Pathein Gyi Real Estate

Pathein Gyi Real Estate We buy and sell real estate in Pathein Gyi

အိမ်ခြံမြေဝယ်မယ်ဆိုရင်......မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် အောက်ဖ...
13/11/2022

အိမ်ခြံမြေဝယ်မယ်ဆိုရင်......

မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊
ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန်အတွက် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။

(၁) ဝယ်ယူမည့် မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကို အရင်စစ်ရပါမည်။
၄င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့်( နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင် သွားရောက်စစ်ဆေးရန်ဖြစ်သည်။

(၂) ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာရပါမည်။

(၃) ကန့်ကွက်သူမရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန်ဖြစ်ပါသည်။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန်ဖြစ်သည်။)

(၄) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူမရှိစေရပါ။ ( ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှ ကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ်။

(၅) ကျူးကျော်နေထိုင်သူတွေဖယ်ပြီးပါက ငွေကျန်ချေပြီးရင် မြေကွက်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန်ပေးရမယ်နော်ဟု ပြောရပါမယ်။ ( ဥပမာ- အဝိစိတွင်းတူးပါမစ်၊ ပါဝါမီတာ စတာမျိုးတွေဖြစ်ပါတယ်) ( စာရွက်စာတမ်းမူရင်းစာတမ်းအားလုံးကို တောင်းယူရန်ဖြစ်သည်။)

(၆) ၄င်းနောက် မြေရှင်က အက်စ်ပီ( အထူးကိုယ်စားလှယ်လွှဲစာ) ပေးရမည်ဟုပြောပါ၊ ကိုယ်စားလှယ်လွှဲစာတွင် ဝယ်ယူမည့်မြေကွက်နှင့်ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်းပါရှိရပါမည်။

(၇) ဝယ်ယူမည့်မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထားပေးပါဟုပြောရပါမည်။

(၈) ၄င်းနောက် ငွေအကြေချေသည့် စာချုပ်ပါ၊၊ အထက်ကပြောခဲ့သည့် စာရွက်စာတမ်းများ အားလုံးကိုရယူပါ။ မြေကွက်ကို လက်ရောက်ရယူပါ။

(၉) မပြီးသေးပါ၊ မိမိဝယ်ယူမည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် စံနှုန်းများ၊ အဆောက် အအုံများပါရှိပါက အဆောက် အအုံအမျိုးအစားအလိုက် သတ်မှတ်သည့် စံနှုန်းများ( တစ်ပေလျှင် မည်မျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။

(၁၀) ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများကို အိမ်ခြံမြေတည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည်ဖြစ်ပါသည်။ မြို့နယ်ရုံးက မိမိတန်ဖိုးသတ်မှတ်ထားသည့် နှုန်းထားဖြင့် အရောင်းအဝယ်စာချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် တင်ပြပါက သူက အထက်အဆင့်ဆင့်ရုံးများသို့ဆက်လက် တင်ပြသွားမည်ဖြစ်ပါသည်။

(၁၁) ကျသင့်ငွေ တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း
အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့် ဝင်ငွေရလမ်းအထောက်အထားများ တင်ပြပြီး ဝင်ငွေ ခွန်စိစစ်မှု ကို ခံ ယူရန်လိုအပ်ပါသည်။ စည်းကြပ်မှု လွှတ်ကင်းနေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည်။

(၁၂) မြန်မာနိုင်ငံတစ်ှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်ခြံမြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ၊ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ( စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်းဆောင်ရပါမည်။

(၁၃) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ပေးထားသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံတို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ ( မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာထမ်းဆောင်ရမည်ဖြစ်ပါသည်။)

(၁၄) ငွေသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း/ မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်းထုတ်ယူရပါမည်။

(၁၅) အိမ်ခြံမြေဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ပတခ (ဝင) - ၈ နှင့် အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန်ချလံ ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍ စာချုပ်စာတမ်းများကို မှတ်ပုံတင်ကြရပါမည်။

အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန်ဖြစ်ပါသည်။ နောက်မှ အမည်ပေါက်ပြောင်းတာ ဘာညာတွေကို လုပ်စရာရှိပါသေးသည်။ ဤမျှလောက်ဆိုလျှင် အတော်အသင့် သိသင့်ပြီဟုထင်ပါသည်။

​ရေးသူ။ ဆရာကြီးမိုးထက်

ကိုးကား-
- ကွယ်လွန်သူ အိမ်ခြံမြေအကျိုးဆောင် ဆရာကြီးဦးကြည်စိုး( အိုင်စီ) ၏ သင်ကြားပို့ချမှုများ ( ဆရာကြီးကို ဦးညွှတ်လျှက်)

- ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းစဉ်များ ထုတ်ပြန်ချက်

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688

#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

ဂရန်မြေဝယ်ယူရာတွင်မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ?အဆင့်တွေကတော့များတယ်။၁။ ဂရန်အမည်ပေါက်သူထံကတိ...
13/11/2022

ဂရန်မြေဝယ်ယူရာတွင်
မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ?

အဆင့်တွေကတော့များတယ်။

၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေးရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် က
တိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မွာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြ လျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။
တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။
မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။
တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။
(ဖုန်းဆက်ပြီးလည်းအကြောင်းကြားပါတယ်။ )

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။
ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ
”အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။
မြေယာဌာနက
သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရွိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။
ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ယူထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်။

credit- ဥပဒေရေးရာ

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688

#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

မန္တလေးတိုင်းပုသိမ်ကြီးမှာ အိမ်ခြံမြေဝယ်ယူလိုပါက ဆက်သွယ်လိုက်ပါ။

မြေ အမျိုးအစား ဘယ်နှမျိုးရှိလဲ ?ယနေ့ခေတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအ...
12/11/2022

မြေ အမျိုးအစား ဘယ်နှမျိုးရှိလဲ ?

ယနေ့ခေတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံလာကြသည်ကိုတွေ့ရသည်။

မြေအကြောင်း နားလည်သူများ ကောင်းစားနေသည့်ခေတ်

သို့သော် အခြေအနေအချိန်အခါပေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေကြသော်လည်း “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစား အမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြသည်ကို တွေ့ရသည်။ မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။

✅မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုသည်။

✅ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုသည်။

✅ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

✅လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

✅ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုသည်။

✅မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

✅စကွာတာမြေ

“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို” ဆိုလိုသည်။

✅ကျူးလွန်ခြင်းမြေ

“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလို သည်။

✅ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိသော မြေကိုဆိုလိုသည်။

✅မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

✅မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါသည် ယင်းသို့ မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းလည်း ရှင်းပြလိုပါသေးသည်။

✅အခွန်လွတ်သာသနာ့မြေ

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

အခွန်လွတ်သာသနာ့မြေဂရန်

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ “မြေယာပိုင်ပတ္တာစာချုပ်” ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

✅အခွန်လွတ်ဗဒ္ဓသိမ်မြေ

” အခွန်လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်

” အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ “ဝိသုံ ဂါမသိမ်” အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄)မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် “ဝိသုံဂါမသိမ်” အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

ရေးသားသူ – လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688

#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

ပုံစံ (၇) ရှိသူ နှင့် မရှိသူ ဘာကွာလဲ ?၂၀၂၀ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပု...
11/11/2022

ပုံစံ (၇) ရှိသူ နှင့် မရှိသူ ဘာကွာလဲ ?

၂၀၂၀ လယ်ယာမြေ ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ရှိသူနှင့် မရှိသူတို့ရဲ့ အခြေအနေတွေကို သုံးသပ်တင်ပြချင်ပါတယ်။

၁။ ပုံစံ ၇ ရှိသူအတွက်...
👉 ပုံစံ ၇ ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ (ပုဒ်မ ၃။ (စ) အရ)

👉 ပုံစံ ၇ ရှိရင် ဘာအခွင့်အရေးတွေ ရသလဲ ဆိုတော့
(၁) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ရာသီသီးနှံကို ပြောင်းလဲ စိုက်ပျိုးနိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊
(၂) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊
(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(၄) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊
(၅) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ သို့မဟုတ် အစိုးရ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
(၆) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။
(ပုဒ်မ ၉ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးများ)

👉 ပုံစံ ၇ ရှိရင် ဒီစည်းကမ်းတွေကို လိုက်နာရမယ်-
(၁) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
(၂) လယ်ယာမြေနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့်အခြား အခွန်အခများကို ပေးဆောင်ရမည်။
(၃) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့် တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(၄) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။
(၅) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။
(၆) လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရ။
(၇) လယ်ယာမြေကို ရာသီသီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်းမပြုရ။
(၈) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။ သို့ရာတွင် လယ်ယာမြေကို လှပ်ထားရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြေတည်ရှိရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ လှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက် မပိုစေရ။
(၉) လယ်ယာမြေ လုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း မပြုရ။
(ပုဒ်မ ၁၂ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူလိုက်နာရမည့် စည်းကမ်းများ)

ဒီစည်းကမ်းတွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ်ဆိုရင် ဘာဖြစ်မလဲ
👉 စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး အောက်ပါ အမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(၁) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(၂) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(၃) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(၄) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။
(ပုဒ်မ ၁၉ အရ)

ဒီလို အမိန့်ပေးရင် ဘယ်နေ့ဘယ်ရက်အတွင်း ဘယ်လိုလုပ်ပါလို့ စာနဲ့ ထုတ်ပြန်ပေးမှာ။ ဒါကိုမှ ဆက်ပြီး မလိုက်နာဘူးဆိုရင်
👉 အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။
(ပုဒ်မ ၂၀ (က) အရ)

ဒီလို တရားစွဲ ခံရပြီ ဆိုရင်တော့
👉 မည်သူမဆို ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ပုဒ်မ ၃၅ အရ)

တစ်ကြိမ်တရားစွဲဆို ခံရဘူးတဲ့သူက နောက်တကြိမ် တရားစွဲဆိုခံရပြီ ဆိုရင်တော့
👉 ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် ယခင်က အလားတူပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ပုဒ်မ ၃၅ ပါအများဆုံး ထောင်ဒဏ် ချမှတ်ခြင်းခံရမည်။
(ပုဒ်မ ၃၆ အရ)

👉 အထက်မှာ တင်ပြခဲ့တာတွေက ပုံစံ ၇ ရှိတဲ့သူရဲ့ အခွင့်အရေးတွေ၊ စည်းကမ်းတွေ၊ စည်းကမ်းမလိုက်နာရင် အရေးယူခံရမှာတွေပဲ ဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာခဲ့ရင်တောင် တရားစွဲခံရဖို့က နည်းတယ်လို့ ပြောလို့ရပါတယ်။ အမှုကရဲအရေး မပိုင်တဲ့ အမှုဖြစ်တာကတစ်ကြောင်း၊ ရပ်ကျေး မြို့နယ် လယ်စီတွေက တရားစွဲရမှာထက် အခြားသော နည်းမျိုးစုံနဲ့ ညှိပေး၊ ဖိအားပေး၊ ဥပဒေနဲ့ ခြောက်လှန့် လိုက်နာအောင် လုပ်ကြမှာပါ။ ဘာလို့ဆို ဘယ်သူကမှ အမုန်းခံ၊ ရုံးရောက် ဂတ်ရောက် အလုပ်အရှုပ် မခံချင်ကြလို့ပါ။ တော်တော်လေးကို စည်းကမ်း မလိုက်နာ ပြောမရ ဆိုမရ ပေကပ်နေပြီး မရတဲ့အဆုံးမှ အထက်အဆင့်ဆင့်ကလဲ စွဲခွင့်ပြုတော့မှ တရားစွဲကြမှာပါ။ ဒါသည်ပင် ပုံစံ ၇ ရှိသူအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာတယ် ပြောရမှာပါပဲ။

၂။ ပုံစံ ၇ မရှိသူအတွက်
👉 လယ်ယာမြေမှာ လုပ်ပိုင်ခွင့် ပုံစံ ၇ မရှိပဲ စိုက်ပျိုးတယ်၊ အသုံးချနေတယ်၊ အိမ်ဆောက်နေတယ်၊ ဆိုင်ဆောက်ထားတယ်၊ အုတ်ဖုတ်တယ် စသည်ဖြင့် အခြားနည်း တမျိုးမျိုးအသုံးချနေတာမျိုးပါ။ ဆိုလိုတာက လယ်ယာမြေကို တနည်းနည်းနဲ့ အသုံးပြုနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

👉 ဒီနေရာမှာ ပုံစံ ၇ မရတဲ့ အကြောင်းအရင်းက သူကိုယ်တိုင် ပုံစံ ၇ မလျောက်ခဲ့တာကြောင့် မရခဲ့တာမျိုးလဲ ဖြစ်နိုင်တယ်၊ လျောက်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရခဲ့တာလဲ ဖြစ်နိုင်တယ်၊ အခြားနည်း အသုံးပြုနေတာကြောင့် ပုံစံ ၇ ပေးမရလို့ မရခဲ့တာလည်း ဖြစ်နိုင်တယ်၊ သူအသုံးပြုနေတဲ့မြေက လယ်ယာမြေ အမျိုးအစား မဟုတ်လို့ မရခဲ့တာလဲ ဖြစ်နိုင်တယ် (လယ်ယာမြေ အမျိုးအစား မဟုတ်လို့ ပုံစံ ၇ မရခဲ့တာက လယ်ယာမြေဥပဒေနဲ့ မဆိုင်တော့ပါဘူး)။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုလိုရင်းကတော့ လယ်ယာမြေ အမျိုးအစားလဲ ဖြစ်ရမယ်၊ ပုံစံ ၇ မရှိတာလည်း ဖြစ်ရမယ်။

👉 ဒီလို အခြေအနေမျိုးဆိုရင် လယ်ယာမြေကို လုပ်ပိုင်ခွင့်မရပဲ အသုံးပြုနေသူ၊ လယ်ယာမြေကို အခွင့်မရပဲ အသုံးချနေသူ ဖြစ်သွားပါပြီ။ ဒီလိုမျိုးဆိုရင်တော့ မည်သူမဆို လယ်ယာမြေ လုပ်ပိုင်ခွင့်မရရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၃၇ (က) အရ)

👉 ဒီနေရာမှာ "မည်သူမဆို" ၊ "လယ်ယာမြေမှာ" ၊ "လုပ်ပိုင်ခွင့်မရပဲ" ၊ "ကျူးကျော်လုပ်ကိုင်ကြောင်း" ဆိုတဲ့ စကားလုံးတွေကို သတိပြုပါ။ ဘယ်သူပဲ ဖြစ်ဖြစ် လယ်ယာမြေ အမျိုးအစားမြေမှာ လုပ်ပိုင်ခွင့်မရပဲ ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရမယ်လို့ ဆိုလိုပါတယ်။ လုပ်ပိုင်ခွင့်ရဖို့ဆိုတာ လယ်ယာမြေဥပဒေအရ ပုံစံ ၇ လျောက်မှ လုပ်ပိုင်ခွင့်ရမှာပါ။ လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့ရင် တနည်း ပုံစံ ၇ မရှိခဲ့ရင် ကျူးကျော်သူ ဖြစ်သွားပါပြီ။ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည် ဆိုတဲ့ လယ်ယာမြေဥပဒေ ပုဒ်မ ၃ (စ) မှာပါတဲ့ စကားရပ်အရ နိုင်ငံပိုင်မြေမှာ ကျူးကျော်လုပ်ကိုင်သူ ဖြစ်သွားပါတယ်။ ဒီလို ကျူးကျော်လုပ်ကိုင်ရင် အရေးယူခံရတော့မှာပါ။ (ပုဒ်မ ၃၇ (က) အရ)

👉 လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူဆိုရင် ချက်ချင်း အမှုဖွင့်အရေးယူနိုင်လောက်အောင် ပြဌာန်းထားတာက "ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်" လို့ ဖော်ပြထားပါတယ်။ (ပုဒ်မ ၄၀ အရ)

👉 ဒီနေရာမှာ ရဲအရေးပိုင်တယ်ဆိုတာလေးကို အနည်းငယ် တင်ပြချင်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၅၄ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ် ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းပေးချက်တိုင်းကို ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးထံ နှုတ်ဖြင့်ပေးခဲ့လျှင် ထိုအရာရှိကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ
စာဖြင့်ရေးမှတ်ရမည့်အပြင် သတင်းပေးသူအား ပြန်ဖတ်ပြရမည်။ ထို့ပြင် စာဖြင့်ရေးသားပေးသည်ဖြစ်စေ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း စာဖြင့်ရေးမှတ်ယူရသည်ဖြစ်စေ အဆိုပါ သတင်းပေးချက်တိုင်းတွင် သတင်းပေးသူက လက်မှတ်ရေးထိုးရမည်။ အမှုလာတိုင်ရင် ဖွင့်ကိုဖွင့်ရမှာပါ။

👉 တိုင်ချက်နဲ့ပတ်သက်ပြီး ရဲလက်စွဲ အပိုဒ် ၁၄၁၄ မှာ ရဲအရာရှိပိုင်သော အမှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အခါ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက်ဖွင့်ပေးရန် အရေးကြီးသည်။ ရရှိသော သတင်းပေးချက်သည် အမှုအကြောင်းကို ကိုယ်တိုင်တစ်စုံတစ်ရာ မသိသူကပေးသော တစ်ဆင့်ကြားသတင်းဖြစ်စေ၊ အမှုအကြောင်း အနည်းငယ်မျှသာ သိသောသူ၏ သတင်းဖြစ်စေ၊ အမှုအကြောင်း အပြည့်အစုံသိသူ၏ သတင်းဖြစ်စေ မည်သည့် သတင်းမျိုးကိုမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းချက်များအရ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမည်။

👉 ရဲအရေးယူပိုင်သည့် ပြစ်မှုကျူးလွန်ကြောင်း ပထမသတင်းပေးတိုင်ချက်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်းဖြင့်ဖြစ်စေ ပေးပါလျက် လက်ခံရေးမှတ်ယူခြင်းမပြုခဲ့သော် သို့မဟုတ် သတင်းပေး တိုင်ကြားသည့်အတိုင်း မဟုတ်ဘဲ တိုင်ကြားသူကိုဖြစ်စေ၊ စွပ်စွဲခံရသူကိုဖြစ်စေ၊ အကျိုးယုတ်လျော့စေရန် သို့မဟုတ် အကျိုးရှိစေရန်အကြံဖြင့် ပြုပြင်ပြောင်းလဲရေးမှတ်ယူခဲ့သော် သို့မဟုတ် အမှုထိမ်ဝှက်ရန်အကြံဖြင့် ပထမ သတင်းပေးတိုင်ချက်စာအုပ်မှ သတင်းပေးချက်ကို ဆုတ်ပစ်ဖျောက်ဖျက်ခဲ့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရဖြစ်စေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၇ နှင့် ၂၁၈ တို့အရဖြစ်စေ အရေးယူခြင်းခံရမည့်အပြင် အမြဲတမ်း ထုတ်ပယ်ခြင်းခံရမည်လို့ ဆိုပါတယ်။ ဒီရဲလက်စွဲအပိုဒ်အရ ကာယကံရှင်က တိုင်သည်ဖြစ်စေ၊ အခြားသူက တိုင်သည်ဖြစ်စေ၊ အပြည့်အစုံမသိသူက တိုင်သည်ဖြစ်စေ ချက်ချင်းတိုင်ချက်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

👉 ဒါကြောင့် ပုံစံ ၇ မရှိသူ၊ တနည်းအားဖြင့်လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တွေဟာ နိုင်ငံပိုင် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်သူတွေ ဖြစ်ပြီး ဒီဥပဒအရ ပြစ်မှုကျူးလွန်သူများဖြစ်ကာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ရဲစခန်းကို ဘယ်သူကဖြစ်ဖြစ် တိုင်လိုက်တာနဲ့ အမှုဖွင့်ခံရတော့မယ်။ ရဲကလည်း အမှုဖွင့်ပေးရတော့မယ် မဖွင့်ရင် ရဲကိုယ်တိုင် အရေးယူခံရနိုင်တယ်။ ဒါကြောင့် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေတာ၊ အခြားနည်း သုံးနေတာနဲ့တင် ချက်ချင်း အမှုဖွင့်အရေးယူခံရမှာ ဖြစ်ပါတယ်။

👉 ဒီနေရာမှာ တစ်ခု သတိပြုမိတာက အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ မရခဲ့တာမျိုး ရှိနိုင်တဲ့အတွက် လယ်ယာမြေ ကျူးကျော် လုပ်ကိုင်နေသူတိုင်းကို ချက်ချင်းအမှုဖွင့် တရားစွဲမယ်လို့တော့ မထင်ပါဘူး။ လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၃ မှာ လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်လို့ ဆိုထားတဲ့အတွက် လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်နေသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြောမယ်၊ စာထုတ်မယ်လို့ယူဆပါတယ်။ ဒီပုဒ်မ ၁၃ က ပုံစံ ၇ ရှိသူရော မရှိသူပါ လယ်ယာမြေနဲ့ သက်ဆိုင်သူအားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်စေအောင် လယ်စီအဖွဲ့တွေကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

👉 ပုံစံ ၇ မရှိသူကို ပုံစံ ၇ လျောက်ထားဖို့၊ အခြားနည်းသုံးနေရင်လည်း မသုံးဖို့၊ အခြားနည်း သုံးပြီးနေရင်လည်း လယ်ယာမြေအဖြစ် ပြန်သုံးဖို့ သို့မဟုတ် အခြားနည်းအသုံးပြုခွင့် လျောက်ထားစေဖို့ စသည်ဖြင့် လယ်စီအဖွဲ့က ကာယကံရှင်ကို ဥပဒေနဲ့အညီ ဆောင်ရွက်အောင် ပုဒ်မ ၁၃ အရ အမိန့်ပေးတော့မှာပါ။ ဒီလို အမိန့်ပေးလို့မှ ကာယကံရှင်က မလိုက်နာဘူးဆိုရင်တော့ ပုဒ်မ ၁၃ အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူမဆို ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်လို့ ဆိုတဲ့အတွက်၊ ရဲအရေးပိုင်တဲ့ အမှုလည်းဖြစ်နေတဲ့အတွက် အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများကို ပုဒ်မ ၃၇ (က) အရ အထက်မှာ တင်ပြခဲ့သလို အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

👉 ဒါကြောင့် လယ်ယာမြေကို လုပ်ကိုင်အသုံးပြုနေရင် နိုင်ငံ​ပိုင်မြေကို အသုံးပြုနေတာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်လျောက်ထားရယူပြီး လုပ်ပိုင်ခွင့်ပုံစံ ၇ နဲ့သာ သတ်မှတ်စည်းကမ်းများအတိုင်း လုပ်ကိုင်အသုံးပြုဖို့လိုပါတယ်။ ဒါမှသာ ဥပ​ဒေက ပေးထားသော အခွင့်အရေးများကို အပြည့်အဝ စိတ်ချလက်ချ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ပုံစံ ၇ ရှိနေရင်တောင် ဥပဒေပါ သတ်မှတ်စည်းကမ်းများကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာခဲ့ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ပုံစံ ၇ မရှိသူအတွက်ကတော့ ဆိုဖွယ်ရာ မရှိပြောရမှာပါပဲ။ လယ်ယာမြေ လုပ်ပိုင်ခွင့်မရှိသူ တနည်းအားဖြင့် ပုံစံ ၇ မရှိသူများကတော့ လယ်ယာမြေကို မည်သည့်နည်းဖြင့် အသုံးပြုသည်ဖြစ်စေ ဥပ​ဒေနှင့် မညီသည့်အတွက် အရေးယူခံရမည်မှာ သေချာနေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

credit ဥပဒေရေးရာ

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688

#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် ......ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်တစ်ကွက်ကို ဝယ်ယူမည်ဆိုလျှင်...
10/11/2022

ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် ......

ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်တစ်ကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေပေးချခြင်းမပြုမီ ရောင်းသူနှင့် ဝယ်ယူသူတို့ အသေးစိတ်ညှိနှိုင်းသဘောတူညီချက်ရယူရန် အရေးကြီးပါသည်။ မြေကွက်ဝယ်ယူ မည်ဆိုလျှင် အကောင်းဆုံးကတော့ ကျူးကျော်သူမရှိတာကို ဝယ်ယူလျှင် စိတ်ချရဆုံးပါ။ သို့သော် ဝယ်ယူသူများသည် လိုချင်သောမြေကွက်သည် နေရာကောင်းဖြစ်နေခြင်း၊ လိုချင်သည့်မြေအကျယ်အဝန်း ရှိနေခြင်း၊ ဈေးနှုန်းအားဖြင့်သက်သာနေခြင်းတို့ကြောင့် ကျူးကျော်နေထိုင်သူရှိနေပါလျက်နှင့် ဝယ်ယူကျတာကို တွေ့ရပါတယ်။

ထိုသို့ ကျူးကျော်နေထိုင်သူရှိသည့်မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေမပေးခင်ညှိနှိုင်းသည့် အဆင့်မှာကတည်းက ကျွမ်းကျင်သူဥပဒေပညာရှင်ကိုညှိနှိုင်းပြီး စရန်စာချုပ်ရေးသားချုပ်ဆိုခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ သို့သော် ဝယ်ယူသူများ သိထားသင့်သည့်အချက်အလက်များကို ဗဟုသုတရရှိစေရန် ရေးသားဖော်ပြပေး ပါမည်။

ကျူးကျော်နေထိုင်သူဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါသည်။ မြေကွက်အတွင်း ကျူးကျော်နေထိုင်ခြင်းနှင့် မြေကွက်ရှေ့ဘက်မျက်နှာစာများတွင် ကျူးကျော်နေထိုင်ခြင်းပါ။ ရောင်းသူမှ တာဝန်ယူဆောင်ရွက်ပြီး ဝယ်ယူမည့်မြေကွက်မှ ကျူးကျော်နေထိုင်သူများ ဖယ်ရှားရှင်းလင်းပေးရန် ညှိနှိုင်းရာတွင် မြေကွက်အတွင်း၊ အပြင် အားလုံး၏ ကျူးကျော်နေထိုင်သူများကို ရှင်းလင်းပေးရန် သဘောတူညီချက်ရယူပြီး စရန်စာချုပ်တွင် အသေးစိတ်ထည့်သွင်းချုုပ်ဆိုရန် လိုအပ်မည်ဖြစ်ပါသည်။

အကယ်၍ ထိုကဲ့သို့ ရှင်းရှင်းလင်းလင်း သဘောတူညီချက်ရယူပြီး စာချုပ်တွင်ထည့်သွင်းချုပ်ဆိုမထားလျှင် ရောင်းသူအများစုသည် မြေကွက်အတွင်းမှ ကျူးကျော်နေထိုင်သူများသာ ဖယ်ရှားပေးရန် တာဝန်ယူပြီး မြေကွက်အပြင်ဘက် မျက်နှာစာရှိ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ငြင်းဆိုကျခြင်းကို လက်တွေ့မှာ မြင်တွေ့နေရပါသည်။

ဝယ်ယူသူမှ မြေကွက်အပြင်ဘက်ရှိ ကျူးကျော်သူများကို ဖယ်ရှားရမည်ဆိုလျှင် ရှိနေသည့် ကျူးကျော် နေထိုင်သည့် အိမ်ခြေပေါ်မူတည်ပြီး ညှိနှိုင်းကာလျော်ကြေးပေးရပါက ဖြေရှင်းညှိနှိုင်းရန်ခက်ခဲသည့်အလုပ်ကို လုပ်ရမည့်အပြင် မြေကွက်အတွက် ကုန်ကျစရိတ်သည်လည်း ပိုမိုကုန်ကျမှာပါ။ ကျူးကျော်အိမ်သည် အရည်အတွက်နည်းလျှင် ပေးရတာ သက်သာမည်ဆိုသော်လည်း မြေကွက်ကြီးလျှင် ကြီးသလို တစ်ချို့နေရာများတွင် အိမ်ခြေ(၃၀)လောက်အထိ ရှိတတ်ပါသည်။

ကျူးကျော်အိမ်များကို ဖယ်ရှားရာတွင် တစ်ချို့က ညှိနှိုင်းရခက်ခဲတာတွေရှိပါသည်။ ဥပမာ- မြေကွက်မှ ဖယ်ရှားပေးရန်အတွက် လျော်ကြေးငွေမတန်တစ်ဆ တောင်းခံခြင်းမျိုးကြုံရတတ်ပါသည်။ အကယ်၍ ဝယ်ယူသူသည် ကျူးကျော်နေထိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်လို့မရလျှင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှုပ်ထွေးလာနိုင်ပါသည်။ တရားစွဲဆို၍ ကျူးကျော်နှင်ထုတ်ရသည့်အခါ အချိန်၊ ငွေကြေးများစွာကုန်ကျနိုင်ပါသည်။

ထို့ကြောင့် ကျူးကျော်နေထိုင်သူရှိနေသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေပေးချေသည့် စာချုပ်တွင် အသေးစိတ်ထည့်သွင်းချုပ်ဆိုရန် လိုအပ်ပြီး ရောင်းဖိုးငွေအပြေအကြေပေးချေခြင်းမပြုမီ ရောင်းသူ၏တာဝန်ဖြင့် ကျူးကျော်အိမ်များ ဖယ်ရှားရှင်းလင်းပေးရန်နှင့် ကျူးကျော်နေအိမ်များ ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိပါက ရောင်းသူ၏ပျက်ကွက်မှုဖြစ်ပြီး စာချုပ်ပါစည်းကမ်းချက်များအတိုင်း လျော်ကြေးပေးချေရန် သဘောတူညီချက်များရယူပြီး စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားမှသာ ဝယ်ယူသူတွင် ဆုံးရှုံးမှုမဖြစ်ပွားအောင် ကာကွယ်နိုင်မှာဖြစ်ပါသည်။

Credit: iMyanmarHouse.com
ပြန်လည်ကူးယူဖော်ပြပါသည်။

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688

#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင်အိမ် ခြံ မြေ အရောင်းအ၀ယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအ၀ယ်ပြုလုပ်ချိန်...
10/11/2022

အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင်

အိမ် ခြံ မြေ အရောင်းအ၀ယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအ၀ယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ စျေးကွက်အခြေအနေ ပေါ်မူတည်ပြီးတော့ ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ၀ယ်ယူသူအနေနဲ့ စရန်ငွေချထားသင့်တယ်လို့ သိရပါတယ်။

စရန်ငွေကို အရောင်းအ၀ယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။

စရန်ငွေပေးခြေရာမှာ ၀ယ်သူအနေနဲ့ သတိပြုရမယ့် အချက်မှာ အရောင်းအ၀ယ် ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်စျေးပိုပြီး စျေးကောင်းပေးသူ၊ စျေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ နှစ်ဆကိုလျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါတယ်။

ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မ၀ယ်ဖြစ်တော့တဲ့၀ယ်သူကို လူမှုရေးငဲ့တဲ့ အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အဲ့သည့် အရောင်းအ၀ယ်လည်းမဖြစ်၊ တခြား၀ယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်း ဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။

အလားတူ တချ့ိုရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေ ပြန်အမ်းဖို့ မြေကိစ္စတွေ ရှင်းလင်းဖို့စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိ အခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။

၀ယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအ၀ယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ ဖြစ်စေ၊ ထပ်မံ ဖြည့်စွက်စရာရှိလို့ ဖြစ်စေ ထပ်မံဆွေးနွေးဖို့ ရှိလာရင် စရန်ငွေပေးထားပြီး ဖြစ်တာကြောင့် ၀ယ်သူအနေနဲ့ အားနည်းချက် ရှိနေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ၀ယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြာတစ်ခုမှာ မြေအကျယ်အ၀န်း စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။

Ref: Yuzanarland

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688
#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

ဂရန်တစ်ခုကို မိမိနာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရ...
09/11/2022

ဂရန်တစ်ခုကို မိမိနာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။ ..............................................
ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့
အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.

ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.
ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်

Credit-
DVBlawlab မှကူးယူဖော်ပြပါသည်။

ပုသိမ်ကြီးအိမ်ခြံမြေ
09740862699
09740862688
#ပုသိမ်ကြီးအိမ်ခြံမြေ
#မန္တလေးအိမ်ခြံမြေ

Address

Mandalay

Alerts

Be the first to know and let us send you an email when Pathein Gyi Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category