Ma Aaye Chit

Ma Aaye Chit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Aaye Chit, Magway.

OMAD (One Meal A Day) သည် ဦးနှောက်ကျန်းမာရေးကို တိုးတက်စေသည်ဟူသော အဆိုအပေါ် Evidence-Based Medicine ရှုထောင့်မှ ဝေဖန်သုံ...
28/07/2026

OMAD (One Meal A Day) သည် ဦးနှောက်ကျန်းမာရေးကို တိုးတက်စေသည်ဟူသော အဆိုအပေါ် Evidence-Based Medicine ရှုထောင့်မှ ဝေဖန်သုံးသပ်ခြင်း

OMAD (One Meal A Day) သည် အချိန်ကန့်သတ်စားသောက်ပုံစံ (Time-Restricted Eating) တစ်မျိုးဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချခြင်း၊ အင်ဆူလင်တုံ့ပြန်မှု (Insulin Sensitivity) ကောင်းမွန်လာခြင်းနှင့် သွေးတွင်းဂလူးကို့စ် (Blood Glucose) ထိန်းချုပ်မှု တိုးတက်လာနိုင်ကြောင်း သုတေသနအချို့တွင် တွေ့ရှိထားသည်။ သို့သော် ယင်းတွေ့ရှိချက်များကို "ဦးနှောက်ကျန်းမာရေး တိုးတက်လာသည်" ဟု တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူ၍ မရပေ။

ဆေးပညာတွင် Brain Health သည် စိတ်ခံစားချက်ကောင်းမွန်မှု (Emotional Well-being) သို့မဟုတ် စိတ်အေးချမ်းမှု (Mental Calmness) တစ်ခုတည်းကို မဆိုလိုပါ။ ၎င်းတွင် မှတ်ဉာဏ် (Memory)၊ သင်ယူနိုင်စွမ်း (Learning Ability)၊ အမှုဆောင်လုပ်ငန်းဆောင်တာများ (Executive Function)၊ အာရုံစူးစိုက်နိုင်မှု (Attention) နှင့် အာရုံကြောဆဲလ်များ၏ လုပ်ဆောင်နိုင်စွမ်း (Neuronal Function) တို့ ပါဝင်သည်။ ထိုအချက်များကို Neuropsychological Tests၊ Brain Imaging နှင့် အခြားဆေးပညာဆိုင်ရာ စမ်းသပ်မှုများဖြင့်သာ အကဲဖြတ်နိုင်သည်။

ထို့ကြောင့် လူတစ်ဦးသည် OMAD လိုက်နာပြီး စိတ်အေးချမ်းလာခြင်း၊ အလုပ်လုပ်ရာတွင် အာရုံပိုစူးစိုက်လာခြင်း သို့မဟုတ် ကိုယ်တိုင် ပိုမိုလန်းဆန်းသည်ဟု ခံစားရခြင်းသည် Subjective Experience ဖြစ်ပြီး ဦးနှောက်၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များ တိုးတက်လာကြောင်းကို သက်သေမပြနိုင်ပေ။

ထို့အပြင် လူသိများသူတစ်ဦး၏ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံ၍ OMAD ၏ အကျိုးသက်ရောက်မှုကို သက်သေပြရန် ကြိုးစားခြင်းသည် Anecdotal Evidence အဆင့်သာ ဖြစ်သည်။ Evidence-Based Medicine တွင် ယင်းအထောက်အထားအမျိုးအစားသည် အထောက်အထားအဆင့် (Level of Evidence) နိမ့်သော အမျိုးအစားဖြစ်ပြီး လူဦးရေများစွာ ပါဝင်သော Randomized Controlled Trials၊ Systematic Reviews နှင့် Meta-analyses တို့မှ ရလဒ်များထက် ယုံကြည်စိတ်ချရမှု နည်းပါးသည်။

ထို့ကြောင့် OMAD သည် ကိုယ်အလေးချိန်၊ သွေးတွင်းသကြားဓာတ်နှင့် Metabolic Health အပေါ် အကျိုးရှိနိုင်သော်လည်း၊ "ဦးနှောက်ကို ပိုထက်မြက်စေသည်"၊ "အသိဉာဏ်ကို တိုးတက်စေသည်" သို့မဟုတ် "Brain Health ကို သေချာပေါက် မြှင့်တင်ပေးသည်" ဟူသော အဆိုများကို လက်ရှိသိပ္ပံအထောက်အထားများအရ တိုက်ရိုက်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယင်းအဆိုများကို ဆေးပညာနှင့် သိပ္ပံသုတေသနအရ သက်သေမလုံလောက်သေးသော အယူအဆ (Insufficient Evidence) အဖြစ်သာ သတ်မှတ်သင့်သည်။

နိဂုံးချုပ်အားဖြင့် OMAD ၏ အကျိုးကျေးဇူးများကို အသိအမှတ်ပြုနိုင်သော်လည်း၊ ဦးနှောက်ကျန်းမာရေးနှင့် သိမြင်မှုစွမ်းရည် (Cognitive Performance) အပေါ် သက်ရောက်မှုကို သက်သေပြရန် အရည်အသွေးမြင့် လက်တွေ့သုတေသနများ ထပ်မံလိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် ကျော်ကြားသူတစ်ဦး၏ နေထိုင်မှုပုံစံကို အခြေခံ၍ ယေဘုယျကျန်းမာရေးအကြံပြုချက်အဖြစ် သတ်မှတ်ခြင်းသည် Evidence-Based Medicine ၏ အခြေခံမူများနှင့် မကိုက်ညီပေ။
Aaye Chit

 #နေရောင်ခြည်!လရောင်ခြည်!မိတိမ်လွှာ(ဇတ်သိမ်းပိုင်း)မိတို့ မင်းသား နိုင်ငံခြား မသွားခင် မင်္ဂလာပွဲလုပ်ကြဖို့ မိ မိဘတွေဆီ ...
11/07/2026

#နေရောင်ခြည်!လရောင်ခြည်!မိတိမ်လွှာ
(ဇတ်သိမ်းပိုင်း)
မိတို့ မင်းသား နိုင်ငံခြား မသွားခင် မင်္ဂလာပွဲလုပ်ကြဖို့ မိ မိဘတွေဆီ သွားရတယ်!!မိဖေဖေကတော့ ကိုဖိုးလကို အင်တာဗျူးပြီးကတည်းက သား' သားနဲ့ ပါးစပ်ဖျားက မချတော့ဘူး!!မိ မေမေကတော့ အရွမ!ကုတ်ကမြင်းမနဲ့ စုံနဖာစီ ဆဲပြီး ဗိုက်ခေါက်လိမ်ဆွဲလိုက် ခေါင်းခေါက်လိုက်ကနေ သူ့စိတ်ကြိုက် မင်္ဂလာပွဲကြီး စီစဉ်ပေးပါတယ်!!မိ တကယ်ပျော်ရပါတယ်!!မင်္ဂလာပွဲကို အမိုးတို့ တစ်အိမ်လုံးရော မင်းသားကပါ တတ်ရောက်အားပေးပါတယ်!!မိသူငယ်ချင်းတွေကလည်း မင်းသားနား ဝိုင်းဝိုင်းလည်နေတာကို ကြည့်ပြီး မိ မင်းသားကို
" မိကို ခွင့်လွှတ်ပေးပါ အသစ်ရှာနိုင်အောင် ကြိုးစားပါ"လို့ မိပြောခဲ့တယ်!!
(မင်းသားရဲ့ စိတ်ထဲမှာတော့ သိပ်လှတဲ့ မိကို ကြည့်ပြီး အချစ်ဆိုတာ move on လုပ်လို့ရတဲ့ အချစ်ဆိုတာရှိသလို!move on လုပ်လို့မရတဲ့ အချစ်လည်း ရှိပါတယ် မိရယ်လို့ စိတ်ထဲမှာ ပြောမိခဲ့တယ်)

ကိုဖိုးလနဲ့မိ dinner ပွဲမှာ မမညိုလည်း တတ်ရောက်အားပေးတယ်!!

""မိ မမညိုတို့က စီးပွားဖက်တွေ ဖြစ်သွားပြီနော် !! မိရဲ့ ကိုဖိုးလက မမညို အကြိုက်မဟုတ်လို့ မိစိတ်ချနော်!! မိရဲ့ ယောကျာ်းကို ကိုကိုလို့ခေါ်တာက နှုတ်ကျိုးနေပြီမို့ အဲဒီလိုပဲ ဆက်ခေါ်ပါရစေ!!""တဲ့
"မိလည်း မမညိုကို အားနာသလိုကြီး ခံစားရတယ်!!"
"အားမနာနဲ့ မိ!မမညိုရဲ့ နှလုံးသားက အခုထိ ရင်ခုန်ရသူ မတွေ့သေးဘူး!!ကိုကို့ကို အဝမ်းတို့က တိုက်တွန်းလွန်း ညွှန်းလွန်းလို့ ချစ်သူဖြစ်သွားရတဲ့သဘောပါ!!ဒီထက် စိတ်က မပိုပါဘူး! မိနဲ့ ကိုကိုက လိုက်ဖက်ပါတယ် iT လိုပဲ!!"လို့ ရယ်စရာတွေ ပြောသွားခဲ့သည်!!

ခွာညိုရဲ့ စိတ်ထဲမှာတော့ ရိုးလွန်း အေးလွန်းတဲ့ ကိုဖိုးလကို ဒီကောင်မလေး တွဲခေါ်နိုင်သားပဲလို့ ချီးကျူးမိပါတယ်!!

မိတို့ မင်္ဂလာဆောင်ပြီးနောက်နေ့မှာပဲ မင်းသား လေယာဉ်တတ်ရတယ်!!
အမိုးကို ဂရုစိုက်ဖို့ ကိုဖိုးလကို အထူးမှာကြားနေပြီး မိကိုတော့ ပျော်ရွှင်ပါစေ ဆုတောင်းပေးသွားခဲ့တယ်!!
ကိုဖိုးလ သူ့ညီအတွက် စိတ်မကောင်းသလို ဖြစ်နေတော့ မိတို့တိုက်ခန်းလေးမှာပဲ မိ သူ့ကို နှစ်သိမ့်ပေးလိုက်တယ်!!

"သူ တစ်နေ့နေ့တော့ ပြန်လာမှာပါ ကိုဖိုးလရယ်!! မိ ကိုဖိုးလကို ဘာလုပ်ပေးရမလဲ!!"
မိနဖူးလေးတွေ လည်တိုင်လေးတွေ အနမ်းခြွေပြီးသကာလ!သူ ရုတ်တရက် မိကို သူ့ရင်ခွင်ထဲ ဆွဲထားလိုက်ပြီး

"မိ ကိုယ့် ရင်ခွင်မှာ တသက်လုံး သစ္စာရှိရှိ နေပေးရင် ရပါပြီ!!ဖိုးနေကို လွမ်းလာလို့ မျက်ရည်ကျလည်း ကိုယ်သုတ်ပေးပါ့မယ်!!ကိုယ့်ကိုတော့ ထားမသွားပါနဲ့"

မိ ကိုဖိုးလကို တွန်းထုတ်လိုက်မိတယ်
"ကိုဖိုးလက မိကို မယုံသင်္ကာဖြစ်နေရင် မိတို့ ဒီတင်အဆုံးသတ်ရအောင်!မိ ကိုဖိုးလကို ရင်ထဲကနေ ဆွဲထုတ်မရအောင် ချစ်မိလို့ မင်္ဂလာပွဲတောင် လုပ်ပြီးနေပြီလေ!!ကိုဖိုးလ ဘာကို ခံစားနေတာလဲ!!"

သူမိကို ပြန်ဆွဲဖက်ထားရင်း
"Sorry ပါ မိ!ကိုယ်လေ မိ စိတ်ပြတ်သားတာ သိပါတယ်!!ကိုယ် ရောထွေးသွားမိပါတယ်!!ခွင့်လွတ်ပေးနော် မိန်းမ!!"

မိခဏတော့ စိတ်လေသွားမိတယ်!!

"“မိ…”
သူ့အသံက တိတ်တိတ်လေး နားနားကပ်လာတဲ့အချိန်
မိ ရင်ခုန်သံက ကိုယ်တိုင်တောင် ထိန်းမရတော့ဘူး။
သူ နီးလာတာကို သိနေပေမယ့်
မိ ခြေလှမ်းတစ်ချက်တောင် နောက်မဆုတ်နိုင်ဘူး။
မျက်လုံးချင်း ဆုံနေတဲ့အချိန်—
စကားတွေ မလိုတော့ဘူး။
သူ့လက်က မိမေးစေ့လေးကို နူးနူးညံ့ညံ့ဆွဲယူပြီး ပါးလေးကို ထိပြီး
မျက်နှာကို နည်းနည်း မြှောက်တင်လိုက်တယ်!!
"မိ နုတ်ခမ်းလေးက ချိုတယ်!!"
အဲ့ဒီ touch လေးတစ်ချက်နဲ့ပဲ
မိ အသက်ရှူတောင် မမှန်တော့ဘူး။
“မိ…”
ထပ်ခေါ်လာတဲ့အသံက နူးညံ့လွန်းလို့
မိ မျက်လုံးပိတ်လိုက်မိတယ်။
ခဏလေး—
တကယ်ကို ခဏလေးတိတ်နေပြီးမှ
သူ့နုတ်ခမ်းက မိနုတ်ခမ်းကို နူးနူးညံညံ့လေး
မပြင်းဘူး… မလှုပ်ရှားဘူး…
ဒါပေမယ့်
မိရင်ထဲမှာတော့ အားလုံး လှုပ်ရှားနေခဲ့တယ်။
ခဏလေးအကြာမှာ
သူ ပြန်ခွာသွားပေမယ့်—
မိ မျက်လုံးဖွင့်လိုက်တဲ့အချိန်
သူပြုံးကြည့်နေတဲ့အကြည့်က မလွတ်သေးဘူး။
“စိတ်မဆိုးပါနဲ့တော့နော်…”
သူပြောသလိုပြောလာတဲ့အခါ
မိ ရှက်နေတယ်!!မိ
စကားတွေ ထွက်မလာဘူး။
နုတ်ခမ်းပေါ်က အဲ့ဒီနူးညံ့မှုလေး
မပျောက်သေးခင်မှာပဲ သူက
"အို ကိုရယ်"

(ပြီးပါပြီ)
Aaye Chit

 # နေရောင်ခြည်!လရောင်ခြည်! မိတိမ်လွှာအခန်း(၂၆)မိုးချုပ်လို့ မှောင်စတောင် ပြုနေပြီမို့လား!!မိ ကြောက်နေရောမည်!!အန်တီကို နေ...
10/07/2026

# နေရောင်ခြည်!လရောင်ခြည်!
မိတိမ်လွှာ
အခန်း(၂၆)

မိုးချုပ်လို့ မှောင်စတောင် ပြုနေပြီမို့လား!!မိ ကြောက်နေရောမည်!!အန်တီကို နောက်မှ တောင်းပန်တော့မည်!! လှေကားများကို ဘယ်လိုကျောလွှားခဲလဲ လရောင်မသိတော့ပြီ !!မှောင်မဲနေတဲ့အခန်းလေးထဲမှာ ဖုန်းမီးဖွင့်ပြီး မိကို လရောင် ရှာလိုက်သည်!! လရောင် ထင်သည့်အတိုင်း ခလေးလေးပွေ့ကာ တရှိုက်ရှိုက် ငိုနေတဲ့ မိအနား လရောင်သွားလိုက်ပြီး မီးထွန်းလိုက်သည်!!မိကိုလည်း အငိုတိတ်အောင်ထိ ရင်ခွင်ထဲမှာ ထွေးပွေ့ထားခဲ့သည်!!အငိုတိတ်လာတဲ့ မိမျက်ရည်တွေ သုတ်ပေးရင်း

"မိ တိတ်တော့နော် ကိုယ် ရောက်လာပြီ!!"

"လူဆိုးကြီး!!" လို့ခေါ်ကာ တအုံးအုံးထုရိုက်နေတဲ့ မိလက်ကလေးကို အသာဆွဲယူနမ်းရင်း

"နောင် ညာဦးမှာလား မိရယ်!!"

မိကို နူးညံ့စွာကြည့်နေတဲ့ သူ့မျက်လုံးတွေကို သေချာကြည့်ဖြေလိုက်သည်!!
"ဟင့်အင် မိ မညာတော့ဘူး!!"

"ချစ်လိုက်တာ မိန်းမရယ်!!"ဟုဆိုကာ လရောင် မိကို ထွေးဖက်မိခဲ့တယ်!!မိရှက်သွားပြီး

"ဘာ မိန်းမလဲ!!"

"ဟောဗျာ သားလေးက ကိုယ့်သားဆို သားမေမေက ကိုယ့်မိန်းမ မဟုတ်လို့ ဘာလဲ!!"
မိ အကျင့်မရသေးတော့ နားတွေရှက်တယ်
"ကိုဖိုးလနော်"

"မိန်းမနော်!!"

"ကြည့် ကိုဖိုးလ မိကိုမချစ်လို့ ထွက်ပြေးသွားပြီး မိန်းမလို့ ခေါ်နိုင်တယ်ပေါ့!!"

"မိရာ မင်းက မင်းသားရဲ့ နှလုံးသားကိုပဲ မြင်တာကို!!ကိုယ်ကလေ မိ ကိုယ်ဝန်ကြောင့် မိ ကိုယ်တို့အိမ်ပေါ်ကနေ ခေါင်းလေးငုံ့ ထွက်သွားမယ်လုပ်တော့ မင်းလက်ကိုဆွဲပြီး ငါ့ကိုယ်ဝန်ပါလို့ အမိုးရှေ့မှာ ရဲရဲဝံ့ဝံ့ပြောတာက အလကားနေ နွားဖြစ်ချင်လို့မှ မဟုတ်တာ!!မိကို ချစ်မိနေတယ်ဆိုတာ သိသွားလို့!!"

"ဟင်!မိ ကို အရင်ကတည်းက ချစ်လို့တာဝန်ယူလိုက်တာလား!!"

သူက သားသားရဲ့ နဖူးလေးကို လက်ညှိုးလေးနဲ့ ဖွဖွလေးပွတ်ပေးနေရင်းကနေ

"ဒါပေါ့မိရဲ့ အဲဒီနေ့မတိုင်ခင်က မိ အမှောင်ကြောက်ပြီး စတိုခန်းထဲမှာ ဂယောင်ကတန်း ဖြစ်ဖူးတယ်!!ကိုယ့်ကြောင့် ဖြစ်ရတာဆိုပြီး ကိုယ် တစ်ညလုံး အိပ်မရခဲ့ဘူး!မအိပ်လည်း မအိပ်ဖူး!မနက်စောစောမှာ လည်း မိ အသက်ကို အိမ်ထောင်စု ဇယားထဲက ကြည့်ပြီး ပုတီးပတ်(၂၀)စိတ်ခဲ့တယ်!!"

"ဟင်"

"ဟုတ်တယ် မိရဲ့!ကိုယ်လုပ်ပေးနိုင်တာ ဒါပဲရှိတာလေ!ဒါနဲ့ အဲဒီအိမ်ထောင်စုဇယားထဲက စိန်စိန်အသက်နဲ့ရော တူရဲ့လား!!"

မိ ကိုဖိုးလ ပါးလေးကိုင်ပြီး ချော့လိုက်တယ်
"တောင်းပန်ပါတယ် ကိုဖိုးလရယ်!!မိက စိန်စိန်ထက် ၃ နှစ်ကြီးပါတယ်!!ဒါဆို မိကလည်းပြန်မေးမယ် မမခွာညိုကရော ကိုဖိုးလရဲ့ ဘာလဲ! မိကရော ဘာလဲ!!"

သူက အိပ်ပျော်သွားတဲ့ သားသားကို ငုံ့နမ်းပြီး မိဆီကနေပြောင်းယူတယ်!! သားအိပ်ယာထဲကို စောင်လေးခြုံ သိပ်ပေးနေတယ်!!သူ့နောက်ကို အမှောင်ကြောက်လို့ တကောက်ကောက်လိုက်နေတဲ့မိရဲ့ ပါးလေးကို ချစ်စနိုးလိမ်ဆွဲရင်း

"သူ့ကို သာယာခဲ့တာပါမိ!!မိကို ခံစားသလိုမျိုး မဟုတ်ဘူး!!အခု ပြန်ဆက်ဆံတာကလည်း ပွဲစားနဲ့မြေစုသူပုံစံပါနော်!! မိမကြိုက်ရင် မဆက်ဆံတော့ဘူးလေ""

"အဲဒီလို မဟုတ်ပါဘူး!မိက မမညိုကို အားနာမိတယ်!!မမညိုဆီကများ မိ တစ်ခုခု လုယူခဲ့လေသလားဆိုပြီးတော့လေ!"

"အားမနာပါနဲ့ မိရယ်!!သူရဲ့ အချစ်က အတွေးအခေါ်ဘက်လုပါတယ်!!နှလုံးသားဘက်မှာ မရှိပါဘူး!!social ကျပါတယ်!!သူက ကိုယ့်ကိုချစ်တယ် ဘဝ လက်တွဲဖော်အဖြစ် မယူနိုင်ဘူးတဲ့လေ!အဲဒီနေ့က ကိုယ် အရက်မသောက်တတ်ပဲ သောက်ခဲ့လို့ မိ ဒုက္ခရောက်ရတာ!!မိရယ် ကိုယ်ထပ် တောင်းပန်ပါတယ်!!"

"ဟင် ဒါဆို မမညိုက ထားခဲ့တာပေါ့!!မိကို တကယ်ချစ်တာ ဟုတ်လို့လား ကိုဖိုးလရယ်!!မိ ကို အစားထိုးထားတာလား!!မိ အမှားတွေ ထပ် မလုပ်ချင်တော့ဘူး!!"

သူက မိမေးလေးကို မော့ယူပြီး မိကို နူးညံ့စွာကြည့်နေပြီးမှ

" ဒီမှာ ကိုယ့်ကို သေချာ ကြည့် ခလေးမရဲ့!!ကိုယ် မိကို သိပ်ချစ်လို့ မှော်ဘီမှာကတည်းက ဂရုစိုက်ခဲ့တယ်!!ကိုယ့်မေတ္တာတွေကို ဖော်ပြနိုင်သလောက်ဖော်ပြခဲ့တယ်!!မိ မရိပ်မိဘူးလား!!"

"မိကို ခွင့်လွှတ်ပါနော် မိ မင်းသားကို မေ့နိုင်အောင် ကြိုးစားနေရတဲ့အချိန်ဆိုတော့ ကိုဖိုးလကို အနားမှာနေပြီး သိပ်သတိမထားမိခဲ့ဘူး!နောက်ပြီး မိကိုမှမဟုတ်ဖူး မမထွေးတို့ရော အခြောက်မတွေပါ ကိုဖိုးလက ဂရုစိုက်တာလေ!မောင်နှမ သံယောဇဉ်လို့ပဲထင်တာပေါ့!!"

သူမိ ပုခုံးကို သေသေချာချာ ကိုင်ဆွဲပြီး

"ကိုယ် မိကို ချစ်မိတာ သေချာလို့ သစ်ခွလောက်သာ စိုက်တတ်တဲ့ကိုယ်က ကားအကြောင်း!မြေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိအောင်လုပ်ခဲ့တာ!အသိုင်းအဝိုင်းကျယ်ပြန့်အောင်လုပ်ပြီး ကြိုးကြိုးစားစား ရှာဖွေတာ မိကို ချစ်လို့ !နုတ်စလျာစ မရှိတာတောင် ပါးစပ်အမြုပ်စီနေအောင် ကားအကြောင်း မြေအကြောင်းတွေ ပြော ဝယ်လက်ရှာရတာလည်း မိကို ချစ်လို့!!မိကို တင့်တင့်တယ်တယ် ထားချင်တာ မိကို သိပ်ချစ်လို့!!ကိုယ်က မညာတတ်တာ မိအသိဆုံးပါ!! ယုံပေးပါ မိရာ "

"ကိုဖိုးလရယ်!မိက ကိုဖိုးလကို ညာခဲ့မိလို့ တောင်းပန်ပါတယ်နော်!!"

မိ တကယ်ပဲ ဝမ်းသာလာပြီး မျက်ရည်ဥနေတဲ့မိကို သူ့လက်မလေးနဲ့ သုတ်ပေးပြီး

" မိကတောင်းပန်တယ်ဆို လျော်ကြေးပေးလေ"

"ဟင် ဘာပေးရမှာလည်း!!"

သူ မိကို အတင်းဆွဲဖက်ပြီး သူ့ရဲ့ နူးညံ့တဲ့ အနမ်းတွေ!!သူ့ အနမ်းမိုးတွေက မေတ္တာဆန်လှတယ်!!

"သိပ်ချစ်တယ် မိရယ်!!မိ ကိုယ့်ကို ချစ်တာ သေချာလား!!ဖိုးနေဆီ ပြန်သွားချင်လည်း ရပါတယ်မိရယ်!!ကိုယ်က မိကို အဲဒီလောက်ထိ ချစ်ပေးမှာပါ"

"မင်းသား လာကတည်းက မိက မင်းသားကို ပြောလိုက်ပြီးသားပါ!!တစ်ချိန်က သာယာရစ်မူးပြီး ချစ်ခဲ့တာမှန်ပါတယ်!မိကို ယုံပါ့မလားမသိပေမည့်
မိလေ ကိုဖိုးလကို ခွဲမသွားနိုင်အောင် ချစ်မိတာပါ!!"

"ကိုယ်လည်း ရည်းစားထားခဲ့ဖူးသူဆိုတော့ အဲဒီအချစ်မျိုးကို ယုံကြည်ပါတယ်!!သူက ရင်ထဲထိ စူးနစ်ဝင်နေတဲ့ အချစ်မျိုးလေ!!"

မိ မိဘတွေကို သတိရသွားမိတယ်!!
"မိ မိဘတွေဆီတော့ သွားအသိပေးရမယ်နော် ကိုဖိုးလ!!"

"မိမေမေနဲ့ တွေ့ခဲ့ပြီးပါပြီ!!"
"ဟင်"
"ဟုတ်တယ်!မိ မေမေကို ချစ်ချစ်က ခေါ်လာပေးပြီး မိတ်ဆက်ပေးတယ်!! အန်တီကတော့ ကိုယ်တို့အကြောင်း အကုန်သိသွားပြီ!မိကို စိတ်ဆိုးကြလိမ့်မယ် ထင်တယ်!!"

မိအဖေထက် အမေ့ကို ကြောက်တာအမှန်ပဲမို့
"အမေကတော့ မိကို ရိုက်မှာအသေအချာပဲ!!"

"ကိုယ် မိကိုယ်စား အရိုက်ခံပေးပါ့မယ်!မိအဖေကရော ရိုက်မှာလား!!"

"မိအဖေကတော့!အရူး!သူတောင်းစား!လူပျင်း မဟုတ်ရင် ရပြီလို့ပြောဖူးတယ်!မိ အဖေကလည်း ကိုဖိုးလလိုပဲ သနားကြင်နာတတ်တယ်!!"
"ဟုတ်လား"
သူမိရဲ့ ပါးတွေ နေရာအနှံ့ အနမ်းပေးကာ မိမျက်လုံးထဲကို သေချာရှာဖွေနေသလိုမျိုးကြည့်ပြီး
"ကျေးဇူးတင်ရပါတယ် ယောက္ခမကြီးရယ်!!ကိုယ် မိကို ဟိုတယ် အကောင်းစားကြီးတွေမှာ လက်ထပ်မင်္ဂလာ လုပ်မပေးနိုင်လောက်ဖူး!!ကိုယ်နဲ့တော့ လူသိရှင်ကြား မင်္ဂလာဆောင်ချင်ရဲ့လား မိ!!"
စူးစမ်းနေသော သူ့မျက်လုံးတွေကို သေချာကြည့်ပြီး မိဖြေလိုက်တယ်

"မိ ယောကျာ်းကို မိ ကြွားရဲပါတယ်!!ကိုဖိုးလရဲ့ငွေကို မိနဲ့သားလေးအတွက် တင့်တောင့်တင့်တယ် ထားနိုင်အောင်ပဲ စီးပွားရှာပေးပါ!!မိက တစ်ဦးတည်းသော သမီးမို့ မင်္ဂလာပွဲကို မိမေမေ စိတ်ကြိုက် စီစဉ် ပါလိမ့်မယ်!!အမိုးတို့ တစ်အိမ်လုံးပါ မင်္ဂလာပွဲ လာနိုင်အောင် ညှိပေးပါ!!"

"ဖိုးနေပါ ပါရမှာလား!!"
"သူ စိတ်ဆန္ဒအတိုင်းပါ!!သူလည်း မိလို ရင့်ကျက်သွားရင် နိုင်ငံခြားမသွားခင် မင်္ဂလာပွဲကို တတ်ပါလိမ့်မယ်!!"

သူ မိကို သူ့ရင်ခွင်ထဲထားရင်ကနေတစ်ခုခုကို တွေးနေခဲ့တယ်!!မိက သူ့နှားခေါင်းလေးကို တို့လိုက်မှ
"ကိုယ်တစ်ခုတော့ တောင်းပန်ပါရစေ!!မင်္ဂလာဆောင်ပြီးရင် မိနဲ့အတူ ဒီ တိုက်ခန်းလေးမှာပဲနေချင်ပါတယ်!!မိက တစ်ဦးတည်းသောသမီးဆိုတော့ မိ မိဘနဲ့ အဆင်ပြေပါ့မလား!!"
ကိုဖိုးလ မာနက မိနဲ့မိ မိဘတွေကို စည်းခြားနေသလိုမို့

"ကိုဖိုးလရဲ့ မာနကို မိသိပါတယ်!! မိတို့ မင်္ဂလာဆောင်ပြီး တစ်ပတ်ထိပဲဒီမှာနေကြအောင်နော်!! မိအိမ်ကိုတော့ လိုက်နေပေးပါ ကိုဖိုးလရယ်!မိကို သနားပါနော်!မိတစ်ခါတလေ ကိုဖိုးလ တနေကုန် ပွဲဝိုင်းမှာ အချိန်ကုန်နေရင် အရမ်း အထီးကျန်တယ်ခံစားရလို့ပါ!"

စဉ်းစားနေတဲ့ ကိုဖိုးလကို အနမ်းပေးကာ

"မိမိုက်ပြစ်အတွက် မိ မိဘတွေကို အဲဒီလို လုပ်ပေးမှ မိ မိဘတွေက ကျေနပ်ကြမှာ!!မိကို ချစ်ရင် ဒါလေးတစ်ခုတော့ အလိုလိုက်ပါနော်!!မိ မိဘတွေက သဘောကောင်းပါတယ်!!နော် နော် နော်လို့!!"

သူမိကို ပြုံးကြည့်ရင်း

"အရင်က မိကို ပြန်တွေ့ရပြီ!!ကိုယ့်ကို အဲဒီလို ချွဲစမ်းပါ!!ကိုယ် သဘောကျတယ်!!ချစ်လည်း ချစ်တယ်!!"
Aaye Chit

 # နေရောင်ခြည်!လရောင်ခြည်! မိတိမ်လွှာအခန်း(၂၅)မိ ချစ်ချစ်ဆီ ဖုန်းဆက်လိုက်မိတယ်!!"ချစ်ချစ် ဟင့်""မိ !ဟဲ့ မိ မင်း ငိုနေတာလ...
07/07/2026

# နေရောင်ခြည်!လရောင်ခြည်!
မိတိမ်လွှာ
အခန်း(၂၅)

မိ ချစ်ချစ်ဆီ ဖုန်းဆက်လိုက်မိတယ်!!
"ချစ်ချစ် ဟင့်"
"မိ !ဟဲ့ မိ မင်း ငိုနေတာလား!! ဘာဖြစ်တာလဲ မရှင်းဘူး!!နေနေ အဲဒီ ငါ လာခဲ့မယ်!!"
ချစ်ချစ် မိဆီ ရောက်သွားတော့!!မိ ခလေးလေးကို နို့တိုက်ရင်း ငိုနေသည်!!

"မိ ငါရောက်ပြီ ဘာဖြစ်တာလဲပြော!!"
မိ ငိုရှိုက်ရင်းကနေ
"ကိုဖိုးလ ထွက်သွားပြီ!!"

"ဘာရယ်!ကိုဖိုးလ မထွက်ခင် မင်းက ဒီနေ့ထွက်ရမှာ မဟုတ်လား!!အနိုင်ပိုင်း သွားတာလား!!"

"မသိဘူး!ငါမထွက်လာနိုင်တာ အကြောင်း၂ခု ရှိတယ်!တစ်ခုက သားသားကို ငါ သူနဲ့ ထားမပစ်ရက်ဖူး!!ပြီးတော့ ငါ သူ့ကို ချစ်မိနေပြီ!!"

ချစ်ချစ်လန့်သွားပြီး
"ဘာရယ် မင်းသား မဟုတ်တော့ဘူးလား!!"

"မနေ့က မင်းသား လာတွေ့တယ်!သူ့ရဲ့ ရည်ရွယ်ချက်က ကိုဖိုးလကို နုတ်ဆက်ဖို့ပါ!ငါနဲ့ကိုဖိုးလ တစ်ခန်းဆီ ခွဲနေမှန်း သူသိသွားတော့!ငါနဲ့ငါ့သားကို US ကို ခေါ်သွားမယ်ပေါ့!!ငါ နှလုံးသားက လွှတ်ခနဲ ဖြေလိုက်မိတယ်!!ငါမျက်စေ့ရှေ့မှာ အကြိမ် သိန်းသန်း မက ဖြတ်သန်းသွားလာနေတဲ့ ကိုဖိုးလကို ငါ မခွဲနိုင်တော့ဘူးလို့ ဖြေလိုက်တယ်!!"

"ဟယ်အေ!မင်းသားက ဘာပြောလဲ!!"

" သူ ဝမ်းသာပါတယ်တဲ့!!"

ချစ်ချစ် စိတ်ရှုပ်တဲ့ မျက်နှာကြီးနဲ့
"မိရယ် ကိုဖိုးလကို တကယ်ကြီးလား"

"ဟုတ်တယ်ချစ်ချစ်!!သူက မမညိုကို ချစ်လွန်းလို့ အခြောက်မတွေကို ရအောင် အောင်သွယ်ခိုင်းခဲ့တာလေ!!မမညိုကလည်းသူ့ကို ကိုကိုလို့ ခေါ်ဆဲပဲရယ်!!သူနဲ့ မမညို ပြန်အဆင်ပြေဖို့ရော!! ငါ့နှလုံးသားငါ မယုံလို့ ခလေးခေါ်ပြီး ပြန်မလို့ လုပ်သေးတယ်!!အောက်ထပ်မှာ ဂန္ဓမာပန်းသည်တွေ့တော့ ငါခြေလှမ်းတွေ ဘယ်လိုမှ ရှေ့ဆက်လှမ်းလို့ မရတော့ဘူး!!သူနဲ့ငါ ဘဝတိုက်ပွဲ အတူတူ တိုက်ခဲ့ကြတယ်လေ!!ငါ ပြန်တတ်သွားတော့ သူ အိပ်ယာပေါ်မှာ မျက်ရည်ကျနေတာတွေ့တော့ ငါကိုယ်ငါ ခွင့်မလွှတ်နိုင်အောင်ကို သူ့ကိုချစ်တာ သေချာသွားတာ!!"

"အဲဒါ ငြိမ်းချမ်းရေးဖြစ်ရမှာကို ဘာလို့ သူက ဆင်းသွားတာလဲ!!"
"ငါက သူဌေးသမီးဆိုတာကို သူ့အဝန်းအဝိုင်း တစ်ခုလုံးကို ညာထားလို့တဲ့!!"

"ဩ အေ ငါ မှတ်မိပြီ မင်းဆီ ဒုတိယ အကြိမ်မြောက်လာတုန်းက ငါ့ကို စစ်လား မေးလား လုပ်တုန်းက ကျွန်တော်က ညာတာ အမုန်းဆုံးလို့ ပြောဖူးတယ်!!"

"ဟုတ်တယ်!!ငါ ပေါ့ပေါ့လေးပဲတွေးမိလိုက်ပြီး ပြောပြမိလိုက်တာ!!ဒီလိုမှန်းသိ မပြောပါဘူးဟယ်!!"

"ပြောပြလိုက်တာ မမှားဘူးမိ!နောင်လည်း အမှန်အတိုင်းဖြစ်သွားတာပေါ့!!အခု သူဘယ်မှာရှိနိုင်လည်း!!"

"သူ့ သူငယ်ချင်း ကိုလတ် Tea ဆိုင်မှာ ရှိလောက်တယ် ထင်တာပဲ!!!!"

"ငါသူဆီ ဖုန်းဆက်ကြည့်ပြီး လိုက်သွားမယ်!!မင်း ခလေးနဲ့ ဒီကနေပဲစောင့်နေ ဘယ်မှ မသွားနဲ့!!"

"ကူညီပါ ချစ်ချစ်ရယ်!!"
ချစ်ချစ် ဆိုင်အရင်ပြန်ပြီး ဆိုင်ပိတ်လိုက်တယ်!!အိမ် ရောက်တော့ ချစ်ချစ် အတွေးတစ်ခု ရပြီး မိမေမေ အန်တီခင်ကို

"အန်တီခင် ချစ်ချစ်နဲ့ အပြင်ခဏအဖော်လိုက်ပေးပါ့လား!!ချစ်ချစ် အရေးကြီးတာပြောချင်လို့!!"

"အဲဒီလိုလား!အေးလေ ငါလည်းအပြင် မထွက်တာ ကြာတော့ လိုက်ခဲ့မယ်!!"

ချစ်ချစ် ကားပေါ်ရောက်လာတဲ့ အန်တီခင်ကို ကန်တော်ကြီးအနီးက ကော်ဖီဆိုင်လေးကို ခေါ်ခဲ့တယ်!!

"အန်တီခင် ဘာသောက်မလဲ ဒီဆိုင်က နွားနို့လည်း ရတယ်!"

"နွားနို့မှာပေး!!"
နွားနို့ရောက်လာတဲ့အချိန်မှာ အန်တီခင် တစ်ကျိုက်ယူသောက်ရင်း!!

"အဟုတ်ပဲဟေ့ မလိုင်ဖတ်ကလေးတွေနဲ့ ငါ့သမီးမိတိမ်လွှာ အကြိုက်ပဲ လွမ်းထာ!!သူ ထိုင်းကနေ ပြန်လာတော့မှာလို့ ဟိုတစ်နေ့က ဖုန်းဆက်ထားတယ်!!"

"အန်တီခင် ချစ်ချစ်နဲ့မိကို ခွင့်လွှတ်ပေးပါ!!မိက ထိုင်းကို မသွားပါဘူး!!အစကတည်းက ရန်ကုန်မှာ ရှိနေပါတယ်!!"

"ဘာရယ်အေ နားလည်အောင် ရှင်းပြပါဦးအေ!!"

ချစ်ချစ် အစအဆုံး အဖြစ်အပျက်တွေကို ရှင်းပြလိုက်တယ်!!အန်တီခင် ချစ်ချစ်ကို တအုံးအုံးထု ငိုနေရင်းကနေ

"အဲဒါ ချစ်ချစ် နင်ပါ အလိုတူအလိုပါ မြှောက်ပေးလို့ ငါ့သမီး ဒုက္ခရောက်ရတာ!!သူငယ်ချင်းကောင်းဆိုတာ ဒါလား!ငါ့သမီးဘဝ ပျက်ပါပြီအေ!အခု သွားခေါ်မယ်!!အဲဒီအကောင်က ထားခဲ့လည်းသွားခေါ်မယ်!!"

"မဟုတ်ဖူး အန်တီခင်!အန်တီခင်သမီးက ကိုဖိုးလ ပြန်မလာမချင်းသူမပြန်ဘူးဆိုပြီး ချစ်ချစ်ကို ပြောလို့ ချစ်ချစ်လည်း ပြန်မခေါ်ခဲ့တာ!!အခု ချစ်ချစ်တို့ လုပ်ရမှာက ကိုဖိုးလကို ရှာပြီး ဖြောင်းဖျဖို့ပါ!!ချစ်ချစ်တစ်ယောက်တည်း အဲဒီဆိုင်ကို မသွားရဲလို့ အန်တီခင် လိုက်ခဲ့ပေးပါ!!"
"ငါ့သမီးကို ထားခဲ့တဲ့ကောင်ကို ငါက ဖျောင်းဖျမှာမဟုတ်ဖူး ပါးချမှာ!!"

"အန်တီခင် အဲဒီလို လုပ်လို့မရဘူးလေ!သူက မိချစ်တဲ့ ယောကျာ်းဖြစ်နေပြီ!အန်တီခင် သူနဲ့စကားပြောကြည့်ရင်း ဘာလုပ်ရမယ်ဆိုတာ အဖြေထွက်လာမှာပါ!!"

"ဒါဆိုသွားမယ်"

ချစ်ချစ် မိပြောပြတဲ့ဆိုင်လေး ရောက်လာခဲ့သည်!!ကောင်တာဆီသွားပြီး ကိုဖိုးလ ဘယ်နားမှာ ရောက်နေလဲ မေးတော့ ခပ်လှမ်းလှမ်းက ဒေါင့်တစ်နေရာကို လက်ညိုးထိုးပြ၍ ချစ်ချစ်တို့ အဲဒီစားပွဲဝိုင်းလေးဆီ လာခဲ့ကြသည်!! ကော်ဖီခွက် သုံးခွက်ကိုတွေ့တော့ ကော်ဖီတွေချည်း လှိမ့်သောက်နေပုံရသည်!!

"ကိုဖိုးလ!!"

ကိုဖိုးလ ချစ်ချစ်ကို မျက်နှာသေ အူကြောင်ကြောင်ကြည့်ရင်းကနေ သက်ဝင်လှုပ်ရှားလာသည်!!
"ဩ ချစ်ချစ် ကိစ္စက!!"

"ဒါ မိ မေမေပါ!!" ကိုဖိုးလ အနေကြုံ့သွားသလို ဖြစ်ရင်းကနေ

"ဟုတ် ကျွန်တော်က လရောင်ခြည်ပါ!!"

"အန်တီ ခုနကမှ အကြောင်းစုံ သိပြီးတာပါ!!"

ကိုဖိုးလ တချက်ရယ်ရင်းကနေ
"အန်တီနဲ့ ကျွန်တော့်အဖြစ်က ဆင်မှာပါ!!ကျွန်တော်ကို အသေအချာ ညာထားတဲ့ သူ့ကို ကျွန်တော် ဘယ်လို ဆက်ရင်ဆိုင်ရမလဲ အန်တီပဲ ဖြေကြည့်ပါ!!"
အန်တီခင် တချက် မဲ့သွားပြီး
"အန်တီသမီးက အချစ်ကြောင့်တစ်ခါလောက် ရူးနှမ်းနှမ်းဖြစ်သွားတာပါ!!သူလည်း ဒုက္ခတွေခံစားခဲ့ရတာပဲလေ!!"

"အဲဒါကိုလည်း ကျွန်တော် မခံစားနိုင်ဘူး!!သူ့ကို ဒုက္ခတောထဲ ကျွန်တော်က ဆွဲခေါ်မိသလို ဖြစ်သွားခဲ့တယ်!!အဲဒီအရက်ကြောင့် သူကလေးက သူချစ်ရတဲ့ ကျွန်တော့်ညီကိုလည်း သူစွန့်လွှတ်လိုက်ရတယ်!!သူ့ဘဝလည်း အိမ်မပြန်ရဲလို့ ဆင်းရဲ ဒုက္ခရောက်ရတယ်!!ကျွန်တော်ကလည်း အညာတောကြီးမှာ ပိတ်မိနေခဲ့တယ်!!ကျွန်တော် သူ့အတွက် ဘာလုပ်ရမလဲဗျာ"

"မင်းက ဘာကို ထိရှနေတာလဲ!!ငါ့သမီးက ဘယ်သူကို သူချစ်နေလည်းကွဲကွဲပြားပြား သိနေပြီပဲ!! မင်းကို မချစ်ရင် သူ့ခလေးကို ခေါ်လာပြီး ငါတို့ဆီ ပြန်လာမည့် မိန်းခလေးမျိုးပါ!!မင်းရဲ့ညီကို သူ အချိန်အတိုင်းအတာ တစ်ခုထိ ရင်ခုန်တာ မှန်လိမ့်မယ်!!ဒါပေမယ့် သူ့ရင်ထဲ မင်းကဆွဲနုတ်လို့မရအောင် နေရာယူထားရင်တော့ မင်းကပဲဖြေရှင်းရမှာလေ!!မင်းအဆင့်အတန်းလောက်နဲ့ သူ့ကိုထားခဲ့ရင်တောင် အန်တီတို့က ဝမ်းမြောက်ဝမ်းသာ သေချာ warmly welcome လုပ်ပေးနိုင်ပါတယ်!! မင်းဆုံးဖြတ်ပါ!!"

တင်းမာနေတဲ့ မိအမေကြောင့် ချစ်ချစ်ပါ ဝင်ပြီး
"ကိုဖိုးလ ချစ်ချစ် သူ့ကို ပြန်လိုက်ဖို့ ခေါ်သေးတယ်!!သူ ကိုဖိုးလ ပြန်အလာထိစောင့်မယ်တဲ့!!နောက်ပြီး ချစ်ချစ် ဒီတစ်နေ့တော့ စိတ်ပူတယ်!!ဒီနေ့ ကိုဖိုးလတို့အိမ်နားက transformer က ပျက်လို့ ပြင်နေတာ မြင်ခဲ့တယ်!!ညနေမိုးချုပ်ထိ မီးမလာရင် မိ ကြောက်နေမှာ!!"

"မိကို အန်တီတို့ သွားခေါ်တော့မယ်!မင်းဘယ်တော့မှလည်း လိုက်မလာနဲ့တော့!မိငယ်ငယ်က အမှောင်ခန်းထဲမှာ အန်တီကဒဏ်ပေးဖူးလို့ မိမှာ အမှောင်ကြောက်တဲ့ စိတ္တဇရှိတယ်!!"

လရောင် ကားသော့ယူလိုက်ပြီး အမြန်ထွက်လာခဲ့တယ်!!
# Ma Aaye Chit

 # နေရောင်ခြည်!လရောင်ခြည်! မိတိမ်လွှာအခန်း(၂၄)မိ တံခါးခေါက်သံ ကြားတော့ ကိုဖိုးလ ပြန်လာတာ မြန်လှချေလား တွေးပြီး အပြေးဖွင့...
06/07/2026

# နေရောင်ခြည်!လရောင်ခြည်!
မိတိမ်လွှာ
အခန်း(၂၄)

မိ တံခါးခေါက်သံ ကြားတော့ ကိုဖိုးလ ပြန်လာတာ မြန်လှချေလား တွေးပြီး အပြေးဖွင့်ပေးမိစဉ်

"ဟင် မင်းသား!!"

မင်းသားပြုံးပြတယ်!!မင်းသားရဲ့ အပြုံးတွေက ဟိုတုန်းကလို လတ်ဆတ်နေတုန်း!!အသားအရည် ပို ကြည်လင်လာပြီး ပိုဆွဲဆောင်မှု ရှိနေခဲ့ပြန်တယ်!!အရင်လို ကြည့်ကောင်းဆဲပဲ!!ဒါပေမည့် မိ အခန်းထဲ ဝင်ပါလို့ မဖိတ်ခေါ်မိဘူး!!

"ကိုယ် ဝင်ထိုင်လို့ရမလား မိ!!"
ဩ သူ မိကို ချာတိတ်လို့တောင် မခေါ်တော့ဘူး
"ဟုတ် ရပါတယ်!!"

မင်းသား ဧည့်ခန်းမှာ ထိုင်နေစဉ်
"ထိုင်ပါဦးနော် မိ ကော်ဖီ သွားဖျော်လိုက်ဦးမယ်!!"

ကော်ဖီဖျော်နေစဉ် အခန်းထဲက သားသား နိုးနေတာ မိ မသိခဲ့ပါ!!ဧည့်ခန်းရောက်တော့ မင်းသားလက်ထဲမှာ သားသားက ရယ်မောနေတယ်!!

"ခလေးနိုးနေတာ မိ မသိလိုက်ဖူး!!"

"ကိုယ်က ခလေး အော်သံလေးကြားလို့ ပြုတ်ကျနေသလားဆိုပြီး အလျင်စလို ဝင်ကြည့်မိတာပါ!! ဒီချာတိတ်က ပြုံးပြနေတော့ မချီပဲ မနေနိုင်ခဲ့ဘူး!!"

"ဟုတ်တယ် သားသားက မင်းသားလိုပဲ မျက်နှာချိုတယ်!!"

မင်းသား မိကို ပြုံးကြည့်နေရင်း!!
"မိ ကိုယ့်တူကိုလေ ကိုယ့်သားလို့ သဘောထားလို့ ရပါတယ်!!မိ စိတ်မဆိုးရင် ပြောပြချင်တယ်!!"

"ဟင်"
" ဟုတ်တယ်!!မိတို့ ထွက်သွားကတည်းက ကိုယ် မိကို အချိန်တိုင်းစဉ်းစားမိပါတယ်!ကိုဖိုးလနဲ့ မိ ဘယ်လို သက်ဆိုင်သွားသလဲ စဉ်းစားတိုင်း ကိုဖိုးလရဲ့ ချစ်သူ မဟုတ်ခဲ့ဘူးဆိုတဲ့ အဖြေ ပဲထွက်တယ်!ကိုဖိုးလ ဇနီးဖြစ်နေတော့ ကိုယ်ဘာမှ မတတ်နိုင်ခဲ့ဘူး!!ပြန်လုဖို့ရာလည်း မသင့်တော်ဘူးလေ!!"

"အဲဒီလို မပြောပါနဲ့တော့လား!!"

"ဒီလာတုန်းကလည်း အဲဒီလို ပြောဖို့ မရှိခဲ့ပါဘူး!!ကလေးလေး အော်သံ ကြားလို့ ကလေးရှာတော့ မိတို့ တစ်ခန်းစီ နေကြတာ ကြည့်ပြီး မိများ ကိုယ့်ဆီမှာ စိတ်ရှိနေသေးရင် ပြန်လာနိုင်ဖို့ပါ!!"

"မိတို့ကို အထင်မလွဲပါနဲ့ !!ကိုဖိုးလနဲ့မိ တစ်ခန်းစီမှာ သပ်သပ်နေကြတာ မှန်တယ်!!ဒါပေမယ့် မိ သူ့ကိုချစ်ပါတယ်!!"

ဘုရားရေ မိ ဘာတွေ ပြောထွက်သွားပါလိမ့်!!ဟုတ်တယ် ကိုဖိုးလကို မိကိုယ်မိတောင် သတိမထားမိပဲ ချစ်မိသွားပြီ!!

"ဟင် ဒါဆို ကိုယ်က အိမ်မှာကတည်းက မိရဲ့ဘာလဲ!မိက လှေနံ နှစ်ဖက် နင်းထားတာလား!!"

"အဲဒီလို မဟုတ်ပါဘူး!!မိ မင်းသားကို ရင်ခုန်ခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ!သိပ်ချစ်မိတဲ့ ကြက်တူရွေးလေးကို မိနှလုံးသားလှောင်အိမ်ထဲ အတင်းလှောင်ယူခဲ့မိပါတယ်!!ကံကြမ္မာ မုန်းတိုင်တစ်ခုကြောင့် နှလုံးသားလေးထဲကနေ ကြက်တူးရွေးလေးကို ပြန်လွှတ်ချလိုက်ရပြန်တယ်!!ကျန်ရစ်ခဲတဲ့ ဒဏ်ရာတွေ ထဲကို ကိုဖိုးလက နေရာယူနေမှန်း မိ သတိမထားမိခဲ့ဘူး!ဒါပေမယ့် မိတို့ဘဝတိုက်ပွဲ အတူတူတိုက်ရင်းဖြတ်သန်းလာခဲ့ကြတယ်!!မိ မျက်စေ့ရှေ့မှာ အကြိမ် သိန်းသန်း မက ဖြတ်သန်းသွားလာနေတဲ့ ကိုဖိုးလကို မိ မခွဲနိုင်တော့လောက်အောင် မိရင်ထဲ သူက နေရာယူနေပြီ!!မိသိတော့ ဆွဲနုတ်လို့ မရတော့ဘူး"

မင်းသား မိကိုကြည့် ပြုံးနေပြန်တယ်
"ကိုယ်ဝမ်းသာပါတယ်!!ဘာလို့ အဲဒီလိုပြောင်းလဲ သွားတာလဲ!!"မိပဲ

"အဲဒါမျိုး ဘာကြောင့်ဖြစ်လဲ မိ မသိဘူး!!ဒါပေမယ့် ယုံပါ မိ လှေနံလည်း နှစ်ဖက် မနင်းခဲ့ပါဘူး!!သားသားကိုတောင် သူက အခုထိ မင်းသားနဲ့ရတဲ့ သူ့တူလို့ ထင်နေဆဲမို့ မိ အဖြေမှန်ချပြဖို့ စောင့်နေခဲ့တာပါ!!"

မင်းသား အံ့ဩသွားပြီး
"ဩ ဟော် ကိုဖိုးလက ကိုယ်နဲ့ရတဲ့ ကိုယ်ဝန်လို့ ထင်ခဲ့တာလား!!ဒါဆို သားသားက ဘယ်သူနဲ့!!"
"အဲဒီညက ကိုဖိုးလ မသောက်တတ်ပဲ သောက်လာတယ်!!မမခွာညိုနဲ့လည်း အဆင်မပြေခဲ့ပုံကြတယ်!!မိကို မမညိုလို့ပဲ အမှတ်မှားပြီး ဖြစ်သွားကြတာပါ!!မိ မင်းသားကို သစ္စာစောင့်သိဖို့အတွက် ရုန်းကန်ပါတယ်!!မိမှာ သွေးအားနည်းလို့ မင်းသားနဲ့တောင် ပြင်ဦးလွင်ထိ tik tok လိုက်မဆော့နိုင်ဖူးလေ!!မိ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး!!"

"ဩ အဲဒီလိုလားမိရယ်!စိတ်မကောင်းဖြစ်မိပါတယ်!"

"ဟုတ်ပါတယ်!!ဒါထက် သေချာအောင်ပြောရရင် မင်းသားကြောင့် မိက မင်းသားတို့အိမ်ကိုရောက်လာခဲ့ရတဲ့ သူပါ!! မိ က အိမ်အကူ လုပ်ရလောက်အောင်ထိ ငွေကြေးခက်ခဲတဲ့ နေရာက လာတာမဟုတ်ပါဘူး!!မင်းသားကို crush နေလို့ မိ သတ္တိခဲပြီး အိမ်အကူလာလုပ်လိုက်တာပါ!!ကံကြမ္မာဆိုးကြီး လက်ခံလိုက်ရတဲ့အချိန်မှာ မိ ရူးချင်လောက်အောင် နာကျင်ခဲ့ရပါတယ်!!"

မင်းသား သက်ပြင်းချပြီး
"တစ်ခါတလေ သံသယတော့ ဝင်မိပါတယ်!!မိက သူကြီးတူမ မဟုတ်ပဲ သူကြီးသမီးအဆင့်လောက်တော့ ဖြစ်ချင်ဖြစ်နေမှာလို့လေ!!ဒါပေမည့် မိ မှားတယ်!!မိလို လှတပတလေး!နုနုနယ်နယ်လေးက သူစိမ်းအိမ်မှာ ဘာကိုမှ အရဲမကိုးသင့်တာ!ကိုယ်တို့လို လူ့စည်း ဘီလူးစည်း ရှိတဲ့အိမ်တောင် မိ ဒီကံကြမ္မာမျိုး ရင်ဆိုင်ရသေးရင် စည်းမရှိတဲ့အိမ်ဆို မိဘဝ စဉ်းစားကြည့်ပေါ့"

"ဟုတ်ပါတယ်!မိ အသိတွေ အတွေးတွေ မှားခဲ့ပါတယ်!!မိ ဒီလို ရှင်းပြတာက မင်းသားကို မိလှေနံနှစ်ဖက်မနင်းခဲ့ဘူးဆိုတာ သိစေချင်လို့ပါ !ဒါကြောင့် မိဆုံးဖြတ်ချက်အမှားက ရလာတဲ့ ကံကြမ္မာဆိုးကြီးကို မိ အကောင်းဆုံး ရင်ဆိုင်တိုက်ပွဲဝင်ရင်းနဲ့ ကိုဖိုးလကို လက်ခံမိသွားတာပါ!!"

"ဒါဆို ကိုယ်နားလည်ပါပြီ!!ဒါနဲ့ ကိုဖိုးလက အခုထိ သားသားကို သူ့သားလို့ မသိသေးတာလား!!ပြောလိုက်လေ သားသားမှာ သွားနစ်နာတယ်!!"
"မိ ပြောတော့မှာပါ!!အခု မင်းသားက မိဆီ ဒါတွေ လာပြောဖို့ လာတာမဟုတ်ရင်"

"ကိုယ် ဒီပြည်တွင်းက ဇတ်ကားရိုက်တာ နဲနဲ စီစစ်လိုက်ပြီး ပြည်ပမှာ ကြော်ငြာလေး ဘာလေး ရိုက်လိုက်တော့ Hollywood က အက်ရှင်ဇတ်ကား တစ်ခုမှာ ပြိုင်ဘက်မင်းသားအဖြစ် လျောက်မိခဲ့တယ်!!အခုအရွေးခံရတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာမို့ ကိုယ့်ရဲ့ တစ်ဦးတည်းသော မွေးချင်းလေးဆီ လာနုတ်ဆက်တာပါ!!အခန်း အနေအထားကြောင့် မိများ ကိုယ့်ဆီမှာ စိတ်ရှိနေသေးရင် ရင်ဆိုင်ကြဖို့ မေးကြည့်တာပါ!!ကိုဖိုးလကို မိ ချစ်မိသွားတာ သေချာရင် ဝမ်းသာပါတယ်!!ကဲ ကိုယ်ပြန်တော့မယ်!!"
ဟုဆိုကာ သားသားကို မိဆီပြန်ပေးတယ်!!မိလည်း အောက်ထပ်ထိ ဆင်းပြီး နုတ်ဆက်လိုက်တယ်!!သားသားကို မင်းသားက ငုံ့နမ်းသွားပြီး ပြန်သွားခဲ့တယ်!!အဲဒီမြင်ကွင်းကို မြင်လိုက်သူက လရောင်ခြည်!!မိရယ်-----
😔😔😔😔
ဒီနေ့သား ၆ လ ပြည့်တဲ့နေ့! မိကိုဖိုးလကို ထားသွားဖို့ မမခွာညိုကို တွေ့ကတည်းက မိဆုံးဖြတ်ခဲ့ပါတယ်!!ကိုဖိုးလ ချစ်လွန်းလို့ အခြောက်မတွေက အတင်းရအောင် အောင်သွယ်ခဲ့တဲ့ မမညိုက ကိုဖိုးလကို ပြန်လက်ခံနေပြီပဲ!!မိ ၆ နာရီထိုးတော့ ခလေးကို ပွေ့ခေါ်ကာ ကိုဖိုးလ အခန်းကို အသာချောင်းကြည့်လိုက်သည်!!ဘေတစောင်း အိပ်ပျော်နေသည့် အနေအထားမို့ အသာလေးပဲ ဆင်းလာခဲ့သည်!!မိ ကိုဖိုးလကို ဒုက္ခမပေးချင်တော့ပါ!! သူလည်း မမညိုနဲ့ အဆင်ပြေပြေ ပြန်နေရရင် ပိုကောင်းသွားနိုင်သည်!! ထိုစဉ်

"ဂန္ဓမာပန်း ယူဦးမလားဗျ"

ဂန္ဓမာပန်းသည် မြင်တော့ မိ အတွေးတွေက အတိတ်တစ်ခုဆီ ဦးတည်လျှက်

"မိ ဒီနေ့ ကိုယ်ဖောက်သည်ဆီက ကြားခဲ့တာ!! ဆင်းဆင်းရဲရဲနဲ့ ဘဝတိုက်ပွဲ အတူတိုက်ခဲ့တဲ့သူတွေက သူများတွေထက် အဆပေါင်းများစွာ ရင်းနှီးတယ်တဲ့!!ဘယ်တော့မှလည်း ခွဲမသွားတတ်ဖူးတဲ့"👄

မိ ချက်ခြင်းဆိုသလို တတိယထပ်ကို ခလေးနှင့်ပြေးတတ်ခဲ့ပြီး သူ့အခန်းတံခါးဖွင့်လိုက်တော့ အိပ်ယာအပေါ်မှာ ငေါင်ငေါင်ကြီး!မျက်ရည်များနှင့် မိကို ကြည့်နေတဲ့သူ့ကို

"ကိုဖိုးလ ဘာဖြစ်လို့လဲ"

"မိ ထွက်မသွားဖူးနော်!!"

"မိထွက်သွားတာကို သိနေခဲ့တာလား!!"

"မိ ကိုယ်က အစောကြီး ထတတ်တယ်လေ!!မိ အခန်းထဲမှာ အဝတ်တွေ ထည့်နေကတည်းက ကိုယ့်ကိုယ်ထား သွားမယ်ဆိုတာသိနေခဲ့ပါတယ်!!သားသားလည်း ဒီနေ့ ခြောက်လ ပြည့်တာ ကိုယ်သိတယ်"

"ဟင် ဘာလို့ မိ ကိုမတားတာလဲ"

"မိကို မတားမိတာက မနေ့က ဖိုးနေ မိကို လာတွေ့တာကိုလည်း မြင်မိပါတယ်!!မင်းတို့ အဆင်ပြေပြေ နေကြရရင် ပြီးတာပါပဲ!!ခလေးလည်း သူ့အဖေနဲ့ နေရတာပေါ့ဆိုပြီး မတားခဲ့နိုင်တာပါ!!"

"မဟုတ်ဘူး ကိုဖိုးလ!!"

"ဘာမဟုတ်တာလည်း မင်းတို့ ပြန်အဆင်ပြေသွားပြီမို့လား!!"

"မင်းသား မိကို လာတွေ့တာထက် လာနုတ်ဆက်တာပါ!!ကိုဖိုးလကိုပါ လာနုတ်ဆက်တာ!!ကိုဖိုးလ အပြင်သွားနေလို့ မတွေ့လိုက်ရတာပါ!! သူက Hollywood က အက်ရှင်ဇတ်ကားတစ်ခုမှပြိုင်ဘက် အက်ရှင်မင်းသားအဖြစ် လျှောက်တာ ရွေးခံရလို့ လာနုတ်ဆက်တာပါ!!သူ့ရဲ့ တစ်ဦးတည်းသော မွေးချင်းလေးကို လာနုတ်ဆက်တာလို့ ပြောပါတယ်!!နောက်ပြီး သားသား နဒီ ကလည်း မင်းသားနဲ့ ရတဲ့သား မဟုတ်ပါဘူး!!'"
ကိုဖိုးလ လန့်သွားပြီး

"ဟင် ဒါဆို ဘယ်သူနဲ့လဲ"

"ဘယ်သူလို့ မပြောခင် မိဘာကြောင့် ပြန်လာတယ် ထင်လဲ!!"
"ဘာကြောင့်လဲ!!"

မိ ဘာမှမပြောပဲ သူ့ နုတ်ခမ်းလေးပေါ် အနမ်းခြွေမိတယ်!!
"ကိုဖိုးလကို မိ ချစ်တယ်!!"
သူရဲ့ လင်းလက် စူးရှတဲ့ မျက်ဝန်းတွေက မိကို နားမလည်သလို ကြည့်နေတော့

"သားသားရဲ့ ဖေဖေအစစ်ကို ရင်ထဲကနေ ဆွဲထုတ်မရအောင်ကို ချစ်မိလို့!!"

"ဗျာ ကိုယ် နားမလည်ဘူး!!"
မိ အခန်းထဲသွားဖို့
"ရော့သားသားကို ဒီနားမှာ ခဏ ချသိပ်ပေးထား"
ဟုဆိုကာ မိအခန်းထဲဒေါင့်မှာ သိုဝှက်စွာထားတဲ့ အိတ်တစ်လုံးကို မိ ယူခဲ့တယ်!!
ခလေးချော့သိပ်နေတဲ့သူ့အနား တိုးသွားခဲ့ပြီး

"အိတ်ထဲက ဘာရှိနေလဲ ကိုဖိုးလ ကြည့်လိုက်ပါ!!"

လရောင် ကျွတ်ကျွတ်အိတ် အမဲရောင်ထဲမှ တစ်ခုကို ထုတ်ယူလိုက်တယ်!!အပြာရောင် အိပ်ယာခင်းလေးပဲ!ငါ့ အိပ်ယာခင်းပဲ!နားမလည်စွာ ဖြန့်ကြည့်မိတော့
"ဟာ"
တွေ့ပါပြီ အစွန်းအထင်းလေး!!လရောင်
မိ ပုခုံးလေးကိုကိုင် မိမျက်ဝန်းလေးထဲ သေချာကြည့်ပြီး မေးမိတယ်!!

"မိ !မိ အဲဒီနေ့က မိလား!!"

မိ မျက်ခုံးလေးကို ကုတ်လိုက်မိတယ်
"ဟုတ်ပါတယ် အဲဒီနေ့က မိပါ!!ကိုဖိုးလက မမညိုလို့ မိကို ထင်နေတာ"

"ဒါဆို ငါမကောင်းတာပေါ့!ညီးကိုယ်ညီး မကာကွယ်ခဲ့ဘူးလား!!"

"မိ အတင်းရုန်းပါတယ်!!မိ အဲဒီနေ့က မင်းသားနဲ့ ပြင်ဦးလွင်မှာ tik tok ဆော့ဖို့ လိုက်ရမည့်နေ့လေ!!အရမ်းအားနဲပြီး ခေါင်းတွေမူးနေလို့ မလိုက်ဖြစ်ခဲ့တဲ့နေ့!!အားနဲချက်တွေ ကြောင့် ရုန်းမထွက်နိုင်ခဲ့တာပါ!!"

လရောင် မိကို သနားသွားသည်!မိကို ရင်ခွင်ထဲ ဆွဲယူဖက်ထားပြီးမှ!မိနှင့်နေရောင် ဝေးကြရတာ ငါ့ကြောင့်ပဲ

"မိရယ်"မိ ကိုယ့်ကို ဝှက်ထားတဲ့ ဝှက်ဖဲတွေ ရှိသေးလား!!"ဆိုပြီး မိလက်ကလေးကို ကိုင်ပြီး မေးခဲ့တယ်!!

သူ့ကို မိဘဝအမှန် ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်သည်!!မိရယ်ပြီး
"ရှိတယ်!!တကယ်တော့ မိက စကော့ဈေးက ( ) ရွှေဆိုင်ပိုင်ရှင် သမီးပါ!!"

မိပြုံးနေပေမည့် လရောင် မခံစားနိုင်တော့ဘူး !!ကိုင်ထားတဲ့မိရဲ့ လက်ကလေးဟာလည်း လရောင်တို့အိမ်ရောက်ခါစကလို ပန်းသွေးရောင်ထနေတဲ့ နုနုလေးမဟုတ်ပဲ ခပ်ကြမ်းကြမ်းဖြစ်နေခဲ့ပြီ!! လရောင်ရဲ့ အရက်သောက်မှု အမှားကြောင့် မိကို ဒုက္ခတောထဲ ဆွဲခေါ်မိသလို ဖြစ်သွားခဲ့တယ်!!ငါ့ကြောင့် သူတို့ချစ်သူ ၂ ဦး ဝေးကြရတယ်!!ဒါတွေကမိ အစကတည်းက လရောင်တို့မိသားစုဆီကို ရိုးသားစွာ မချဉ်းကပ်ခဲ့လို့ပဲ!!လရောင် မိကိုစူးစူးရွားရွားကြည့်ပြီး

"မိ မှားတယ်!!ငါတို့ကို လိမ်တာ အမုန်းဆုံးဆိုတာ မင်းသိမှာပါ!!"ဟုဆိုကာ ကားသော့ယူပြီး လရောင် ထွက်လာခဲ့လိုက်တယ်!!
Aaye Chit

 # နေရောင်ခြည်!လရောင်ခြည်! မိတိမ်လွှာအခန်း(၂၃)မမထွေး မိဆေးရုံတတ်နေတဲ့ ကာလ တစ်လျှောက်လုံး လုံးဝ ကူညီတယ်!!မိတို့ စားဖို့သေ...
05/07/2026

# နေရောင်ခြည်!လရောင်ခြည်!
မိတိမ်လွှာ
အခန်း(၂၃)

မမထွေး မိဆေးရုံတတ်နေတဲ့ ကာလ တစ်လျှောက်လုံး လုံးဝ ကူညီတယ်!!မိတို့ စားဖို့သောက်ဖို့ကအစ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ယူလာတယ်!! မိ မမထွေးကို အဲဒီလိုထိ လုပ်ပေးလိမ့်မယ်လို့ ထင်တောင်မထားဘူး!!နောက်ဆုံးနေ့မှာတော့ မမထွေး ပြောစရာရှိတာ ပြောလာတယ်!!

"မိ စိတ်မဆိုးနဲ့နော် မမထွေးကလည်း ဘယ်သူ့ပြောရမှန်း မသိနေလို့!!"
"အင်း"
"မိတို့ကို မင်းသားက ခလေးနဲ့မို့ ဒုက္ခရောက်မှာစိုးလို့ ပြန်ခေါ်ထားချင်တယ်နဲ့တူတယ်!!အမိုးကို ခွင့်တောင်းနေတယ်!!"
"သူက ဘာလို့ အမိုးဆီက ခွင့်တောင်း နေရတာလဲ!!"
"မိနဲ့မင်သားက သမီးရည်းစားဖြစ်ခဲ့ကြတာ အမိုးက သိတယ်လေ!!"
"ဟင် "

"ဟုတ်တယ်!!မမထွေးတို့လည်း မင်းသားမွေးနေ့မှာ သိလိုက်ရတာ!!မိတို့ ထွက်သွားတဲ့နေ့က မင်းသားမွေးနေ့လေ!!မင်းသားက ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံနိုင်ပါတယ်!! ဒါပေမည့် ပွဲလည်းပြီးရော အမိုးအခန်းမှာ အမိုးကိုဖက်ပြီး ငိုလိုက်တာမှ မပြောနဲ့တော့!!မိ သစ္စာဖောက်တာတွေရော!!နားဖာကြိုးထိုးချင်တာတွေရော စုံလို့ပဲ!!"

မိ တကယ်ပဲ ဝမ်းနည်းပါတယ်!!မိလည်း နာကျင်ခဲ့ရတာပါပဲ!!မမထွေးမှ ဆက်ပြောခဲ့သည်!!

"အမိုးက မိကို သိပ်မကျေနပ်ဘူး!!မမထွေးတို့လည်း အစက မိကို မကျေနပ်ပါဘူး!!မိကပဲ မင်းသားကို မျက်စပစ်ပြရတာနဲ့ သီချင်းလေးနဲ့ ကြူရတာနဲ့ မမထွေးတို့က ရိပ်မိပါတယ်!!အဆင့်ချင်း မတူတော့ မင်းသားက တကယ်ပြန်ကြိုက်လိမ့်မယ်လို့ ထင်တောင်မထားဘူး!!မိ အရှင်လတ်လတ် သစ္စာဖောက်သွားတော့ မမထွေးတို့လည်း ကြားထဲကနေ မိကို နားကြည်းမိပါတယ်!!ဒါပေမည့်လည်း အချိန်တွေ ကြာသွားတော့လည်း ပုံပြင် တစ်ပုဒ်လိုပါပဲလေ!!မမထွေးကတော့ မိကို ကြိုဆိုမှာပါ!!"

မိအမှားကြောင့်မဟုတ်တဲ့ နှလုံးသားရေးကို မိ အခုအချိန်မှာတော့ ဘယ်သူမှ အပြစ်မတင်လိုတော့ပြီ

"ကျေးဇူးတင်ပါတယ် မမထွေး!!မိ ပြန်လာဖို့ စိတ်ကူးမရှိပါဘူး!!ကိုဖိုးလက ပြန်နေချင်တယ် ဆိုရင်လည်း သူ့ပဲလွှတ်လိုက်မှာပါ!!မိက မိဖာသာ နေဖို့ စိတ်ကူးက ခိုင်မာပြီးသားပါ!!မမထွေး စဉ်းစားကြည့်လေ အိမ်ရှိလူအကုန်က သိနေတဲ့ ရည်းစားဟောင်းနဲ့ တအိမ်ထဲ အတူနေဖို့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပေါ့!!အမိုးကလည်း မိထက်တောင် အတ္တကြီးမှာပါ!!သူ ဘာလုပ်သင့်သလဲ သူ သိမှာပါ!!" လို့ပြောခဲ့တယ်!!

မိ ကို အမိုးကလည်း ပြန်မခေါ်ခဲ့သလို ကိုဖိုးလကလည်း ပြန်နေဖို့ မစဉ်းစားလို့ မိတို့ ဒီလိုနဲ့ ဆေးရုံက ဆင်းခဲ့ကြတယ်!!

မိတို့ ဆေးရုံက ဆင်းတော့ ကလေးထိန်းအကူမရှိလို့ ကိုဖိုးလရော မိပါ ပင်ပန်းပါတယ်!!ခလေးက နေ့ည လွဲနေတယ်!!ညဆို မျက်လုံးပြူးကြီးနဲ့ နိုးနေတတ်ပြီး!!မနက်ဆို ပုတ်သိုးလို့ အိပ်တာ!!ကိုဖိုးလအခန်းချင်းကပ်လျှက်ဆိုတော့ ကိုဖိုးလလည်း ခလေးနိုးနေတာ ကြားတယ်ထင်တယ်!!မနက်ဆို မိက ထပြီး ထမင်း မချက်ရ မပြုတ်ရပဲ ထမင်းစားရတယ်!!ခလေး အနှီးတွေလည်း လျော်ပေးတယ်!!
ခလေးလေးက လေထိုးလို့ တညလုံးငိုနေရင် သူက ခလေးကို ပုခုံးပေါ်မှာတင်ပြီး ချော့သိပ်တတ်သေးတာ!!မိ သီချင်းတွေ အစုံဆိုတတ်ခဲ့ပေမည့် သားကို သူကချော့တဲ့ သားချော့တေးက ပိုကောင်းလို့ ထင်ပါတယ်!!သူ သီချင်းလေး ညည်း ခလေးသိပ်ရင် ခဏချင်းနဲ့ အိပ်ပျော်သွားတတ်တယ်!!မိ သီချင်းဆိုသိပ်ရင် မအိပ်ပဲ မျက်လုံးပြူးကြီးနဲ့ မိကိုပဲ ကြည့်နေတဲ့ သတ္တဝါလေး!နာပိတ်!ချောင်းဆိုး!မိလက်လုပ်ချဉ် စားမိလို့ ဝမ်းလျော အကုန်ဖြစ်တဲ့ သတ္တဝါလေး!ကိုဖိုးလရော မိရော အတွေ့အကြုံမရှိတော့ ခလေးအတွက် နှစ်ယောက်လုံး ပင်ပန်းစွာ ပြုစုစောင့်ရှောက်လာရတယ်! ခလေး ၂လခွဲလောက်ကနေ သူစပြီး အလုပ် ရှုတ်လာတယ်!!ကားအရောင်းအဝယ်လေး လိုက်လာတယ်!(ပွဲစားများဝိုင်း)ပွဲဝိုင်းတွေနဲ့ အချိန်ကုန်တတ်ပေမည် မှောင်ရင်တော့ ပြန်လာတတ်ပါတယ်!!
သူ မင်းသားရဲ့ အသိုင်းအဝိုင်း တော်တော်များများနဲ့ အလုပ်ဖြစ်ခဲ့ရတယ်ပဲ ဆိုပါတော့!!မိတို့လည်း ဒီ အသိုင်းအဝိုင်းကို အခြေအနေအရ ရှောင်လုပ်နေလို့ မရခဲ့ဘူး!!ခလေး ငါးလလောက်မှာ မိတို့ ငွေစလေး နဲနဲပိုလာခဲ့တယ်!!မိ သူ့ကို အကောင်းဆုံးနည်းနဲ့ လမ်းခွဲချင်တယ်!!သူ့အတွက် မြေတောင်မြှောက်ပေးတဲ့နည်းက အကောင်းဆုံးလို့ မိတွေးတယ်!! တိုက်ခန်း!မြေ အရောင်းအဝယ်က ရှုပ်ထွေးတယ်ဆိုပေမည့် အဲဒါလေး စလုပ်ဖို့ ဖိအားပေးရပြန်တယ်!မိငွေကို ချစ်ချစ်ဆီကငွေလို့ ပြောပြီး မြေလုပ်ငန်းလေး စခိုင်းထားရတယ်!
အစိုးရ စီမံကိန်းမြေ (ပလပ်မြေ)တွေ မဝယ်ဖို့!မရောင်းဖို့ !!ကိုယ့်ဆီ ရောင်းဖို့ လာအပ်တဲ့သူတိုင်းကိုလည်း မယုံဖို့ နောက်ကြောင်း စုံစမ်းဖို့!နှစ်ခါရောင်း သုံးခါရောင်းတွေ ကြုံတတ်လို့ မူရင်း ဇစ်မြစ်ကနေ သတင်းလိုက်တာ မပျင်းဖို့ကအစ မိ သိသလောက် သင်ပေးပါတယ်!!သူ မိဆီကလည်း သင်ယူနိုင်သလောက် သင်ယူတယ်!!တကယ့်ဆရာကြီးတွေဆီကလည်း သင်ယူပြီး လုပ်တော့!! အိမ်ခြံမြေနဲ့ကား အရောင်းအဝယ် ပွဲစားပေါက်စလေး ဖြစ်လာခဲ့ပြီလေ!!
+-+-+-+-+-+-+-+

မိ သားသား နိုးလာလို့ မျက်နှာသစ်ပေးပြီး အဟာရမှုန့်လေး ဖျော်နေစဉ်မှာ
"ဒေါက်ဒေါက်"
တိုက်ခန်းတံခါး ခေါက်သံ ကြားမိတယ်!!ဒီအချိန်ကြီး ဘယ်သူပါလဲ
မိ တံခါးဖွင့်ပေးလိုက်တော့ နေကာမျက်မှန် ဖက်ရှင်လှလှနဲ့ အမျိုးသမီးတစ်ဦး!!မျက်မှန်ချွတ်လိုက်တော့
"ဟင် မမညို!!"
မမခွာညို ခေါင်းငြိမ့်ပြပြီး
"ကိုကို ရှိလား!!"
မိအယောင်ယောင်အမှားမှားဖြင့်

"ဟုတ် ဟုတ် ရှိပါတယ်!!ဝင်ထိုင်ပါဦး!!"

မိတို့ ဝင်လာစဉ်
"မိ ဘယ်သူလဲ!!ဩ ညိုပါလား!ထိုင်လေ!!"

မမညို မထိုင်သေးပဲ မိတို့အခန်းကို လှည့်ပတ်ကြည့်နေပြီး
"ကိုကိုက တော်သားပဲ!!ညိုဖြင့် ဒီအခြေအနေတောင် ရှိမယ်ထင်မထားဘူး!!"
ကိုဖိုးလက မိကို အားနာသလို ကြည့်ကြည့်နေတာမို့ မိ အလိုက်တသိပဲ အဟာရဖျော်ထားတဲ့ခွက်နှင့်အတူ သားသားကို ခေါ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်!ရင်ထဲမှာလဲ တစ်မျိုးပဲ!! အောက်ထပ်က အန်တီအေမီအခန်းရှေ့က ခုံလေးပေါ်မှာ သားသားကို ခွံ့ကျွေးရင်းနဲ့ ဘယ်က ကျလာမှန်းမသိတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ကြမ်းတမ်းစွာ ပွတ်မိတယ်!!မိ ဘာဖြစ်နေတာလဲ!!သူ မမညိုနဲ့ ပြန်အဆင်ပြေလည်း ကောင်းတာပါပဲ!မိ အရင်လိုလည်း သူ့အပေါ် စိတ်မနာတော့ပါဘူး!မိရဲ့သားကို အဖေခေါ်လို့ရအောင် အချိန်အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးခဲ့တာပဲ!!မမညိုကလည်း အခုထက်ထိ ကိုဖိုးလကို ကိုကို လို့ခေါ်ဆဲပဲဟာ!!ငါ့ကြောင့် ချစ်သူနှစ်ဦး ကွဲရလေသလား!!

လရောင် ကလေးချီဆင်းသွားတဲ့မိကို မတားမိလိုက်ဘူး!!ညိုက ဘာကြောင့် သူ့ဆီ လာတာလည်း သိချင်နေပြန်တယ်!!

"ညို ကိစ္စပါသလား!!"
"ပါတယ်ကိုကို!!"

"အင်းပြောလေ!!"

" စံပြ ဈေးနားက မြေညီထပ်ကအခန်းက ကိုကို ကိုင်ထားတယ်ပြောလို့!!ပြန်ရောင်းဖို့ အစီအစဉ်ရှိလား!!"

"ရှိပါတယ်!!မြေပွဲစားပဲဟာ!!"

"ညို အခန်းအနေအထားလေး ကြည့်ချင်တယ်!!ဝယ်ဖြစ် မဝယ်ဖြစ်က နောက်မှပေါ့!!စိတ်မရှိပါနဲ့ လိုက်ပြပေးလို့ ရမလား!!"

"ရတယ်လေ!!နေဦး ကို ကားသော့ ယူလိုက်ဦးမယ်!!"

လရောင် ကားသော့ယူပြီး အခန်းတံခါးစေ့ခဲ့သည်!!မိကို မတွေ့မှ အခန်းပြန်ပိတ်လိုက်မည်!!အောက်ထပ်ဆင်းတော့

"ကိုကို ညို က ကိုကို့လက်မောင်းကို ကိုင်ဆင်းမှ ရမယ်!!ဖိနပ်က ဟီးစီးလာတော့ ဒီလောက်မတ်တဲ့လှေကားက အဆင်းမလွယ်လောက်ဖူး"

လရောင် မတတ်သာပြီ
"ရတယ်လေ!!"ဟုဆိုကာ ညို ကို လက်မောင်းတဖက်ပေးလိုက်ရတော့သည်!!

မိ သားကို အဟာရမှုန့်ဖျော်ကျဲကျဲလေး ကျွေးပြီးတော့ သူတို့လှေကားအတိုင်း ဆင်းလာတာ ကြုံမိတယ်!!
ကိုဖိုးလ မိကို မြင်သွားတော့ မမညိုကိုင်ထားတဲ့ လက်ကို ဖြုတ်ချပြီး

"မိ ကိုယ် ညို့ကို စံပြဈေးနားက တိုက်ခန်းလေး လိုက်ပြလိုက်ဦးမယ်နော်!!"ဟု ခွင့်တောင်းသည်!!

မိ စီးပွားရေးကို အကန့်လိုက်ထားသူမို့
"ဟုတ် ရပါတယ်!!မမညိုကို သေချာပြပေးလိုက်နော်!!မမညို ကြိုက်မှာပါ!!"

လရောင်တို့ ထွက်လာတော့ ညိုက
"ကိုကို မိ ကို ဘာကြောင့်ရွေးတာလဲ ညို သိပြီ"

"ဟင်!!"
"သူက ဖြူတယ်!!"

"ဟုတ်လား"

"ဟုတ်တာပေါ့ ကိုကိုတို့ အိမ်မှာကတည်းက ကိုကိုတို့ ညီအစ်ကို နှစ်ယောက်ထဲကနေ တစ်ယောက်ယောက်နဲ့ ငြိမှာလို့ ညိုက ထင်ပြီးသား!!"

"အင်း!!ဘာကြောင့်"

"သူက သူလုပ်ချင်တာကို ဟန်ဆောင်မှုကင်းကင်းနဲ့ အကြောက်အလန့်မရှိ လုပ်တတ်တာလေ!!သူ့ပုံစံလေးကလည်း ချစ်မွှေးပါတယ်ဆိုမလားပဲ!!ကိုကိုကလည်း သူ့ကို ချစ်ပုံရတယ်!!စီးပွားရေးတွေ ကြိုးစား ရှာနေလိုက်တာ ထင်မထားဘူး"

လရောင် ပြုံးလိုက်မိတယ်!!စိတ်ထဲကတော့ ဟုတ်တယ် ညိုရယ် ငါ မိကိုချစ်တာ ကောင်းကောင်းစား ကောင်းကောင်းနေနိုင်အောင် လုပ်ပေးချင်တဲ့အထိ ဖြစ်ခဲ့တာ!!သူ့မျက်နှာလေး မညှိုးအောင်လည်း အတတ်နိုင်ဆုံး လုပ်ပေးထားတာ
+-+-+-+-+-+-+-+-+-+

လရောင်နှင့်ညို ကားကိုယ်စီဖြင့် စံပြဈေးနားက တိုက်ခန်းလေးဆီသို့သွားစဉ်

"ဒေါက်ဒေါက်!!"

မိ တံခါးခေါက်သံ ကြားတော့ ကိုဖိုးလ ပြန်လာတာ မြန်လှချေလား တွေးပြီး အပြေးဖွင့်ပေးမိစဉ်

"ဟင် မင်းသား!!"
Aaye Chit

Address

Magway

Website

Alerts

Be the first to know and let us send you an email when Ma Aaye Chit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share