ရွှေတိုက်စိုး အိမ်ခြံမြေလုပ်ငန်း

  • Home
  • Myanmar
  • Kamayut
  • ရွှေတိုက်စိုး အိမ်ခြံမြေလုပ်ငန်း

ရွှေတိုက်စိုး အိမ်ခြံမြေလုပ်ငန်း housing for rent & sale

စမ်းချောင်းမြို့နယ် ရှင်စောပုဘုရားလမ်း ပြင်ဆင်ပြီး                    တိုက်ခန်းကျယ် အရောင်း- ခေါ်စျေး - 1950 သိန်း- အပိတ...
22/05/2024

စမ်းချောင်းမြို့နယ် ရှင်စောပုဘုရားလမ်း ပြင်ဆင်ပြီး
တိုက်ခန်းကျယ် အရောင်း

- ခေါ်စျေး - 1950 သိန်း
- အပိတ်ရောင်းစျေး - 1890 သိန်း

- ပေကျယ်(16´×60´) , 4 floor (A)
- ပါကေးခင်း ,ကြွေပြားခင်းကပ်
- အိပ်ခန်းကျယ် (2)ခန်း
- ဧည့်ခန်းကျယ်
- မျက်နှာကြက်အလှ မီးအလှ
- ဘိုထိုင်အိမ်သာ,ကြွေဘေစင်
- သံပန်းဆန်းရှိတ်ပါ
- ကိုယ်ပိုင်ရေမီး
- မြောက်ဘက်လှည့်
- ပြင်ဆင်ပြီး တိုက်သန့်

#စာရွှက်စာတမ်းစုံ , BCC ကျပြီး ✔️✔️

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း / ဝယ် / ငှား လိုသော(တိုက်ခန်း / ကွန်ဒို / လုံးချင်း/ မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ရွှေဟသာ်လမ်းအနီးကွန်ဒို ၊ လှိုင်မြို့နယ်     အခန်း(၃) ခန်းပါ ကွန်ဒို ငှားမည်။- 850,000 MMK- 1420 Sqft- အလွှာနိမ့်- 2 MBR...
11/03/2024

ရွှေဟသာ်လမ်းအနီးကွန်ဒို ၊ လှိုင်မြို့နယ်
အခန်း(၃) ခန်းပါ ကွန်ဒို ငှားမည်။

- 850,000 MMK

- 1420 Sqft

- အလွှာနိမ့်

- 2 MBR

- 1 BR

- 4 AC

- ပြင်ဆင်ပြီး

- Car parking

- 24 hours Security

( ဝန်ဆောင်ခအနေဖြင့် ၆ လချုပ်လျှင် လဝတ်ခ
၁ နှစ်ချုပ်လျှင် ၁ လစာ ယူပါသည်။)

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း / ဝယ် / ငှား လိုသော(တိုက်ခန်း / ကွန်ဒို / လုံးချင်း/ မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက်နိုင်ပါသည်...

Studio Type For Rent, Sanchaung Township                 Near Baho Road   - 650,000 MMK  - First Floor  - Hall Type   - ...
11/03/2024

Studio Type For Rent, Sanchaung Township
Near Baho Road

- 650,000 MMK
- First Floor
- Hall Type
- 650 Sqft
- AC
- Fully Furniture
- Near Baho Road, Sanchaung Township

( ဝန်ဆောင်ခအနေဖြင့် ၆ လချုပ်လျှင် လဝတ်ခ
၁ နှစ်ချုပ်လျှင် ၁ လစာ ယူပါသည်။)

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း / ဝယ် / ငှား လိုသော(တိုက်ခန်း / ကွန်ဒို / လုံးချင်း/ မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက်နိုင်ပါသည်...

သီရိမွန် အိမ်ရာ လုံးချင်း (၃) ထပ်တိုက် ငှားမည်             မရမ်းကုန်းမြို့နယ်- ၄၈ သိန်း ( ညှိနှိုင်း)                   ...
11/03/2024

သီရိမွန် အိမ်ရာ လုံးချင်း (၃) ထပ်တိုက် ငှားမည်
မရမ်းကုန်းမြို့နယ်

- ၄၈ သိန်း ( ညှိနှိုင်း)

- Master Bedroom: 4 rooms

- Common Bedroom: 4 rooms

- Bathroom: 8 rooms

- Land size : (70ft x 80ft)

- Property areas : 7500ft²

- Front width : 70 feet

- 5 Numbers of Airconditions

- Ground Floor: 2 Kitchens, 2 WC, 2 Living Hall

- First Floor : 2 Master Bedrooms & a Big Hall+
2 Bathroom

- 2nd Floor : 2 Master Bedrooms+4 Bedrooms+
2 WC

( ဝန်ဆောင်ခအနေဖြင့် ၆ လချုပ်လျှင် လဝတ်ခ
၁ နှစ်ချုပ်လျှင် ၁ လစာ ယူပါသည်။)

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း / ဝယ် / ငှား လိုသော(တိုက်ခန်း / ကွန်ဒို / လုံးချင်း/ မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက်နိုင်ပါသည်...

19/02/2024

" အိမ်၊ ခြံ၊ မြေ " အကြောင်းသိကောင်းစရာ(၅)
" လယ်ယာမြေ မှ ရွာမြေ (၁) "

" အကို " ...
' ဒီနေ့တော့ သိချင်တာလေး အရင်မေးခွင့်ပြုနော် ... အရင်အပတ်ကတိုင်း မေးမလို့ " အကို " က နေမကောင်းဘူးဆိုလို့ '
' အေး... ဟုတ်တယ် . "မောင်သန့်" ရ .. ခန္ဓာကိုယ်က ကျန်းမာပါတယ်ကွာ ... စိတ်က မကျန်းမာနေလို့ . နောက်အပတ်မှ လာခဲ့လို့ ပြောလိုက်တာပါကွာ..'
' ဟင် .. " အကို့ " စကားကလဲ ... '
' ဟေ့ကောင် .. " မောင်သန့်".. ငါ့ကို နားလည် ရခက်တဲ့ အကြည့်တွေနဲ့ လာကြည့်မနေနဲ့ .. မင်းသိချင်တာမေးကြည့် .. "အကို" ဖြေနိုင်ရင် ဖြေပေးမယ် ... '
' ဒီလို . "အကို" ရ . ကျွန်တော်အဒေါ်ရဲ့ သားက ကိုရီးယားမှာ အလုပ်လုပ်နေတာ . အခု ငွေပိုငွေလျှံလေးရှိတော့ သူ့သားအတွက် မြေလေးဝယ်ပေးထားချင်တာ .. ဒါ့ကြောင့် ဝယ်သင့် မဝယ်သင့် ကျွန်တော့ကို မေးလာလို့ .. ကျွန်တော်လဲ " အကို" ကို မေးပီးမှ ပြန်ပြောပေးမယ် ပြောထားလိုက်တယ်.. " အကို " ...
' အေး . မြေဝယ်ထားတယ်ဆိုတာ ကောင်းတာပေါ့ကွာ. မြေကိုရင်နှီးမြုပ်နှံထားတော့ နောင်တချိန်ကျရင်လည်း အကျိုးအမြတ်ရတာပေါ့ကွာ .. ဒို့. လူကြီးသူမတွေပြောတဲ့ စကားတောင်ရှိတယ်လေကွာ " မြေဝယ်မကျ " တဲ့ . မြေစျေးဆိုတာ အချိန်ကြာလာလေ တက်နေလေဘဲ . ကျသွားတယ်ဆိုတာ မရှိဘူးလေ .. နောင်တချိန် ပြန်ရောင်းရင်လဲ အမြတ်ရတာပေါ့ကွာ ...
ဒါ့ကြောင့် အဒေါ်ကို ဝယ်သာ ဝယ်ထားလိုက်လို့ ပြောလိုက်ကွာ ... '
" အကို " ရေ ... အခုဝယ်ရမယ့်မြေက ကျွန်တော့အမြင်အရ မရိုးရှင်းနေလို့လေ ..
' ဟုတ်လား .. ဘယ်လိုမြေမျိုးမို့လဲ ... '
' ဒီလို "အကို" ရ .
' ကျွန်တော်အဒေါ်မှာက သားသမီး(၅)ယောက်ရှိတယ် . (၂)ယောက်က အိမ်ထောင်သည်တွေ .. အခုကိုရီးယားမှာအလုပ်နေတဲ့သားက အိမ်ထောင်မကျသေးဘူး .. သူက နိုင်ငံခြားက ပြန်လာရင် အိမ်ထောင်ပြုမယ်ပေါ့ .. အခုလက်ရှိ နေနေတဲ့ အိမ်မှာကလဲ အတူနေဖို့ မဖြစ်နိုင်ဘူး.. ဘာလို့လဲဆိုတော့ . ကျွန်တော်တို့ အရပ်ဒေသက အိမ်တစ်လုံးထဲမှာ အိမ်ထောင်ပြုပီးသားသူ (၃)ယောက် အတူမနေကောင်းဘူးဆိုပီး အယူအဆကရှိတော့ .. ကိုရီးယားကပြန်လာတဲ့သား အိမ်ထောင်ပြုတဲ့အခါ အိမ်ခွဲဆောက်နေရမယ် .. အခုလက်ရှိနေနေတဲ့ အိမ်ဝိုင်းကလဲ နောက်ထပ်အိမ်တစ်လုံး ထပ်တိုးဆောက်ဖို့ထိ မကျယ်နေတော့ အိမ်ဝိုင်းမြေ ဝယ်မှရမယ်လေ ...
အခု ရွာရဲ့အနားမှာ ကပ်လျက်ရှိတဲ့ ယာမြေကို ယာမြေပိုင်ရှင်က အကွက်ရိုက်ပီး ခွဲရောင်းနေတာ .. ယာမြေပိုင်ရှင်က အသက်ကြီးနေပီဆိုတော့ ယာမလုပ်နိုင်တော့လို့ ရွာထဲက အိမ်ဝိုင်းလိုချင်သူတွေကို ရောင်းပေးနေတာ ... တချို့သူတွေကတော့ ဝယ်ပီး အိမ်တွေဆောက် နေ. နေကြပီးပေါ့ .. " အကို " ရာ ...
'အခုရောင်းဖို့ ကျန်နေသေးတဲ့မြေကွက်ကို အဒေါ်က သူ့သားအတွက် ဝယ်ပေးထားချင်တာ. အဲဒါ ဝယ်လို့ အဆင်ပြေ မပြေ ကျွန်တော့ကို မေးလာတာ ... မြေအမျိုးအစားက ယာမြေဖြစ်နေတော့ "အကို" ကို မေးပီးမှ ပြန်ပြောမယ် ပြောထားလို့... ' " အကို " ရေ ..
' OK ...'
"မောင့်သန့်" ဆိုလိုတာကို " အကို" သဘောပေါက်ပီ ...
' အဲဒီလိုအခြေအနေမျိုး ကိစ္စကို ပြောပြပေးရမယ်ဆိုရင် ...
' ပီးခဲ့တဲ့အပတ်က " မောင်သန့်" ကို " အကို" ပြောပြခဲ့တယ်လေ .. မှတ်မိမလားတော့မသိဘူး.. '
'၂၀၁၂ လယ်ယာမြေ ဥပဒေရဲ့ အခန်း(၂) ပုဒ်မ (၉) (ခ) မှာ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်ဆိုပီ ပြဌါန်းပါရှိတယ်လေ ..
' အဲဒီမှာ သတိထားရမည့်အချက်က ယာမြေပိုင်ရှင်အနေနဲ့က အားလုံးဖြေစေ ၊ တစ်စိတ်တပိုင်းဖြစ်စေ ရောင်းချခွင့်ရှိတယ်လို့ ပါတယ်ဆိုပေမယ့် . လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်နှင့်အညီ ဆိုတဲ့ စကားရပ်ပါနေတာကို သတိပြုရမယ်ကွ ..
' ဟုတ် .. "အကို" .
' ဆိုလိုချင်တာကကွာ " အကို" ဉာဏ်မှီ သလောက်တွေးပြောရရင် လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသောစည်းကမ်းချက် ဆိုတဲ့ သဘောက လက်ရှိက ယာမြေဖြစ်တဲ့အတွက်ကြောင့် လက်ရှိယာမြေပိုင်ဆိုင်တဲ့သူဟာ တခြားသူကို ရောင်းမယ်ဆိုရင် နောက်ထပ်ယာမြေကို လုပ်ကိုင်စားသောက်မဲ့သူကိုဘဲ ရောင်းရမယ်လို့ ဆိုလိုတဲ့ သဘောပေါ့ကွာ ... ဘာလို့ဆို စည်းကမ်းချက်နှင့်အညီဆိုတဲ့ စကားရပ်ပါလို့လေ ..
"အကို" ပြောပုံအရဆိုရင် .. အခုသတ်မှတ်ထားတာက ' ယာမြေ' ဖြစ်နေလို့ နောက်ထပ် သီနှံစိုက်ပျိုးစားသောက်မဲ့ ယာမြေလုပ်မဲ့ သူကိုပဲ ရောင်းခွင့်ရှိတယ် .. ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ အိမ်ဝိုင်းအဖြစ် အကွက်ရိုက်ပီး ရောင်းခွင့်မရှိဘူး ဆိုတဲ့ သဘောမျိုးပေါ့ ...
' မှန်တယ် . " မောင်သန့် "
' အဲလိုဆို အိမ်ဆောက်ဖို့ ဝယ်လိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူးပေါ့ ...
' မှန်တယ် .. " မောင်သန့် "
' မူလ သတ်မှတ်ထားတဲ့ မြေနေရာက 'ယာမြေ' အဖြစ် သတ်မှတ်ထားတဲ့မြေ... ' အိမ်ဝိုင်းမြေ (ရွာမြေ) အဖြစ် သတ်မှတ်ထားတာမဟုတ်လို့ အခုလက်ရှိ ဝယ်ပီးနေတဲ့သူတွေကလဲ . တရားဝင် ဆောက်လုပ်နေထိုင်းခြင်းမျိုး မဟုတ်နေတဲ့သဘောပေါ့ကွာ ...
' တချို့ . ဒို့ ရွာသူရွာသားတွေ ပြောလေ့ရှိကြတယ်လေ .. ဒီလိုဘဲ ဝယ်နေကြတာ ဘာမှမဖြစ်ပါဘူးကွာလို့လေ. ပီးပီးရော့ ပြောတပ်ကြတယ်လေ ...'
" ဥပဒေမှာက သူ့ပြဌါန်းချက်နဲ့ သူ့စည်းကမ်းချက်နဲ့ ရှိပီးသားမို့ လိုက်နာရင်တော့ ကိုယ်ရဲ့ချွေးနည်းစားလေး မဆုံးရှုံးဘူးပေါ့ကွာ ... မလိုက်နာနိုင်ရင်က ရင်းနှီးထားသမှျ အချဉ်းအနီးမှှျသာ ဖြစ်သွားနိုင်တယ်လေ.. ဒါ့ကြောင့် နားလည်မယ်ထင်တဲ့ သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပီး စဉ်းစားချင့်ချိန်ပီးမှ ဝယ်သင့်တာပေါ့ကွာ...'
' ဥပဒေပြဌာန်းချက်ဆိုတာ ရှိနေပီးသားဆိုရင်.. ဘာမှမဖြစ်သေးခင်တော့ ဘာမှမဖြစ်ဘူးလို့ထင်ရတယ်ကွ ... ဘာကဖြစ်လာပီဆိုရင် ဘာမှလုပ်လို့မရဘဲ ဖြစ်သွားနိုင်တယ်ကွ ..."
ဒါ့ကြောင့် " PREVENTION is better than CURE " တဲ့ ..
( ကာကွယ်ခြင်း က ကုသခြင်းထက် ပိုကောင်းတယ် ) တဲ့ ... ဖြစ်လာမယ့်အရာက အဆိုးဘက်ကို ဦးတည်နေတယ်လို့ ယူဆမိရင် ဖြစ်မလာရအောင် ကြိုတင်ကာကွယ်ထားရမယ်လေ ... ဒါမှ ဆုံးရှုံးမှုက နည်းမှာလေ ...
' ဟုတ်ကဲ့ပါ " အကို "..
' ကျွန်တော်သဘောပေါက်ပါပီ ... "အကို"
' ဒါဆိုရင် မဝယ်တော့နဲ့လို့ အဒေါ်ကို ပြောလိုက်ပါ့မယ် ... " အကို "
အဲလိုတော့ မပြောလိုက်နဲ့အုံး .. " မောင်သန့် " .. ရ ..
" There is a WILL , there is a WAY " တဲ့
( လိုလျင်ကြံဆ နည်းလမ်းရ ) တဲ့ ...
စကားပုံတောင် ရှိသေးတာပဲ အရာရာမှာ လုပ်လိုရတဲ့ နည်းလမ်းတွေ ရှိစမြဲပါကွာ ... ဆိုလိုတာက ထွက်ပေါက်ဆိုတာ ရှိပါတယ် ... လေ့လာနေဖို့ . ရှာတပ်ဖို့နဲ့ . မြင်တပ်ဖို့ပဲ လိုတာပါကွ ...
' အဲဆို ပြောပြပေးအုံး " အကို " .. ဘယ်လိုနည်းလမ်းနဲ့ ဝယ်ရင် တရားဝင်ဖြစ်မလဲဆိုတာလေ... '
' အင်း... ပြောပြပေးပါ့မယ်ကွာ ... နောက်အပတ် Sundy ကျရင်လေ ... အခုအပတ်တော့ ဒီလောက်နဲ့ ကျေနပ်တော့နော် ...
" အကို" လဲ စိတ်ကျန်းမာရေး သိပ်မကောင်းနေသေးလို့လေ ... ( ရွာသာကြီးတောင်သွားရမလိုဖြစ်နေတယ် .ဟိုမှာကလဲ လူတွေပြည့်နေမလားမသိ ...)
' ဟင် ... " အကို " စကားကြီးကလဲ တွေးစရာဖြစ်ရပြန်ပီ...
' တွေးချင်လဲ တွေးပေါ့ကွာ ...
" မောင်သန့်" သဘောပါ ... အတွေးဆိုတာ တခြားသူက မတွေးနဲ့လို့ တားလို့ရတဲ့ အရာမှမဟုတ်လေနော .. '
' စကားမစပ် .
ကားစီးရင် သတိထားသွားအုံးနော် ... ခါးပိုက်နှိုက်တွေ သောင်းကျန်နေတယ်တဲ့ ..'
' ဟုတ်ကဲ့ပါ ... " အကို "

See you Sundy ! ... ဟုတ် ...

Shwe Tike Soe
(အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း)

( Ref; ၂၀၁၂ ၊ လယ်ယာမြေဥပဒေ )

လမ်းမတော်မြို့နယ်၊ (ပရိဘောဂပါ) မီနီကွန်ဒို အငှား- ၇ သိန်း (ဓာတ်လှေကားပါ)- ( ၁၂၅၀)စတုရန်းပေ- အလွှာနိမ့်- 1 MBR- living ro...
10/02/2024

လမ်းမတော်မြို့နယ်၊ (ပရိဘောဂပါ) မီနီကွန်ဒို အငှား

- ၇ သိန်း (ဓာတ်လှေကားပါ)
- ( ၁၂၅၀)စတုရန်းပေ
- အလွှာနိမ့်
- 1 MBR
- living room
- Kitchen room
- AC
- အဝတ်လျှော်စက်
- ကုတင်/မွှေယာ
- ဆက်တီ စားပွဲ
- ရခေဲသတ်ေတာ

( ဝန်ဆောင်ခအနေဖြင့် ၆ လချုပ်လျှင် လဝတ်ခ
၁ နှစ်ချုပ်လျှင် ၁ လစာ ယူပါသည်။)

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း /ဝယ် / ငှါး လိုတဲ့ (တိုက်ခန်း / ကွန်ဒို / လုံးချင်း/မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက် နိုင်ပါသည်...

မီနီကွန်ဒို အငှား၊ မြေနီကုန်း စမ်းချောင်းမြို့နယ်- 700,000 MMK ( ပရိဘောဂပါ)- 7 Floor ( with lift)- မီးပျက်ချိန် lift မရပ...
10/02/2024

မီနီကွန်ဒို အငှား၊ မြေနီကုန်း စမ်းချောင်းမြို့နယ်

- 700,000 MMK ( ပရိဘောဂပါ)

- 7 Floor ( with lift)

- မီးပျက်ချိန် lift မရပါ

- 700 Sqft

- 1BR

- Furniture

- AC

( ဝန်ဆောင်ခအနေဖြင့် အငှား ဆိုလျှင် ( ၆ )လချုပ်
လဝတ်ခ ၊ ( ၁ ) နှစ်ချုပ်လျှင် ၁ လစာ ယူပါသည်)

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း / ဝယ် / ငှား လိုသော(တိုက်ခန်း / ကွန်ဒို / လုံးချင်း/ မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

05/02/2024

" အိမ်၊ ခြံ၊ မြေ " အကြောင်းသိကောင်းစရာ(၄)
" လယ်ယာမြေ "

"မောင်သန့်" ရေ ...
' လယ်ယာမြေ' အကြောင်းပြောပြရမယ်ဆိုရင်တော့ အကိုငယ်ငယ်က အဖေတို့ပြောတာ ကြားဖူးတဲ့ စကားနဲ့ စရမှာကွ ...
' မင်းပိုင်တာ ခြောက်ပေပါပဲကွ ' တဲ့
" အကို" 'ကွျန်တော်နားမလည်ဘူး..' "အကို" ဘာကိုဆိုလိုတယ် ဆိုတာလေ .. '
' အေး .. နားမလည်လို့ အားမငယ်နဲ့ "မောင်သန့်" ရ ... ငါလဲ မင်းလိုပါပဲကွာ ..
နားမလည်တော့ အဖေ့ကိုမေးရတာပေါ့ .. " " အဖေ" .. 'အဖေတို့ ဦးလေးတို့ ပြောနေတဲ့ " မင်းပိုင်တာ ခြောက်ပေပါပဲ " .. ဆိုတာ ဘာပြောတာလဲ .. ' ပေါ့
အဖေတို့ ပြောနေတာက ရွာထဲက ဘယ်သူတွေက ယာမြေ ဘယ်နှစ်ကွက်ပိုင်တယ် .. ဘယ်လိုချမ်းသာတယ် ... အဲလိုတွေ ပြောနေပီး နောက်ဆုံးကျ ' ခြောက်ပေပဲ ပိုင်တာပါကွာ' လို့ ရယ်ကျဲကျဲနဲ့ .. ရေနွေးကြမ်းရည် လက်ကျန်လေးမော့ပီး စကားလက်စသိမ်းပီး ပြန်သွားကြတာကွ ...
' အဖေက အဲခေတ်အဲအခါက ရွာသူကြီးလေ ... ငါက သူကြီးသားပေါ့ကွာ ... ကြုံတုန်းကြွားရတာလေ ... ဟဲ ဟဲ ...
ရွာသူကြီးဆိုတော့ တခြားရွာသားတွေထက် လယ်ယာမြေအကြောင်း ပိုသိတာပေါ့လေ .. အဖေက ပြောတယ် .. ' ငါ့သားရေ အဖေတို့အခုပိုင်တယ်လို့ ယူဆပီး လုပ်ကိုင်စားသောက်နေတဲ့ ယာမြေတွေဆိုတာ အဖေတို့တကယ်ပိုင်တာ မဟုက်ဘူးကွ ... အဖေတို့ကို အစိုးရမင်းတွေက သူတို့ပိုင်တဲ့မြေတွေကို သူတို့ကိုယ်တိုင် လုပ်ဖို့မအားလို့ အငှားချပီး သူတို့ကိုယ်စား လုပ်ခိုင်းတဲ့
သဘောပေါ့ကွာ ... သူတို့လိုအပ်တဲ့အချိန် လာသိမ်းရင် ပေးလိုက်ရမှာကွ .. ဒါ့ကြောင့် ငါတို့တွေပိုင်တာဆိုလို့ သေသွားတဲ့အခါကျရင် သချင်္ု ိင်းမှာမြုပ်ဖို့ တူးရတဲ့မြေနေရာ ခြောက်ပေအကျယ်ပဲ ပိုင်တာကွ ...
ဒါ့ကြောင့် အချင်းချင်းကြား ယာမြေဘယ် လောက်ပိုင်တယ်ဆိုတာ မာန်မတက် ရအောင် " မင်းတကယ်ပိုင်တာ ခြောက်ပေပါကွာ ' လို့ စနောက်ပြောဆိုကြတာလို့ ... "အကို့" .. "အဖ"က ပြောပြမှ "အကို"လဲ ခြောက်ပေကိစ္စ နားလည်ခဲ့တာ " မောင်သန့်"ရ ...
' ဟင်... အဲလို ကြီးလား .. အကို့စကားကြားရတာ ... ဝမ်းနည်းသလိုကြီး ခံစားရတယ် ...
တောင်သူတွေဘဝက မလုံခြုံသလိုကြီးပဲ ... ကျွန်တော်မပြောတပ်နေဘူး ဘယ်လိုကြီးခံစားရမှန်းကို မသိတော့ဘူး ... တောင်သူတွေခင်ဗျာ သနားပါတယ် ... တိုင်းပြည်ရဲ့ အဓိက အသက်သွေးကြော လိုအပ်ချက်တွေဖြစ်တဲ့ ဆန်တွေ ပဲတွေ စသည်ဖြင့် သူတို့က ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်လဲပေးရသေး .. သူတို့ကို အငှားလုပ်ကိုင်သူတွေလိုလဲ သဘောထားခံရသေး တွေးကြည့်ရင် အတော်ကို အဆင်မပြေဘူးနော် ... " အကို" ..
' အေး'... မင်းတွေးသလို တွေးကြည့်ရင်တော့ မမှားဘူးပေါ့ကွာ ... အဲခေတ်အဲအခါက ပြငှာန်းထားတဲ့ဥပဒေက အကိုဒီလောကထဲ ဝင်လာတော့မှာ လေ့လာကြည့်တော့ ဥပဒေရဲ့ Title ကကို " ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ " တဲ့
ဥပဒေပြဌါန်းချက်တွေဆိုတာကလဲ အကိုနားလည်သလိုပြောရရင် ခေတ်စနစ် လူနေမှုအဆင့်အတန်းတွေပေါ် မူတည်ပီး လိုအပ်သလို ပြဌါန်း ၊ ပြင်ဆင် လာရတဲ့ ဘဘောတော့ရှိတယ်ကွ ... ဆိုလိုတာကကွာ ... အဲဒီခေတ် အဲဒီကာလက အဲလိုပြဌါန်းဖို့ လိုတဲ့အချိန်ကာလ ဖြစ်လို့ တက်သိပညာရှင်တွေက အဲလိုပြဌါန်းထားတာလို့ပဲ သဘောထားလိုက်ပေါ့ကွာ ...
အခုခေတ် အခုအခါလဲရောက်ရော အဲချိန်က ပြဌါန်းထားတဲ့ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ဖျက်သိမ်းပီး တော့ ပြည်ထောင်စုလွတ်တော်က ဥပဒေ အမှတ် ၁၁ နဲ့" ၂၀၁၂ လယ်ယာမြေဥပဒေ " နဲ့ အစားထိုး ပြဌါန်းလိုက်ပီလေ... အခု ပြဌာန်းလိုက်တဲ့ ဥပဒေမှာတော့
" လယ်ယာမြေ" ဆိုတာကို ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ကွ ....
"လယ်ယာမြေ " ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း၊ ရွှေ့ပြောင်းတောင်ယာမြေဟုသော် လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာ နယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများမပါဝင် ... ဆိုပီး ဖွင့်ဆိုထားသလို ...
ဒီဥပဒေရဲ့ အခန်း(၂) ပုဒ်မ (၉) (ခ) မှာဆိုရင်လဲ
လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်
ရှိတယ်ဆိုပီ ပြဌါန်းပါရှိတော့...
" မောင်သန့်" အနေနဲ့ အကို့အဖေတို့ လက်ထက်က ပြဌါန်းထားတဲ့ စောစောကခံစားနေရတဲ့ ဘယ်လိုကြီးမှန်း မသိတဲ့ တောင်သူတွေအပေါ် စာနာနားလည်ပေးပီး မျှဝေခံစားရတဲ့ ဝေဒနာလေး သက်သာသွားရော့ပေါ့ ... ဟုတ်တယ် မဟုတ်လား... '
" အကို " ' အခုလို ဆက်ရှင်းပြတော့မှပဲ
အသက်ဝဝ ရှူမိတော့တယ် ... ' " အကို" ရာ..
' အသက်ရူပိုချောင်သွားရအောင် ကော်ဖီလေးလဲ သောက်လိုက်အုံး .. အေးသွားရင် ကော်ဖီအရသာ ပျက်သွားလိမ့်မယ် ... အကိုကတော့ ကော်ဖီကို ခါးမှကြိုက်ပေမယ့် .. မင့်သောက်ဖို့ သကြားလေးထည့်ဖျော်ထားပေးတယ် .. '
' အဆင်ပြေပါတယ် "အကို " .. ကျွန်တော်က တော့ဟန်ကိုကျလို့ ' အကို' ဖျော်တိုက်တဲ့ ကော်ဖီလဲ သောက်ဖူးသွားပီ .. အကိုဆီက ပညာတွေလဲ . လေ့လာခွင့်ရ .. ဆိုတော့လေ ...
အမှန်ပြောရရင် .. ' အကို' အစက ပြောတဲ့ အကို့အဖေနဲ့ဦးလေးတွေ ပြောတဲ့ ခြောက်ပေကိစ္စ ကြားလိုက်ရတယ် ကျွန်တော်စိတ်မကောင်းဖြစ်နေတာ .. အခုကော အကို့အဖေတို့ကို ပြောပြဖြစ်သေးလား ..' အကို' .. ' အကို့အဖေတို့လက်ထက်ကလို လယ်ယာမြေပြဌါန်းချက်တွေ မဟုတ်တော့တဲ့အကြောင်းလေ ..
' အင်း ' အကို ပြောပြထားပီးပါပီကွာ .. မင်းစိတ်ပူမနေနဲ့ ဟုတ်ပီလား .. '
' အေး...' မင်းကတော့ တကယ့်ကောင်ပဲ ... ဥပဒေအကြောင်း လေ့လာဖို့ လာတဲ့သူက နှလုံးသားနဲ့ ခံစားနေပြန်ပါပီ...
တဖက်က ကြည့်ရင်လဲ ကောင်းပါတယ်လေ ... အရာရာကို .. စာနာ​ေပးတတ်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ရတာလဲ ထူးတဲ့ပါရမီပါပဲလေ ..
လူတိုင်းမှာ ဒီလိုစိတ်ထား မရှိနိုင်ဘူးကွ ... " မောင်သန့်" ရဲ့ စိတ်နေသဘောထားကို မြင်တွေ့ရတာ.. " Geroge Gorden Byron " ရဲ့ စကားတောင် သတိရမိတယ်ကွ ...
" There is music in all things if men had ears "
( အရာရာတိုင်းမှာ ဂီတရှိတယ်။ နားရှိနေမယ့် လူတိုင်းအတွက်ပေါ့။ ) တဲ့...
ဒီစကားလေးကို " မောင့်သန့် " ဘာသာ ဉာဏ်မှီသလို တွေးကြည့်ပေါ့ကွာ ... ကိုယ့်ဝန်းကျင်က လူတွေကိုကြည့်ပီး.. ဘယ်သူတွေက နားရှိတယ် ဘယ်လိုသူတွေက နားမရှိနေဘူးလဲ ဆိုပီးလေ...
" လူအများစုမှာတော့ နားရွက်တွေပါကြပါတယ်ကွာ .... ဟား . ဟား . ဟား ..."
' ဒီအပတ်တော့ ဒီလောက်နဲ့ တော်ကြမယ်ကွာ..
အကိုလဲ မီးလာတုန်းလေး တပတ်စာ ကြော်လိုက် လှော်လိုက်အုံးမယ် ... ဒီနေ့ မီးက ၁နာရီ ပျက်မှာဆိုတော့လေ... '
နောက်အပတ် Sundy မှ လယ်ယာမြေနဲ့ပတ်သတ်ပီး ကျန်နေသေးတဲ့ သိသင့်တာလေးတွေ ပြောပြပေးမယ်ကွာ ... ဟုတ်ပီလား ..,'
' ဟုတ်ကဲ့ပါ 'အကို' ...
ကျွန်တော်လဲ "ဂျော့ဂေါ်ဒင်ဘိုင်ရွန်" ရဲ့ စကားလေးကို ဆက်တွေးရင်း လာမည့် Sundy ကို မျှော်နေအုံးမယ် ... "အကို"
' ဟုတ်ပါပီ .. ဗျာ '

Shwe Tike Soe
(အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း)

( Ref; ၂၀၁၂ ၊ လယ်ယာမြေဥပဒေ
၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး
အက်ဥပဒေ )

01/02/2024

" အိမ် " ၊ " ခြံ " ၊ " မြေ " အကြောင်း
သိကောင်းစရာ (၃) " ချထားမြေ နှင့် ကျူးကျော်မြေ "

" မောင်သန့် " ' နောက်တစ်ပွဲထပ်မှာလေကွာ '
' တော်ပါပီအကို တစ်ပွဲနဲ့တင် ဗိုက်ပြည့်သွားပီ ' ' ကျွန်တော်အရင်က ဒီတို့ဟူးနွေးကို မစားဖြစ်ဖူး .. အခုမှ စပြီးစားဖူးတာ .. ကြိုက်သွားပီ "အကို" နောက်ကျရင်တော့ ဒီဆိုင်ရောက်ရင် ဒါပဲမှာစားတော့မယ် .. '

​' အေး .. အကိုလဲ ဒီအစားစာကို စားဖူးတာ ဝိုင်းမော်ရောက် မှ စားဖူးတာကွ .. အကိုတို့ အညာသားတွေဆိုတာက .. ဒီလိုအစားအစာတွေနဲ. ခပ်စိမ်းစိမ်းပဲလေ .. "အကို" မြစ်ကြီးနားတာဝန်ကျတုန်းက ဝိုင်းမော်ဘက် အလုပ်ကိစ္စနဲ့ ရောက်တိုင်း ဝိုင်းမော်က ဆိုင်မှာ အမြဲစားဖြစ်တယ်လေ .. အကိုနဲ့ အလုပ်အတူတူလုပ်တဲ့ ဝန်ထမ်းက ဒီဆိုင်မှာ favourite food က တို့ဟူးနွေးပဲ .. စားကြည့်ပါလို့ ပြောလို့ စပီးစားဖူးတာလေ ..ဒီရဲ့အရသာထက်လည်း ဝိုင်းမော်ဆိုင်က ပိုကောင်းတယ်ထင်တယ်ကွ .. ဆိုင်ရှင်အမကလဲ သူ့ကိုယ်ကြည့်ရတာ စျေးရောင်းနေတာနဲ့ မတူနေဘူး .. အလှူကျွေးနေသလားထင်ရတယ် ..

ဆိုင်ရှင်အမရဲ့ အပြုံးတွေက စားသုံးသူတွေကို စိတ်ချမ်းသာစေတယ်ကွ .. ဆိုင်ထိုင်လိုက်တာနဲ့ အမောကို ပြေသွားသလို ခံစားရတာ .. ဟုတ်တယ် .. ဆိုင်ရှင်အမရဲ့ smiling service ကြောင့်လေ .. '

" အလုပ် လုပ်ရင်က အပြုံးဆိုတာကလဲ နေရာတိုင်းမှာ မဟုတ်ပေမယ့် နေရာတော်တော် များများမှာ မရှိမဖြစ် လိုအပ်တဲ့ သင်္ကေတ တစ်ခုပဲ "မောင်သန့်" ရ ..

မင့်အနေနဲ့ စီးပွားရေးလောကထဲ ဝင်မယ် ဆိုရင် ' အပြုံးချိုအောင်တော့ လေ့ကျင့်ထားပေါ့ကွ ' အပြုံး' ကလဲ လုပ်ငန်းအောင်မြင်ဖို့အတွက် အထောက်အကူပြုတဲ့ instrument တစ်ခုဆိုတာ သိထားဖို့တော့ လိုမယ်ကွ .. " မောင်သန့်" ရ ..

ဒါကတော့ ကိုယ့်ရဲ့ သီးခြားအယူအဆပေါ့ကွာ ..
Smiling အကြောင်းပြောနေတာနဲ့ .. လာရင်း ကိစ္စမရောက်ဖြစ်နေတော့မယ် .. ဆိုတော့က ပီးခဲ့တဲ့အပတ်က မင်းမေးထားတဲ့ "ချထားမြေ" အကြောင်းလေး စပီးပြောပြပေးတော့မယ်.. 'ဟုတ် ' "အကို"
"ချထားမြေ" ဆိုတာ တနည်းပြောရရင် " ပါမစ်မြေ" ပေါ့ကွာ ...
ဒီမြေအမျိုးအစားကတော့ မှတ်သားရတာ လွယ်ပါတယ် .. " ပါမစ် " ဆိုတဲ့သဘောတရားအတိုင်း ဒီမြေမှာ နေထိုင်ဖို့အတွက် မြေငှားစာချုပ် မရှိသော်လည်း နိုင်ငံတော်ကနေ စီမံပီး ချပေးထာတဲ့ မြေကို ဆိုလိုတာကွ ..
နောင်တချိန်ချိန်မှာတော့ လိုအပ်လာရင် နိုင်ငံတော်ကနေ မြေငှားစာချုပ် ထုပ်ပေးနိုင်မယ့် အလား အလာရှိနိုင်တဲ့ မြေအမျိုးအစားတွေပေါ့ကွာ ..
လောလောဆယ် မြေငှားစာချုပ်မရသေးတဲ့ကာလတွေမှာတော့ ရောင်းတာ ၊ ပေါင်တာ ၊ လွဲပြောင်းတာ လုပ်လို့မရသေးဘူးပေါ့ကွာ ..

ဒို့ ရန်ကုန်မှာဆိုရင်ကွာ ဒီလိုမြေအမျိုးအစားတွေ ရှိတဲ့နေရာတွေကို အကိုသိရသလောက် ပြောပြရမယ်ဆိုရင် .. တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ တို့ ဒဂုံမြို့သစ်၊ ဒဂုံမြု့သစ်မြောက်ပိုင်း / တောင်ပိုင်း တို့နဲ့ မြို့သစ်တွေပေါ့ကွာ ..
"ချထားမြေ" ( ပါမစ်မြေ ) နဲ့ပတ်သက်လို့ ဒီအဆင့်မှာ အခုလောက်သိထာ:ရင်လုံလောက်ပါ ပီ .. နောက်ပိုင်းကျမှ ဆက်ဆပ်ပီးပြောပြပေးတော့မယ် .. 'ဟုတ် ' " အကို "
ပီးခဲ့တဲ့ sundy က ပြောခဲ့တဲ့အထဲက ပြောခဲ့သလို့ နောက်ထပ်မြေအမျိုးစားတစ်မျိုးက အများတွေအလွယ်ခေါ်ကြတဲ့ " ကျူးမြေ " အကြောင်း ပြောပြပေးအုံးမယ်ကွ .. ဒီမြေကို " ကျူးကျော်မြေ " တနည်းအားဖြင့်( ကျူးဂရန်) လို့ အပြည့်အစုံမှတ်ချင်လဲ မှတ်ထားပေါ့ကွာ...
ဒီမြေအမျိုးအစားကတော့ သူရဲ့စကားလုံးအဓိပ္ပာယ်ကိုက ကျူးကျော်နေထိုင်တာဖြစ်လို့ တရားမဝင်ဘူးပေါ့ကွာ .. ဒီမြေမှာ နေထိုင်တဲ့ သူတွေက တရားဝင် နေထိုင်နေကြသူတွေလို့ အဓိပ္ပာယ်မသက်ရောက်ဖူးကွ .. ဒါ့ကြောင့် သူတို့အနေနဲ့ သူတို့နေထိုင်နေတဲ့မြေတွေကို ရောင်းတာ ၊ ပေါင်တာ ၊ လွှဲပြောင်းတာ မလုပ်နိုင်ဘူးပေါ့ကွာ .. ဟုတ် " အကို " ..
ဒါ့ကြောင့်မို့ အဲမြေပေါ်မှာ နေထိုင်နေတဲ့သူတွေအနေနဲ့ နိုင်ငံတော်မှ စီစစ်ပီး စီမံကိန်းတရပ်ရပ်လုပ်ဖို့ လုိအပ်လာရင် သူတို့ကို ဖယ်ပေးခိုင်းရင် အဲမှာနေထိုင်တဲ့သူတွေက ဖယ်ပေးကြရတယ်လေ ..
အထက်ကပြောခဲ့သလို နိုင်ငံတော်ကနေ စီမံကိန်းတရပ်ရပ်လုပ်ဖို့ အကြောင်းမရှိနေတဲ့ အချိန်ကာလတွေမှာဆိုရင်တော့ သင့်လျော်တဲ့ အခွန်အခ တွေသတ်မှတ်ပီး " ကျူးဂရန် " ထုတ်ပေးပီး နေထိုင်းခိုင်းတဲ့ နေရာတွေလဲ ရှိတာပေါ့လေ.. တချို့သူတွေက ကျူးကျော်မြေပေါ်မှာ အခွန်ဆောင်ပီး ကျူးဂရန်နဲ့ နေကြရတဲ့ သဘောပေါ့ကွာ ..
ဒီနေရာမှာ ဆက်စပ်လို့ပြောရရင် တချို့နေရာတွေမှာဆို လက်ရှိနေထိုင်တဲ့သူတွေက သူတို့ရဲ့အဖေအမေလက်ထက်ကတိုင်း ဒီနေရာမှာ နေလာတာ နှစ်ပေါင်းဘယ်လောက်ရှိပါပီ ..
ဘာညာသာဓကာတွေပြောပီး အချင်းချင်းရန် တွေ ဖြစ်ကြတာ တွေ့ရတယ်ကွ ...ရပ်ကွက်တွေထဲမှာလေ .. အဲလိုမပြေလည်မှုတွေရှိလာတဲ့အခါ ရုံးတွေမှာ စာရင်းတွေ ရှင်းကြတဲ့အခါ သူတို့တွေလက်လွတ်ဆုံးရှုံးကြရတယ်ကွ .. နေရာကနေ ဖယ်ပေးလိုက်ကြရတယ် ..
ဘာလို့ဆို သူတို့နေထိုင်နေတာ ကြာလာတာနဲ့ တချို့သူတွေက သူတို့အပိုင်လို့ ထင်မှတ်ကျပီး အချင်း များကြတာ ... သူတို့နေထိုင်လာတာ နှစ်ပေါင်း ဘယ်လောက်ရှိပီဆိုတာနဲ့ သက်သေပြကြတာတွေ တွေ့ရတယ်... ဒီလိုသက်သေပြ​ေပမယ့် .. အသုံးမဝင်ဘူးလေ .. အကို့အမြင်ပြောရရင် ဒီမြေအပေါ် နေထိုင်တဲ့ သက်တမ်းနဲ့မဆိုင်ဘူးလေ .. ကိုယ်နေတာ ဘယ်လိုမြေပေါ်မှာ နေသလဲနဲ့ပဲ ဥပဒေက ဆုံးဖြတ်တာမို့လေ ...
အကိုအခုလို ဒီအကြောင်းကို ဇောင်းပေးပြောပြရတာက အကြောင်းရှိလို့ကွ " မောင်သန့်" ရ ..
အကိုအသိတစ်ယောက်ဆို မြေကွက်လေးစျေးတန်တယ် .. သူစုဆောင်းထားတဲ့ငွေပမာဏနဲ့ ပြည့်မှီတာနဲ့ ဝယ်လိုက်တယ် .. ဝယ်ပီးသိပ် မကြာဘူး .. နိုင်ငံတော် စီမံကိန်းရှိလို့ ဒီမြေပေါ်ကသူတွေ ဖယ်ပေးရမယ်ဆိုလိုက်ရော့ သူစုဆောင်းဝယ်ထားတဲ့ငွေတွေ ပလုံသွားရော့ ..
အဲအကြောင်း အကို့ကို ပြောပြတော့ ဘယ်လိုဖြစ်လို့ အဲမြေကို ဝယ်ဖြစ်သွားတာလဲမေးကြည့် တော့ ရောင်းတဲ့သူတွေက သူတို့ဒီနေရာမှာနေလာတာ ဘိုးဘွားလက်ထက်ကတည်းက နေလာတာ သူ့တို့မှာအခွန်စောင်ထားတဲ့ အခွန်စာရွတ် တွေလဲ ရှိတယ် .. ရပ်ကွက်ပွဲစားတွေကလဲ ဝယ်ဖို့တိုက်တွန်းကျတာနဲ့ ဝယ်ဖြစ်သွားတာတဲ့ .. သူကလဲ မြေအကြောင်းသိပ်နားမလည် .. နားလည်တဲ့သူနဲ့လဲ မဆွေးနွေးမိခဲ့ .. သူစုထားတဲ့ငွေနဲ့ ပြည့်မီတာနဲ့ ဝယ်လိုက်တဲ့သဘောပေါ့ကွာ ..
အကို့အမြင်ပြောရရင် သူ့ကိုစာရွက်တွေပြတာ အကိုအထက် မှာပြောခဲ့တဲ့ " ကျူးဂရန်" စာရွက်နဲ့ အခွန်‌ေဆာင်ထားတာတွေဖြစ်မယ် .. ဒါ့ကြောင့်လဲ သူက နိုင်ငံတော်ကို အခွန်‌ေဆာင်ထားတဲ့ စာရွက်ရှိတာပဲ တရားဝင်ပဲ ဆိုပီးဝယ်မိလိုက်တာလို့ ယူဆရတယ် ... အခုတော့ သူဝယ်မိတာက " ကျူးကျော်မြေ" ဖြစ်နေတဲ့အတွက် နိုင်ငံတော်က စီမံကိန်းရှိလို့ ဖယ်ပေးပါဆိုတော့ ဖယ်ပေးလိုက်ရရော့လေ ...
' အော် ' ..အဲလိုတွေလဲ ကြုံရတာပဲလား" အကို " ..
သူခဗျာ .. တော်တော်လေးစိတ်ထိခိုက်ရမှာပေါ့နော် ..
အဲလိုဆို သူစုဆောင်းထားသမျှလေးကုန် သွား တာပေါ့ .. ' အေး ' .. ' ဟုတ်တယ် .. သူဘာမှမတတ်နိုင်တော့ဘူးလေ .. ဝယ်ထားတဲ့မြေပေါ်ကဖယ်ပေးရုံကလွဲပီးလေ ..
ဒါ့ကြောင့် အကိုအရင်အပတ်က ပြောခဲ့သလိုဘဲလေ .. အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အသေးအဖဲွလေးပဲ ဖြစ်ပါစေ သိအာင်လေ့လာပီးမှ လုပ်ရမယ်ဆိုတာလေ ... ပိုလေ့လာသင့်တာက အိမ် ၊ ခြံ ၊ မြေ ၊ ကိုဝယ်တော့မယ်ဆိုရင် စျေးထဲက ချဉ်​ေပါင်ရွက် ဝယ်တာ စျေးဆစ်တတ်ရုံလောက် အသိနဲ့တော့ မဝယ်သင့်ဘူး ဆိုတာကို ပြောချင်တာကွ ..
အကိုရာ ချဉ်ပေါင်ရွက်ဝယ်တာထက်တော့ ပိုသိရမယ်ဆိုတာ လူတိုင်းသိပါတယ်လို့..
မင့်က အကို့ကို စောဒက တက်ချင် တက်ချင်နေလိမ့်မယ် .. အကိုဆိုလိုတဲ့သဘောက ဥပမာပေးပြောတဲ့သဘောပါ ... ဘာလို့ဆို တချို့သူတွေက အကိုပြောတဲ့ ဥပမာထက်ဆိုးတဲ့သူတွေ တွေ့ကြုံနေရလို့ ရောင်းမှားဝယ်မှား မဖြစ်ရအာင် ပြောတဲ့ သဘောပါ...
' ဟုတ် ' " အကို " .. " အကို " ဆိုလိုတဲ့သဘောကို ကျွန်တော်နားလည်ပါပီ...
" အကို" ..
အခုလို မြေတွေရဲ့ သဘောတရားတွေ နားလည်မှသာ ရောင်းမှားဝယ်မှား မဖြစ်မှာ .. ကိုယ့်စုစောင်းရှာဖွေထားတဲ့ ချွေးနဲစာလေးတွေ မဆုံးရမှာလို့ သိမြင်သဘောပေါက်လာလို့ နောက်ထပ် ကျန်တဲ့ မြေအမျိုးအစားတွေကို ပြောပြပေးပါအုံး "အကို"
" အေး " မင်းက ပညာအတော်လောဘ ကြီးတဲ့သူပဲကွ .. မင်းလို သိချင်စိတ်များတဲ့သူကို ပြောပြခွင့်ရလို့ " အကို့" အနေနဲ့လဲ အချိန်ပေးရကျိုးနပ်ပါတယ် .. အခုအပတ်တော့ ဒီလောက်နဲ့
တော်ရော့ပေါ့ .. " မောင်သန့်" ရ ..
နောက်အပတ် Sundy မှ ဆက်ဆွေးနွေးကြတာပေါ့ကွာ.. ဟုတ်ပီလား...

" See you Sundy ! ပေါ့... " ကွာ...

' ဟုတ်ကဲ့ပါ' " အကို "


Shwe Tike Soe
(အိမ်ခြံမြေ )

Ref; U Than Nyut Maung (Advocate)
( တိုက် ၊ အိမ် ၊ ခြံ ၊ မြေ ၊ အကြောင်းသိမှတ်ဖွယ်ရာ)

စမ်းချောင်းမြို့နယ်၊ပြင်ဆင်ပြီး တိုက်ခန်း အရောင်း- 1950 သိန်း (ညှိနှိုင်း)-  ရှင်စောပုဘုရားလမ်း- ပေကျယ်(16´×60´) - 3 flo...
01/02/2024

စမ်းချောင်းမြို့နယ်၊ပြင်ဆင်ပြီး တိုက်ခန်း အရောင်း

- 1950 သိန်း (ညှိနှိုင်း)
- ရှင်စောပုဘုရားလမ်း
- ပေကျယ်(16´×60´)
- 3 floor
- ပါကေးခင်း ,ကြွေပြားခင်းကပ်
- အိပ်ခန်းကျယ် (2)ခန်း
- ဧည့်ခန်းကျယ်
- မျက်နှာကြက်အလှ မီးအလှ
- ဘိုထိုင်အိမ်သာ,ကြွေဘေစင်
- ရှေ့/နောက် ဝရံတာပါ
- သံပန်းဆန်းရှိတ်ပါ
- ကိုယ်ပိုင်ရေမီး
- မြောက်ဘက်လှည့်
- ပြင်ဆင်ပြီး တိုက်သန့်
- ပုံပါအတိုင်း ပြင်ဆင်ပေးထား

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

လူကြီးမင်းတို့ လိုအပ်နေသော မြို့နယ်များရှိ ရောင်း /ဝယ် / ငှါး လိုတဲ့ (တိုက်ခန်း / ကွန်ဒို / လုံးချင်း/မြေကွက်) များရဲ့ စာရင်းများကို အထက်ဖော်ပြပါ လိပ်စာ (သို့) ရွှေတိုက်စိုး page မှာဆက်သွယ်ဆောင်ရွက် နိုင်ပါသည်...

Condo For Rent,(3 bedrooms),Hlaing Township  - 1,000,000 MMK  - Fully furnished  - 1500 Sqft  - 1 MBR  - 2 BR  - 4 AC  -...
01/02/2024

Condo For Rent,(3 bedrooms),Hlaing Township

- 1,000,000 MMK
- Fully furnished
- 1500 Sqft
- 1 MBR
- 2 BR
- 4 AC
- Refrigerator
- Washing machine
- W/H
- Car parking
- 24 hour security
- Near Insein Road,Hlaing Township, Yangon

Agent fee is chargeable

Contact ph - 09 447 557 187 (viber)
- 09 795 544 101 (viber)
- 09 897 881 101
- 09 979 090 678

WhatsApp : +959795544101
Telegram : +959795544101
Email : [email protected]

If you would like to desire for Rent , Sale , Buy and want to know other informations, can join
SHWE TIKE SOE Real Estate page (or) Email (or) Phone.
May I serve warmly welcome !

22/01/2024

" အိမ် " ၊ " ခြံ " ၊ " မြေ " အကြောင်း
သိကောင်းစရာ (၂) " မြေပိုင်မြေ နှင့် ဂရန်မြေ "

'စောင့်နေတာ ကြာပီလား ' "မောင်သန့်"
' မကြာသေးဘူး "အကို" ...

အကို' လာနေတာ မြင်တာနဲ့ ' အကိုသောက်နေကျ ကျစိမ့် မှာထားတယ် ' အကို' .. တခြားဘာထပ်မှာအုံးမလဲ "အကို" ' ကျေးဇူးပါကွာ.. ' လုံလောက်ပါပီ ...

' အကိုက Tea shop ရောက်ရင် ကျစိမ့်ပဲ သောက်ဖြစ်တယ်ကွ .. Coffee shop ရောက်ရင်တော့ Espesso ကို သောက်လိုက်ရမှ စိတ်ကျေနပ်သလို ခံစားရတယ်ကွ..

ကျစိမ့်တစ်ခွက် မှာက အကို့အတွက် ဒဏ္ဍာရီလိုလို မှော်ဆန်တဲ့အမှတ်တရတွေ အတိတ်က ကြုံတွေ့ခဲ့ရဖူးတယ်ကွ .. ဒါ့ကြောင့်လဲ ကျစိမ့်ကို ဆွဲလမ်းမိနေတယ်လို့ ဆိုရမယ်ထင်တယ် .. အခုအပတ် ခရီးထွက်နေတာကလဲ ... ကျစိမ့်တစ်ခွက်ရဲ့ story ကြောင့်ပဲကွ ...

အေး! .. ဒီလောက်နဲ့ ရပ်မှဖြစ်မယ် .. ' မောင်သန့် ' ရေ .. ဆွေးနွေးမယ့် ခေါင်းစဉ်တွေ လွဲသွားလိမ့်မယ် .. ကျစိမ့် story ကို ရပ်ပီး ... ပီးခဲ့တဲ့ Sundy က မြေအမျိုးအစားတွေအကြောင်း ဆက်ကြစို့ကွာ .. ' ဟုတ် .. အကို '

" မြေ " မှာက အကြမ်းမျဉ်းအားဖြင့် (၇) မျိုးခွဲထားတယ်လေ ..
( ၁ ) လယ်ယာဥယျာဉ်မြေ
( ၂ ) မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )
( ၃ ) ဂရန်မြေ
( ၄ ) ချထားမြေ ( ပါမစ်မြေ )
( ၅ ) စကွာတာမြေ
( ၆ ) ကျူးကျော်မြေ
( ၇ ) သာသနာပိုင်မြေ ... ဆိုပီး ရှိတယ်ကွ ...

ဒီမြေအမျိုးအစားတွေရဲ့ အခြေခံအကြောင်းတွေလေ့လာထားမှ သိထားမှ ဘယ်မြေအမျိုးအစားတွေကိုတော့ ရောင်းတာ ၊ ဝယ်တာ ၊ ပေါင်တာ ၊ လွှဲပြောင်းတာ လုပ်လို့ရတယ်ဆိုတာ သိရမှ ကိုယ့်အနေနဲ့ အလုပ်လုပ်လို့ ရမယ်ကွ ..

' ဟုတ် အကို '

ဆိုတော့ကာ ပီးခဲ့တဲ့ အပတ်က ' စကွာတာမြေ '
အကြောင်း ဆွေးနွေးပီးပီဆိုတော့ ဒီအပတ်တော့
ရောင်းဝယ်တဲ့နေရာမှာ အရေးပါတဲ့ ' မြေပိုင်မြေ နဲ့ ဂရန်မြေ ' အကြောင်း ပြောပြပေးမယ်လေ ...

' ဟုတ် အကို '

စာလိုပေလိုတော့ ' မြေပိုင်မြေ ' ပေါ့ကွာ .. အရပ်လိုခေါ်ရင်တော့ ' ဘိုးဘွားပိုင်မြေ ' ပေါ့ကွာ..' ဘိုးဘွားပိုင်မြေ' လို့ မှတ်ရတာက ပိုပီးနားလည်လွယ်မယ်ထင်တယ် .., ' ဘိုးဘွားပိုင်မြေ' လို့မှတ်လိုက်တာနဲ့ ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ မြေအမျိုးအစားဖြစ်နေပီဖြစ်လို့ ရောင်းတာ ၊ ပေါင်တာ ၊ လွှဲပြောင်းတာ လုပ်လို့ရတဲ့ မြေအမျိုးအစားတွေ ဖြစ်တယ်လို့ မှတ်ယူထားလိုက်ပေါ့ကွာ ..

ဒီမြေအမျိုးအစားတွေ ဖြစ်ပေါ်လာတာက နောင်ခံအကြောင်းအရင်းက (၂) ချက်ရှိတယ်ကွ..

ပထမတစ်ချက်က နယ်ချဲ့အင်္ဂလိပ်တွေ သိမ်းပိုက်ခဲ့စဉ်က မြို့ကွက်တွေကို ပြင်ဆင်ချဲ့ထွင်ချိန်က ပြည်သူတွေကို ရောင်းချခဲ့တုန်းက ဘိုးဘွားတွေ ဝယ်ယူထားခဲ့တဲ့ မြေတွေပေါ့ကွာ ...
နောက်တစ်ချက်က လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအရ လယ်ယာဥယျာဉ်ခြံမြေ တွေကနေ ပြောင်းလဲလာနိုင်သောမြေတွေကို ' မြေပိုင်မြေ ' (ဘိုးဘွားပိုင်မြေ) လို့ သတ်မှတ်ထားကြတာပေါ့ကွာ ..

' ဟုတ်အကို '

' မြေအမျိုးအစားတွေရဲ့ သဘောသဘာဝနဲ့ ဖြစ်တည်လာမှုတွေ သိခွင့်ရတာ ပိုပီးစိတ်ဝင်စားဖို့ ကောင်းလာသလိုဘဲ ...
' အေး ' ဟုတ်တယ်ကွ ...
အိမ်ခြံမြေနဲ့ အသက်မွေးဝမ်းကြောင်းလုပ် တော့မယ်ဆိုရင် အခြေခံကျတဲ့ မြေအမျိုးစားတွေကို သိထားမှရမယ်လေ.. ဒါမှရောင်းမှားဝယ်မှား မလုပ်မိမှာလေ ...

တချို့သူတွေကတော့ ပြောကြတာ ကြားဖူးတယ်ကွ .. ရှေ့နေငှားလုပ်လိုက်ရင် အလွယ် လေးပါဆိုပီးပြောကြတယ် ... သူတို့ပြောတာ မှားလားဆိုတော့ မမှားဘူးဆိုပေမယ့် ... ရာခိုင်နုန်းအပြည့်တော့ မမှန်ဘူးကွ ..

"အကို့အဖေပြောဖူးတာလေး ပြန်ပီ share ရရင်.. ' သူများအားကိုးလို့ရမှ သိရမယ့်အရာတွေကို ဖြစ်နိုင်ရင် ကိုယ်ပိုင်အသိဖြစ်အောင် လေ့လာတဲ့ ... ဒါမှ မင်းအားကိုးတဲ့သူက မင့်ကို မလေးမစားမလုပ်ရဲမှာ .. မင့်ကိုမလိမ်ရဲမှာ "
" ကိုယ်ပိုင်အသိကသာ ကိုယ့်အတွက်အားကိုးရာတဲ့ .."

အကို့အဖေစကားကို အကိုနားလည်သလို ဘာသာပြန်ရရင် အချင်းချင်း ဂျင်းထည့် မခံရ​အောင်ပေါ့ကွာ ... ဂျင်းကလဲ အချင်းချင်း ထည့်ခံရတာ များတယ်ကွ ... ' မောင်သန့်' ရ ...

လောကကြီးမှာ သင်ယူစရာတွေ သိစရာတွေက အများကြီးပဲ ' မောင်သန့် ' ရေ ... အဲအကြောင်းတွေကို နောက်ကျမှ ပြောကြတာပေါ့ကွာ ...

လောလောဆယ်တော့ ' ဂရန်မြေ ' အကြောင်းလေး ဆက်ဆွေးနွေးကြစို့ ...

' ဂရန်မြေ ' ဆိုတာက တနည်းပြောရရင် ' မြေငှါးစာချုပ်မြေ ' ပေါ့ကွာ .. အဲလိုမှတ်ရင် ပိုပီးမှတ်ရလွယ်မယ်ထင်တယ် ..

ဒီမြေအမျိုးအစားဆိုတာက အရင်အပတ်က ဆွေးနွေးခဲ့တဲ့ ' စကွာတာမြေ ' ၊ ပီးတော့ ' ချထားမြေ' တွေ ရွာမြေတွေ စသည် မြေအမျိုးအစားမျိုးတွေကနေ ဂရန်လျှောက်ထားပီးလို့ ဂရန်ရပီးသားမြေမို့ ဂရန်မြေ ( မြေငှားစာချုပ်မြေ ) လို့ သတ်မှတ်ထားတယ်လို့ ဆိုရင်မမှားဘူးပေါ့ကွာ ...

" ဂရန် " ရှိပီးသားမြေဆိုတော့ ရောင်းတာ ၊ ပေါင်တာ ၊ လွှဲပြောင်းတာတွေ လုပ်လို့ရပီပေါ့ကွာ ...
' ဟုတ် အကို '
' အကို ' အထက် မှာ ပြောခဲ့တဲ့ ' ချထားမြေ ' ဆိုတာ ဘယ်လို မြေအမျိုးအစားလဲ ' အကို '

အေး ... ဒီမြေအမျိုးအစားကိုတော့ နောက်အပတ် Sundy မှ ဆွေးနွေးပေးတော့မယ်... အခုအပတ်တော့ ဒီလောက်နဲ့ ကျေနပ်တော့ ... ' ဟုတ်ပီလား ' ... ' အကို ' တခြားအလုပ်ကိစ္စလေးရှိနေသေးလို့ ... နောက်အပတ် Sundy မှ ပြန်တွေ့ကြတာပေါ့ကွာ ...

' ဟုတ် ' အကို '

Shwe Tike Soe
(အိမ်ခြံမြေ )

Ref; U Than Nyut Maung (Advocate)
( တိုက် ၊ အိမ် ၊ ခြံ ၊ မြေ ၊ အကြောင်းသိမှတ်ဖွယ်ရာ)

Address

Sin Yay Twin Street
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959795544101

Website

Alerts

Be the first to know and let us send you an email when ရွှေတိုက်စိုး အိမ်ခြံမြေလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေတိုက်စိုး အိမ်ခြံမြေလုပ်ငန်း:

Share