ကိုဖြိုးပိုင် အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • ကိုဖြိုးပိုင် အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး
မင်္ဂလာပါ လူကြီးမင်း ...ကိုဇော်လက်နှင့် ညီအစ်ကို မောင်နှမများ အိမ်ခြံမြေရောင်းဝယ်ရေး မှ စီစဉ်ဆောင်ရွက်ပေးထားပါသော ငွေကျပ...
25/01/2022

မင်္ဂလာပါ လူကြီးမင်း ...
ကိုဇော်လက်နှင့် ညီအစ်ကို မောင်နှမများ အိမ်ခြံမြေရောင်းဝယ်ရေး မှ စီစဉ်ဆောင်ရွက်ပေးထားပါသော ငွေကျပ် နှစ်သောင်းဖြင့် ကံထူးရှင် ရွေးချယ်ပွဲကို
25.1.2022 ရက်နေ့ နံနက် 10:30 နာရီ အချိန်တွင် စတင်မည် ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည် ...

ကိုဇော်လတ် နှင့် ညီကိုမောင်နှမများ အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး မှသိန်း၆၀တန် (ပေ၂၀x၄၀) မြေ ၁ ကွက် ၊ဆိုင်ကယ် ၁စီး ၊ ဖုန်း ၃လ...
03/01/2022

ကိုဇော်လတ် နှင့် ညီကိုမောင်နှမများ
အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး မှ
သိန်း၆၀တန် (ပေ၂၀x၄၀) မြေ ၁ ကွက် ၊
ဆိုင်ကယ် ၁စီး ၊ ဖုန်း ၃လုံး ၊ ရွှေလက်စွပ် ၁ကွင်း ၊
ထ္မင်းပေါင်းအိုး ၃လုံး ၊ ဖုန်းဘေ ၃၀ကဒ် ၊ ကြော်ငြာအင်္ကျီ ၁၁ ထည် စသည့် ဆုမဲပေါင်း ၅၀ အတွက် မဲ ၁စောင် မြန်မာငွေ (၂၀,၀၀၀) နှစ်သောင်းကျပ် နဲ့ မဲဖောက်ပေးမည် 🙏 ဆိုတော့ကာ မိတ်ဆွေတို့၏ ကံကို ယုံပြီး ပါဝင် ဆင်နွှဲလိုက်ကြပါစို့ 🙋
09753779534 ကိုဖုန်းဆက်ပြီး မဲနံပါတ်များရွေးချယ်နိုင်ပါပြီ 🙏
( 001 မှ 350 ) အထိသာ အစောင်ရေ ၃၅၀ ရှိပါမည် ...

(မဲအစောင်ရေ ၃၅၀ ကုန်တာနဲ့ ‌ကံထူးရှင်များကို Live လွှင့်ပြီး ရွေးချယ်သွားမည် ဖြစ်ပါသည်)

08/12/2021

🙏 မင်္ဂလာပါ 🙏 🙏 ပုသိမ်ကြီးမြို့နယ် ၁၉ လမ်းမကြီးအနီးဆုံး တန်ဖိုးသင့် ​နေရာ​ကောင်း လူ​နေစည်ကား ၊ ​ရောင်း​ကော....

မိတ်​ဆွေ သင့်ရဲ့​တွေ​ဝေ မှု​တွေကိုအဲ့​ နေရာမှာပဲ တစ်ခန်းရပ်လိုက်​တော့ ...သေချာတယ် အ​ရွေးမမှားဘူး ... !💯အကျိုးရှိတယ် အ​တွ...
26/11/2021

မိတ်​ဆွေ သင့်ရဲ့​တွေ​ဝေ မှု​တွေကို
အဲ့​ နေရာမှာပဲ တစ်ခန်းရပ်လိုက်​တော့ ...
သေချာတယ် အ​ရွေးမမှားဘူး ... !💯
အကျိုးရှိတယ် အ​တွေးမမှားဘူး ... !💯
အမြတ်ရမယ် အရှုံးမရှိဘူး ... !💯
အာမခံချက်ရှိတယ် စိတ်မပူရဘူး ... !💯
ဘာလဲဆိုတာ ??? သိချင်ပြီလား ? 💬
​အောက်က Link ကိုနှိပ်ကြည့်လိုက်ပါ 👇
https://www.facebook.com/101944271440471/posts/382955583339337/

4.11.2021 ရက်​နေ့ ပွဲဖြစ်မင်္ဂလာပါ 🙏အခုလို ဝယ်ယူအား​ပေးတဲ့ အစ်ကိုဆန်းနှင့် ကိုစည်တို့ ​ညီကို​တွေလည်း အလုပ်အကိုင် စီးပွား...
04/11/2021

4.11.2021 ရက်​နေ့ ပွဲဖြစ်မင်္ဂလာပါ 🙏
အခုလို ဝယ်ယူအား​ပေးတဲ့ အစ်ကိုဆန်းနှင့် ကိုစည်တို့ ​ညီကို​တွေလည်း အလုပ်အကိုင် စီးပွား​ရေး​တွေ ဒီ​ရေအလား တိုးတက် အဆင်​ပြေကြပါ​စေဗျာ 🤩

မြန်မာနိုင်ငံတွင် ဥပဒေအရ သတ်မှတ်ထားသော မြေ (၉) မျိုးရှိပြီး ၎င်းမြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံး၀င်ပုံမြေပိုင်မြေ၊ ဘိုးဘ...
03/11/2021

မြန်မာနိုင်ငံတွင် ဥပဒေအရ သတ်မှတ်ထားသော မြေ (၉) မျိုးရှိပြီး ၎င်းမြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံး၀င်ပုံ

မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ
==============================
ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိသော မြေမျိုး
ဖြစ်သည်။

- မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
- မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက
ရောင်းချခွင့် ရှိသည်။
- မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်း ခံရသူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ထံမှ အမွေဆက်ခံ ပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်း ခံရသူက ရောင်းချခွင့်ရှိသည်။ ( မှတ်ချက် - မြေအမည်ပေါက်ထံမှ အမွေဆက်ခံသူမသေဆုံးမီနှင့် လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း။ )
- မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေဧရိယာတစ်ခုလုံး၏ ထက်၀က်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း ရောင်းချခွင့် ရှိသည်။
- မိမိ၀ယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ၀ယ်ခွန်ဆောင်ပြီး မှတ်ပုံတင် စာချုပ်ချုပ်ဆို ၀ယ်ယူနိုင်သည်။

မြေငှားဂရန်မြေ
===========
မြေများကို စည်းကမ်းချက်သတ်မှတ်၍ နှစ် (၆၀) ၊ အနှစ် (၉၀) ၊ (၂၅) နှစ် အစရှိသော
နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုး ဖြစ်သည်။

- မြေအမည်ပေါက်က (၃)လ တစ်ကြိမ် မြေခွန်ဆောင်ရသည်။
- အဆောက်အဦးရှိပါက (၃)လတစ်ကြိမ်
အဆောက်အဦးခွန် ဆောင်ရသည်။
- မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
- မြေအမည်ပေါက်သူထံမှ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
( မှတ်ချက် - မြေအမည်ပေါက် မသေဆုံးမီနှင့်လွှဲစာပြန်လည်မရုတ်သိမ်းမီ ကာလအတွင်း။ )
- မြေအမည်ပေါက်၏ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက်ထံမှ မှတ်ပုံတင် အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေအမည်ပေါက် ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
- မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊
ထက်၀က်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။ ( မှတ်ချက် - ရောင်းချသည့် အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထား
နိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ (၂၀) ရှိရန်နှင့် စတုရန်းပေ ၁၂၀၀ ရှိရန် လိုသည်။ )
- မိမိ၀ယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ၀ယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို
၀ယ်ယူနိုင်သည်။

ပါမစ်မြေ
======
စည်ပင်ဝပြောမှု မရှိသေးသည့် နေရာများတွင်
စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာ ဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။

- ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
- ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
- ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။
- မြေငှားဂရန်တွင် လျှောက်ထားသူ အမည်ဖြင့်သာ ရရှိပါသည်။

လိုင်စင်မြေ
========
မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့် မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။ ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများ ဖြစ်သည်။

လယ်ယာမြေတွင်အသုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ် ရရှိပြီး လန(၃၉) ထွက်ရှိမြေနှင့်
အိမ်ယာမြေသတ်မှတ်သည့် ၃(ခ)ထွက်ရှိ မြေများကို မြေငှားဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေးပါသည်။

Crd

 #အလုပ်မပြီးခင်ဆိတ်ဆိတ်နေပါအိမ်၀ယ်တော့ မှာလားတိတ်တိတ်နေပါကားအသစ်၀ယ်တော့ မှာလားတိတ်တိတ်နေပါအိမ်ထောင်ပြုတော့ မှာလားတိတ်တိတ...
27/10/2021

#အလုပ်မပြီးခင်ဆိတ်ဆိတ်နေပါ

အိမ်၀ယ်တော့ မှာလား
တိတ်တိတ်နေပါ

ကားအသစ်၀ယ်တော့ မှာလား
တိတ်တိတ်နေပါ

အိမ်ထောင်ပြုတော့ မှာလား
တိတ်တိတ်နေပါ

အပန်းဖြေခရီးထွက်တော့ မှာလား
တိတ်တိတ်နေပါ

ကျွန်တော်တို့ရဲ့
အိပ်မက်တွေ
ရည်မှန်းချက်တွေ
အကောင်အထည်
ပေါ်လုပေါ်ခင် အချိန်မျိုးမှာ
ကိုယ့်အကျိုး မလိုလားတဲ့
မိတ်ဆွေတုတွေကို
သွားပြောမိတဲ့အတွက်
မျှော်လင့်ထားတာတွေ
ပျက်စီးတတ်ပါတယ်

'မိတ်ဆွေပါ' ဆိုတဲ့
ကိုယ့်ထက်သာ
မနာလိုသူတွေရဲ့
ကွက်ကျော်ရိုက်မှု
ကုလားဖန်ထိုးမှုကြောင့်
ရည်မှန်းချက် အိပ်မက်တွေကို
လက်တစ်ကမ်း အလိုလောက်မှာ
လက်လွှတ် ဆုံးရှုံးရတတ်ပါတယ်

ဒါ့ကြောင့်
ဆိတ်ဆိတ်နေခြင်းသည်သာ
အကောင်းဆုံးပါ

တစ်အူတုံဆင်း
မိသားစုတွေမှာတောင်
လူမသိ၊သူမသိ
မနာလိုမှုဆိုတာ
ရှိတတ်စမြဲပါ...

ဂျပန်သွားပါ🇯🇵💯ဒေါသကို စီမံခန့်ခွဲတတ်လာမယ်🌸မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်🌸ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်🌸ပညာရဲ့...
27/10/2021

ဂျပန်သွားပါ🇯🇵💯

ဒေါသကို စီမံခန့်ခွဲတတ်လာမယ်🌸

မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်🌸

ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်🌸

ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်🌸

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်🌸

မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်🌸

နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်🌸

အချိန်ကိုလေးစားတတ်လာမယ်🌸

ကိုယ့်အားကိုယ်ကိုး တတ်လာမယ်🌸

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်🌸

ပတ်ဝန်းကျင်လေ့လာမှုအား ပိုကောင်းလာမယ်🌸

အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်🌸

မြန်မာ့ယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်🌸

မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်🌸

သည်းခံခြင်းတရား ကြီးမားလာမယ်🌸

ဒေါသကို စီမံခန့်ခွဲတတ်လာမယ်🌸

ပတ်ဝန်းကျင်ကို ရှုမြင်ပုံကွဲပြားလာပါလိမ့်မယ်🌸

အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်🌸

အချိန်ကို စီမံခန့်ခွဲတတ်လာမယ်🌸

လုပ်အားတန်ဖိုး ချစ်မြတ်နိုးလာလိမ့်မယ်🌸

အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်🌸

ငွေကို တန်ဖိုးထားတတ်လာမယ်🌸

ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာကို
သင့်တွေ့ကြုံသင်ခန်းစာများစွာရလာလိမ့်မယ်🌸

ဒါ​ကြောင့် .... သင် ဂျပန်ကိုသွားပါ

Address

19 Street
Mandalay
100107

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959887700221

Website

Alerts

Be the first to know and let us send you an email when ကိုဖြိုးပိုင် အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကိုဖြိုးပိုင် အိမ်၊ခြံ၊မြေ ရောင်းဝယ်ရေး:

Shortcuts

Share

Category