မေတ္တာမြေ မန္တလေး၊ ပုသိမ်ကြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ ငှား

  • Home
  • Myanmar
  • Mandalay
  • မေတ္တာမြေ မန္တလေး၊ ပုသိမ်ကြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ ငှား

မေတ္တာမြေ မန္တလေး၊ ပုသိမ်ကြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ ငှား Real Estate for Mandalay and Patheingyi Region

၈၉၀ - သိန်း  ။ အရောင်း ပါ။အိမ်အပါ။ ရေ။မီးစုံ။ မြောက်ပြင်။ အနောက်မြို့ပတ်လမ်း တစ်ကွက်ငုပ်။   76 လမ်း အနီး  /3 လမ်း * မြို...
02/08/2026

၈၉၀ - သိန်း ။ အရောင်း ပါ။

အိမ်အပါ။ ရေ။မီးစုံ။

မြောက်ပြင်။ အနောက်မြို့ပတ်လမ်း တစ်ကွက်ငုပ်။ 76 လမ်း အနီး /3 လမ်း * မြို့ပတ်လမ်း ကြား။

09950534534

16/05/2026

“အခုခေတ်မှာက ကျူရှင်မတက်ရင် အဆင်မပြေတော့ဘူး။ ကျောင်းကြီး(အစိုးရကျောင်း)မှာ သေချာမသင်ကြ တော့ဘူး။ ပညာရေးဟာ စီးပွားရေးလိုဖြစ်ပြီး ခေတ်ပျက်ဖြစ်နေပြီ။ ဒါက နေရာတိုင်းမှာပါ”

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/60443/

၁၅၊မေ။

ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတဦးရဲ့ တလစာ ကျူရှင်ခဟာ ကျပ်ခုနစ်သိန်းဝန်းကျင်ထိ စျေးရှိနေတာကြောင့် မိဘတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

ပြင်ပကျူရှင်ဝိုင်းတွေမှာ အထက်တန်းအဆင့် ၁၀ တန်း၊ ၁၁ တန်း၊ ၁၂ တန်း တဘာသာကို ကျပ်တသိန်းကနေ တ သိန်းခွဲထိ စျေးရှိနေတာဖြစ်ပြီး ခြောက်ဘာသာအတွက် ကျပ်ငါးသိန်းကနေ ခုနှစ်သိန်းခွဲလောက်ထိ ကုန်ကျနေတာပါ။

“ကျူရှင်ဝိုင်းတွေမှာ စျေးကြီးတာပါ။ တဘာသာကို တသိန်းခွဲလောက်ထိ တောင်းကြတယ်။ နယ်ကလာတဲ့ သူတွေမှာ မလွယ်ဘူး။ နေစရိတ်၊ စားစရိတ်၊ စာအုပ်ခလည်း ရှိသေးတယ်။ ကျူရှင်ခ တခုတည်းက ငါးသိန်း၊ ခြောက်သိန်း ဆိုရင် မလွယ်တော့ဘူးလေ” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ညို (အမည်လွှဲ)က ပြောပါ တယ်။
ဒေါ်ညိုမှာ ၁၁ တန်း(Grade – 11) ကျောင်းသူ၊ သမီးတဦးရှိပြီး တလအတွက် ကျူရှင်ခ ငါးသိန်းဝန်းကျင် ကုန်ကျနေတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားမှာ အစ်ကိုတယောက်ရှိတယ်။ သူ့ဆီကထည့်ပေးတဲ့ ပိုက်ဆံအကုန် ကုန်တာပဲ။ မလောက်ဘူး” လို့ သူမက ပြောပါတယ်။

အဲဒီလို ကျူရှင်ခစျေးကြီးတွေ ကျောင်းတွေဟာ ပြင်ပဘော်ဒါတွေနဲ့ အစိုးရအထက်တန်းကျောင်းတွေမှာ တာဝန် ကျနေတဲ့ ဆရာ၊ ဆရာမတွေ ဖွင့်ထားတဲ့ ကျူရှင်ဝိုင်းတွေဖြစ်ပြီး အစိုးရအသိအမှတ်ပြု သင်ကြာရေးလက်မှတ်၊ ဘွဲ့မရထားတဲ့ ပြင်ပဆရာတွေ သင်တဲ့ဝိုင်းတွေမှာတော့ စျေးအနည်းငယ်သက်သာတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

“အဲဒီဝိုင်းတွေကျတော့လည်း သာမန်အဝေးသင်ဘွဲ့ရတဲ့ သူတွေသင်တာကျတော့ လူတွေ သိပ်မထားချင်ကြဘူး” လို့ ပုသိမ်မြို့မှ ပညာရေးဝန်ထမ်း၊ အလယ်တန်းပြင်ကျောင်းဆရာတဦးက ပြောပါတယ်။

အခုလို ကျူရှင်ခတွေ စျေးအလွန်ကြီးနေတာကြောင့် ကျောင်းသားမိဘတွေမှာ သူတို့ရဲ့ သားသမီးတွေကို ကျောင်းထုတ်လိုက်ရတာတွေလည်း ရှိနေပါတယ်။

“ရှိတယ်၊ အဲလို ကျောင်းထုတ်လိုက်တဲ့ကလေးတွေ၊ ကျွန်တော်ကျနေတဲ့ ကျောင်းမှာဆိုရင် အလယ်တန်းတောင် ပြီးအောင် မတက်ကြဘူး တချို့ကလေးတွေ။ ဒီတနှစ်၊ နှစ်နှစ်မှာ ကျောင်းထွက်တာ ပိုများတယ်ထင်တယ်” လို့ ပုသိမ်မြို့ပေါ်ကျောင်းတခုမှာ တာဝန်ကျနေတဲ့ အဆိုပါအလယ်တန်းပြဆရာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် အခမဲ့ပညာရေးလို့ ဆိုပေမယ့် ကျူရှင်ဝိုင်းတွေဟာ တွင်တွင်ကျယ်ကျယ်ရှိနေပြီး ကျောင်းသူ၊ ကျောင်းသားတဦးအတွက် စာသင်စရိတ်ဟာ တနှစ်ထက်တနှစ် ပိုများလာနေတယ်လို့ ကျောင်း သားမိဘတွေက ပြောကြပါတယ်။

“အခုခေတ်မှာက ကျူရှင်မတက်ရင် အဆင်မပြေတော့ဘူး။ ကျောင်းကြီး(အစိုးရကျောင်း)မှာ သေချာမသင်ကြ တော့ဘူး။ ပညာရေးဟာ စီးပွားရေးလိုဖြစ်ပြီး ခေတ်ပျက်ဖြစ်နေပြီ။ ဒါက နေရာတိုင်းမှာပါ” လို့ ရခိုင်ပြည်နယ်မှ အသက် ခုနစ်ဆယ်ကျော်အရွယ် မြို့နယ်ပညာရေးမှူးအငြိမ်းစားတဦးက ပြောပါတယ်။

#ပုသိမ် #ကျူရှင်ခ #စျေးအလွန်ကြီးနေ

11/05/2026

ဈေးနှုန်း သင့်အရောင်းပါ။

ဆင်ရွာတော အဝင် (မြေကွက်လွတ်)
၄၀*၃၂ ပေ ။
လျှပ်စစ်မီး ယူလို့ ရသော နေရာလေးပါ။
Fiber internet ဆွဲလို့ရပါသည်။

၁၆၀ သိန်း

09950534534

13/10/2025

👩‍🍳 မဲကင်းကုန်း ဝယ်နေကျအမ ၁၀ ပိဿာ
👩‍🍳 ၅ပိဿာ ၂ပုံး ရချင်ပါတယ်တဲ့
👩‍🍳 လိုချင်တဲ့ ဗူးဆိုဒ်လုပ်ပေးပါတယ်

မဟေမာန်တို့ တစ်မိသားစုလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ🙏🙏🙏

ဆီမှာချင်ရင် ၁၀ ပိဿာ ၁သိန်းပါရှင်
☎️ 09796487813, 09797992344

#ရာနှုန်းပြည့်
#မြေပဲဆီစစ်စစ်

13/10/2025
09/01/2025

ဆင်ရွာတော့ ရွာ မြေကွက် ရောင်းဖို့ ရှိပါတယ်။ 40*32 ပေ။ (၁၃၀ သိန်း)
ခွဲ လိုချင်လည်း ရပါတယ်။ ၁ ပေ (၃၅၀၀၀၀) ပါ။

09950534534

Address

Mandalay

Telephone

+959950534534

Website

Alerts

Be the first to know and let us send you an email when မေတ္တာမြေ မန္တလေး၊ ပုသိမ်ကြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ ငှား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မေတ္တာမြေ မန္တလေး၊ ပုသိမ်ကြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ ငှား:

Shortcuts

Share

Category