Mercy Charity

Mercy Charity care and sharing
သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးခြင်းလုပ်ငန်း ဦးတည်လုပ်ဆောင်ရန်

08/01/2026

နှစ်သစ်ရောက်ပီ မာစီကဆက်ရှင်သန်ရမယ်။ သက်ကြီးရွယ်အိုတွေတွေ့ရင် ကူညီနိုင်သလောက်ကူညီကြမယ်။ သဘာဝဘေးဆိုတာလည်း အချိန်မရွေးကြုံနိုင်တာမို့ ဆက်လှုပ်ရှားကြမယ်နော်။ ဆောင်ရွက်ပြီးတာတွေရော ဆက်လုပ်မယ့် လုပ်ငန်းအကြောင်းတင်ပြသွားပါမည်။
မိုင်းယုကအဖွဲဝင်တော့ လာထည့်ထားကြပြီနော်။

17/07/2025

လူပီသဖို့ လူလူချင်းကိုယ်ချင်းစာတတ်ဖို့ပဲလိုပါတယ်။

လောကမှာ ခဏတာရှင်သန်ခွင့်ရချိန်မှာ နိုင်ရာဝန်ထမ်းကာ ကူညီပေးကြဖို့မမေ့ပါနှင့်။ တယောက်အားနဲ့မလုပ်နိုင်ပေမယ့် အဖွဲ့တွေရဲ့ပူး...
03/06/2025

လောကမှာ ခဏတာရှင်သန်ခွင့်ရချိန်မှာ နိုင်ရာဝန်ထမ်းကာ ကူညီပေးကြဖို့မမေ့ပါနှင့်။
တယောက်အားနဲ့မလုပ်နိုင်ပေမယ့် အဖွဲ့တွေရဲ့ပူးပေါင်းမှုဖြင့် လုပ်နိုင်တာလေးလုပ်ကြရအောင်။
သမီးလေးအမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပါတယ်။
ဒါနဲ့အဖွဲ့သားတို့ အသင်းဝင်ကြေးလေးထဲ့ကြပါရန် နှိုးဆော်ရင်း ပါဝင်ပေးလှူခဲ့ကြသောသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

22/05/2025

အငယ်ဆုံးသောသူအားပြုသမျှ ငါ့အားပြုကြပြီဆိုတဲ့သခင့်စကားကို အောက်မေ့ကြစို့ ဒီလထဲမှာ ချစ်ရသောအဖွဲ့ဝင်များရဲ့ နှစ်စဉ်ကြေးတွေနဲ့သီးခြားပေးလှူလာတဲ့အလှူငွေကို ချို့တဲ့ကလေးတစ်ဦးရဲ့ခွဲစိပ်
ကုသမှုမှာပါဝင်ပေးရန်ရှိပါ‌တယ်။
အသင်းဝင်ကြေးပြန်ထဲ့ပေးခြင်းနှင့်အတူ နိုင်ရာဝန်ကိုကူထမ်းပေးရန်နှိုးဆော်အပ်ပါတယ်။

နိုင်ရာဝန်ထမ်းရင်း ပါဝင်ပေးလှူကြသောမိတ်ဆွေများ မိုင်းယုတပည့်တော်စု အသင်းသူအသင်းသားများနှင့် Mercy ကူညီရေးအဖွဲ့ဝင်များအား...
09/04/2025

နိုင်ရာဝန်ထမ်းရင်း
ပါဝင်ပေးလှူကြသောမိတ်ဆွေများ မိုင်းယုတပည့်တော်စု အသင်းသူအသင်းသားများနှင့် Mercy ကူညီရေးအဖွဲ့ဝင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
မြန်မာပြည်ကြီးလည်း အမြန်ငြိမ်းချမ်းပါစေ
ဘေးဒဏ်ခံနေရသူများအားလုံးလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။

စဥ်းစားကြည့်တယ် တစ်နေ့ငါလည်း ဒီအရွယ်ရောက်ရအုံးမယ်လို့လေ။နေ့စဥ်လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းသောအမှုတွေကို တစ်ဦးတည်းမလုပ်နိ...
28/06/2024

စဥ်းစားကြည့်တယ် တစ်နေ့ငါလည်း ဒီအရွယ်ရောက်ရအုံးမယ်လို့လေ။
နေ့စဥ်လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းသောအမှုတွေကို တစ်ဦးတည်းမလုပ်နိုင်ရင်တောင် စိတ်မကောင်းမဖြစ်ပါနဲ့ ငါတို့အတူလုပ်ဆောင်လို့ရတာရှိတယ်လေ။ နိုင်ရာဝန်ထမ်းတတ်တဲ့ စိတ်ထားလေးနဲ့ ဆက်လက်ပြီး ပါဝင်ပေးကြပါ
အဖွဲ့သားအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်။

နေရတဲ့ခဏ အကျိုးရှိစေတဲ့အရာတွေလုပ်ကြမယ်ကလေးတွေကိုလည်းပြုစုရင်း သက်​ကြီးရွယ်အိုများကိုလည်း ဘယ်လိုပြုစုရမလဲဆိုတာ တို့အဖွဲ့သ...
12/01/2024

နေရတဲ့ခဏ အကျိုးရှိစေတဲ့အရာတွေလုပ်ကြမယ်
ကလေးတွေကိုလည်းပြုစုရင်း သက်​ကြီးရွယ်အိုများကိုလည်း ဘယ်လိုပြုစုရမလဲဆိုတာ တို့အဖွဲ့သားများ သင်ယူကာ ပြင်ဆင်ထားကြမယ်။

၁၀ နှစ်စီမံကိန်းဆိုပေမယ့် မိတ်ဆွေတို့၏ပူးပေါင်းပါဝင်မှုဖြင့် ၁၀ နှစ်မပြည့်ခင်မှာတောင် နယ်စွန်နယ်ဖျားမှာ ဘိုးဘွားရိပ်သာဖြ...
09/04/2023

၁၀ နှစ်စီမံကိန်းဆိုပေမယ့် မိတ်ဆွေတို့၏ပူးပေါင်းပါဝင်မှုဖြင့် ၁၀ နှစ်မပြည့်ခင်မှာတောင် နယ်စွန်နယ်ဖျားမှာ ဘိုးဘွားရိပ်သာဖြစ်ဖြစ် မိဘမဲ့ကျောင်းဖြစ်ဖြစ် ရှိလာမယ်လို့ယုံကြည်မျော်လင့်သကဲ့သို့ လုပ်နိုင်တဲ့အတိုင်းအတာထိ တဖြည်းဖြည်း အကောင်အထည်ဖော်နေကြောင်းအသိပေးအပ်ပါသည်။

မိုင်းယောင်းနယ် ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ နယ်ရုံးအဆောက်အဦးတွင် နေထိုင်လျက်ရှိကြသော အတည်ပြုလူနာ လေးဦးအတ...
12/09/2021

မိုင်းယောင်းနယ် ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ နယ်ရုံးအဆောက်အဦးတွင် နေထိုင်လျက်ရှိကြသော အတည်ပြုလူနာ လေးဦးအတွက် နံနက်အစာပြေကို ပို့ပေးခဲ့ပါသည်။
အဖွဲ့အင်အား မတောင့်သေးသောကြောင့် နိုင်တာလေး
သေးသေးနဲ့သာလုပ်ဆောင်ခြင်းပါ။
သေးငယ်သောအမှုဖြစ်ပေမယ့် မေတ္တာအပြည့်မို့ စားသုံးရင်း ခွန်းအားပြည့်လျက် အမြန်ဆုံး ကျော်လွားနိုင်ကြပါစေ။
အဖွဲ့ကိုယ်စားပို့ပေးသူကိုလည်းကျေးဇူးတင်ပါတယ်။

မာစီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က အဓိကရည်ရွယ်ချက်မှာ ဆယ်နှစ်အတွင်းဘိုးဘွားရိပ်သာ သို့မဟုတ်သက်ကြီးရွယ်အို သားသမီးမရှိ ကြောထော...
07/09/2021

မာစီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က အဓိကရည်ရွယ်ချက်မှာ ဆယ်နှစ်အတွင်းဘိုးဘွားရိပ်သာ သို့မဟုတ်
သက်ကြီးရွယ်အို သားသမီးမရှိ ကြောထောက်နောက်ခံမရှိသောသူများအား ပြုစုကူညီပေးသည့် လုပ်ငန်းများလုပ်ဆောင်ရန်အတွက် အသင်းဝင်တစ်ဦးလျှင် တစ်လ ၁၀၀၀ ကျပ်ထဲ့ဝေပြီးရံပုံငွေထောင်ခဲ့သည်မှာ
တစ်နှစ်ကျော်ရှိလာပါပြီ။
လက်ရှိဖြစ်ပေါ်နေသော covid 19 ကာကွယ် တားဆီးရေးလုပ်ငန်းများကို ရှေ့တန်းကနေ မကူညီနိုင်သောကြောင့် ရှေ့ကနေဦးဆောင်ပေးနေသည့် မိုင်းယောင်းမြို့ကြက်ခြေနီအသင်းနှင့် မိုင်းယောင်းနယ် ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ covid ကော်မီတီအတွက် အနည်းငယ်သော မေတ္တာပြ အလှူငွေထဲ့ဝေပေးခြင်းဖြင့်ပါဝင်ခွင့်ရခဲ့ပါတယ်။
covid လူနာအားလုံးအမြန်ဆုံး ကျန်းမာပါစေ
ရှေ့တန်းကနေ ဦးဆောင်နေသောသူအားလုံး
ကျန်းမာပြီး ပို၍လုပ်ဆောင်နိုင်ပါစေ
အဖွဲ့သားအားလုံးလည်းကျန်းမာပါစေ။

Address

Möng Yawng

Telephone

+959670377770

Website

Alerts

Be the first to know and let us send you an email when Mercy Charity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mercy Charity:

Shortcuts

Share