Ngwe Saung Square By IME Property

  • Home
  • Ngwe Saung Square By IME Property

Ngwe Saung Square By IME Property Ngwe Saung Square is a Commercial & Residential Estate which is newly launch at the heart of Ngwe Sa

Ngwe Saung Square သည် စုစုပေါင်း မြေဧက ၂၀ ဧက အကျယ်အဝန်းရှိ ငွေဆောင်မြို့လယ်၏ စီးပွားရေး အချက်အချာ ကျသောနေရာတွင်တည်ရှိပြီး Residential Zone, Commercial Zone, Walking Street တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်

ကမ်းခြေဒေသတွင် လွတ်လပ်အေးချမ်းစွာ လူမှု့ဘဝ နေထိုင်မှု့ ပုံစံဖြင့် နေထိုင်ရင်း စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်၊

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🌕🙏“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” ✨ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🌕🙏

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို” ✨

ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်လေးတစ်ရက်ပဲ ဖြစ်ပါတယ်ရှင် 🌸🕯️

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ ဝါဆိုလပြည့်နေ့အခါသမယမှာ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းနှင့် အလှူအတန်းများ ပြုလုပ်လေ့ရှိကြပြီး မြန်မာလူမျိုးတို့ရဲ့ သဒ္ဓါတရားထက်သန်မှုကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မဲ့ အချိန်ကာလလေးတစ်ခုပဲဖြစ်ပါတယ်ရှင် 🌿💛

ဒီလိုနေ့ထူးနေ့မြတ်အခါသမယ‌လေးမှာ ကောင်းမှုကုသိုလ်များပြုလုပ်၍ မေတ္တာတရားပွားများပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း 𝐈𝐌𝐄 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏✨

ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသော ဝါဆိုလပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🌙💫

💖 “ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်၏” ဆိုသော ဆိုရိုးစကားအတိုင်း ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှန်းထားတဲ့ လက်တစ်စုံ...
10/05/2026

💖 “ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်၏” ဆိုသော ဆိုရိုးစကားအတိုင်း ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှန်းထားတဲ့ လက်တစ်စုံဟာ ကျွန်မတို့ရဲ့ဘဝတစ်သက်တာမှာ နွေးထွေးမှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုတွေကို မတောင့်တဘဲပေးစွမ်းခဲ့တဲ့ ဖန်ဆင်းရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူးရှင် 👩‍👧‍👦🌸

🌷 ဒါကြောင့် ယနေ့ မေလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ပုခက်လွှဲသောလက်များအားလုံး အသက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေကြောင်း 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 မိသားစုမှ ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင် 🙏💐

#𝐍𝐠𝐰𝐞𝐒𝐚𝐮𝐧𝐠𝐒𝐪𝐮𝐚𝐫𝐞 #𝐢𝐦𝐞𝐩𝐫𝐨𝐩𝐞𝐫𝐭𝐲 #𝐌𝐨𝐭𝐡𝐞𝐫’𝐬𝐃𝐚𝐲

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲) အား လှိုက်လှဲစွာ ကြိုဆိုဂုဏ်...
01/05/2026

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲) အား လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ 👨🏻‍🔧👷🏻‍♂️

တိုးတက်မြင့်မားသော အနာဂတ်ဘဝများကို ဖန်တီးနိုင်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကို အခြေခံကာ ကြိုးစားအားထုတ် လုပ်ကိုင်နေကြသော ကမ္ဘာတစ်ဝန်းရှိ ကာယဝန်ထမ်း၊ ဉာဏဝန်ထမ်း အလုပ်သမားများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း အဆင်ပြေချောမွေ့ကြပါစေကြောင်း 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အဖြစ် ကျရောက်သည့် နေ့ထူးနေ့မြတ်အခါသမယ ဖြစ်ပါသည်။“ဗျာ၊ ဖွား...
30/04/2026

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အဖြစ် ကျရောက်သည့် နေ့ထူးနေ့မြတ်အခါသမယ ဖြစ်ပါသည်။

“ဗျာ၊ ဖွား၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့” ဟူသော မင်္ဂလာရှိသည့် အချိန်အခါတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ညောင်ရေသွန်းပွဲတော်ကို ကျင်းပဆင်နွှဲကြပြီး ဥပုသ်သီတင်းသီလ ဆောက်တည်ကာ ကုသိုလ်ယူလေ့ရှိကြပါသည်။

ဤသို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသည့် အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်းတို့သည် ရေစင်ရေချမ်းကဲ့သို့ ကိုယ်စိတ်နှလုံး အေးချမ်းသာယာကြပြီး ဘေးဘယာအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကဆုန်လပြည့်နေ့

𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞“ဂိမှန်နွေဦး အတာနှစ်ကူးမှာဘေးဘယာဝေးကွာ ကိုယ်ကျန်းမာလို့ရွှင်လန်းချမ်းသာ အောင်ကြောင်းဖြာ𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫...
17/04/2026

𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞

“ဂိမှန်နွေဦး အတာနှစ်ကူးမှာ
ဘေးဘယာဝေးကွာ ကိုယ်ကျန်းမာလို့
ရွှင်လန်းချမ်းသာ အောင်ကြောင်းဖြာ
𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 ရဲ့ တောင်းဆုမင်္ဂလာ”

ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်ကာလသမယမှာ 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 ရဲ့ မိတ်ဟောင်းမိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ကြီးများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#သင်္ကြန်ဆုတောင်း #မြန်မာနှစ်သစ်

𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫! 🎉လူကြီးမင်းများ 𝟐𝟎𝟐𝟔 နှစ်သစ်မှာ ကြံစည်သမျှအောင်မြင်ပြီးစီးပွါးလဘ်လာဘများ တိုးတက်ကာ ပျော်ရွှင်ချမ်းမြေ့ကြ...
01/01/2026

𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫! 🎉

လူကြီးမင်းများ 𝟐𝟎𝟐𝟔 နှစ်သစ်မှာ ကြံစည်သမျှအောင်မြင်ပြီး
စီးပွါးလဘ်လာဘများ တိုးတက်ကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတာင်းလိုက်ရပါတယ်ရှင် ……

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥… 🎅🎄☃️ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အချိန်အခါကာလလေးမှာ ချစ်ခင်သူများနှင့်စုံစည်းနိုင်ပြီး ပျော်ရွှင်...
25/12/2025

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥… 🎅🎄☃️

ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အချိန်အခါကာလလေးမှာ ချစ်ခင်သူများနှင့်
စုံစည်းနိုင်ပြီး ပျော်ရွှင်စရာ အမှတ်တရလေးတွေကို အတူတူ ဖန်တီးနိုင်ကြပါစေလို့ 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 မိသားစု မှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ရှင့်...

🐟🍰 ငါးပေါင်မုန့် Lovers & Sweet Foodies တွေအတွက် Eiko’s Taiyaki ဆိုင်လေး!Ngwe Saung Square Walking Street ကို လျှောက်လာတ...
16/12/2025

🐟🍰 ငါးပေါင်မုန့် Lovers & Sweet Foodies တွေအတွက် Eiko’s Taiyaki ဆိုင်လေး!

Ngwe Saung Square Walking Street ကို လျှောက်လာတာနဲ့ စားချင်ဖွယ်ဖြစ်သွားအောင် အရသာစုံစုံလင်လင်နဲ့ ဆွဲဆောင်နေမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်
Eiko’s Taiyaki ဆိုင်လေးမှာ
🐟 Taiyaki ငါးပုံသဏ္ဌာန်မုန့် ကို အပြင်က crispy နည်းနည်း၊ အတွင်းက soft & warm
🧁 ထဲမှာထည့်စရာ Filling မျိုးစုံ — Red bean, Custard, Chocolate, Strawberry, Blueberry
🍦 အထူးသဖြင့် Ice Cream + Taiyaki combo လည်း
ကမ်းခြေည နဲ့ ပေါင်းလိုက်တာ အရမ်း Perfect ဖြစ်စေမှာပါရှင့်
မိသားစုကလည်း ချိုချိုစားချင်တာရှိတယ်၊
သူငယ်ချင်းတွေက Ice Cream craving ဖြစ်တယ်ဆိုရင်
Eiko’s Taiyaki ဆိုင်လေးကနေ အကုန်လုံးကို ဖြည့်စည်းပေးသွားမှာနော်

✨ မိသားစုတွေ, သူငယ်ချင်းတွေနှင့်အတူ ပျော်ပျော်ပါးပါး ကစားပြီး ဗိုက်ဆာလာတဲ့ချိန်မှာ 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 ကိုသာ သတိရလိုက်ပါနော်🐟🍦🌊

မြန်မာဟင်းပဲ စားချင်တဲ့ Foodies တွေအတွက် ရွှေယင်းမာ ဆိုင်လေး ရှိနေပြီနော် 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 မှာ ညနေခင်း လ...
05/12/2025

မြန်မာဟင်းပဲ စားချင်တဲ့ Foodies တွေအတွက် ရွှေယင်းမာ ဆိုင်လေး ရှိနေပြီနော်

𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 မှာ ညနေခင်း လမ်းလျှောက်ရင်း စုံလင်တဲ့ အရသာတွေကို ပေးစွမ်းနိုင်မယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်၊ ပင်လယ်စာအပြင် မြန်မာဟင်းမန့်တစ်ပွဲကောင်းကောင်း စားချင်သူတွေအတွက်လည်း လာရောက်မြည်းစမ်းလို့ ရနေပြီနော်

မြန်မာအစားအစာတွေ ရရှိနိုင်မယ့် ရွှေယင်းမာ ဆိုင်မှာ
🦐 သန့်ရှင်းလတ်ဆက်တဲ့ ပင်လယ်စာ စုံစုံလင်လင်
🍛 မြန်မာဟင်း အနံ့အသက်အပြည့်အဝ ခံစားနိုင်မယ့် ဟင်းလျာတွေနဲ့
🥗 တို့စရာများစွာနဲ့ ထမင်းမြိန်စေမှာပါနော်

မိသားစုတွေနှင့်အတူ ပျော်ပျော်ပါးပါး ကစားပြီး ဗိုက်ဆာလာတဲ့ချိန်မှာ 𝐍𝐠𝐰𝐞 𝐒𝐚𝐮𝐧𝐠 𝐒𝐪𝐮𝐚𝐫𝐞 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 ကိုသာ သတိရလိုက်ပါနော်

Address

Hotel Zone Road, Ngwe Saung

10271

Opening Hours

Monday 08:30 - 22:00
Tuesday 08:30 - 22:00
Wednesday 08:30 - 22:00
Thursday 08:30 - 22:00
Friday 08:30 - 22:00
Saturday 08:30 - 22:00
Sunday 08:30 - 22:00

Website

Alerts

Be the first to know and let us send you an email when Ngwe Saung Square By IME Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Realtor/realty Service?

Share