About The Knowledge Of World's Gold

About The Knowledge Of World's Gold Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from About The Knowledge Of World's Gold, Real Estate, 62A၊103*103A၊Mandalay, Mandalay.

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်းအုန်းနို့ဆိုတာ မြန်မာလူမျိုးတွေနဲ့ အာရှလူမျိုး အများစုအတွက်တော့ နေ့စ...
22/09/2023

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

အုန်းနို့ဆိုတာ မြန်မာလူမျိုးတွေနဲ့ အာရှလူမျိုး အများစုအတွက်တော့ နေ့စဉ် ရင်းနှီးတဲ့ အစားအစာထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ဆိုရင်တော့ အုန်းနို့ခေါက်ဆွဲ ပေါ့ဗျာ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ထမင်းနဲ့ တွဲစားလို့ရတဲ့ တချို့ဟင်းလျာတွေကို အုန်းနို့နဲ့ ရောပြီး ချက်တာမျိုးလည်း ရှိပါတယ်။ နွားနို့နဲ့ မတည့်တဲ့သူတွေအနေနဲ့လည်း အစားထိုးအနေနဲ့ အုန်းနို့ကို စားသုံးလို့ရတာကြောင့်လည်း နာမည်ကျော် လူကြိုက်များလာခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ လူတိုင်း စားနေကြတဲ့ အုန်းနို့ဆိုတာ ကျန်းမာရေးအတွက် ကောင်းနိုင်သလားလို့ မေးစရာရှိလာပါတယ်။ တကယ် ပြန်စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အုန်းနို့ဟာ အုန်းဆီလောက်တောင် ကျန်းမာရေးအကျိုးကျေးဇူး မပေးနိုင်ဘဲ ဘေးထွက်ဆိုးကျိုး ပိုများနိုင်တာကို တွေ့ရပါတယ်။

အုန်းနို့ဟာ ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ။
၁။ အုန်းနို့ဆိုတာ သဘာဝအုန်းသီးကနေ ရတဲ့ နို့မဟုတ်ပါဘူး။ အုန်းသီးအထဲမှာ ရှိနေတဲ့ အဖြူဖတ် အသားတွေကို ကြိတ်ပြီး ပူနေတဲ့ ရေထဲကို ထည့်ပြုတ်ကာ သမအောင် မွှေပေးရပါတယ်။ ရလာတဲ့ အနှစ်ကို ရေစစ်ဆန်ခါနဲ့ အုန်းသီးဖတ်တွေကို စစ်ပြီး နောက်ဆုံး ချိစ်ထဲထားတဲ့ အဝတ်အတွင်းကို ဖြတ်သန်းစေကာ ရလာတဲ့ နို့ရည်ဟာ အုန်းနို့ပါပဲ။ သဘာဝအတိုင်း ရတဲ့ နို့မဟုတ်ဘဲ လူချက်လုပ်ထားတာဖြစ်တာကြောင့် သဘာဝ အုန်းရည်၊ အုန်းဆီထက် ဆိုးကျိုး ပိုရှိပါတယ်။

၂။ အုန်းနို့မှာ ကျန်းမာရေးအတွက် ရေရှည်ဆိုးကျိုးဖြစ်စေတဲ့ ပြည့်ဝဆီ ပါဝင်မှု အရမ်းများပါတယ်။ ဒါကြောင့် အုန်းနို့ သောက်ပြီးရင် သွေးတက်သလိုဖြစ်တာ၊ ခေါင်းမူးတာ၊ ကိုက်လက်မအီမသာ ဖြစ်ပြီး လေးလံလာတာတွေ ဖြစ်ရတာပါ။ အထူးသဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါရှိသူတွေ လုံးဝ မသောက်သင့်သလို နွေရာသီ နေအရမ်းပူနေတဲ့ အချိန်မှာလည်း အုန်းနို့ကို လုံးဝမသောက်သင့်ပါဘူး။

၃။ အုန်းနို့တွင် အချိုဓာတ် ပါဝင်မှုမြင့်မားတဲ့အတွက် နေ့စဉ် စွဲမြဲသောက်ပါက ကိုယ်တွင်း အဆီနဲ့ ကယ်လိုရီကို မြင့်တက်စေပြီး အဝလွန်စေပါတယ်။

၄။ အုန်းနို့ဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ် ဖြစ်စေတာကြောင့် နဂို ဝမ်းမကောင်းတဲ့သူတွေ၊ ဝမ်းချုပ်တတ်သူတွေ၊ ဝမ်းသွားစဉ် ညှစ်ရတဲ့သူတွေဆိုရင် ပိုပြီးတောင် ဝမ်းပြဿနာတွေ ကြုံရနိုင်ပါတယ်။

၅။ နွားနို့အစားထိုးအနေနဲ့ အုန်းနို့ကို သောက်သုံးတဲ့သူတွေမှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်း ကြုံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုန်းနို့မှာ ကယ်လ်စီယမ်ဓာတ် မပါဝင်လို့ပါပဲ။ ဒီလိုမျိုး ကယ်လ်စီယမ်ဓာတ် မလုံလောက်ခြင်းဟာ အသက်ကြီးလာတဲ့အခါ အရိုး၊ သွားကျိုးလွယ်တာ၊ အရိုးပါးရောဂါတွေ၊ ကိုယ်လက်အင်္ဂါ၊ ကြွက်သား ကျုံ့တာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အုန်းနို့ အရမ်းကြိုက်တဲ့သူတွေလည်း တန်ဆေး၊ လွန်ဘေး ဆိုတဲ့ အသိကို အမြဲကပ်ထားဖို့တော့ လိုမယ်နော်။ လုံးဝကြီး ရှောင်စရာတော့ မလိုပေမဲ့ နေ့တိုင်း စားတာမျိုးကတော့ လွန်တယ်လို့ ဆိုရမှာပါ။ အဲဒီတော့ အုန်းနို့ခေါက်ဆွဲဖြစ်ဖြစ်၊ အုန်းနို့ဖြစ်ဖြစ် ကြိုက်ရင်လည်း တစ်ပတ် သို့မဟုတ် တစ်လ တစ်ကြိမ်လောက်လေးပဲ စားပေးပါ။ သွေးတိုး၊ နှလုံး၊ အဝလွန်သူတွေ အနေနဲ့ အုန်းနို့ကို တတ်နိုင်သလောက် ရှောင်ပါ။ နွေရာသီလို ပူပြင်းတဲ့အချိန်တွေမှာ အုန်းနို့ခေါက်ဆွဲကို မစားကြဖို့ ထပ်ပြီးတော့ မှာချင်ပါတယ်။

Credit : hellosayarwonဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Team ( ရိုးရာလေး)

သူဖုန်းစား သားအဖ'' သတင်းကောင်း ရထားတယ် ငါ့သားရေ။ ဟိုဘက်လမ်းက လူချမ်းသာတစ်ယောက်အိမ်မှာ ပါတီပွဲ အကြီးအကျယ် လုပ်နေတယ်။ လူချ...
31/08/2023

သူဖုန်းစား သားအဖ

'' သတင်းကောင်း ရထားတယ် ငါ့သားရေ။ ဟိုဘက်လမ်းက လူချမ်းသာတစ်ယောက်အိမ်မှာ ပါတီပွဲ အကြီးအကျယ် လုပ်နေတယ်။ လူချမ်းသာတွေ တော်တော်များများ လာလိမ့်မယ်။ ဒီတော့ ဒေါ်လာ ၂၀ လောက်ရအောင် သွားတောင်းချေ။ သူတို့အတွက် ဒီငွေပမာဏက မပြောပလောက်ဘူးကွ''လို့ သူဖုန်းစား အဖေက သူ့သားကို ပြောတယ်။

သူ့အဖေက ဒီလိုပြောလိုက်တာနဲ့ သားဖြစ်သူကလည်း အခွင့်အရေးကို လက်မလွှတ်ဖို့ ပါတီပွဲရှိရာကို ချက်ချင်းထွက်သွားတယ်။ ဒါပေမဲ့ တစ်နာရီလောက်နေရင် လက်ဗလာနဲ့ ပြန်ရောက်လာတယ်။

'' တပြားမှတောင် မရခဲ့ပါဘူး အဖေရာ။ လူချမ်းသာတွေက ရက်ရောပြီး ကြင်နာတတ်မယ်လို့ တွေးခဲ့မိတာ မှားတာပဲ။ ကလေးတွေက ကျွန်တော်ကို လှောင်ပြောင်လိုက်ကြတယ်။ လူကြီးတွေကလည်း ကျွန်တော့်ကို နည်းနည်းလေးတောင် မစွန့်ကြဲကြဘူး''

ဒီစကားကြားတော့ ဖခင်လည်း စိတ်ပျက်သွားတာပေါ့။

'' တော်တော်ဆိုးတာပဲ ငါ့သားရေ။ သူတို့က ကျိကျိတက် ချမ်းသာသူတွေပါကွ။ အပြစ်မရှိတဲ့ ဆင်းရဲသားကလေးတစ်ယောက်ကို ဘာလို့ မကူညီကြတာလဲ။ နောက်တစ်ခါ ထပ်သွားတောင်းချေကွာ။ ဒီတစ်ခါ ကျွန်တော်တို့ တစ်မိသားစုလုံး ဆာလောင်နေကြတယ်။ ဘာမှ မစားရသေးဘူး။ စားစရာဝယ်ဖို့ ဒေါ်လာ ၂၀ လောက်ပေးပါလို့ တောင်းချေကွာ။ အဲဒါဆို သူတို့ စွန့်ကြဲကောင်း စွန့်ကြဲမှာပါ'' လို့ ဖခင်က ပြောလိုက်တယ်။

ကောင်လေးလည်း ရလိုရငြားဆိုတဲ့ စိတ်နဲ့ ပါတီပွဲကို ထပ်သွားတယ်။ ခဏအကြာတော့ ပြန်ရောက်လာတယ်။ ဒီတစ်ခါလည်း သူ့လက်ထဲမှာ တပြားမှ ပါမလာဘူး။

'' ကျွန်တော့်ကို ဘယ်သူမှ အဖက်မလုပ်ကြပါဘူး အဖေရာ။ အမှိုက်တစ်စလိုပဲ သဘောထားကြတာပါ''

ဖခင်လုပ်သူက သက်ပြင်းချလိုက်တယ်။

'' ဟုတ်ပြီကွာ ငါ့သား။ အဖေ သွားတောင်းကြည့်မယ်။ အဖေ့ကိုတောင် သူတို့ ပေးကောင်းပေးနိုင်ပါတယ်ကွာ''လို့ ပြောပြီး ထွက်သွားပါတယ်။

တအောင့်ကြာတော့ အဖေလုပ်သူက အိတ်ထဲမှာ ငွေတွေအပြည့်နဲ့ ပြန်ရောက်လာတယ်။

'' ကြည့်ပါဦး သားရေ။ အဖေ ရလာတာ ဒေါ်လာ ၂၀ တောင် မကဘူးကွ။ မဆန်းပေဘူးလား''

ကောင်လေးလည်း ငွေတွေကို မြင်တော့ ပျော်သွားတယ်။ တဆက်တည်းမှာပဲ ခေါင်းခါပြီး နားမလည်နိုင်သလို ဖြစ်နေတယ်။ '' အဖေ့ကိုကျတော့ သူတို့ ဘာလို့ စွန့်ကြဲကြသလဲဗျ။ အဖေ သွားတာ ဘာမှတောင် မကြာလိုက်ဘူး။ ကျွန်တော့်ကျတော့ တပြားမှတောင် မပေးဘူး''

'' ငါ့သားက တစ်ယောက်တည်းကို ဒေါ်လာ ၂၀ သွားတောင်းတာကိုးကွ။ အဖေက တစ်ယောက်ကို ၂ ဒေါ်လာစီနဲ့ လူ ၁၀ ယောက်ကို လိုက်တောင်းတာလေ။ တချို့ဆို ၂ ဒေါ်လာတောင် မကဘူး၊ ပေးသွားကြတယ်။ အဖေတို့ သားအဖကြားမှာ ကွာခြားသွားတာ အဖေက အသေးအမွှားလေးတွေကို အဓိကထားပြီး မင်းက ကြီးကြီးမားမားကို အာရုံစိုက်တာကိုး'' လို့ ဖခင်က ပြုံးပြီး ပြောလိုက်တယ်။

ပြီးတော့ ဆက်ပြောသေးတယ်။ '' ငါ့သားရေ။ အဖေတို့ဘဝမှာ ကြီးမားတဲ့အရာတွေကိုပဲ အာရုံစိုက်မိလေ့ရှိတယ်။ အသေးအမွှားတွေကို လျစ်လျူရှုထားမိတတ်တယ်။ တကယ်တော့ အဖေတော့ မအောင်မြင်ဘူး၊ ကျရှုံးတယ်ဆိုတာ မကြိုးစားကြလို့ မဟုတ်ဘူးကွ။ အသေးအမွှားလေးတွေကို အာရုံမစိုက်မိကြတာ။ နောက်ဆုံးမှာ အသေးအမွှားတွေကို မဖမ်းဆုပ်နိုင်လို့ ကြီးမားတဲ့အရာတွေကို ဆုံးရှုံးကြရတယ်။ အဲဒီ အသေးအမွှားတွေကပဲ တစ်ဦးနဲ့ တစ်ဦး ကွာခြားသွားစေတာကွ။ တကယ်တော့ ဘဝမှာ အသေးအမွှားတွေက တော်တော်အရေးကြီးတယ်''

Ref: Chima Dickson
Team ( ရိုးရာလေး)

Photo #

31/08/2023

🌚မီးဘယ်လောက် ပျက်ပျက်
မီးပျက်လည်း စိတ်မပျက်ဖို့ မဟာနက်သာတပ်💪😎

💁အိမ်မှာ power bank, solar,inventor စတာတွေရှိရုံနဲ့
Wifiချိတ်ဆက်အသုံးပြု လို့ရနိုင်မယ့် မဟာနက်👏
မီးပျက်သွားရင်တောင် အင်တာနက် မပျက်သွားစေဖို့ မဟာနက် ကတာဝန်ယူပါရစေ😊

ဒါတင်ပဲလား❔❔❔
တပ်ဆင်မယ့် customer တွေအတွက်😊
✅စက်ဖိုး၊ကြိုးဖိုး၊တပ်ဆင်ခ လုံးဝမယူသည့်အပြင်
✅တစ်လချင်းပေးသွင်းလို့ရ
✅အမြဲတမ်းရှိနေပေးမယ့် ၂၄နာရီ customer service
✅Kpay, Wave money ကနေလည်း အလွယ်လည်းငွေပေးဆောင်လို့ရသေး😎😎

မဟာနက်ရဲ့သက်သာတဲ့planလေးတွေအနေနဲ့🙋
HOME PLAN
25Mbps-28500ကျပ်
30Mbps-33500ကျပ်
40Mbps-42500ကျပ်

✅ ‌PREMIUM PLAN အနေနဲ့ကတော့
50Mbps-63000ကျပ်
100Mbps-120000ကျပ် ပဲကျသင့်မှာပါ✨✨

💁ရရှိနိုင်သောမြို့နယ်တွေအနေနဲ့
#အောင်မြေသာဇံ
#ချမ်းအေးသာဇံ
#မဟာအောင်မြေ
#ချမ်းမြသာစည်
#ပြည်ကြီးတံခွန်
#ပုသိမ်ကြီး #ထုံးဖို #အုန်းချော #ကျောက်ချော
#အမရပူရ #ရတနာပုံ
#မြစ်ငယ် #ပလိပ်
#စစ်ကိုင်း

✨ကဲကဲ ဒါထက်ပိုပြီး အသေးစိတ်သိဖို့ရန်နဲ့ အော်ဒါတင်ဖို့ ရန်အတွက်
☎️☎️09765681868 ❕❕❕

ကိုViber or phone ကနေတစ်ဆင့်
အမြန်မေးမြန်းလိုက်ပါနော်💁
📢📢အမြန်တပ်ဆင်ဖို့ အမြန်သာ order တင်ထားလိုက်ပါစို့နော်😇

27/08/2023

🏙️မြို့ပြအတွက် Fiber internet
အသင့်တော်ဆုံး မဟာနက်🛜

✅ ဘယ်social media platforms တွေအတွက်သုံးသုံ
✅ online business အတွက်ပဲလား??
✅ online learning အတွက်ပဲလား??

ဘာအတွက်သုံးသုံး မဟာနက်က
⬇️မြန်ဆန်နေမဲ့အင်တာနက်
⬇️၂၄နာရီ ဝန်ဆောင်မှု့အပြည့်တွေ အပြင်
⬇️စက်ဖိုး၊ကြိုးဖိုး၊တပ်ဆင်ခ အခမဲ့ တွေနဲ့တပ်ပေးဦမှာပါဗျ

သက်သာတဲ့နှုန်းထားတွေအနေနဲ့👇👇
✅HOME PLAN
25Mbps-28500ကျပ်
30Mbps-33500ကျပ်
40Mbps-42500ကျပ်

✅ ‌PREMIUM PLAN အနေနဲ့ကတော့
50Mbps-63000ကျပ်
100Mbps-120000ကျပ် ပဲကျသင့်မှာပါ

ဒါ့အပြင် အခုချိန် အော်ဒါတင်ရင် အမြန်ဆုံးတပ်ဆင်ပေးဦးမှာမို့🤩
Page messenger ကနေတစ်ဆင့်🙋

နာမည်
နေရပ်လိပ်စာအတိအကျ
ဖုန်းနံပါတ်2လုံး
တပ်ဆင်ချင်သည့် Mbps အမျိုးအစားလေးတွေ

ကိုအပြည့်အစုံရေးပြီး အော်ဒါတင်ထားနိုင်ပါတယ်ဗျ✨

အသေးစိတ်ဆက်သွယ်ပြီး မေးမြန်းချင်ရင်တော့

☎️☎️09765681868

ကိုဆက်သွယ်မေးမြန်းပြီး အော်ဒါလေးတင်ထားနိုင်ပါတယ်နော်
ရရှိနိုင်သောမြို့နယ်တွေအနေနဲ့
#အောင်မြေသာဇံ
#ချမ်းအေးသာဇံ
#မဟာအောင်မြေ
#ချမ်းမြသာစည်
#ပြည်ကြီးတံခွန်
#ပုသိမ်ကြီး #ထုံးဖို #အုန်းချော #ကျောက်ချော
#အမရပူရ #ရတနာပုံ
#မြစ်ငယ် #ပလိပ်
#စစ်ကိုင်း

နားထောင်ခြင်းအလေ့အကျင့်ကောင်းတစ်စုံတစ်ယောက် စကားပြောနေတဲ့အခါ သေချာအာရုံစိုက်ပြီး နားထောင်တတ်ဖို့က အလွန်အရေးကြီးပါတယ်။လုပ...
19/08/2023

နားထောင်ခြင်းအလေ့အကျင့်ကောင်း

တစ်စုံတစ်ယောက် စကားပြောနေတဲ့အခါ သေချာအာရုံစိုက်ပြီး နားထောင်တတ်ဖို့က အလွန်အရေးကြီးပါတယ်။လုပ်ငန်းနယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေဟာ အခြားလူရဲ့စကားကို အလေးထား နားထောင်တတ်ကြသူတွေချည်းဖြစ်ပါတယ်။ နားထောင်ရာမှာ ကျွမ်းကျင်လိမ္မာကြသူတွေပါပဲ။

(၉၀) ရာခိုင်နူန်းသောသူတွေက နားထောင်ခြင်းထက် ကိုယ်တိုင်ပြောဖို့ပဲ အားသန်ကြတာပါ။ နားထောင်ပေးခြင်းနဲ့ လူ (၂) ဦးကြား ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်။ ယုံကြည်မှုဆိုတာ ဆက်ဆံရေးကောင်းမွန်စေခြင်းရဲ့ သော့ချက်ပါပဲ။ ဆက်ဆံရေးကောင်းမွန်ခြင်းကလည်း အောင်မြင်မှုရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ပြောစကားကို အသေအချာာနားထောင်ပေးတာက “မင်းကို ငါလေးစားပါတယ်၊ ယုံကြည်ပါတယ်၊ မင်းဟာ ငါ့အတွက် အရေးကြီးတဲ့သူပါ၊ မင်းကို ငါနားလည်ပါတယ်” ဆိုတဲ့ အချက်တွေကို ပါးစပ်က ဖွင့်မပြောဘဲ သိသာစေပါတယ်။

နားထောင်ပေးခြင်းနဲ့ပဲ ကိုယ်လိုချင်တဲ့သတင်းအချက်အလက်တွေကို ရနိုင်ပါသေးတယ်။ အပြန်အလှန်သဘောအရ မိမိပြောဆိုတာတွေကိုလည်း အဲဒီလူက ပြန်ပြီး နားလည်လက်ခံပေးနိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်သားသမီးတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်ဘက်ကချည်း ပြောဆို ဆုံးမမနေဘဲ သူတို့ ပြောပြတာတွေ၊ ခံစားချက်တွေကို စိတ်ရှည်ရှည်နားထောင်ပေးသင့်ပါတယ်။ ဒါမှသာ သားသမီးနဲ့ မိဘကြားမှာ နားလည်မှုတိုးတက်လာပြီး အုပ်ထိန်းရလွယ်ကူနိုင်မှာပါ။

ဒါကြောင့် သာမန်ကြည့်ရင် အရေးမကြီးဘူးလို့ထင်ရတဲ့ နားထောင်ခြင်းအကျင့်ကောင်းနဲ့ နေ့စဉ်လုပ်ငန်းတွေကို တိုးတက်အောင်မြင်စေနိုင်ကြောင်း ရည်ရွယ်မျှဝေလိုက်ရပါတယ်။

Team (ရိုးရာလေး)

Photo crd #

အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့Apple ကုမ္ပဏီ အမှ...
10/08/2023

အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့

Apple ကုမ္ပဏီ အမှုဆောင်ချုပ် (ဟောင်း) စတိဗ်ဂျော့ သက်ရှိထင်ရှား ရှိစဉ်က ဝန်ထမ်းသစ်ခေါ်ဖို့ အလုပ်အင်တာဗျူး လုပ်တဲ့အခါ အင်တာဗျူး လာဖြေသူနဲ့ ဘီယာအတူတူ သောက်တာ၊ ပန်းခြံထဲ အတူတူ လမ်းလျှောက်တာမျိုးလုပ်ပြီး မေးခွန်းမေးလေ့ရှိတယ်လို့ as.com က ဖော်ပြပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ အစဉ်အလာတွေထဲက ခွဲထွက်ချင်တဲ့ စတိဗ်ဂျော့ဟာ ပုံသေကားကျ အင်တာဗျူး အမေး - အဖြေတွေကို ငြီးငွေ့ပြီး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောရတာကို နှစ်သက်သူပါ။ ဒါကြောင့် အင်တာဗျူး လာဖြေတဲ့သူတွေ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဘီယာအတူတူသောက်၊ လမ်းအတူတူလျှောက်ပြီး သူ မေးချင်တာတွေကို ဒဲ့ဒိုးမေးတယ်လို့ ဆိုပါတယ်။

'' မင်းဘဝမှာ အောင်မြင်မှုရတယ်လို့ ခံစားခဲ့ရတဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ။ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာလုပ်ခဲ့သလဲ'' ဆိုတဲ့ မေးခွန်းမျိုးကို စတိဗ်ဂျော့က မေးလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှု တည်ဆောက်ကာ အင်တာဗျူးလာဖြေသူအကြောင်း ကောင်းကောင်းသိအောင် လုပ်လေ့ရှိပါတယ်။

စတိဗ်ဂျော့က သက်ဆိုင်ရာ နယ်ပယ်မှာ အထူးချွန်ဆုံးသူတွေ Apple ကုမ္ပဏီအတွက် တစ်စုတစ်စည်းတည်း အလုပ်လုပ်ကြအောင် ရည်မှန်းခဲ့သူဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေကြောင့်လည်း Apple ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Ref: Steve Jobs had a 'beer test' he would use for interviewing people at Apple

Team ( ရိုးရာလေး)

“ငယ်ဘဝက ဆင်းရဲခဲ့ရင်”🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူက...
10/08/2023

“ငယ်ဘဝက ဆင်းရဲခဲ့ရင်”

🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။

အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။

📌 ၁။ သိမ်ငယ်စိတ်

အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။

အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက အိမ်က ကားနဲ့၊ ကိုယ်ပိုင်ကားနဲ့ တက္ကသိုလ် လာကြတယ်။ ကိုယ်ကတော့ ဘတ်စ်ကားစီးလို့။ မီးပွိုင့်မှာများ ကားချင်းယှဉ်ရပ်နေရင် မမြင်ချင်ယောင် ဆောင်နေရတယ်။ နှုတ်ဆက်နေရမှာစိုးလို့။

ကျောင်းပိတ်ရက်ဆို ဘယ်မှ မသွားနိုင်ဘူး။ အမေ့ဆိုင်မှာ ဝင်လုပ်။ အဖေ့အလုပ်မှာ ဝင်ကူ။ အဲဒီဆိုင်ကိုများ သူငယ်ချင်းတွေ လာကြရင် မျက်နှာပူရသေးတယ်။ ကိုယ့်မိဘကများ သူငယ်ချင်းမိဘဆီမှာ အလုပ်လုပ်နေတယ်ဆို ပိုတောင်ဆိုးဦးမယ်။

ဒီအခါ မိဘကိုလည်း မကျေနပ်ဘူး။ ဘဝကိုလည်း မကျေနပ်ဘူး။ လောကကြီးကိုလည်း မကျေနပ်တော့ဘူး။

အိမ်ကိုလည်း အလည်မခေါ်ရဲဘူး။ ရပ်ကွက်ကလည်း ညစ်ပတ်။ အိမ်ကလေးက ကျဉ်းကျဉ်း။ ကိုယ်ပိုင်အခန်းရယ်လို့လည်း မရှိ။ ရောက်လာပြီဆိုရင် ပြာပြာသလဲ ဧည့်ခံ။ မရှိရှိတာလေးတွေ ချကျွေး။

အပြင်သွားလည်ပြီဆိုလည်း ငွေမထုတ်နိုင်။ သူငယ်ချင်းတွေကပဲ အမြဲစိုက်ပေးနေရတော့ အားနာလာတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် သည်းခံတော့တယ်။ ငါ့လိုလူကိုတောင် အပေါင်းအသင်း လုပ်ပေးကြတယ်ပေါ့။ ဘယ်လိုစစလည်း ပြုံးပြုံးပဲ။ အနိုင်ကျင့်လည်း ငြိမ်ခံနေတယ်။ ရည်းစားများ ရလာခဲ့ရင်လည်း သိပ်အနွံတာခံတယ်။

လောကမှာ Unconditional love ဆိုတာ မရှိဘူး။ အချစ်ခံရဖို့ ကိုယ့်မှာ အကြောင်းရင်းတစ်ခုခုတော့ ရှိရတာပဲ။ ငွေကြေးမတတ်နိုင်တဲ့အခါ သည်းခံခြင်းကသာ သူအချစ်ခံရဖို့အတွက် Condition ဖြစ်လာတော့တယ်။ ကြာတော့ သူ့ကိုယ်သူ ပျောက်ဆုံးလာတယ်။ ပိုပိုပြီး သိမ်ငယ်လာတယ်။

ယောက်ျားလေးတွေဆို ဖိုဝါဒရဲ့ ဖိစီးမှုကိုပါ ခံရတယ်။ ချစ်သူကောင်မလေး၊ သို့မဟုတ် သူကြိုက်တဲ့ မိန်းကလေးက ပိုက်ဆံရှိတဲ့လူ၊ ကားစီးနိုင်တဲ့လူနဲ့ ကြိုက်သွားပြီဆို ပိုခံပြင်းရတယ်။

သိမ်ငယ်စိတ်ရဲ့ နောက်ပုံစံတစ်မျိုးကတော့ ဆတ်ဆတ်ထိမခံ ဖြစ်လာတာပဲ။ ဘာမဟုတ်တာလေးကအစ သူ့အတွက် ပြဿနာဖြစ်နေတယ်။ မာနကို လာထိပါးသလို ခံစားရတယ်။ ဒီတော့ ဆက်ဆံရေးတွေ အဆင်မပြေတော့ဘူး။ အရက်၊ မူးယစ်ဆေးဝါး စတာတွေနဲ့ပါ ထွက်ပေါက်ပေးလာနိုင်တယ်။

📌 ၂။ ကြွားဝါလိုစိတ်

သူများသုံးသလို မသုံးခဲ့ရတဲ့အတွက် ကိုယ့်မှာ သုံးခွင့်ရှိလာပြီ ဆိုတဲ့အခါ ကြွားဝါချင်တယ်။ ဒါလည်း အဆန်းမဟုတ်ဘူး။ ကျွန်တော်တို့တွေ ပထမဆုံး နိုင်ငံခြား ရောက်တဲ့အချိန်တို့၊ လေယာဉ်စီးတဲ့အချိန်တို့ဆို ပျော်ပြီး တွေ့တဲ့နေရာ ဓါတ်ပုံတွေ လျှောက်ရိုက်တတ်ကြတာမို့လား။ သွားပါများလာတော့လည်း ရိုးသွားတာပဲပေါ့။

ငယ်ငယ်ကတည်းက ငွေကြေးပြည့်စုံလို့ ဒါတွေ သွားဖူး၊ လာဖူးပါတယ် ဆိုတဲ့သူတွေလည်း သူတို့ မတွေ့ဖူး၊ မစားဖူး၊ မရောက်ဖူးတာတွေနဲ့ ကြုံရင် ဒီလိုပဲ ဖြစ်တတ်တာပဲ။ (ရည်းစားမရဖူးတဲ့သူတွေ ရည်းစားရသွားရင် Unfollow လုပ်ချင်လောက်အောင်ကို ပုံတွေ တင်တော့သလိုပေါ့။)

ဆင်းရဲတဲ့သူတွေမှာတော့ အဲ့ဒီလို မလုပ်ဖူးတာတွေ တအားများတဲ့အခါ လုပ်ခွင့်ကြုံပြီလည်း ဆိုရော၊ လိုတာထက်ပိုပြီး ကြွားဝါကြတယ်။ ပပလွှားလွှား နေချင်တယ်။

တချို့ကျ အလွယ်လမ်းလိုက်တယ်။ ဒီနေရာမှာ ဖိုဝါဒက ပြဿနာပေးလာပြန်တယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေလောက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရကြဘူး။ ဒီတော့ အသုံးပြုစရာ တစ်ခုပဲကျန်တယ်။ ခန္ဓာကိုယ်ပဲ။ ဒီလိုနဲ့ စင်တင်တေးဂီတတွေမှာ ဖျော်ဖြေကုန်ကြတယ်။

အဲဒီမိန်းကလေးတွေကို သွားမေးကြည့်ရင် ဒီအလုပ်လုပ်နေရတာ နောက်မှာ မှီခိုနေရတဲ့ မိသားစုကြောင့် ပါသလို၊ သူတို့ကိုယ်တိုင်ရဲ့ သုံးချင်စွဲချင်စိတ်ကြောင့်လည်း ပါတယ်။ တချို့မှာဆို အဲဒီအကြောင်းရင်းကတောင် ပိုချင်ပိုနေဦးမယ်။ ဖုန်းအကောင်းစား ကိုင်ချင်တယ်။ အဝတ်လှလှလေးတွေ ဝတ်ချင်တယ်။ ကောင်လေးက ကားနဲ့လာကြိုတာကို သဘောကျတယ်။

တချို့ကျတော့ ငွေမစုမိတော့ဘူး။ ပိုက်ဆံနည်းနည်း ရလာပြီဆို စုထားပြီး အိမ်ဝယ်ဖို့ အရင်ကြိုးစားမယ် မရှိဘူး။ ကြွားချင်တာနဲ့ iPhone ကောက်ဝယ်လိုက်တာတို့၊ ကားကို အရစ်ကျနဲ့ ဝယ်လိုက်တာတို့တွေ လုပ်မိတတ်တယ်။ အလုပ်အတွက် လိုအပ်လို့လည်း မဟုတ်ဘူး။ လူအထင်ကြီးခံလိုစိတ်ကြောင့်ပဲ။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာ ဘာမှမဖြစ်ပေမဲ့ ကိုယ့်ရဲ့ Personal Finance အတွက်တော့ အဲဒီစိတ်က ပြဿနာ အတော်ပေးတယ်။

ဂျက်ကီချန်းမှာတောင် အဲဒီလိုစိတ်မျိုး ရှိခဲ့တယ်လို့ ဖတ်ဖူးတယ်။ ပိုက်ဆံချမ်းသာလာတဲ့အခါ လိုလို မလိုလို တွေ့သမျှ အကုန်လျှောက်ဝယ်ပစ်တာမျိုးပေါ့။ သူကတော့ ကမ္ဘာကျော်မင်းသားမို့ ပြဿနာမရှိပေမဲ့ ကိုယ်ကတော့ ဝင်ငွေထက် ထွက်ငွေပိုများအောင် သုံးမိရင် အကြွေးနွံနစ်သွားတာ၊ လောင်းကစား လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။

📌 ၃။ အကောင်းနဲ့ ထိုက်တန်တယ် မထင်တော့တာ

ချမ်းသာလာတဲ့အထိတောင် အဝတ်အစားဆိုလည်း ခပ်နွမ်းနွမ်းပဲ ဝတ်တာ၊ မုန့်ဟင်းခါးကို ထမင်းနဲ့ပဲ စားတတ်တော့တာ၊ ဖုန်းကောင်းကောင်း ဝယ်ဖို့ကို တွန့်ဆုတ်နေမိတာ၊ ကိုယ့်သားသမီး၊ ကိုယ့်အိမ်ထောင်ဖက်၊ သူတို့ကိုပဲ အကောင်းစားတွေ ပေးသုံးနေမိတော့တာမျိုးပေါ့။

သားသားနားနား ဝတ်ရင်ကိုပဲ နေလို့မကျတော့တာ၊ ပိုက်ဆံသုံးမိရင်ပဲ အပြစ်ရှိသလို ခံစားနေရတော့တာပါ။ ရှေ့နှစ်ခုလောက်တော့ ပြဿနာမပေးပေမဲ့ ကိုယ်ရှာဖွေထားသမျှက သူများအတွက်ချည်း ဖြစ်နေပြန်ရင်လည်း မကောင်းပါဘူး။ ထိုက်သင့်သလောက်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုပါတယ်။

🔳 ခုခေတ်ကျ ပိုဆိုးပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကမှ သုံးစရာ၊ စွဲစရာ သိပ်မရှိတော့ သူသူကိုယ်ကိုယ် ဒီလိုပဲ ထင်ရတယ်။ ခုကျ ငွေသုံးနိုင်တဲ့သူနဲ့ မသုံးနိုင်တဲ့သူက တအားကို ကွာခြားသွားပြီ။ ဆိုရှယ်မီဒီယာလည်း ပေါ်လာတော့ ဘယ်သူက ဘယ်လိုသုံးနိုင်တယ်၊ ဘာတွေ စားနိုင်တယ်၊ ဘယ်တွေ သွားနိုင်တယ် အကုန်မြင်နေ၊ တွေ့နေရပြီကိုး။ အတော်လေးကို Handle လုပ်နိုင်မှ တန်ကာကျလိမ့်မယ်။ လူတိုင်းကို သိမ်ငယ်စိတ် ဖြစ်စေနိုင်တဲ့ခေတ်ကြီး ဖြစ်လာနေပြီလေ။

🔳 ငယ်ဘ၀ ဆင်းရဲခဲ့သူတွေမှာ ကောင်းတဲ့အချက်ကတော့ ငွေတန်ဖိုးကို သိတယ်။ အောက်သက်ကြေတယ်။ လက်ကြောတင်းတယ်။ ရင့်ကျက်တာ မြန်တယ်။ ကြိုးစားတယ်။ ကိုယ်ချင်းလည်း စာတတ်တယ်။

ချမ်းသာတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ သူတို့က သိမ်ငယ်စိတ်တော့ နည်းမယ်။ ငယ်ငယ်ကတည်းက သူများနဲ့ နှိုင်းယှဉ်ခံခဲ့ရတာမှ သိပ်မရှိတာ။ အကုန်သုံးဖူး စွဲဖူးနေတော့လည်း လိုတာထက် ပိုပြီး ထုတ်ပြမနေတော့ဘူး။ မိဘ ထောင်ထားပေးတဲ့ လှေကားပေါ် တက်ရတဲ့အခါကျ ပိုပြီးလည်း လွယ်ကူတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားအောင်လည်း လုပ်နိုင်တယ်။

မကောင်းတာကျတော့ မိဘရဲ့ လောင်းရိပ်မိပြီး ကိုယ်ရည်ကိုယ်သွေး ညံ့ကုန်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ ရေပေါ်ဆီဆန်တာတွေ ဖြစ်တတ်တယ်။

အကောင်းအဆိုးကတော့ ဒွန်တွဲနေတာချည်းပဲမို့ အခြေအနေထက် ဒီအခြေအနေကို ကိုယ်ဘယ်လိုတုံ့ပြန်သလဲ ဆိုတဲ့အပေါ် အဓိက မူတည်သွားမှာ ဖြစ်ပါတယ်။

🔳 မိဘရဲ့ ပြုစုပျိုးထောင်မှုကလည်း အရေးပါပေမဲ့ ဆင်းရဲတဲ့မိဘဆို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပေးနိုင်ဖို့ မလွယ်ဘူး။ သူတို့ကိုယ်တိုင်တောင် ခုပြောခဲ့တဲ့ အချက်တွေ ရှိနေနိုင်တာကိုး။ သိမ်ငယ်စိတ်ဝင်နေတော့ သားသမီးက တစ်ခုခုပြန်ပြောရင်တောင် မင်းတို့က ငွေမရှာပေးနိုင်တဲ့ အဖေမို့၊ အမေမို့ မလေးစားတာလား ဆိုပြီး မဆိုင်တာတွေ ဆွဲချိတ်ပြောတတ်ကြသေးတယ်လေ။

အဓိကအားကိုးရာကတော့ “စာပေ” ပါပဲ။ စာပေက ပေးတဲ့အသိ၊ စာပေက ပေးတဲ့စိတ်ခွန်အား၊ စာပေက ပေးတဲ့ဉာဏ်ပညာတွေကပဲ ဆင်းရဲခြင်းကို လွန်မြောက်ဖို့၊ ဆင်းရဲတဲ့ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။

🔳 နောက်ဆုံးတစ်ချက်ကတော့ ဆင်းရဲခြင်းကို လက်ဆင့်မကမ်းကြဖို့ပါ။

မိဘက ဆင်းရဲတော့ ကိုယ်လည်း အငုံ့စိတ်တွေ၊ မကျေနပ်စိတ်တွေ တလှေကြီးနဲ့ ဘဝကို ရှင်သန်။ ပညာရေးအားနည်း။ ဝင်ငွေမကောင်း။ ဒီအခါ ကိုယ်ကနေ မွေးလာတဲ့ ကလေးကလည်း ကိုယ့်လိုပဲ တစ်ခါပြန်ဖြစ်။ ဆင်းရဲခြင်းတွေ သံသရာလည်နေရလိမ့်မယ်။ အဲဒါကို Intergenerational Poverty လို့ ခေါ်တယ်။

ဒီတော့ ကိုယ့်အလှည့်မှာ တတ်နိုင်သမျှ ကြိုးစားပြီး ဒီသံသရာကို ဖြတ်တောက်။ ဘဝကို မြင့်မားအောင် ကြိုးစား။ လူတန်းစေ့နေနိုင်အောင် လုပ်။

ငယ်တုန်းရွယ်တုန်းမှာ ပိုက်ဆံစု။ မျိုးစုံ ဆွဲဆောင်နေတဲ့ တပ်မက်စရာတွေနောက်ကို လိုက်မသွားနဲ့။ ကိုယ့်ဘဝနဲ့ကိုယ်ပဲမို့ သူသုံးသလို ကိုယ်လိုက်သုံးစရာ မလိုဘူး။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်။ ဒါမှသာ ဒီသံသရာကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း ကိုယ့်တစ်ကိုယ်စာ မိသားစု မဆင်းရဲတော့အောင်ပဲ မကြိုးစားနဲ့။ တစ်တိုင်းပြည်လုံးက မိသားစုတွေ ဆင်းရဲတွင်းထဲကနေ တက်လာနိုင်အောင်ပါ ကြိုးစား။

ဒါဟာ ဘာကြောင့်မှန်းမသိဘဲ ကိုယ့်ဆီရောက်လာတဲ့ ဆင်းရဲခြင်း၊ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်းတွေကို အကောင်းဆုံး တုံ့ပြန်တဲ့ နည်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၈.၂၀၂၃

Photo credit - Pixabay

Address

62A၊103*103A၊Mandalay
Mandalay
599067719

Alerts

Be the first to know and let us send you an email when About The Knowledge Of World's Gold posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category