My Mandalay House

My Mandalay House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Mandalay House, Real Estate Company, No. 120, Gant Gaw Lane 3, Anesakhan, Mandalay.

ဒီခေတ်မှီဆန်းသစ်တဲ့ ကွန်ဒိုတိုက်ခန်းဟာ မန္တလေးမြို့အဝင်  လေဆိပ်သွားတဲ့ လမ်းမကြီးနဲ့ ၊ ရန်ကုန်အဝေးပြေးလမ်းမကြီးအနီးမှာ တည...
05/08/2020

ဒီခေတ်မှီဆန်းသစ်တဲ့ ကွန်ဒိုတိုက်ခန်းဟာ မန္တလေးမြို့အဝင် လေဆိပ်သွားတဲ့ လမ်းမကြီးနဲ့ ၊ ရန်ကုန်အဝေးပြေးလမ်းမကြီးအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

၎င်းမှာ ဧည့်ခန်းကျယ်ကြီးတစ်ခုရှိပြီးတော့ သဘာဝအလင်းရောင်ပိုရဖို့အတွက် အတွင်းဘက်ကျတဲ့နေရာတွေမှာ ပြတင်းပေါက်တွေတပ်ထားတဲ့ မီးဖိုခန်းတစ်ခုလည်း ပါရှိပါတယ် ။

အိပ်ခန်းသုံးခန်းပါဝင်ပြီးတော့ သုံးခန်းစလုံးမှာ အဝတ်ဘီရို နဲ့ ပစ္စည်းတင်ဖို့စင်တွေပါဝင်ပါတယ် ။

အိပ်ခန်းနှစ်ခန်းမှာ ရေချိုးခန်းတွဲလျက်ပါရှိတာဖြစ်ပြီး နောက်ထပ်ရေချိူးခန်းတစ်ခုကတော့ ဧည့်ခန်းအပြင်ဘက်နားမှာ ရှိတာပါ ။

မန္တလေးတောင်နဲ့ အားကစားကွင်းကို မျက်နှာမူထားတဲ့ လသာဆောင်နှစ်ခုရှိပြီးတော့ အဆောက်အအုံ အတွင်းဘက်ကို မျက်နှာမူထားတဲ့ နောက်ထပ်လသာဆောင်နှစ်ခု ရှိပါတယ် ။

အရည်အသွေးမြင့်မားတဲ့ ကြွေပြားတွေကိုလည်း မျက်စိပသာဒဖြစ်အောင် အလှဆင်ထားပါသေးတယ်။

ဒီအထပ်မြင့်ကွန်ဒိုတိုက်ခန်းဟာ လှပတဲ့ရှုခင်းတွေရှိပြီးတော့ ခေတ်မှီတဲ့ မြန်မာမိသားစုတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ် ။

------------------------------------------------------
ဖုန်းနံပါတ် - 09 409488500

လိပ်စာ - အမှတ်(၁၂၀) ၊ ကံ့ကော်လမ်းသွယ် (၃) ၊ အနီးစခန်း ၊ မန္တလေး ။

website - https://mymandalayhouse.com

Mail - [email protected]

--------------------------------------------------------

ဒီခေတ်မှီပြီး အထပ်လေးထပ်ပါတဲ့ အသစ်စက်စက်အိမ်ဟာ Diamond Plaza နဲ့  Original Figi Supermarket အနီး ၊ မန္တလေးမြို့လယ်ခေါင်မ...
04/08/2020

ဒီခေတ်မှီပြီး အထပ်လေးထပ်ပါတဲ့ အသစ်စက်စက်အိမ်ဟာ Diamond Plaza နဲ့ Original Figi Supermarket အနီး ၊ မန္တလေးမြို့လယ်ခေါင်မှာ တည်ရှိတာဖြစ်ပါတယ် ။

၄င်းမှာ လုံခြုံစိတ်ချရတဲ့ ရှေ့ဝင်ပေါက်တစ်ခုပါရှိပြီးတော့ ၁၈ပေမြင့်တဲ့အခန်းတစ်ခန်းဆီကိုဦးတည်ထားတာဖြစ်ပြီး အဲ့အခန်းဟာ အရောင်းပြခန်းအဖြစ်သုံးဖို့သင့်တော်တဲ့အပြင် အနောက်ဘက်မှာပစ္စည်းတွေသိုလှောင်ဖို့အတွက် ထပ်ခိုးတစ်ခုလည်းပါဝင်ပါသေးတယ် ။

အပေါ်ထပ်သုံးထပ်မှာ အလျား ၅၅ ပေ အနံ ၂၅ ပေ ကျယ်တဲ့အခန်းတွေရှိပြီး အခန်းတိုင်းမှာ ရေချိုးခန်း အိမ်သာ နဲ့ မီးဖိုချောင်ပါဝင်တဲ့အပြင် အလင်းရောင်ကောင်းစွာရရှိပြီးတော့ မြို့ရဲ့ ရှုခင်းကောင်းတွေကိုလည်းမြင်နိုင်ပါတယ် ။

အဆောက်အဦး ကိုအပြီးသတ်အလှဆင်ရာတွင် အထပ်တိုင်းကို ပန်းချီကားများကဲ့သို့ အဆင့်အတန်းမြင့်မားစွာ ဆင်ယင်ထားသည့်အပြင် အပေါ်ဆုံးအထပ် ရေစင် ကိုလည်းကောင်းမွန်စွာပြုလုပ်ထားပါတယ် ။

ပတ်ဝန်းကျင်ကောင်းကောင်းမှာ တည်ရှိတာဖြစ်ပြီးတော့အဓိက အရေးပါတဲ့ လမ်းနဲ့ နီးတဲ့အပြင် ထရပ်ကား ဒါမှမဟုတ် အခြား မော်တော်ယာဥ်တွေ ရပ်နားဖို့နေရာလည်း ရှိပါသေးတယ် ။

ဒီလို စီးပွားရေးအတွက် အသုံးပြုနိုင်တဲ့အဆောက်အဦးဟာ ကုန်သွယ်ရေး ၊ ပညာရေး ၊ NGO လုပ်ငန်းတွေနဲ့ အခြား စီးပွားရေးလုပ်ကိုင်တဲ့ မိသားစုတွေအတွက် သင့်တော်ပါတယ် ။
------------------------------------------------------
ဖုန်းနံပါတ် - 09 409488500

လိပ်စာ - အမှတ်(၁၂၀) ၊ ကံ့ကော်လမ်းသွယ် (၃) ၊ အနီးစခန်း ၊ မန္တလေး ။

website - https://mymandalayhouse.com

Mail - [email protected]

--------------------------------------------------------

ဒီအချက်အချာကျတဲ့ နေရာမှာရှိပြီး စီးပွားရေးလုပ်ငန်းလုပ်ဖို့သင့်တော်တဲ့ အိမ်ခြံမြေဟာ မန္တလေးမြို့လယ်ခေါင်အနားမှာတည်ရှိတာဖြ...
04/08/2020

ဒီအချက်အချာကျတဲ့ နေရာမှာရှိပြီး စီးပွားရေးလုပ်ငန်းလုပ်ဖို့သင့်တော်တဲ့ အိမ်ခြံမြေဟာ မန္တလေးမြို့လယ်ခေါင်အနားမှာတည်ရှိတာဖြစ်ပြီး ရထားလမ်းကူးတံတားနဲ့ နီးတဲ့အပြင် အခြားအဓိကလမ်းမကြီးတွေကိုသွားဖို့အတွက်လည်းအလွန်လွယ်ကူပါတယ် ။

ဒီအိမ်ခြံမြေဟာ အထပ်သုံးထပ်ပါဝင်ပြီးတော့ ဒုတိယထပ်နဲ့ တတိယထပ်မှာ ပြတင်းပေါက်အကြီးတွေပါရှိပါတယ် ။

အထပ်တိုင်းမှာ အလျား ၁၂ မီတာ အနံ ၉မီတာကျယ်တဲ့ အခန်းကျယ်တွေပါဝင်တာဖြစ်ပြီး အနောက်ဘက်မှာ ရေချိုးခန်းနဲ့ လှေကားတွေရှိပါတယ်။

ခေါင်မိုးအပေါ်ဘက်နေရာဟာမြို့အနှံ့အပြားရဲ့ ရှုခင်းကောင်းတွေကိုမြင်နိုင်တဲ့အပြင် အပြင်ဘက်ရှုခင်းတွေကိုကြည့်ဖို့အတွက်လည်း တကယ်ကိုအသုံးဝင်တဲ့နေရာလေးဖြစ်ပါတယ်။
------------------------------------------------------
ဖုန်းနံပါတ် - 09 409488500

လိပ်စာ - အမှတ်(၁၂၀) ၊ ကံ့ကော်လမ်းသွယ် (၃) ၊ အနီးစခန်း ၊ မန္တလေး ။

website - https://mymandalayhouse.com

Mail - [email protected]

--------------------------------------------------------

အိမ်ခြံမြေငှားရမ်းမှုအတွက် ပြီးပြည့်စုံသောအကြံပြုချက်များ သင်ဟာ သင့်ရဲ့အိမ်ခြံမြေကို အဆင့်အတန်းမီဖို့နဲ့ ငှားရမ်းသူတွေရဲ...
04/08/2020

အိမ်ခြံမြေငှားရမ်းမှုအတွက် ပြီးပြည့်စုံသောအကြံပြုချက်များ

သင်ဟာ သင့်ရဲ့အိမ်ခြံမြေကို အဆင့်အတန်းမီဖို့နဲ့ ငှားရမ်းသူတွေရဲ့လိုအပ်ချက်ကို ပြည့်မီစေဖို့ အတွက် ငွေကုန်ကြေးကျနည်းနည်းနဲ့ အလှဆင်ပြုပြင်နိုင်ဖို့ စိုးရိမ်နေတဲ့ အိမ်ခြံမြေပိုင်ရှင်တစ်ယောက်ပဲဆိုပါစို့ ။ အဝေးကြီး တွေးမနေပါနဲ့တော့ ။ သင့်ရဲ့အိမ်ခြံမြေကို တန်ဖိုးမြင့်တက်စေပြီးတော့ ငွေကြေးအကုန်အကျသက်သာစေမယ့် အကြံပြုချက်နဲ့ လှည့်ကွက်တစ်ချို့ကို ကျွန်တော်တို့ ပြောပြပါ့မယ် ။

ငှားရမ်းမယ့်အိမ်ကို အလှဆင်ပြုပြင်ခြင်းက သင့်ရဲ့ကိုယ်ပိုင်အိမ်ကို အလှဆင်ပြုပြင်ခြင်းနဲ့ အများကြီး ကွာခြားပါတယ် ။ ငှားရမ်းဖို့အတွက်က သင်ကိုယ်တိုင်အသုံးပြုမှာမဟုတ်တဲ့ ပစ္စည်းတွေကို ငှားရမ်းသူတွေ စိတ်ကျေနပ်ဖို့နဲ့ ကုန်ကျစရိတ်သက်သာဖို့အတွက်ကြိုးစားရမှာပါ ။ ဒါကို ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ ?

၁။ ကြမ်းခင်းခြင်း

ကြမ်းခင်းခြင်းက အိမ်ကို သိသိသာသာ လှပသွားစေပါတယ် ။ ဒါပေမယ့် လူအတော်များများက ဒီအချက်မှာ မှားယွင်းနေကြတယ် ။ စျေးသက်သာဖို့အတွက် သင့်ရဲ့ငှားရမ်းမယ့် အိမ်တစ်ခုလုံးကို စျေးပေါတဲ့ ကော်ဇောခင်းဖို့ တွေးထားရင် သင်ပြန်စဥ်းစားသင့်ပါတယ် ။ ၁နှစ် ဒါမှမဟုတ် ၂နှစ် အကြာမှာ ကော်ဇောအကုန်လုံးကို ပြန်လည်အစားထိုးရမှာဖြစ်တဲ့အတွက် သင့်ရဲ့ကုန်ကျစရိတ်ကို အများအပြားမြင့်တက် သွားစေနိုင်ပါတယ် ။ အဲ့ဒီအစား သင့်အိမ်ရဲ့ အခန်းတွေကို ခင်းဖို့အတွက် ပလတ်စတစ်သစ်သားပြား ကိုရွေးချယ်သင့်ပါတယ် ။ ဒါက သင့်ရဲ့ငွေကြေးကုန်ကျမှုကို သက်သာစေရုံသာမက သင့်ရဲ့အိမ်ငှားတွေအတွက် ကြမ်းပြင်ပေါ် ဖိတ်စင်ကျတာတွေကိုသန့်ရှင်းနိုင်ဖို့အတွက်ပါ ပြီးပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုပါ ။ သူတို့အတွက် စရံငွေတွေ လျော့နည်းမှုမရှိတဲ့အတွက်လည်း ဝမ်းသာကြလိမ့်မယ် ။ ဒါ့အပြင် သင့်အနေနဲ့ အရည်အသွေးကောင်းတဲ့ သစ်သားပြားတွေကို အသုံးပြုသင့်ပါတယ် ။ ဒါဟာ အချိန်ကြာလာရင် အလိုအလျောက်ဖြစ် ပေါ်လာတတ်တဲ့ ယိုယွင်းပျက်စီးမှုတွေဖြစ်ခြင်းကနေ သင့်ကို သက်သာစေပါလိမ့်မယ် ။

၂။ နံရံများ

နံရံတွေအတွက်ကတော့ အတော်အသင့်ပဲတွေးထားတာအကောင်းဆုံးပါ ။ သင့်အနေနဲ့ လူတိုင်းရဲ့ အကြိုက်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နေရတာကို သတိထားရမယ် ။ အဖြူ ဒါမှမဟုတ် မီးခိုးရောင် အဖျော့ တွေသုံးတာက ဘာတွေမှားယွင်းနိုင်သလဲ ? ဒီအရောင်တွေက အခြားပိုရင့်တဲ့ အရောင်တွေထက် ပိုပြီးစွန်းထင်းတတ်ပါတယ် ။ ဒါပေမယ့်လည်း ပြန်ပြုပြင်ဖို့အတွက် လစဥ်ကုန်ကျမယ့် စျေးနှုန်းကတော့ နည်းပါတယ် ။

၃။ ရေချိုးခန်း

ရေချိုးခန်းဟာ မှိုတက်ခြင်း ဒါမှမဟုတ် ကြီးမားတဲ့ ပျက်စီးခြင်း မရှိဘဲ သင့်တင့်တဲ့အခြေအနေမှာ ရှိနေမယ်ဆိုရင် ဒါဟာ ငွေချွေတာဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ ။ ဒါပေမယ့် သင့်ရဲ့အိမ်သာက စစ်မြေပြင်လို ရှုပ်ပွပျက်စီးနေရင်တော့ သင့်ရဲ့အိမ်ငှားကို အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် အိမ်သာကို ပိုကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ ဆင်ခြေကောင်းတစ်ခုကိုပေးဖို့ စဥ်းစားထားပါတော့ ။ ရေချိုးခန်းရဲ့ အရည်အသွေးကိုကြည့်ပြီးတော့လည်း အိမ်ရှင်ရဲ့အကြောင်းကို အများကြီးပြောနိုင်ပါတယ် ။ တကယ်လို့ သင့်မှာ ရေချိုးကန်ထည့်ဖို့ နေရာလွတ်ရှိနေရင်တော့ အိမ်ငှားတွေက သင့်ရဲ့အိမ်နဲ့ အခြားသူတစ်ဦးဦး ရဲ့အိမ်ကို ရွေးချယ်ဆုံးဖြတ်တဲ့အခါ ဒါကတကယ်ကိုကောင်းမွန်တဲ့ ဖြည့်စွက်မှု ( အားသာစေတဲ့ ပြောင်းလဲမှု) တစ်ခုပဲဖြစ်ပါတယ် ။ အကယ်၍ သင်ဟာ အနောက်တိုင်းအိမ်ငှားတွေနဲ့အဆင်ပြေချောမွေ့လိုလျှင် သူတို့ဟာ အာရှရိုးရာ အိမ်သာတွေကို မနှစ်သက်ဘူးဆိုတာ စိတ်ထဲသွင်းထားသင့်ပါတယ် ။ အာရှရိုးရာ ရိုးရိုးအိမ်သာတွေက အဆင်တော့ပြေနိုင်ပါတယ် ။ ဒါပေမယ့် မင်းရဲ့ နိုင်ငံခြားသား အိမ်ငှားက နောက်ပိုင်းမှာ အရိုးအထူးကုဆရာဝန်နဲ့ ပြရလောက်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ် ။ အိမ်သာက တကယ်ကို အရေးကြီးပါတယ််။ အကယ်၍ သင်သာဒီအပိုင်းကို မှန်ကန်အောင် လုပ်နိုင်ရင် သင့်ရဲ့ရင်းနှီးမြုပ်နှံမှုကနေ ငွေအမြောက်အများပြန်ရဖို့ အခွင့်အရေးအများကြီး တိုးလာနိုင်ပါတယ် ။

၄။ မီးဖိုချောင်

သင့်ရဲ့မီးဖိုချောင်က ယိုယွင်းပျက်စီးနေပြီး အကုန်လုံးကို ပြုပြင်ဖို့အတွက် စျေးကြီးမှာကို စိုးရိမ်နေတာ လား ? တံခါးတွေ ၊ ဗီဒိုတံခါးတွေနဲ့ စားပွဲခုံမျက်နှာပြင်တွေကို အစားထိုးကြည့်ဖို့ မကြိုးစားရသေးဘဲ စိတ်ဓာတ်မကျသွားပါနဲ့ ။ တစ်ခါတစ်ရံ ဒါတွေလုပ်လိုက်တာက သင့်ရဲ့မီးဖိုချောင်ကို အသစ်လို့ တဖန်ပြန်ပြီးထင်စေရပါတယ် ။ ( ပြီးတော့ အဟောင်းတွေကို သန့်ရှင်းပြီး ဆေးပြန်သုတ်တာလည်း လုပ်သင့်တယ် )

၅။ပရိဘောဂများ

ဖြစ်နိုင်ရင် သင့်ရဲ့ အိမ်ခြံမြေကို ပရိဘောဂတွေ မပါဝင်ဘဲ ငှားရမ်းဖို့ ကြိုးစားသင့်တယ် ။

ရိုးရှင်းတဲ့ အကြောင်းပြချက်နှစ်ခု ရှိပါတယ် ။

ပထမတစ်ခုက - တကယ်လို့ သင်က အိမ်ကို ပရိဘောဂတွေ တပ်ဆင်ထားရင် (အထူးသဖြင့် စျေးကြီးတဲ့ ပရိဘောဂတွေ ) ဒါက သင့်ရဲ့အိမ်ငှားရမ်းခကို ပေါက်စျေးထက် စျေးအဆမတန် ကြီးမြင့်သွားစေတယ် ။ ထို့အတူ အဲ့ ပရိဘောဂတွေ ပျက်စီးသွားရင်လည်း သင့်အတွက် တကယ်ကို ခေါင်းကိုက်ချင်စရာပါပဲ ။

ဒုတိယ တစ်ချက်က ပိုပြီးအရေးကြီးပါတယ် ။ အကယ်၍ သင်က ပရိဘောဂ မတပ်ဆင်ထားတဲ့ အိမ်ကို ငှားရမ်းရင် အိမ်ငှားက သူ့ကိုယ်ပိုင်ပရိဘောဂတွေကို သယ်လာမှာဖြစ်လို့ အဲ့အိမ်မှာ အချိန်အတော်ကြာ ငှားနေဖို့အခြေအနေကို ပိုပြီးဖြစ်စေနိုင်ပါတယ် ။

၆။ မှတ်သားထားရမယ့်အချက်များ

အငှားအိမ်ခြံမြေဟာ သန့်ရှင်းသပ်ရပ်နေသင့်ပါတယ် ။ သို့ပေမယ့် သင့်ရဲ့အိမ်ခြံမြေကို ပေါက်စျေးထက် မြင့်မားသွားစေမယ့် ပစ္စည်း တွေနဲ့ အသုံးစရိတ်တွေကို မလိုအပ်ပါဘူး ။ ရိုးရိုးရှင်းရှင်းပဲထားပါ ။ မင်းရဲ့ ရေချိုးခန်းနေရာလွတ်တွေမှာ ခြစ်ရာတွေမရှိတာတော့ သေချာပါစေ ။

-------------------------------------------------------------
ဖုန်းနံပါတ် - 09 409488500

လိပ်စာ - အမှတ်(၁၂၀) ၊ ကံ့ကော်လမ်းသွယ် (၃) ၊ အနီးစခန်း ၊ မန္တလေး ။

website - https://mymandalayhouse.com

Mail - [email protected]

------------------------------------------------------------

Address

No. 120, Gant Gaw Lane 3, Anesakhan
Mandalay
05011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:30
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 11:00 - 14:00

Alerts

Be the first to know and let us send you an email when My Mandalay House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share