင်းကဆိုသည်။

ခရီးမိုင်အနေနဲ့ အရှည် ၅၇၀ ခန့် ရှိပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးဘုရား ကြီးနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ဖို့ဆန္ဒ ရှိသလို မြန်မာနိုင်ငံသားတွေကလည်း မြ ဘုရားကို ဖူးမြော်ချင်ကြတဲ့ဆန္ဒတွေ ရှိပါ တယ်။

ဒါကြောင့်မို့လို့ ရန်ကုန်-ဘန် ကောက်ခရီးစဉ်ကို ယာဉ်မောင်းချိန် ၉ နာရီနဲ့ရောက်ဖို့အတွက် ရန်ကုန် သီလဝါ ကနေ မြဝတီနယ်စပ်ထိ ၄ နာရီခွဲနဲ့ရောက် ရှိနိုင်ဖို့ ထိုနည်းတူပဲ ထိုင်းနိုင်ငံဘက်က လည်း မြဝတီမဲဆောက်နယ်စပ်ကနေ ဘန် ကောက်ထိ ၄ နာရီခွဲတည်းနဲ့ရောက်ရှိနိုင် အောင် (ADB) အစည်းအဝေးတွေမှာ နှစ် ဖက် ဆွေးနွေးဆောင်ရွက်ပါတယ် ဟု ဒုဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ် ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် အရောက်သွားရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သော ကြောင့် မြို့ရှောင်လမ်းများကိုဖောက်လုပ် ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ဖောက်လုပ် ဆဲ မြို့ရှောင်လမ်းအချို့လည်း ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။

မြို့တွေထဲကသွားရင် ရန်ကုန်မြို့ အတွက် ထောက်ကြန့်ကတည်းက ယာဉ် ကြောပိတ်ဆို့မှုကို စတင်ကြုံရမှာဖြစ်ပါ တယ်။ လမ်းအသုံးပြုမှုတွေမှာ မော်တော် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက်နေ တဲ့အခြေအနေမှာတော့ ရန်ကုန်ကနေ ဘန်ကောက်ကို ယာဉ်မောင်းချိန် ၉ နာရီ တည်းနဲ့အရောက်သွားဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။

ဒါကြောင့်မို့လို့ ပဲခူးကျိုက်ထို အ မြန်လမ်းမသစ်ကြီးကို ဖောက်လုပ်ခြင်းအ ပြင် မြို့ရှောင်လမ်းများကိုလည်း ဖောက် လုပ်ဖို့လိုအပ်လာပါတယ်။

ခုဆိုလို့ရှိရင် ကျိုက်ထိုမြို့ရှောင်လမ်းဖောက်လုပ်နေ တာ မြေသားလုပ်ငန်းပြီးစီးပြီးဖြစ်ပြီး မကြာခင်မှာ လေးလမ်းသွားမြို့ရှောင်လမ်း အဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ် ဟု ယင်းကပြောသည်။

အဆိုပါ မြို့ရှောင်လမ်းအပြင် သထုံ မြို့ရှောင်လမ်းကို ဒုံသမိတံတားကစပြီး သထုံမြို့၊ ကျိုက်ကော်သိမ်ဆိပ်တို့ကို ရှောင်ကွင်း၍ ဘီးလင်းမြို့အနီးထိ ဖောက် လုပ်မည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပြု လမ်းမကြီး ကျိုက်ထိုမြို့ရှောင်လမ်းနှင့် သထုံ ကျိုက်ကော်သိမ်ဆိပ် မြို့ရှောင်လမ်း မကြီးများပြီးစီးသည့်အခါ ရန်ကုန်သီလဝါ မှ မြဝတီမြို့ထိအရောက် ၄ နာရီခွဲဖြင့် ခရီး ပေါက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်ကလည်း လမ်းများအဆင့်မြှင့်ပြီးလျှင် မဲဆောက်မြို့ နှင့်ဘန်ကောက်မြို့ကို အချိန် ၄ နာရီခွဲနှင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ထောက်ကြန့်၊ လှည်းကူး၊ အင်း တကော်၊ ပဲခူးစင်္ကြံလမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ တစ်စတုရန်းမိုင်ဆိုရင် လူဦးရေသုံးသောင်းတစ်ထောင်ထိ နေ ထိုင်တိုးတက်နေလို့ စျေးဆိုင်တွေ လူနေ အိမ်တွေ စက်မှုလုပ်ငန်းတွေ ကုန်လှောင် ရုံတွေတိုး တက်နေတာကိုတွေ့ရမှာဖြစ်ပါ တယ်။

အဆိုပါလမ်းပိုင်းရဲ့ အကျိုးကျေးဇူး အနေနဲ့ ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP ရဲ့ ၃၃ ရာခိုင်နှုန်းထိ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ဟု ဒုဝန်ကြီးကပြောသည်။

အဆိုပြုစီမံကိန်းဖြစ်တဲ့ ပဲခူးကျိုက် ထို အမြန်လမ်းမကြီးပြီးစီးရင်တော့ လက် ရှိ ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်လုပ် ငန်းများ စတင်တော့မှာဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့အရှေ့ဘက်စင်္ကြံသန်လျင်၊ သုံးခွ၊ ခရမ်း သနပ်ပင် ပဲခူးလမ်းနဲ့ ချိတ်ဆက်ပြီးတော့ သီလဝါဆိပမ်းထိ ခရီးသည်နဲ့ ကုန်စည် များ လွယ်လင့်တကူ လျင်မြန်စွာ သွား လာနိုင်တော့မှာဖြစ်ပါတယ်။

အဲဒီစင်္ကြံလမ်းတစ်လျှောက် မြန် မာနိုင်ငံအတွင်း အခြားဒေသမှလာရောက် သူများအတွက်ပါ အလုပ်အကိုင်အခွင့်အ လမ်းတွေ များစွာပေါ်ပေါက်လာမှာ ဖြစ်ပါ တယ် ဟု ဒေါက်တာဦးကျော်လင်းက ပြောသည်။

CREDIT: မေငယ်
Bangkok မှကူးယူဝေမျှဖော်ပြပါသည်။

 #ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ ထင်နေကြသူများအတွက်ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁...
13/12/2020

#ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့
ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit to Myanmar Daily News

Address

Kamayut

Telephone

+959252200050

Website

Alerts

Be the first to know and let us send you an email when Shwe Linn Yone Realtor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Linn Yone Realtor:

Shortcuts

Share

Category