Naypyitaw 99 Real Estate & General Services

Naypyitaw 99 Real Estate & General Services နေပြည်တော် 99 အိမ်ခြံမြေနှင့်အထွေထွေ

SIM Card မှတ်ပုံတင်ဖို့..အခက်အခဲ ဖြစ်နေကြပြီလားဒါဆိုရင်တော့ အိမ်မှာနေပြီး တင်ဖို့အတွက် Video Link လေးတွေ ချပေးထားပါတယ်အာ...
05/01/2023

SIM Card မှတ်ပုံတင်ဖို့..
အခက်အခဲ ဖြစ်နေကြပြီလား
ဒါဆိုရင်တော့ အိမ်မှာနေပြီး တင်ဖို့အတွက် Video Link လေးတွေ ချပေးထားပါတယ်
အားလုံးပဲ အဆင်ပြေပြေနဲ့ မှတ်ပုံတင်နိုင်ကြပါစေ...

MPT Sim Card မှတ်ပုံတင်နည်း
https://www.youtube.com/watch?v=NETr1313kLM

MEC Sim Card မှတ်ပုံတင်နည်း
https://www.youtube.com/watch?v=Ae1k3ydpdZo

Ooredoo Sim Cardမှတ်ပုံတင်နည်း
https://www.youtube.com/watch?v=Eu4AdZNuKcU

Mytel Sim Card မှတ်ပုံတင်နည်း
https://www.youtube.com/watch?v=JIb-nvfFcFQ

Telenor Sim Card မှတ်ပုံတင်နည်း
https://www.youtube.com/watch?v=b8xDX6Syb8Y

လယ်ယာမြေကို တရား၀င်မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူရန် မည်သို့ဆောင်ရွက်ရမလဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြော...
02/06/2022

လယ်ယာမြေကို တရား၀င်မှတ်ပုံတင်စာချုပ်ဖြင့် ၀ယ်ယူရန် မည်သို့ဆောင်ရွက်ရမလဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းလျှင် ဘာတွေလိုအပ်မလဲ။

လယ်ယာမြေကို ၀ယ်ယူမည်ဆိုလျှင် ရှေးဦးစွာ သက်ဆိုင်ရာမြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။မြေစာရင်းပုံစံ- ၁၀၅/၁၀၆ ရရှိပါက ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ မူရင်းအား ပြသ၍ ယာယီစာချုပ်ချုပ်ဆိုရပါမည်။

ယာယီစာချုပ်ချုပ်ဆိုပြီး နောက် လယ်ယာမြေတန်ဖိုးကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့က တင်ပြရမည်ဖြစ်ပြီး အဆိုပြုတင်ပြလာသော လယ်ယာမြေ၏ တစ်ဧက ဒေသပေါက်စျေးနှုန်းထားအား မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုမည်ဖြစ်ပါသည်။

ထိုသို့ အတည်ပြုပေးလိုက်သည့် လယ်ယာမြေတန်ဖိုးအပေါ် ၀ယ်ယူခွန်အဖြစ် ၂၀၁၉ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပအေရ အောက်ပါအတိုင်းပေးဆောင်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန် အဖြစ် လယ်ယာမြေတန်ဖိ်ုးအပေါ် ၄% ပေးဆောင်ရမည်ဖြစ်ပါသည်။

၁ကျပ် မှ သိန်းတစ်ထောင် အထိ ၃%

သိန်းတစ်ထောင့်တစ်ကျပ် မှ သိန်းသုံးထောင် အထိ ၅%

သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းတစ်သောင်း အထိ ၁၀%

သိန်းတစ်သောင်းတစ်ကျပ် မှ သိန်းသုံးသောင်း အထိ ၁၅%

သိန်းသံုံးသောင်းတစ်ကျပ်နှင့် အထက် ၃၀ %

ထိုသို့ပေးဆောင်ခြင်းအား သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ပါသည်။ မြို့နယ်အခွန်ရုံးမှ ၀ယ်ယူခွန်ပေးဆောင်ထားသည့် အထောက်အထားအဖြစ် ပုံစံ-(၀င-၈) ပြန်လည်ထုတ်ပေးပြီး တံဆိပ်ခေါင်းခွန်အတွက် သတ်မှတ်ပေးသွင်းရသည့်တန်ဖိုးနှင့်ညီညွတ်သော တံဆိပ်ခေါင်းကို ပြန်လည်ထုတ်ပေးပါသည်။

မြို့နယ်အခွန်ရုံးမှ ထုတ်ပေးသည့် တံဆိပ်ခေါင်းပေါ်တွင် စာချုပ် ရေးသား၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇မူရင်းအား ပြသ၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၇ အား အမည်ပြောင်း ရန်အတွက် မြို့နယ်မြေစာရင်းရုံးတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးရပါမည်။

မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရေးကူးပြီးပါက မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တွင် ပုံစံ-၉လျှောက်လွှာနှင့်အတူအောက်ပါတို့ကို တင်ပြလျှောက်ထားရမည်။

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊

- မူလလုပ်ပိုင်ခွင့်ရသူထံမှ လျှောက်ထားသူအား ရောင်းချထားသည့် မှတ်ပုံတင်စာချုပ်မူရင်း၊

- မူလလုပ်ပိုင်ခွင့်လက်မှတ်ရရှိခဲ့သူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်မူရင်း၊

- မြို့နယ်မြေစာရင်းရုံးမှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် မြေစာရင်းပုံစံ-၁၀၅/၁၀၆မူရင်း စသည့်အထောက်အထားများဖြင့် လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအထောက်အထားများဖြင့် လျှောက်ထားပြီးပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေနည်းဥပဒေပုဒ်မ- ၂၅၊ ၂၆၊ ၂၇၊ ၂၈ ပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

လယ်ယာမြေလုပ်ပိုင်လက်မှတ်အမည်ပြောင်းလဲခြင်းအား ခွင့်ပြုပါက မူလကထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ မူရင်းနှင့် ပူးတွဲပါရှိသော သက်သေခံမြေပုံမူရင်းများအား မှင်နီဖြင့် ̏ ဖြတ်သိမ်းကြောင်း ̋ ထင်ရှားစွာရေးသားပြီး သက်ဆိုင်ရာလုပ်ငန်းစာတွဲတွင် ပူးတွဲထိန်းသိမ်းထားရှိမှာဖြစ်ပါသည်။

ထို့နောက် လျှောက်ထားသူအား လယ်ယာမြေလုပ်ပိုင်လက်မှတ်ပုံစံ-၇ အမည်ပြောင်းလဲထုတ်ပေးပြီး ထုတ်ပေးပြီးကြောင်းကို ရပ်ကွက်/ကျေးရွာလယ်ယာစီမံခန့်ခွဲမှုအဖွဲ့တွင် မှတ်တမ်းတင်သိမ်းဆည်းရန် မိတ္တူပေးပို့ပါသည်။

အထက်တွင်ဖော်ပြထားသည့်နည်းလမ်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် လယ်ယာမြေကို တရား၀င်၀ယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊ လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။

Credit: iMyanmarHouse.com

အိမ်ခြံမြေဝယ်မယ်ဆိုရင်မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် အောက်ဖော်ပြပ...
21/05/2022

အိမ်ခြံမြေဝယ်မယ်ဆိုရင်

မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊
ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။

(၁) ဝယ်ယူမည့် မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကို အရင်စစ်ရပါမည်။
၄င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့်( နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင် သွားရောက်စစ်ဆေးရန်ဖြစ်သည်။

(၂) ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာရပါမည်။

(၃) ကန့်ကွက်သူမရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန်ဖြစ်ပါသည်။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန်ဖြစ်သည်။

(၄) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူမရှိစေရပါ။ ( ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှ ကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ်။

(၅) ကျူးကျော်နေထိုင်သူတွေဖယ်ပြီးပါက ငွေကျန်ချေပြီးရင် မြေကွက်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန်ပေးရမယ်နော်ဟု ပြောရပါမယ်။ ( ဥပမာ- အဝိစိတွင်းတူးပါမစ်၊ ပါဝါမီတာ စတာမျိုးတွေဖြစ်ပါတယ်) ( စာရွက်စာတမ်းမူရင်းစာတမ်းအားလုံးကို တောင်းယူရန်ဖြစ်သည်။)

(၆) ၄င်းနောက် မြေရှင်က အက်စ်ပီ( အထူးကိုယ်စားလှယ်လွှဲစာ) ပေးရမည်ဟုပြောပါ၊ ကိုယ်စားလှယ်လွှဲစာတွင် ဝယ်ယူမည့်မြေကွက်နှင့်ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်းပါရှိရပါမည်။

(၇) ဝယ်ယူမည့်မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထားပေးပါဟုပြောရပါမည်။

(၈) ၄င်းနောက် ငွေအကြေချေသည့် စာချုပ်ပါ၊၊ အထက်ကပြောခဲ့သည့် စာရွက်စာတမ်းများ အားလုံးကိုရယူပါ။ မြေကွက်ကို လက်ရောက်ရယူပါ။

(၉) မပြီးသေးပါ၊ မိမိဝယ်ယူမည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် စံနှုန်းများ၊ အဆောက် အအုံများပါရှိပါက အဆောက် အအုံအမျိုးအစားအလိုက် သတ်မှတ်သည့် စံနှုန်းများ( တစ်ပေလျှင် မည်မျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။

(၁၀) ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများကို အိမ်ခြံမြေတည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ်ရုံးက မိမိတန်ဖိုးသတ်မှတ်ထားသည့် နှုန်းထားဖြင့် အရောင်းအဝယ်စာချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် တင်ပြပါက သူက အထက်အဆင့်ဆင့်ရုံးများသို့ဆက်လက် တင်ပြသွားမည်ဖြစ်ပါသည်။

(၁၁) ကျသင့်ငွေ တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း
အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့် ဝင်ငွေရလမ်းအထောက်အထားများ တင်ပြပြီး ဝင်ငွေ ခွန်စိစစ်မှု ကို ခံ ယူရန်လိုအပ်ပါသည်။ စည်းကြပ်မှု လွှတ်ကင်းနေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည်။

(၁၂) မြန်မာနိုင်ငံတစ်ှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်ခြံမြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ( စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်းဆောင်ရပါမည်။

(၁၃) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ပေးထားသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံတို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ ( မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာထမ်းဆောင်ရမည်ဖြစ်ပါသည်။)

(၁၄) ငွေသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း/ မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်းထုတ်ယူရပါမည်။

(၁၅) အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ပတခ (ဝင) - ၈ နှင့် အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန်ချလံ ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍ စာချုပ်စာတမ်းများကို မှတ်ပုံတင်ကြရပါမည်။

အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်ဖြစ်ပါသည်။ နောက်မှ အမည်ပေါက်ပြောင်းတာ ဘာညာတွေကို လုပ်စရာရှိပါသေးသည်။ ဤမျှလောက်ဆိုလျှင် အတော်အသင့် သိသင့်ပြီဟုထင်ပါသည်။

​ရေးသူ။ ဆရာကြီးမိုးထက်( ၂၉.၁၁.၂၀၂၀) ရက်နေ့ ညနေ(၅) နာရီ

ကိုးကား-
- ကွယ်လွန်သူ အိမ်ခြံမြေအကျိုးဆောင် ဆရာကြီးဦးကြည်စိုး( အိုင်စီ) ၏ သင်ကြားပို့ချမှုများ ( ဆရာကြီးကို ဦးညွှတ်လျှက်)

- ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းစဉ်များ ထုတ်ပြန်ချက်

မင်္ဂလာနံက်ခင်းပါ။ကဆုန်လပြည့်နေ့မှာ မြတ်ဗုဒ္ဓနောက်ဆုံးမိန့်မှာခဲ့တဲ့ “အပ္ပမာဒေန သမ္ပာဒေထ”အဆုံးအမတော်နှင့် မေတ္တာပြုပါတယ်...
14/05/2022

မင်္ဂလာနံက်ခင်းပါ။
ကဆုန်လပြည့်နေ့မှာ မြတ်ဗုဒ္ဓနောက်ဆုံးမိန့်မှာခဲ့တဲ့
“အပ္ပမာဒေန သမ္ပာဒေထ”အဆုံးအမတော်နှင့် မေတ္တာပြုပါတယ် 🙏🙏🙏

▪️ Goat is stilll Goatဒီနေ့ပွဲအပြီး စံချိန်တွေ ချိုးဖျက်လိုက်ပြန်တဲ့ ရော်နယ်ဒိုစပါးစ် ကို ဟက်ထရစ်သွင်းပြီး နိုင်ပွဲ ရယူပ...
14/03/2022

▪️ Goat is stilll Goat

ဒီနေ့ပွဲအပြီး စံချိန်တွေ ချိုးဖျက်လိုက်ပြန်တဲ့ ရော်နယ်ဒို

စပါးစ် ကို ဟက်ထရစ်သွင်းပြီး နိုင်ပွဲ ရယူပေးခဲ့တဲ့ ရော်နယ်ဒို ဟာ ပွဲအပြီးမှာတော့ စံချိန်တွေ တသီကြီး ရရှိသွားခဲ့ပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံ နဲ့ ကလပ်အသင်းအတွက် သွင်းဂိုး ၈၀၇ ဂိုးနဲ့အတူ
သူ့ထက်ဂိုးပိုသွင်းနိုင်တဲ့သူမရှိတော့ပါ။

ဒါ့အပြင် အသင်းအနိုင်ရစေမယ့် အနိုင်ဂိုးဟာလည်း ၂၅၇ ဂိုး ရှိလာရာ ဘယ်ကစားသမားမှ သူ့ထက် အနိုင်ဂိုး ပိုသွင်းပေးမထားနိုင်ပါဘူး။

ကစားသမား ဘဝတစ်လျှောက် ဟက်ထရစ်အကြိမ်ရေ ၅၉ ကြိမ်ကလည်း အားလုံးထက် သာလွန်နေတဲ့အချက် ဖြစ်နေပါတယ်။

ကဲ...Goat is stilll Goat ပါဗျာ..

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပ...
19/01/2022

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊
၄င်းတို့မှာ-
(၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊
(၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး( ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း( အမည်လည်းပြောင်းမည်၊ သက်တမ်းလည်းတိုးမည်။)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း ( ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်းလျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း( ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း)
(၈) တောမှ မြို့ပြောင်းလျှောက်ထားခြင်း( ယခင် ပုသိမ်ကြီးမြို့နယ် နှင့် အမရပူရမြို့နယ်ပြင်ပရှိမြေတို့ကို ထုတ်ပေးထားသည့် တောဂရန်မြေ များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်းကျရောက်လာသဖြင့် တောဂရန်မြေမှ မြို့ဂရန်မြေအဖြစ်လျှောက်ထားခြင်း)
(၉) တောမှ မြို့ပြောင်း၊ အမည်ပြောင်း ( တောဂရန်မြေမှ မြို့ဂရန်မြေအဖြစ်ပြောင်းလဲခြင်းအပြင် အမည်ပါပြောင်းလဲပေးရန် လျှောက်ထားခြင်း)
ဟူ၍ ဂရန်လျှောက်ထားနည်း အမျိုးမျိုးရှိကြပါသည်။
# လျှောက်ထားနိုင်သူများ #
$ အမည်ပေါက်ကိုယ်တိုင် (သို့မဟုတ်)
$ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ဖြင့် ဆက်စပ်ပိုင်ဆိုင်သူ
# လျှောက်လွှာပုံစံ
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။
ဥပမာ- မဟာရန်ကုန်မြို့တော်တွင် ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံ ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း အလားတူ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည်။
# လျှောက်ထားရမည့် ကာလ #
ဂရန်သက်တမ်းကုန်ဆုံးရန် (၃) လအလိုကပင် လျှောက်ထားနိုင်ပါသည်။
# ဂရန်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြောညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုခင်းဖြစ်ပွားသည့် မြေအမျိုးအစားဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ (၁၀၆)၊
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အအုံဓာတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ၊
(၁၀) အမည်ပေါက်၊ အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။
# ကြာမြင့်ချိန်- #
မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာတွင် ကြော်ငြာပြီး၊ ကန့်ကွက်သူမရှိ၊ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိပါက (၁) လအတွင်း ဂရန်လျှောက်ထားမှုကို ရနိုင်ပါသည်။
ဆရာကြီးမိုးထက် ( ၉.၇.၂၀၂၁) ရက်နေ့၊ နေ့လည် (၁၁) နာရီ (၁၇) မိနစ်

အဲ့လို
08/12/2021

အဲ့လို

 #နောက်လူတွေအလိမ်မခံရအောင်ရှဲပေးကြရအောင်ဗျာ😢အမတယောက်က တင်ပေးပါဆိုလို့ပါရှင်🙏😥ပြင်ဦးလွင်မှာ မြေဝယ်ထားသူများ သတိထားနိုင်ရန...
14/10/2021

#နောက်လူတွေအလိမ်မခံရအောင်ရှဲပေးကြရအောင်ဗျာ😢

အမတယောက်က တင်ပေးပါဆိုလို့ပါရှင်🙏😥
ပြင်ဦးလွင်မှာ မြေဝယ်ထားသူများ သတိထားနိုင်ရန်
မနေ့က ရေငယ်ရွာမှ မဟာအံ့ထူးကံသာ
ဘုရားကြီးဘက်သို့သွားသော လမ်းတလျှောက်

ဘုရာကြီးအထိ လမ်းဘေးမြေများကို
သစ်တောမြေဖြစ်သဖြင့် ဝင်ရောက် မကျူးကျော်ရ
ဆိုပြီး စာများကပ်သွားပါတယ်။

ဆောက်လုပ်နေသောအိမ်မှ
အလုပ်သမားများကိုပါ ဖမ်းသွားပါတယ်။
အုတ်တံတိုင်း ခတ်ထားသော
အကွက်တိုင်းကို စာကပ်သွားပါပြီ။

ဝယ်ထားတဲ့ အကွက်ပိုင်ရှင်တွေ
သိရအောင် ရေးရတာပါ။

ယခင်နှစ်တုန်းက ဆိုင်းဘုတ်အနီထောင်ပြီး
သစ်တောမြေ မကျူးကျော်ရဆိုပြီး
သတိပေးခဲ့ဖူးပါတယ်။

အကွက်ရိုက် ရောင်းတဲ့လူတွေက
အဝေးကလူတွေကို စျေးပေါပေါ
သိန်း ၄၀/ ၅၀/ ၆၀မှ စပြီး စျေးအမျိူးဖြင့်
ရောင်းချရာ အဝေးကနေဝယ်တဲ့ လူတွေကို
ရွာမြေလို့ပြောပြီး ရောင်းပါတယ်။

ပုံစံ၁၀၅ ကျပြီးဆိုပြီး စျေးခေါ် ပါတယ်။
၁၀၅ ဆိုတာသီးနှံအခွန်စည်းကြပ်သည့်
မြေပုံစံသာဖြစ်ပါတယ်။

တနည်းအားဖြင့် စိုက်ပျိူးသီးနှံအတွက်
အခွန်စည်းကြပ်ခြင်းသာ ဖြစ်ပါတယ်။

လူနေခွင့်၊ အိမ်ဆောက်ခွင့် (လုံးဝ) မပေးပါ။
အခုတော့ မနေ့က ဘုရားကြီးနား
ရေငယ်မှစပြီး အရေးယူနေပါပြီ။

နောက်တခု DSTA ကို လျှော့တိုက်ဒုံးဖြင့်
ပစ်ခဲ့သော တောင်ကုန်းသည် ယခုအခါ
လောဘတိုက်သူ၊ မသိနားမလည်သူတို့က
လူနေအိမ်ခြေများ အပြည့်ဆောက်နေကြပါသည်။

သစ်တောမြေများဖြစ်၍ ဖယ်ရှားရန်
စာများ မကြာမှီ လာပါတော့မယ်။

စမိုင်းကုန်းလို့ ထင်ရှားသောနေရာမှာလည်း
မကြာမှီ အရေးယူတော့မည်ဟု ကြားသိရပါသည်။

အထူး သတိပေးလိုသည်က အကွက်ရိုက်
ထားပြီး ရပ်ကွက်လူကြီးများဖြင့် စာချုပ်
ချုပ်ထားသော မြေများသည်လည်း
သစ်တောမြေ ဖြစ်နေပါက ဆုံးရှုံးနိုင်ပါတယ်။

မြေရောင်းသူများက ရွာမြေဟု ပြောလျှင်လည်း
မြေစာရင်းမှာ အရင်စစ်ပြီးမှ အရောင်းအဝယ်လုပ်ပါ။

သစ်တောမြေ၊ ကော်ဖီမြေ၊ ပိုးစာမြေ
အားလုံးသည် အရောင်းအဝယ် လုပ်ပိုင်ခွင့် မရှိပါ။

သီးနှံ မစိုက်ပျိုးနှိုင်ပါက အစိုးရထံ
ပြန်လည် အပ်နှံရမည် ဖြစ်ပါသည်။

အကွက်ရိုက်၊ ရွာမြေ စသည်တို့ကို သေချာ
စစ်ဆေးပြီးမှ ဝယ်ကြပါရန် စေတနာဖြင့်
သတိပေး အသိပေးဖော်ပြအပ်ပါတယ်ခင်ဗျာ...။

Credit မူရင်းဝေမျှပေးသူ
Photo credit

ကောင်းစားစေချင်လို့ဆိုပြီးလူကြားထဲမှာအရှက်ခွဲခဲ့တဲ့လူတချို့ရယ်ခင်လို့စတာပါဆိုပြီးအားနည်းချက်ကိုလှောင်ပြောင်ခဲ့တဲ့လူတချို...
22/09/2021

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကိုလှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာနင့်ကိုအခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ရင်ဝကိုရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက်ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကိုရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာအဲ့လိုလူတွေနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်းပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာမဆန်းပါဘူး

ကျနော်အပေါ်ယံတွေကိုတကယ်မုန်းတယ်



်းပညာ

်းပညာ
.cb.🔜.Link 🔜🔜 .m.me/aungn0

10/09/2021
18/07/2021

Address

No. (1/125), Padauk (3)st, No. (1) Quarter, KyidaungKan, Pobbathiri Township, Naypyitaw
Kyidaunggan
001

Telephone

+959429589996

Website

Alerts

Be the first to know and let us send you an email when Naypyitaw 99 Real Estate & General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naypyitaw 99 Real Estate & General Services:

Share

Category