M.D.Y အိမ်ခြံမြေ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • M.D.Y အိမ်ခြံမြေ ရောင်းဝယ်ရေး

M.D.Y အိမ်ခြံမြေ ရောင်းဝယ်ရေး Real estate

01/04/2022

မြေအမျိုးအစား ခွဲခြားနည်း

ယနေ့ချိန်ထိ မြေဝယ်ရာတွင် မသိနားမလည်၍ အလိမ်ခံရကာ ငွေကြေးဆုံးရှုံးသူများ၊ မြေယာနဲ့ ဆိုင်သော အမှုအခင်းအရှုပ်တော်ပုံများမှာ ဒုနဲ့ ဒေးပင်။ သို့ဖြစ်ပါ၍ မိမိဝယ်ယူရမည့်မြေဟာ ဉပဒေနဲ့ လွတ်ကင်းတဲ့ မြေလား၊ ပြန်လည်ငှားချ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ မြေအမျိုးအစားလား၊ အစိုးရပိုင်မြေလား စသည့်ဖြင့် တီးမိခေါက်မိရှိစေရန် မြေမဝယ်မီ ကြိုတင် လေ့လာထားသင့်ပါသည်။

၁။ မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း စနစ်တကျမြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘွားပိုင်မြေ

ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကိုဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

၄။ လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

၅။ ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့မဟုတ် "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကိုဆိုလိုသည်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်သည်။

၆။ စလစ်မြေ

စလစ်မြေဆိုတာအိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားသောမြေအမျိုးအစားဖြစ်တယ်။ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်ဟုလည်း ခေါ်ကြသည်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူနိုင်သည်။ ထိုမှ ပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်ပါသည်။

၇။ မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

၈။ စကွာတာမြေ

"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း "မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေ" ကို ဆိုလိုခြင်းဖြစ်သည်။

၉။ ကျူးလွန်ခြင်းမြေ

"ကျူးလွန်ခြင်းမြေ" ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း "ပြေစာဖြင့်ကောက်ခံသည့်မြေ" မျိုးကိုဆိုလို သည်။

၁၀။ ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိသူများ ၀င်ရောက်နေထိုင်လျက်ရှိသော မြေကိုဆိုလိုသည်။

၁၁။ မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

၁၂။ မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကိုဆိုလိုသည်။

၁၃။ သာသနာမြေ သို့မဟုတ် သိမ်မြေ

သာသနာအတွက် သိမ်ဆောက်ရန်အတွက် အခွန်လွတ်သီးခြား ဂရန်ထုတ်ပေးနိုင်သော မြေဖြစ်သည်။

၁၄။ အဗဒ္ဒသိမ်မြေ

မြေအရွယ်အစား ကျယ်ဝန်းပြီး နိုင်ငံတော်အစိုးရမှ အချိန်မရွေး ပြန်လည် သိမ်းယူနိုင်သဖြင့် ယာယီသဘောဆောင်သော မြေမျိုးကို ဆိုလိုခြင်းဖြစ်သည်။

၁၅။ ဗဒ္ဒသိမ်မြေ

အဆိုပါမြေမှာ မြေအရွယ်အစားသေးငယ်ခြင်း၊ နိုင်ငံတော်အစိုးရက ပြန်လည်ရယူနိုင်မှုမရှိခြင်း၊ ထာဝရတည်တံ့မှု သဘောဆောင်သည့် မြေမျိုးကို ဆိုလိုပါသည်။

၁၆။ စားကျက်မြေ

ကျွဲနွားများ စားသုံးရန် ၊ လွှတ်ကျောင်းရန်အတွက် သတ်မှတ်ထားသည့်မြေဖြစ်သည်။ အဆိုပါစားကျက်မြေသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းကို အုပ်ချုပ်ရေးအရာရှိများ၊ မြေစာရင်းအင်စပတ်တော်နှင့် မြေတိုင်း စာရေးများက ကြပ်မတ်ဆောင်ရွက်ရသည်။

၁၇။ ရေကန်မြေ

ကျေးရွာ သို့မဟုတ် မြို့ကို လူအများနေထိုင်ရာဒေသအဖြစ် သတ်မှတ်ပြီးလျှင် လူအများအတွက် မရှိမဖြစ်သော ရေကန်မြေများ၊ မြို့မြေ သို့မဟုတ် ကျေးရွာမြေအသုံးချရေး စီမံချက်တွင် ရေးဆွဲထားပြီး ရေကန်မြေအဖြစ် သတ်မှတ်ထားသည့်မြေကို ဆိုလိုခြင်းဖြစ်သည်။

( အထက်ပါမြေအမျိုးအစား အကျဉ်းချုပ်ခွဲခြားနည်းကို မြေယာဉပဒေဆိုင်ရာလမ်းညွှန်ချက်များမှ ကောက်နုတ်ကာ တင်ပြထားခြင်းဖြစ်ပါသည်)
Credit

😅😅😅
21/03/2022

😅😅😅

07/03/2022

ပြောင်းလဲကုန်ပြီ •••••

ဖုန်းရှိပေမယ့်
ဘေလ်ဖိုး မတတ်နိုင်ကြတော့ဘူး။

ကားရှိပေမယ့်
သွားဖို့ မတတ်နိုင်ကြတော့ဘူး။

မီးစက်ရှိပေမယ့်
နှိုးဖို့ မတတ်နိုင်ကြတော့ဘူး။

ပြောချင်တာတွေရှိပေမယ့်
ပြောဖို့ မတတ်နိုင်ကြတော့ဘူး။

အမှန်တွေသိပေမယ့်
ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အမှားတွေမြင်ပေမယ့်
ထောက်ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အသက်တွေရှိမယ့်
အဓိပ္ပါယ်ရှိရှိ ရှင်သန်ဖို့ မတတ်နိုင်ကြတော့ဘူး။

ဘဝတွေဟာ ရှင်လျှက်နဲ့ သေနေကြပြီ။

✅edit sold out ✅ မန္တလေး မြေအရောင်း✅ ၁၁၄ လမ်း ကျောကပ် လမ်း ၅၀ နဲ့ ၅၁ ကြား✅ပေ ၂၀*၆၀ အိမ်ရေမီးပါ✅စျေးနူန်း သိန်း ၁၃၀၀✅အရှု...
22/01/2022

✅edit sold out

✅ မန္တလေး မြေအရောင်း

✅ ၁၁၄ လမ်း ကျောကပ် လမ်း ၅၀ နဲ့ ၅၁ ကြား

✅ပေ ၂၀*၆၀ အိမ်ရေမီးပါ

✅စျေးနူန်း သိန်း ၁၃၀၀

✅အရှုပ်ရှင်းကင်း

✅ပိုင်ရှင်တိုက်ရိုက်ပါ

✅အကျိုးဆောင်များလည်း ဆက်သွယ်နိုင်ပါတယ်

✅ဆက်သွယ်ရန် 092009373
092006615
092027129

✅edit sold out✅မန္တလေး မြေအရောင်းပါ✅ ၄၇ လမ်းတင် ၁၁၂ လမ်း ၁၁၃လမ်းကြား✅ပေ ၃၀*၄၀ အိမ်ရေမီးပါ ✅စျေးနှုန်း     သိန်း ၁၅၅၀ ညှိ...
18/01/2022

✅edit sold out

✅မန္တလေး မြေအရောင်းပါ

✅ ၄၇ လမ်းတင် ၁၁၂ လမ်း ၁၁၃လမ်းကြား

✅ပေ ၃၀*၄၀ အိမ်ရေမီးပါ

✅စျေးနှုန်း သိန်း ၁၅၅၀ ညှိနှိုင်း

✅အရှုပ်အရှင်းကင်းကြောင်းအာမခံပါတယ်

✅ပိုင်ရှင်တိုက်ရိုက်ပါ

✅အကျိုးဆောင်များလည်းဆက်သွယ်နိုင်ပါတယ်

✅ဆက်သွယ်ရန် 092009373
092027129
092006615

♓ပထမလူ ...သိန်းငါးရာ တန် BMW ကား ကြီးမောင်းတယ်။သူမှာ အကြွေးတွေ သိန်း ထောင့်ငါးရာကျော် ရှိနေတယ်။သူ့ဘဝက သေခြင်းနဲ့ ရှင်ခြင...
16/11/2021

♓ပထမလူ ...
သိန်းငါးရာ တန် BMW ကား ကြီးမောင်းတယ်။
သူမှာ အကြွေးတွေ သိန်း ထောင့်ငါးရာကျော် ရှိနေတယ်။
သူ့ဘဝက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရှိနေတယ်။
~~~~~~~~~~~~~~~~~~~

♓ဒုတိယလူ....
သိန်း တစ်ရာ့ငါးဆယ် တန်Toyota ကားမောင်းတယ်။
သူအိမ်ဆောက်ထားတာ သိန်း နှစ်ရာကျော်လောက် အကြွေးတင်နေတယ်။
သူ့ ဘဝမှာအမြဲ သောက ဖြစ်နေရတယ်။
~~~~~~~~~~~~~~~~~~~

♓တတိယလူ ..
သိန်း နှစ်ဆယ် တန် ဆိုင်ကယ်မောင်းတယ်။
သူ ဘဏ်မှာ ပိုက်ဆံ သိန်း သုံးရာကျော် စုထား တယ်။
သူ့ဘဝ ကချောမွေ့ ပြေပြစ်နေပေမဲ့ ... နေထိုင်ရတာ အဓိပ္ပာယ် မဲ့နေတယ် လို့ ခံစားရတယ်။
~~~~~~~~~~~~~~~~~~~~~

♓သူတို့ သုံးယောက် ဆုံတွေ့ ကြတော့ ..
ဆိုင်ကယ်မောင်းနေတဲ့ လူက တိုရိုတာ ကားမောင်းတဲ့လူကိုအားကျတယ်။
တိုရိုတာ ကားမောင်းတဲ့လူ က ဘီအမ်ဒဗလျူ ကားမောင်းနေရတဲ့ သူကိုအားကျ နေတယ်။
ဘီအမ်ဒဗလျူ ကားမောင်းတဲ့ လူက လည်းဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ ဘဝကိုပြန်အားကျနေတယ်။

♓ဒါဟာ “လောကမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရာတွေပါ ”
လူတိုင်း တစ်ယောက်ချင်းစီတိုင်း ..ဟာ
ရွေငွေ ဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့ အစေခံ တွေ ဖြစ်နေကြရတယ်။

♓ကြောင်က ငါးကိုကြိုက်တယ်။
ဒါပေမဲ့ရေကျတော့မကူးတတ်ပြန်ဘူး။
ငါးက တီကောင်ကိုကြိုက်တယ်။
ဒါပေမဲ့ ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့ တီမတူးစားနိုင်ပါဘူး။

♓လောကကြီး က စွဲလမ်း တပ်မက်စရာတွေ အမြောက်အများနဲ့
ကျွန်တော်တို့ ကို မြူ ဆွယ် ထားတယ်။
ဒါပေမဲ့ လွယ်လွယ်နဲ့ လဲ မရနိုင်ပြန်ဘူး။

ဒီကနေ့ ဘယ်လောက်ပဲ ကြီးတဲ့ ကိစ္စ ကြီးဖြစ်နေပါစေ။
မနက်ဖြန်ကျတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော

♓ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းအရာပဲဖြစ်ဖြစ်
နောက်နှစ်ကျတော့ ပုံပြင် ပြန်ဖြစ်သွားရော

အလွန်ဆုံးတော့ ..ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင် ဖို့ “ပုံပြင် ” ကိုယ်စီ ရှိနေယုံလေးပါပဲ။

♓တကယ်တမ်းတော့
ဘဝ ကဒီလောက်မျှသာပါပဲ။

လွပ်လပ်မှု့ဆိုတာလူတိုင်း အတွက်ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာရွေးချယ်မလား။ ဆိုတာမူတည်သွားတာပါ။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
သင်သိရင် သင်ချမ်းသာလိမ့်မယ်

♓ပထမလူ ...
သိန်းငါးရာ တန် BMW ကား ကြီးမောင်းတယ်။
သူမှာ အကြွေးတွေ သိန်း ထောင့်ငါးရာကျော် ရှိနေတယ်။
သူ့ဘဝက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရှိနေတယ်။
~~~~~~~~~~~~~~~~~~~

♓ဒုတိယလူ....
သိန်း တစ်ရာ့ငါးဆယ် တန်Toyota ကားမောင်းတယ်။
သူအိမ်ဆောက်ထားတာ သိန်း နှစ်ရာကျော်လောက် အကြွေးတင်နေတယ်။
သူ့ ဘဝမှာအမြဲ သောက ဖြစ်နေရတယ်။
~~~~~~~~~~~~~~~~~~~

♓တတိယလူ ..
သိန်း နှစ်ဆယ် တန် ဆိုင်ကယ်မောင်းတယ်။
သူ ဘဏ်မှာ ပိုက်ဆံ သိန်း သုံးရာကျော် စုထား တယ်။
သူ့ဘဝ ကချောမွေ့ ပြေပြစ်နေပေမဲ့ ... နေထိုင်ရတာ အဓိပ္ပာယ် မဲ့နေတယ် လို့ ခံစားရတယ်။
~~~~~~~~~~~~~~~~~~~~~

♓သူတို့ သုံးယောက် ဆုံတွေ့ ကြတော့ ..
ဆိုင်ကယ်မောင်းနေတဲ့ လူက တိုရိုတာ ကားမောင်းတဲ့လူကိုအားကျတယ်။
တိုရိုတာ ကားမောင်းတဲ့လူ က ဘီအမ်ဒဗလျူ ကားမောင်းနေရတဲ့ သူကိုအားကျ နေတယ်။
ဘီအမ်ဒဗလျူ ကားမောင်းတဲ့ လူက လည်းဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ ဘဝကိုပြန်အားကျနေတယ်။

♓ဒါဟာ “လောကမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရာတွေပါ ”
လူတိုင်း တစ်ယောက်ချင်းစီတိုင်း ..ဟာ
ရွေငွေ ဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့ အစေခံ တွေ ဖြစ်နေကြရတယ်။

♓ကြောင်က ငါးကိုကြိုက်တယ်။
ဒါပေမဲ့ရေကျတော့မကူးတတ်ပြန်ဘူး။
ငါးက တီကောင်ကိုကြိုက်တယ်။
ဒါပေမဲ့ ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့ တီမတူးစားနိုင်ပါဘူး။

♓လောကကြီး က စွဲလမ်း တပ်မက်စရာတွေ အမြောက်အများနဲ့
ကျွန်တော်တို့ ကို မြူ ဆွယ် ထားတယ်။
ဒါပေမဲ့ လွယ်လွယ်နဲ့ လဲ မရနိုင်ပြန်ဘူး။

ဒီကနေ့ ဘယ်လောက်ပဲ ကြီးတဲ့ ကိစ္စ ကြီးဖြစ်နေပါစေ။
မနက်ဖြန်ကျတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော

♓ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းအရာပဲဖြစ်ဖြစ်
နောက်နှစ်ကျတော့ ပုံပြင် ပြန်ဖြစ်သွားရော

အလွန်ဆုံးတော့ ..ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင် ဖို့ “ပုံပြင် ” ကိုယ်စီ ရှိနေယုံလေးပါပဲ။

♓တကယ်တမ်းတော့
ဘဝ ကဒီလောက်မျှသာပါပဲ။

လွပ်လပ်မှု့ဆိုတာလူတိုင်း အတွက်ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာရွေးချယ်မလား။ ဆိုတာမူတည်သွားတာပါ။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
သင်သိရင် သင်ချမ်းသာလိမ့်မယ်

သူဌေးမဖြစ်ခင်အသုံးအစွဲ မကြမ်းနှင့်...မရင်းနီးသေးလျှင်အစအနောက် မသန်နှင့်...အပြောကောင်းနေ၍လွယ်လွယ် မယုံနှင့်...ခံတွင်းကောင...
25/10/2021

သူဌေးမဖြစ်ခင်
အသုံးအစွဲ မကြမ်းနှင့်...

မရင်းနီးသေးလျှင်
အစအနောက် မသန်နှင့်...

အပြောကောင်းနေ၍
လွယ်လွယ် မယုံနှင့်...

ခံတွင်းကောင်းတိုင်း
ပလုပ် ပလောင်း မစားနှင့်...

မိမိက မှန်သည်ဟူ၍
ပစ်ပစ် ခါခါ မပြောလိုက်နှင့်...

ဆင်းရဲနေ၍
အထင်သေးစကား မပြောနှင့်...

ချမ်းသာနေ၍လည်း
အထင်ကြီးသည့် စကားမပြောနှင့်...

မရှိသည့် ဂုဏ်ကိုလည်း
သွားမမြှောက်နှင့်...

အစားမှား၍
သေသွားသူလည်း များစွာရှိ၏...

စကား မှား၍
ဘဝအခြေအနေ နိမ့်ကျသွားသူလည်း
များစွာရှိ၏...

ပညာရှိဖြစ်ဖို့အတွက်
ပါးစပ်ပေါက်ကို ဦးစွာပြင်ရ၏...

မျက်နှာ၌ ကန့်လန့်ပါသော ပါးစပ်ဖြစ်သော်လည်း
ပါးစပ်က ပြောသည့် စကား
ပါးစပ်က စားသည့်အစာ...ကန့်လန့်မဖြစ်အောင်
လိုက်လျှောညီထွေဖြစ်အောင် သတိပြုအပ်၏
ထို့ကြောင့်.....
စကားမပြောခင် စဉ်းစားပါ
အစား မစားခင် သုံးသပ်ပါ။

မေတ္တာဖြင့်ဝေမျှခြင်းဖြစ်သည်။
Credit

 #မကောင်းတာလုပ်တဲ့သူတွေကကြီးပွားချမ်းသာနေပြီး ကောင်းတာလုပ်တဲ့သူတွေကဆင်းရဲမွဲတေနေကြလို့ ကံတွေအပေါ် လွဲမှားတဲ့သံသယ မဖြစ်မိ...
16/09/2021

#မကောင်းတာလုပ်တဲ့သူတွေက
ကြီးပွားချမ်းသာနေပြီး

ကောင်းတာလုပ်တဲ့သူတွေက
ဆင်းရဲမွဲတေနေကြလို့

ကံတွေအပေါ် လွဲမှားတဲ့
သံသယ မဖြစ်မိကြပါစေနဲ့။

ခိုး၍ ချမ်းသာနေတာက အတိတ်ကံပါ။
ခိုးနေတာက ပစ္စုပ္ပန်ကံပါ။

သူများခိုးတိုင်း မခိုးနဲ့။
သူများလိမ်တိုင်း မလိမ်နဲ့။

ကျွတ်တမ်းဝင်နိုင်တဲ့ ခင်ဗျားတို့ကံတွေ
အဟောသိကံ ဖြစ်ကုန်မယ်။

အနေတတ်မှ အသေမြတ်မှာ
အနေမှန်မှ အသေမှန်မှာ
အနေဖြောင့်မှ အသေဖြောင့်မှာ

နေရေးမှန်နေရင်
ဟိုအသေ ပူစရာကိုမလိုဘူး။

အဲဒီတော့ နေရေးနဲ့ သေရေး
ဘယ်အရာ ပိုအရေးကြီးလဲ။

ဘယ်လောက် ချမ်းသာသူဖြစ်ဖြစ်
တစ်ဝမ်းဝရုံအပြင် ပိုမစားနိုင်ဘူး။

ဘယ်လောက်ပင် နေစရာ တိုက်တာတွေပေါပေါ
ကျောတစ်ခင်းစာအပြင် ပိုမအိပ်နိုင်ဘူး။

ရှိထားသမျှစည်းစိမ်တွေ ဘယ်လောက်ပဲပေါပေါ
အကုန်လုံး ကိုယ်သုံးပိုင်ခွင့် မရသလို သေရင် လည်း ကိုယ့်နောက်ပါသွားမှာမဟုတ်ဘူး။

ဒီနေ့ အဆင်ပြေနေပေမယ့်
မနက်ဖြန် ပျက်စီးသွားနိုင်တာကို မမေ့ကြပါနဲ့။

ဘာမှ မမြဲဘူး။
ဘာမှ တစ်ကယ်မပိုင်ဘူး။

လောကမှာ အရေးကြီးဆုံးအလုပ်က စစ်မှန်တဲ့ တရားအဆုံးအမတွေကို သိအောင် လုပ်ရမယ့်
အလုပ်ပဲ။

စေတနာ အဆင့်အတန်းမြင့်ရင်
ဘဝအဆင့်အတန်း မြင့်မယ်။

စေတနာ အဆင့်အတန်းယုတ်ညံ့ရင်
ဘဝအဆင့်အတန်း ယုတ်ညံ့မယ်။

ဘယ်လောက်ပဲ ဆင်းရဲရဲ ဘယ်လောက်ပဲမွဲမွဲ
စေတနာ မယုတ်ညံ့ရင် ဘဝက မယုတ်ညံ့ပါဘူး။

ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ်
စေတနာအရင်းခံပြီးသာ လုပ်

ငြိမ်းအေးတဲ့ ဓမ္မကိန်းနေမှ
ငြိမ်းအေးတဲ့ ဘဝကိုရမှာပါ။

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ
🙏🙏🙏🙏🙏🙏🙏🙏🙏
crd

12/09/2021

ပိုက်ဆံမရှိပါဘူးဆိုမှ ငွေဝင်ချင်လို့
ဘုရားမှာ အဓိဌာန်ကျောက်တုံးသွားမတာ
ပြုတ်ကျပြီးကြွေပြား၂ချက်ကွဲလို့လျော်ခဲ့ရသေးတယ် 🙂Crd

Morning
06/09/2021

Morning

✅edit sold out✅မန္တလေး မြေအရောင်းပါခင်ဗျား ✅၄၇လမ်း ၄၈လမ်းကြား ၁၁၄လမ်းအနီး✅ပေ၄၀*၆၀ နှစ်ကွက်တွဲ(80*60)မြေကွက်လွတ်     (မြေ...
05/09/2021

✅edit sold out

✅မန္တလေး မြေအရောင်းပါခင်ဗျား

✅၄၇လမ်း ၄၈လမ်းကြား ၁၁၄လမ်းအနီး

✅ပေ၄၀*၆၀ နှစ်ကွက်တွဲ(80*60)မြေကွက်လွတ်
(မြောက်လှည့်)

✅ဂရံမြေ / အရှုပ်ရှင်းကင်း

✅အကျိုးဆောင်များလည်း ဆက်သွယ်နိုင်ပါတယ်
ခင်ဗျား

✅စျေးနှုန်း =သိန်း ၂၆၀၀ (ညှိနှိုင်း)

✅ (ပိုင်ရှင် တိုက်ရိုက်ပါခင်ဗျား)

✅စိတ်ဝင်စားရင် 092009373
092027129
092006615 ကိုဆက်သွယ်နိုင်ပါတယ်

🙏အားလုံးမင်္ဂလာပါ🙏 ကျွန်တော်ရဲ့ page ကနေကြိုဆိုပါတယ်
05/09/2021

🙏အားလုံးမင်္ဂလာပါ🙏 ကျွန်တော်ရဲ့ page ကနေကြိုဆိုပါတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when M.D.Y အိမ်ခြံမြေ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category