Thiri Jade Lover

Thiri Jade Lover Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thiri Jade Lover, Real Estate, Mandalay.

08/02/2023
အဆီခဲလေးတွေအိဖပ်နေတဲ့အပွင့်လေးတွေနဲ့ချည်း ဖန်တီးထားတဲ့လည်ဆွဲလေးနဲ့ ဟန်းချိန်းလေးပါတစ်ခုချင်း၀ယ်ယူရရှိနိုင်ပါတယ်ရှင်သဘာ၀န...
07/12/2022

အဆီခဲလေးတွေအိဖပ်နေတဲ့အပွင့်လေးတွေနဲ့ချည်း ဖန်တီးထားတဲ့
လည်ဆွဲလေးနဲ့ ဟန်းချိန်းလေးပါ
တစ်ခုချင်း၀ယ်ယူရရှိနိုင်ပါတယ်ရှင်

သဘာ၀နေရောင်နဲ့ရိုက်ထားတဲ့
သဘာ၀ကာလာလေးတွေပါ •••

ကျောက်စိမ်းချစ်သူတို့
၀ယ်စုထားချင်ရင်ပဲဖြစ်ဖြစ်
ပြန်ရောင်းချင်ရင်ပဲဖြစ်ဖြစ်
မျက်နှာမငယ်ရတဲ့
ကျောက်ဆီအပြည့်အ၀ပါတဲ့ဆွဲသီးလေးတွေ၀ယ်ယူရရှိနိုင်ပါတယ်နော် •••

ဈေးလေးကတော့
CB မှာ မေးမြန်းနိုင်ပါတယ်ရှင့်

ကျန်းမာပျော်ရွှင်ပြီး
ကျောက်စိမ်းရတနာတွေအများကြီးပိုင်ဆိုင်နိုင်ကြပါစေ

Thiri Jade Lover
မဟာအောင်မြေကျောက်ဝိုင်း
မန္တလေးမြို့။
09680744747

အဆီခဲလေးတွေအိဖပ်နေတဲ့အပွင့်လေးတွေနဲ့ချည်း ဖန်တီးထားတဲ့ဆွဲသီးလေးတွေပါ •••သဘာ၀နေရောင်နဲ့ရိုက်ထားတဲ့သဘာ၀ကာလာလေးတွေပါ •••ကျေ...
07/12/2022

အဆီခဲလေးတွေအိဖပ်နေတဲ့အပွင့်လေးတွေနဲ့ချည်း ဖန်တီးထားတဲ့
ဆွဲသီးလေးတွေပါ •••

သဘာ၀နေရောင်နဲ့ရိုက်ထားတဲ့
သဘာ၀ကာလာလေးတွေပါ •••

ကျောက်စိမ်းချစ်သူတို့
၀ယ်စုထားချင်ရင်ပဲဖြစ်ဖြစ်
ပြန်ရောင်းချင်ရင်ပဲဖြစ်ဖြစ်
မျက်နှာမငယ်ရတဲ့
ကျောက်ဆီအပြည့်အ၀ပါတဲ့ဆွဲသီးလေးတွေ၀ယ်ယူရရှိနိုင်ပါတယ်နော် •••

ဈေးလေးကတော့
CB မှာ မေးမြန်းနိုင်ပါတယ်ရှင့်

Thiri Jade Lover
မဟာအောင်မြေကျောက်ဝိုင်း
မန္တလေးမြို့။
09680744747

ရခဲမှ ရတနာတန်ဖိုးကြီးသော ရှားပါးသော အရာကို ရတနာဟု ခေါ်ကြသည်။Black Jade အကြောင်း ရေးပါ့မယ်👇👉သာမန် ကျောက်စိမ်းသည် နှစ် တသန...
03/12/2022

ရခဲမှ ရတနာ

တန်ဖိုးကြီးသော ရှားပါးသော အရာကို ရတနာဟု ခေါ်ကြသည်။

Black Jade အကြောင်း ရေးပါ့မယ်👇

👉သာမန် ကျောက်စိမ်းသည် နှစ် တသန်း ကြာပါလျင်သည်။bj သည် သူ့မျိုးနွယ်ဝင်ဖို့ အနည်းဆုံး နှစ် ၂ သန်း ပိုကြာပါသည်။

BJ အစစ်သည် မီးထိုးလျင် မီးမပေါက်တော့ပါ။အဘယ့်ကြောင့်ဆိုသော် သူ့အရေသည် ဆွေးမြေ့ ခမ်းခြောက်သွား၍ ဖြစ်ပါသည်။ထို့ကြောင့် မာခြင်း အဆင့်သည့် ပိုပါသည်။လှခြင်း အဆင်းသည်လည်းပိုပါသည်။တန်ဖိုးလည်း ပိုကြီးပါသည်။မြ မျိုးနွယ် ဝင်ဖြစ်သွားသည်ဟု ရှေး ကျောက်သမားများ ဆို ကြပါသည်။

BJ အဆင့်ကို မြန်မာ့ ကျောက်မျက် ရုံးက အဆင့် ၃ ခု ခွဲသော်လည်း အရပ်မှ ၄ မျိုး ခွဲပါသည်။

သက်တမ်း အနုဆုံးမှ အရင့်ဆုံး အစဥ်လိုက် ရေးပါမည်။

၁ လန့်ဂျိတ် မီးထိုးသော် ပြာပြာလေး ပေါ်ပါသည်။
သက်တမ်းအနုဆုံးဖြစ်သည်။စျေးကတော့ အရောင် နှင့် စျေးကွက်ပေါ် မူတည်ပါသည်။

၂ လန့်ဂျိတ် မီးထိုးသော် စိမ်းပါသည်။စိမ်းအား များပါသည်။သက်တမ်းအားဖြင့် ဒုတိယ အနုဆုံး ဖြစ်ပါသည်။သို့သော် လူကြိုက် များ၍ စျေးကြီးပေးဝယ်ရပါသည်။

၃ BJ အမဲအား အလွန် ကောင်းပါသည်။မီးထိုး သော် စိမ်းပါသည်။သို့သော် စိမ်းအား မကောင်းတော့ပါ။သက်တမ်းအားဖြင့် ပထမ ၂ ခုထက် ရင့်၍ အရေ ခမ်းလာပါပြီ။လူကြိုက်က ဒုတိယ မျိုးလောက် မများပါ။

၄ BJ အစစ်ခေါ် BJ ဟု ကျောက်သမားများခေါ်ကြပါသည်။မည်းနက် နေပြီး မီးထိုးလျင်လည်း ဘာအရောင်မှ မပြပါ။BJ ထဲတွင် သက်တမ်း အမြင့်ဆုံး မာခြင်း အမြင့် ဆုံး အလှဆုံးသော တကယ့် ရတနာ ဖြစ်ပါသည်။ နိုင်ငံခြားသားများ အကြိုက်ဆုံးသော တကယ့်ရတနာ ဖြစ်ပါသည်။

ထို့ကြောင့် BJ ခေါ် Black Jade အမဲရောင် ကျောက်စိမ်းအား ဝယ်ယူရာတွင် သတိရှိပါရန် တန်ဖိုး သိကြပါရန် စေတနာထား တင်ပြခြင်းဖြစ်ပါသည်။

Crd #ကိုလူချော

25/11/2022

လုံးစွပ်တွေ ဖြတ်သားတွေ ကြိုက်ရာရွေးလို့လည်းရနေတာပဲ 💚💚

25/11/2022

လုပ်ကွက်ကလေးတွေအများကြီးရှိတယ်
ဘာလုပ်မလဲ
ဘာလုပ်ချင်လဲ
ကိုယ်ဘယ်လိုင်းကိုက်မလဲဆိုတာ ကိုယ့်ရွေးချယ်ခွက့်လေးပါ

25/11/2022

25•11•2022 မန္တလေးကျောက်ဝိုင်း အခြေအနေလေး

အနည်းဆုံး ဘာမှနားမလည်သေးရင်တောင်ဒီလိုအခွံ ဒီလိုယမ်းမှ ၀ယ်သင့်တယ်ဆိုတာလောက်တော့ဒီလုပ်ငန်းထဲ၀င်တဲ့သူတိုင်းသိထားသင့်ပါတယ်ကိ...
02/11/2022

အနည်းဆုံး ဘာမှနားမလည်သေးရင်တောင်
ဒီလိုအခွံ ဒီလိုယမ်းမှ ၀ယ်သင့်တယ်ဆိုတာလောက်တော့ဒီလုပ်ငန်းထဲ၀င်တဲ့သူတိုင်းသိထားသင့်ပါတယ်
ကိုယ်တိုင်လည်း
ဆက်လက်ရှာဖွေနေဆဲပါပဲ .......

31/10/2022

#ကျောက်သားအဆင့်ကြည့်ရာမှာ

#ကျဲလင်း
(မေး) ကျောက်ဖြတ်သားကို ကျောက်ကြည့်ဓါတ်မီးနဲ့ကြည့်ရာမှာ ကျဲလင်းဘယ်လိုသိနိုင်မလဲ?

(ဖြေ) ကျဲလင်းကို မီးထောက်ကြည့်ရာမှာ အလင်းဖြာအားကောင်းမယ် ဒါပေမယ့် အလင်းအနားသတ်တွေက မညီညာပါဘူး ။ ဖြာထွက်နေတဲ့ အလင်းဝင်ကျောက်သားထဲမှာ အဖြူနှစ် အဆံ ကလေးများ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်

#နုကြည်

(မေး) နုကြည်ကျောက်သားကို ဘယ်လိုသိနိုင်မလဲ?

(ဖြေ) နုကြည်ကျောက်သားဟာ အထက်ကကျဲလင်းကျောက်သားလောက် အလင်းဖြာထွက်မှု မရှိပါဘူး
အလင်းပေါက်နည်းပီး မီးအလင်းဖြာမှု အနားသတ်လဲ မညီညာတာကို နုကြည်ကျောက်သားအဖြစ်ခေါ်ပါတယ်။

#ကျောက်သားရခြင်း

(မေး) ကျောက်သားရတယ်ကျောက်သားတင်းတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

(ဖြေ) ကျောက်စိမ်းလုပ်ငန်းစတင်လုပ်တော့မယ်ဆိုရင် ကျောက်အသားတန်းနားလည်ထားရပါမယ်။
အရေဘယ်လောက်ပင်ကောင်းနေပါစေ ကျောက်သားမရ ပါက ရောင်းတန်း မဝင်ပါ။ ကျောက်သားရခြင်းကို ကြည့်ရှုရာဝယ် ကျောက်ကိုဓါတ်မီးနဲ့ထောက်လိုက်ပါက အလင်း ပြန့်ညီညာခြင်း အလင်းကူးခြင်း အလင်းမြူးခြင်း (ကူးရေ မြူးရေ) မှန်ကန်ခြင်း အလင်းပြန်ခြင်း(reflection) ကျောက်သားအတွင်းသို့ အလင်းယိုင်ခြင်းဖြင့် ကျောက်သားရခြင်းကို သိရှိနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်
အစဥ်လေးစားလျှက်

#ထွဋ်ခေါင် မန်းမြေ

ပညာသင်များအတွက် ရည်ရွယ်ပါသည်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Thiri Jade Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category