Khin Moe Swe

Khin Moe Swe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Moe Swe, Real Estate, Mahlaing.

15/02/2023

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေလေ
ငါပိုပြီး မက်မောမိလာတာက ရိုးရှင်းသောဘဝကိုပဲ။

ရိုးသားစွာ လုပ်ကိုင်စားသောက်ပြီး
ဘာပကာသနမှမလိုအပ်တဲ့ ဘဝမှာ အေးအေးဆေးဆေးလက်ကျန်နေ့ရက်လေးတွေကို ဖြတ်သန်းချင်တယ်။

ရွှေ၊ငွေနဲ့ဂုဏ်တွေဒြပ်တွေရဲ့ဝေးရာမှာ
စိတ်သစ်၊လူသစ်၊ဘဝသစ်၊နယ်မြေသစ်မှာ
ချစ်ခြင်းမေတ္တာကိုသာရှေ့တန်းတင်တဲ့လူတွေနဲ့ပဲ
မိတ်ဆွေဖွဲ့ချင်တယ်။

ကိုယ့်မနက်စာကို ကိုယ်တိုင်ပြင်ဆင်ပြီး
ကိုယ့်ကျန်းမာရေးကိုကိုယ်ဂရုစိုက်မယ်
ကိုယ့်ဘေးနားက လူအနည်းစုကို တန်ဖိုးထားတတ်အောင်ကြိုးစားမယ်။

ဆူညံမှုတွေမပေးတဲ့ တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်မှာ စကားနည်းနည်းပြောပြီး စာများများဖတ်မယ်။

လူကောင်းပါလို့ (၁၀၀ ) ရာခိုင်နှုန်း အာမမခံပေမယ့်
လူပီသအောင်နေမယ်
ကိုယ်ချင်းစာစိတ်ကိုမွေးမယ်
ကိုယ့်တရား၊ကိုယ့်ယဥ်ကျေးမှုနဲ့ရှင်သန်နေထိုင်မယ်။

ကိုယ့်ကြောင့်ဆိုပြီး ကမ္ဘာကြီးနဲ့လူတွေ
လုံးဝ လုံးဝ မထိခိုက်စေရ။

ကိုယ့်အနားရောက်သူတိုင်း
ဘဝတစ်ခုလုံး လုံခြုံနွေးထွေးစေရမယ်။

#ဖားစည်ရည်ကျော်
၁၅.၂.၂၀၂၃

အော်ဒါတွေလည်းရတာမို့လည်းပျော်ပါရှင့်🥰စားကောင်းလို့ထပ်မှာတာကိုလည်းကျေးဇူးတင်ပါတယ်ရှင့်😘မသိသေးလို့မစားရသေးသူတွေစားပြီးရင်သ...
13/02/2023

အော်ဒါတွေလည်းရတာမို့လည်းပျော်ပါရှင့်🥰စားကောင်းလို့ထပ်မှာတာကိုလည်းကျေးဇူးတင်ပါတယ်ရှင့်😘မသိသေးလို့မစားရသေးသူတွေစားပြီးရင်သိပ်ကြိုက်သွားကြမှာပါနော်😍အော်ဘာများလဲလို့မေးရင်တော့ #ဝင်းဝင်း🐥🐥🐥ကြက်သားခြောက်ဖုတ်ကင်လေးပါနော် 😋မှာယူလိုပါကမလှိုင်မြို့အမှတ်(၁၃)ရက်ကွက်(09450836042-09770834380)ရန်ကုန်မြို့ယုဇနပလာဇာမှာလည်း၀ယ်ယူနိုင်ပါတယ်ရှင့်(09798291902-09786232868)

24/01/2023

ပထမလူ ………
သိန်းသုံးထောင်ကျော်တန်
နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။
သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။
သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီးရှိတယ်။
သို့ပေမယ့် အကြွေးသိန်း ပေါင်း တစ်သိန်း ကျော်ရှိနေတယ် ။

ဒုတိယလူ …………
သိန်းတစ်ရာ့ငါးဆယ်တန် Toyota ကား‌လေး မောင်းတယ်။သိန်းရာကျော် အိမ်လေးနဲ့နေတယ်။
သူ လုပ်ငန်းတိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေးတင်နေတယ် သူ့ဘဝမှာ အမြဲသောကဖြစ်နေရတယ် ။

တတိယလူ………
၁၀သိန်းဝန်းကျင် ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်
သူဘဝက ပုံမှန်အလုပ်သွား လူမှုရေးလုပ် အများအတွက် လုပ် မိသားစုကို တတ်နိုင်သလောက်အချိန် ပေး ဘုရားတရားမြဲနဲ့နေတယ်
မိဘအိမ်မှာ ကပ်နေတယ်

သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ် မောင်းနေတဲ့သူက Toyota မောင်းတဲ့လူကို အားကျတယ် ။ Toyota မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ် လင်ခရူဇာမောင်းတဲ့လူကလည်း ဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျနေပြန်တယ် ။

ဒါဟာ လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရာတွေပါ လူတိုင်း တစ်ယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ် ။

ကြောင်က ငါးကိုကြိုက်တယ်…
ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး ။

ငါးက တီကောင်ကိုကြိုက်တယ် ဒါပေမယ့်
ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့
တီတူးပြီး မစားနိုင်ပါဘူး ။

ဒီကနေ့ ဘယ်လောက်ပဲကြီးတဲ့ ကိစ္စကြီးဖြစ်နေပါစေ ။ မနက်ဖြန်ကြတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော…

ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ်… နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော..

အလွန်ဆုံးတော့ ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင်ဖို့ *ပုံပြင်* ကိုယ်စီရှိနေရုံလေးပါပဲ...။

တစ်ကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ....။

လွတ်လပ်မူဆိုတာ လူတိုင်းအတွက်
ဖြစ်နိုင်ပါတယ်……။

ကိုယ်က‌တော့ ရွေးချယ်မူ့အပေါ်
မူတည်ပါတယ်……

တစ်ခါတစ်လေတော့လည်း ရယ်မောမိပါတယ်။
crd.
#ဘဝရဲ့ခရီးသည်

17/01/2023
၀င်း၀င်း🐥ကြက်သားခြောက်ဖုတ်နှင့်ကြက်သားမွှကြော်လေးတွေရပါပြီးရှင့်🐥🐥🐥မှာယူလိုပါက 09786232868နှင့်09955237808သို့မှာယူနိုင်...
16/01/2023

၀င်း၀င်း🐥ကြက်သားခြောက်ဖုတ်နှင့်ကြက်သားမွှကြော်လေးတွေရပါပြီးရှင့်🐥🐥🐥မှာယူလိုပါက 09786232868နှင့်09955237808သို့မှာယူနိုင်ပါပြီရှင့်

ပရင့်O/sလေးတေပါရှင့်
03/10/2022

ပရင့်O/sလေးတေပါရှင့်

03/10/2022

Address

Mahlaing

Website

Alerts

Be the first to know and let us send you an email when Khin Moe Swe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category