Buyers& Sellers Property

Buyers& Sellers Property The best network for property buyers and sellers

အိမ်ခြံမြေဝယ်မလား၊ တခြားအရာတွေ ဝယ်မလားBy Phyo Wai Kyaw(Buyers& Sellers Property)အိမ်ခြံမြေဝယ်မလား၊ ဒါမှမဟုတ် တခြားအရာတွေ...
15/12/2023

အိမ်ခြံမြေဝယ်မလား၊ တခြားအရာတွေ ဝယ်မလား
By Phyo Wai Kyaw(Buyers& Sellers Property)

အိမ်ခြံမြေဝယ်မလား၊ ဒါမှမဟုတ် တခြားအရာတွေ (ဥပမာ ရွှေငွေ လက်ဝတ်ရတနာ၊ ကားစသဖြင့်) ဝယ်မလား ရွေးချယ်ရမယ်ဆိုပါစို့။ မိတ်ဆွေ ဘယ်လိုစဥ်းစားဆုံးဖြတ်မှာပါလဲ။

ကျွန်တော့်အတွေ့အကြုံတစ်ခု ပြောပြချင်ပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်က မိတ်ဆွေတစ်ယောက်ကြုံဖူးတဲ့အဖြစ်ပေါ့။ သူက အဲဒီအချိန်တုန်းက ခေတ်စားခဲ့တဲ့ ပါပလေကာအမိုးနောက်ဖွင့်ကားလေးကို ငွေကျပ်ဆယ်သိန်းကျော်နဲ့ မန္တလေးမြို့သစ်အရှေ့ဖျားက သူ့မြေကွက်လေးကိုရောင်းပြီး ဝယ်လိုက်ပါတယ်။ အဲဒီတုန်းကလည်း အဲဒီနေရာတွေက လမ်းမရှိ အိမ်မရှိ ကွင်းပြင်သာသာပုံစံသာရှိပြီး မြေစျေးကလည်း ပေ၄၀ ပေ ၆၀ မြေတစ်ကွက်ကို အဲဒီငွေကျပ်သိန်းဆယ်ဂဏန်းပေါက်စျေးပဲရှိခဲ့ပါတယ်။

ဒါပေမယ့် မြေကွက်က တစ်နှစ်ပြီးတစ်နှစ် ဆယ်သိန်းလောက်ကနေ သိန်းငါးဆယ်၊ သိန်းတစ်ရာ၊ သိန်းနှစ်ရာ စသဖြင့်တရိပ်ရိပ်တက်လာလိုက်တာ အခုဆိုအဲဒီနေရာတွေက ကျပ်သိန်းသောင်းချီတန်ကြေးရှိနေပါပြီ။

အဲဒီတော့မိတ်ဆွေ တွက်ကြည့်ပါ။ ရွှေဆိုတာ ရှိရင် တန်ဆာ မရှိရင်ဝမ်းစာဆိုတာလည်း မှန်ပါတယ်။ ငွေလိုအပ်ရင် ငွေအဖြစ်ပြန်ပြောင်းရလွယ်ကူတယ်။ တကယ်အလုပ်အတွက် လိုအပ်ချက်ရှိရင် ကားဆိုတာကလည်း တကယ်လိုအပ်ပါတယ်။ ကိုယ့်မှာလည်း ငွေရှိရင် ဝယ်ရမယ့်အရာတွေပါပဲ။

သို့သော် အဲဒီအရာတွေက မဝယ်မဖြစ် မလိုအပ်သေးဘူး၊ မြေနဲ့ယှဥ်ရင် ဘာကိုရွေးချယ်ရမလဲဆိုရင်တော့ ကျွန်တော်ကတော့ ရေရှည်မှာ အကျိုးအမြတ်ပိုရနိုင်တဲ့ အိမ်ခြံမြေကိုသာ ရွေးချယ်မှာဖြစ်ပါတယ်။

အိမ်ခြံမြေဟာ နေရာကောင်းကိုရွေးချယ်ပြီး ဝယ်ယူတတ်ဖို့သာ လိုအပ်ပါတယ်။ အချိန်ကြာလေ တန်ဖိုးတက်လေဆိုတာကို ကိုယ့်ရှေ့မှာ လက်တွေ့ဖြစ်ရပ်တွေကလည်း မြင်နေရတာမဟုတ်ပါလား။

မိတ်ဆွေရဲ့အတွေ့အကြုံလေးတွေရှိရင်လည်း comment မှာ မျှဝေခဲ့ပါဦး။

(မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့က ခိုင်မာမှန်ကန်တဲ့ အိမ်ခြံမြေ၊ ကွန်ဒို ရောင်း ဝယ် ငှားရမ်းလိုသူတွေအနေနဲ့ Buyers& Sellers Property hotline 09402576450 ကို ဆက်သွယ်နိုင်ကြပါတယ်ခင်ဗျ။ ရောင်းချလိုတဲ့ ကောင်းမွန်တဲ့အိမ်၊ ကွန်ဒိုတွေကိုလည်း house tour လာရောက်ပြီး ဗီဒီယိုရိုက်ကူးကာ ပြည့်ပြည့်စုံစုံတင်ပြပေးမှာဖြစ်တဲ့အတွက် ချိတ်ဆက်စုံစမ်းနိုင်ဖို့ ဖိတ်ခေါ်ပါတယ်)

အိမ်ခြံမြေဝယ်ယူဖို့စိတ်ကူးသူတွေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်များBy Phyo Wai Kyaw(Buyers& Sellers Property)အိမ်ခြံမြေဝယ်...
14/12/2023

အိမ်ခြံမြေဝယ်ယူဖို့စိတ်ကူးသူတွေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်များ
By Phyo Wai Kyaw(Buyers& Sellers Property)

အိမ်ခြံမြေဝယ်ယူခြင်းဟာ မိတ်ဆွေအတွက် ငွေပမာဏများပြားစွာသုံးစွဲရမယ့်ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကြောင့် အမှားကင်းတဲ့ ဝယ်ယူမှုဖြစ်ဖို့လိုအပ်သလို ဘဝမှာ အရေးပါလှတဲ့ နေထိုင်စရာအိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာပါပဲ။ အဆင်ပြေချောမွေ့တဲ့ အိမ်မြေဝယ်ယူခြင်းဖြစ်ဖို့အတွက် ဖော်ပြထားတဲ့အချက်တွေကို ကြိုတင်ပြင်ဆင်ထားခြင်းက မိတ်ဆွေအတွက် အထောက်အပံကောင်းဖြစ်စေမှာပါ။

(၁) မိမိဘတ်ဂျက်ကို သတ်မှတ်ချက်ထားပါ။
'
မိတ်ဆွေဝယ်ယူမယ့်ဘတ်ဂျက်ကို ကြိုတင်သတ်မှတ်ဆုံးဖြတ်ထားခြင်းဟာ အိမ်မြေဝယ်ယူရာမှာ များစွာအလုပ်တွင်စေမှာဖြစ်ပါတယ်။ ငွေနဲ့ပတ်သက်ပြီး ဝန်ပိခြင်းကင်းတဲ့ အိမ်မြေဝယ်ယူမှုလည်း ဖြစ်စေပါလိမ့်မယ်။ ကိုယ်သုံးစွဲမယ့်ငွေပမာဏနဲ့ ဘယ်ဧရိယာမှာ ရနိုင်တယ်၊ အဆောက်အအုံ ပါနိုင်မပါနိုင် စတာတွေကို ခန့်မှန်းလို့ရမှာကြောင့် မဖြစ်နိုင်တာတွေကို ခေါင်းထဲက ဖယ်ထုတ်ပြီး ဖြစ်နိုင်ချေတွေကို ဦးစားပေးစဥ်းစားနိုင်မှာပါ။

ဒီနေရာမှာ အိမ်မြေဝယ်ယူဖို့ ချေးငွေ ယူမယူဆိုတာကိုလည်း ကြိုတင်စဥ်းစားထားသင့်ပါတယ်။ ကိုယ်ကြိုက်တဲ့နေရာက မှန်းထားတာထက်များနေတဲ့အခါ ဘယ်အတိုင်းအတာအထိ ချေးငွေယူနိုင်မလဲ၊ ဘဏ်တိုးနှုန်း ဒါမှမဟုတ် အပြင်ကချေးငွေယူရင် အတိုးနှုန်းက တစ်နှစ်ကို ဘယ်လောက်ကျမလဲ၊ ကိုယ့်အလုပ်အကိုင်နဲ့ ချေးငွေ အတိုးကိုပြန်ဆပ်ဖို့ ဘယ်လိုအခြေအနေရှိမလဲဆိုတာကို ကြိုတင်တွက်ဆထားဖို့ လိုပါတယ်။ ကိုယ်လိုချင်တဲ့နေရာက ကောင်းနေပြီး ချေးငွေပမာဏဟာ ကိုယ်ဆပ်နိုင်မယ့်အတိုင်းအတာမှာရှိနေရင် အိမ်မြေဝယ်ဖို့ချေးငွေဟာထည့်သွင်းစဥ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်။

(၂) စျေးကွက်ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်ရဲ့အကူအညီကို ရယူပါ

ဒါဟာ အိမ်ခြံမြေဝယ်ယူမယ့်မိတ်ဆွေအတွက် သိပ်ကိုအကျိုးကျေးဇူးရှိစေမှာပါ။ ကိုယ်ယုံကြည်ရတဲ့ အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူနဲ့အတူ အလုပ်လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ဝယ်ယူမှုဟာ အချည်းနှီးမဖြစ်စေပဲ ရေရှည်မှာ အမြတ်ကိုရစေမှာပါ။ စျေးကွက်ဝင်တဲ့ နေရာကောင်းကိုရဖို့၊ စျေးနှုန်းမှန်ကန်ဖို့၊ ရောင်းလက်နဲ့ စကားပြောတဲ့အခါ နှစ်ဖက်အဆင်ပြေစေဖို့ ကြားဝင်ညှိနှိုင်းပေးနိုင်ပါလိမ့်မယ်။ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်မှာ သူ့ရဲ့အဆက်အသွယ်ကွန်ရက်ကနေ အချက်အလက်များစွာ ရနိုင်ပါလိမ့်မယ်။

(၃) စျေးနှုန်းဖွင့်ပေးကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့

ကိုယ်ကြိုက်တဲ့အိမ်ခြံမြေကိုတွေ့တဲ့အခါ စျေးနှုန်းဖွင့်ပေးကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဖြစ်သင့်တဲ့ စျေးနှုန်းပေါက်စျေးတန်းတော့ ဖြစ်ပါစေ။ ဒီနေရာမှာ အိမ်ခြံမြေအကျိုးဆောင်ရဲ့အကြံပြုမှုနဲ့ တိုင်ပင်အလုပ်လုပ်သင့်ပါတယ်။ ဒီလိုပေးစျေးဖွင့်ပေးလိုက်မှသာ ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် ရှေ့ဆက်ညှိနှိုင်းလို့ ရနိုင်ခြေရှိမရှိ ခန့်မှန်းသုံးသပ်နိုင်ပါလိမ့်မယ်။

(၄) အိမ်ခြံမြေအရောင်းတွေ များများကြည့်ပါ

ရောင်းလိုတဲ့အိမ်ခြံမြေတွေကို များများကြည့်ပါ။ ဒါပေမယ့် ကိုယ်နိုင်တဲ့ငွေပမာဏကို စျေးခေါ်တဲ့အိမ်ခြံမြေတွေသာ ဖြစ်ပါစေ။ ဒီလိုမဟုတ်ပဲ တွေ့သမျှလိုက်ကြည့်မိရင် တွေဝေသွားပြီး နောက်ဆုံးဘာမှမဝယ်ဖြစ်လိုက်သူတွေ အများကြီးရှိပါတယ်။

(၅) ကိုယ်ကလည်းကြိုက်တယ်၊ ကိုယ်ငွေနိုင်တဲ့ ပေါက်
စျေးတန်းလည်းဖြစ်တယ်ဆိုရင် လက်ဦးမှုရယူလိုက်ပါ

ကိုယ်ကြည့်တဲ့အိမ်ခြံမြေဟာ ကိုယ့်စိတ်ကြိုက်လည်း ဖြစ်နေတယ်၊ ကိုယ်ငွေနိုင်ပြီး သင့်တော်တဲ့ စျေးတန်းပမာဏလည်းဖြစ်နေတယ်ဆိုရင် ခပ်မြန်မြန်လက်ဦးမှုရယူဖို့ ဆုံးဖြတ်ထားပါ။ အိမ်ခြံမြေနေရာကောင်းအတွက် အခွင့်အရေးဟာ နှစ်ခါမရနိုင်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

အိမ်ခြံမြေဝယ်ယူတာနဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ဝေမျှပေးချင်တဲ့အတွေ့အကြုံတွေရှိခဲ့ရင် comment မှာ ဝင်ရောက်ရေးသားပေးဖို့ ဖိတ်ခေါ်ပါတယ်။

(မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တို့က ခိုင်မာမှန်ကန်တဲ့ အိမ်ခြံမြေ ကွန်ဒို ရောင်း ဝယ် ငှားရမ်းလိုသူတွေအနေနဲ့ Buyers& Sellers Property hotline 09402576450 ကို ချိတ်ဆက်စုံစမ်းနိုင်ပါတယ်။ ကောင်းမွန်တဲ့အဆောက်အအုံ အရောင်းတွေကို house tour လာရောက်ရိုက်ကူးပြီး အရောင်းဗီဒီယိုတင်ပေးသွားနိုင်မှာဖြစ်တာကြောင့် ဆက်သွယ်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်)

မန္တလေးမြို့ရဲ့ အိမ်ခြံမြေအချက်အခြာက မြို့တွင်းလား၊ မြို့သစ်လားBy Phyo Wai Kyaw(Buyers& Sellers Property)ဒီမေးခွန်းကို လ...
13/12/2023

မန္တလေးမြို့ရဲ့ အိမ်ခြံမြေအချက်အခြာက မြို့တွင်းလား၊ မြို့သစ်လား
By Phyo Wai Kyaw(Buyers& Sellers Property)

ဒီမေးခွန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်၊ နှစ်ခုလောက်က မေးရင် မန္တလေးမြို့ရဲ့ အိမ်ခြံမြေအချက်အခြာနေရာက မြို့တွင်းလို့ မဆိုင်းမတွဖြေကြရမှာပါ။ ဒါပေမယ့် အခုအခါမှာတော့ ဒီမေးခွန်းအဖြေအတွက် အချိန်ယူစဥ်းစားဖို့ လိုအပ်လာပါပြီ။

အရင်ကတော မန္တ​လေးမြို့ အချက်အခြာနေရာဆိုရင် မြို့တွင်းလမ်း ၈၀ တဝိုက်၊ ၈၄ လမ်း စျေးချိုတဝိုက်ကိုပဲ မြင်မိကြမှာပါ။ အခုထိလည်း အဲဒီနေရာတွေက အသွားအလာများပြား စည်ကားဆဲဖြစ်ပါတယ်။

ဒါပေမယ့် မန္တလေးမြို့သစ်ကိုကြည့်ရင်လည်း တစ်နှစ်ထက်တစ်နှစ် လူနေထိုင်မှုများပြား အသွားအလာစည်ကားလာနေပါတယ်။ ဘယ်လောက်တောင် ပြောင်းလဲလာလိုက်သလဲဆိုရင် အခုအချိန်မှာ မြို့သစ်ကို ပထမဆုံးဖြတ်သန်းသွားလာဖူးသူတွေအနေနဲ့ စည်လိုက်တာနော်၊ တိုက်ကြီးတွေက မြို့ထဲထက် ကောင်းနေပါလား၊ မြို့သစ်အိမ်မြေစျေးတွေက ​ကောင်းလှချည်လား၊ မြို့ထဲထက်တောင် သာနေသေးတယ် စတဲ့မှတ်ချက်တွေ တွင်တွင်ချကြတဲ့အထိပါပဲ။

လက်တွေ့မှာလည်း အဲဒီမှတ်ချက်တွေအတိုင်း ဖြစ်နေပါတယ်။ မြို့ထဲမှာ အိုးရှင်းလိုစူပါမားကတ်ရှိရင် မြို့သစ်မှာလည်းရှိတယ်။ မြို့ထဲမှာ မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ရှိရင် မြို့သစ်မှာလည်းရှိတယ်။ ခမ်းနားတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ အပြိုင်အဆိုင်ဖွင့်နေကြတယ်။ အဝေးပြေးကားကွင်းသစ်ကြီးက မြို့သစ်ဖက်မှာ တည်ထားတယ်။ ပြောရရင် မြို့ထဲမှာ အရင်ကရှိသမျှတွေက မြို့သစ်မှာလည်း ရှိကုန်ပြီ၊ မရှိသေးတာတွေကလည်း ရှိဖို့ကြိုးစားလာကြပါပြီ။

အိမ်ခြံမြေစျေးမှာ အမြင့်ဆုံးလို့ဆိုနိုင်မယ့် မြို့ထဲ ၈၄ လမ်းပေါ်က စျေးအမြင့်ဆုံးနှုန်းတန်းကို မြို့သစ်ရဲ့တချို့နေရာတွေက တန်းတူလယ်ဗယ်တန်းကို လိုက်နေပါတယ်။ မြို့သစ်တချို့ဧရိယာတွေမှာ လူနေနည်းပါးသေးပေမယ့် မကြာမီနှစ်တွေအတွင်း ကွက်လပ်လွတ်တွေရှားပါးလာမယ့်ပုံရှိပါတယ်။ လူနေတိုးပွားလာတဲ့အခြေအနေကို မနက်ခင်းနဲ့ ညနေခင်း အလုပ်သွားအလုပ်ပြန် ကျောင်းသွားကျောင်းပြန်ချိန်တွေမှာ ပိတ်ကြပ်နေတဲ့ယာဥ်ကြော တွေနဲ့ လူစီးကြောင်းကြီးက သက်သေပြနေပါတယ်။

အခုဆို ညမှာ စျေးချိုနာရီစင် ၈၄ လမ်းတဝိုက်က အသွားအလာပြတ်ပြီး တိတ်ဆိတ်သွားချိန်မှာ မြို့သစ်လမ်းမကြီးတွေကတော့ စည်ကားအသက်ဝင်နေပါတယ်။ မြို့သစ်ရဲ့အိမ်ခြံမြေအကွက်အကွင်းဟာ မြို့တွင်းနဲ့မတူတဲ့ပုံစံမျိုးနဲ့ ဖွံဖြိုးလို့လာနေတာ ငြင်းဆန်မရတဲ့အချက် ဖြစ်လာခဲ့ပါပြီ။

မန္တလေးရဲ့ အိမ်ခြံမြေအချက်အခြာဟာ မြို့တွင်းလား၊ မြို့သစ်လားဆိုတဲ့အဖြေအတွက် လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပိုမိုပီပြင်စွာ မြင်တွေ့ရဖွယ်ရှိတာကြောင့် စောင့်ကြည့်ကြပါစို့။

မိတ်ဆွေတို့ရဲ့ အမြင်နဲ့ အတွေ့အကြုံလေးတွေရှိခဲ့ရင် comment မှာ ဝေမျှပေးခဲ့ကြပါဦး။

(မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တို့က ခိုင်မာမှန်ကန်တဲ့ အိမ်ခြံမြေ၊ ကွန်ဒို ရောင်း ဝယ် ငှားရမ်းလိုသူတွေအနေနဲ့ Buyers& Sellers Property ဖုန်းနံပါတ် 09 402576450 ကို ဆက်သွယ်နိုင်ပါတယ်။ သပ်ရပ်လှပတဲ့ အရောင်းအဆောက်အအုံတွေကို house tour လာရောက်ပြီး ဗီဒီယိုရိုက်ကူးတင်ပြ အရောင်းတင်ပေးသွားမှာဖြစ်တဲ့အတွက် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်ဗျ)

11/10/2023

အိမ်မြေမပိုင်သူတွေ နေရေးစိတ်အေးစေဖို့ နည်းလမ်းတစ်ခု
& Sellers Property
viber 09402576450

03/10/2023

ရောင်းချင်တဲ့အိမ်မြေ ဘာကြောင့်ရောင်းမထွက်ပဲ ကြန့်ကြာနေသလဲ
& Sellers Property
viber 09402576450

22/09/2023

မြေစျေးကွက်အလုပ်မဖြစ်ချိန်မှာ မြေဝယ်သင့်သလား
& Sellers Property
viber 09402576450

18/09/2023

အိမ်မြေဂယ်ယူရာမှာ ရောင်းမှားဝယ်မှားမဖြစ်စေဖို့ လုပ်ဆောင်သင့်တဲ့အချက်များ
& Sellers Property
viber 09402576450

15/09/2023

အိမ်မြေပေါက်စျေးတန်းကို ဘယ်လိုဆုံးဖြတ် သတ်မှတ်ကြမလဲ
& Sellers Property
viber 09402576450

12/09/2023

အိမ်​မြေဝယ်ရင် ဘာတွေဆောင်ပြီး ဘာတွေရှောင်သင့်သလဲ
& Sellers Property
viber 09402576450

11/09/2023

မြေဝယ်ချိန်မှာ GP/SP ပဲယူထားရင် ဒါတွေကို သတိထားပါ
# Buyers& Sellers Property
viber 09402576450

07/09/2023

အိမ်မြေဝယ်ရောင်းသမားတွေ အချီကြီးအထိနာခဲ့တဲ့ ဖြစ်ရပ်တစ်ခု
& Sellers Property
viber 09402576450

04/09/2023

အိမ်မြေဝယ်ယူရာမှာ ဘာကြောငိ့ရှုံးသလဲ၊ ဘာကြောင့်မြတ်သလဲ
& Sellers Property
viber 09402576450

Address

Viber +959 402576450
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959402576450

Website

Alerts

Be the first to know and let us send you an email when Buyers& Sellers Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buyers& Sellers Property:

Share

Category