SHANE Real Estate “shane”房地产经纪公司

SHANE Real Estate “shane”房地产经纪公司 အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှားရမ်းခြင်းများကို
ယုံကြည်စွာ အပ်နှံနိုင်ပါသည်။
THE BEST CHOICE FOR FAMILY!

မြန်မာတနိုင်ငံလုံး စာတိုက်ရှိသည့် မည်သည့်မြို့နယ်မဆို အိမ်ရောက်ငွေချေစနစ်ဖြင့် အားပေးနိုင်ပါသည်။

26/12/2024

#ရောင်းမည် code- 0068

♦️၆၆ လမ်းအနီး ၃၈*၃၉လမ်းကြား
♦️အကျယ် ၁၈*၂၂ပေ အနောက်လှည့်
♥️စလစ်မိတ္တူ

♦️စျေး- ၂၂၀၀ ညှိနှိုင်း

♠️ဆက်သွယ်ရန်

🔹09401526122
🔹09972837000



#အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

#房地产中介

06/06/2024

ရိုးရာတခု
---------
ဂျပန်စုံတွဲ နှစ်ယောက် S*x ကိစ္စ
ပွင်းပွင့်လင်းလင်းတိုင်ပင်

တစ်နေ့မှာ ဂျပန်စုံတွဲတစ်တွဲဟာ
အရမ်းကိုစိတ်ကျေနပ်စရာကောင်းတဲ့
လိင်မှုစွမ်းဆောင်ရည်တွေရအောင်
ဘယ်လိုလုပ်ရမလဲလို့
ဆွေးနွေးတိုင်ပင်နေကြသတဲ့။

အမျိုးသား - "ဆူကီတာကီ၊ မိုဂျီတာကာ"

အမျိုးသမီးကပြန်ပြောတယ် - "ကိုဝါနီနီ၊ မိုကီမိုဝီ ဂျနာကာပါ"

အမျိုးသားက ဒေါသတကြီးပြောပြန်ရော - "ရူမီကူဆို၊ ခါဂါဝါ၊ မီလာကူးးဆာ"

အမျိုးသမီးက ဒူးထောက်လိုက်ပြီး

တောင်းပန်တဲ့ပုံစံနဲ့ပြောတယ် -

"နာကာစကီ၊ အီမီရိုစာ တင်ကိုဂျီမီ"

အမျိုးသားကလည်း အကျယ်ကြီးအော်ပြီး
ပြန်ပြောပြန်ရောတဲ့ -

"နာမေနိုအီစီကိုမီရို၊ ကောနီချီးဝါးးး"


ခင်ဗျားလည်း မလွယ်ဘူးနော်...
ဂျပန်စကားလည်း နားမလည်ပဲနဲ့
အသည်းအသန်လိုက်ဖတ်နေတယ်။

S*x လို့ပါတာနဲ့ တွေ့သမျှ
စိတ်၀င်စားတော့တာပဲဟတ်လား?
ခင်ဗျားအတွက် စိတ်ပူမိတယ်ဗျာ....
ဟင်းးးး ဟင်းးးး 😌

🟥ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အ...
29/05/2024

🟥ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေအကြုံကိုရေးတာပါ။)

အရောင်းအဝယ် စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2️⃣စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရန်ချပါ။

3️⃣စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ ၄-မျိုး ရမှငွေပြေချေပါ။

1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။

1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

- ဆရာ ကြည်စိုး IC

 #အငှား 57လမ်းတင် 102Aထောင့်လကုန်ရမည် ပေ40/60 အငှားတစ်လ 15သိန်း☎️09401526122☎️09972837000ဖုန်းကြိုဆက်ပေးပါခင်ဗျာ #အငှား ...
27/05/2024

#အငှား
57လမ်းတင် 102Aထောင့်
လကုန်ရမည်
ပေ40/60
အငှားတစ်လ 15သိန်း

☎️09401526122
☎️09972837000
ဖုန်းကြိုဆက်ပေးပါခင်ဗျာ

#အငှား
#အိမ်ခြံမြေ
#အကျိုးဆောင်
#မန္တလေး

💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ💢အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာ...
26/05/2024

💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ💢

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်း​ခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။

ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။

Credit-လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 #စရန်ငွေရရှိပြီးမှအကြောင်းတစ်ခုခုကြောင့်ရောင်းချရန်ငြင်းဆိုခြင်းအိမ်နှင့်မြေကိုရောင်းချရာတွင် စရန်ငွေရရှိပြီးမှ အကြောင်...
25/05/2024

#စရန်ငွေရရှိပြီးမှအကြောင်းတစ်ခုခုကြောင့်ရောင်းချရန်ငြင်းဆိုခြင်း

အိမ်နှင့်မြေကိုရောင်းချရာတွင် စရန်ငွေရရှိပြီးမှ အကြောင်းတစ်ခုခုကြောင့် ရောင်းချရန် ငြင်းဆိုခဲ့ခြင်းမှာ ချုပ်ဆိုသောကတိကဝတ်ကို ဖောက်ဖျက်ရာရောက်နိုင်သော်လည်း လိမ်လည်လှည့်ဖြား၍ စရန်ငွေရယူကြောင်း မပေါ်ပေါက်သဖြင့် #ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀အရ အရေးယူနိုင်မည်မဟုတ်ပေ။

(ဦးဘိုးကျင် ပါ-၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ၁၉၈၃ ခုနှစ်၊ မ.တ.စ(ဗဟိုတရားရုံး)၊ စာ- ၁၃၂)။

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜

လေးစားစွာဖြင့်
Crd; Daw Thazin Kyi Win







#ဒေါ်သဇင်ကြည်ဝင်း
#ရှေ့နေ
#ဥပဒေအကြံပေး
#စရန်ငွေ

မြေဧကတွက်နည်း လူတွေအမေးများတဲ့ မြေအကြောင်းများ၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =  ...
23/05/2024

မြေဧကတွက်နည်း

လူတွေအမေးများတဲ့ မြေအကြောင်းများ

၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits

အိမ်ခြံမြေအရောင်းအဝယ်တွေလုပ်ရင် စရံပေးတဲ့ အဆင့်ဟာအရေးကြီးဆုံးပါဘဲ🧶 🧶အဝယ်တွေ အတော်များများက ကြိုက်ပြီဆိုရင် သူများ ဝယ်သွာ...
23/05/2024

အိမ်ခြံမြေအရောင်းအဝယ်တွေလုပ်ရင်
စရံပေးတဲ့ အဆင့်ဟာအရေးကြီးဆုံးပါဘဲ🧶

🧶အဝယ်တွေ အတော်များများက ကြိုက်ပြီဆိုရင်
သူများ ဝယ်သွားမှာစိုးလို့ မင်္ဂလာစရံတို့ စတိစရံတို့ ချခဲ့လိုက်ရော။ စရံပေးစာချုပ်ကိုလဲ လွယ်လင့်တကူ စျေးဆိုင်တွေကဘဲ ဝယ်ပြီးချုပ်လိုက်ကြတာများတယ်။
🧶
အဲ့ဒီစတိ စရံကို ပါးပါးလေး ချခဲ့ရင် အကြောင်းမဟုတ်ပါ။ တချို့က အရောင်းအဝယ်တန်ဘိုးပေါ်မူတည်ပြီး စတိစရံတောင် သိန်းရာဂဏန်း
ချတာတွေရှိတတ်ကြတယ်။
🧶
ဘာလို့စရံပေးစာချုပ်ဟာ အရေးကြီးလဲဆိုရင်
မြေကွက် ကိုဘယ်လို ဘယ်ပုံ ဝယ်ယူရမယ်၊ဘယ်အဆင့်မှာ ဘယ်လိုငွေချေမလဲ၊ ဘယ်အချိန်မှာ လက်ရောက်အပ်သင့်သလဲ ၊ အိမ်ရှင်က ငွေအကြေချေတဲ့အခါအိမ်မအပ်ပေးနိုင်သေးရင် ဘယ်လိုထည့်ချုပ်ရမလဲ …..စသဖြင့် အသေးစိတ် ရောင်းသူနဲ့ဝယ်သူဆွေးနွေးပြီးမှ ချုပ်ဆိုရမဲ့ စာချုပ်ဖြစ်ပါတယ်။
🧶
စရံစာချုပ်ကို သေချာစွာ စည်းနှောင်အားရှိရှိ ၊ထောင့်စေ့အောင် ချုပ်ဆိုထားပြီးမှသာ နောက်ထပ်ပေးချေမဲ့ စာချုပ်အဆင့်ဆင့်တွေမှာ ဒီစရံ Flow အတိုင်းဆက်သွားဖို့ အဆင်ပြေနိုင်မှာပါ။ နောက်အဆင့်တွေမှာ ထပ်ညှိနှိုင်းစရာမလိုတော့မှာဖြစ်ပါတယ်။
🧶
ဥပမာ - ဝယ်သူက ဂရန် အမည်ပြောင်းမည့်အဆင့်ထိ သွားချင်တယ်ဆိုပါက အမည်ပြောင်းအဆင့်ဆင့် စပ်ကြားထဲမှာ ရောင်းသူလုပ်ပေးရမဲ့ ကိစွရပ်များကို စရံစာချုပ်ထဲမှာ တခါတည်းထည့်ချုပ်သင့်ပါတယ်။
ယခုဆိုရင် ရောင်းခွန်တွေ မဖြစ်မနေဆောင်ရမဲ့ကိစွရပ်တွေရှိလာပါတယ်။ ဒါတွေကိုထည့်မချုပ်ထားခဲ့မိရင် နောင်မှ သတိရပြီး ရောင်းသူကို ရောင်းခွန်ဆောင်ပေးဖို့ နှုတ်ဖြင့်နဲ့ တောင်တောင်းဆိုဖို့ခက်သွားပါလိမ့်မယ်။
🧶
ဒါကဥပမာ လောက်ဘဲပြောတာပါ။
နောက်တခုက စရံ ချချိန်မှာ ရှေ့နေကိုမဖြစ်မနေခေါ်ပါ။ ရှေ့နေချုပ်ပေးတဲ့စာချုပ်ရဲ့ စည်းနှောင်အားနဲ့ စျေးဆိုင်က စာချုပ်ရဲ့စည်းနှောင်အားချင်း အဲ့နေရာမှာ အရမ်းကိုကွာသွားတာ ပြဿနာဖြစ်တဲ့အခါ သိပါလိမ့်မယ်။🙄

🧶
တချို့ဆိုရင် စရံကို့ဘာသာချပြီး ငွေချေတော့မှသာ ရှေ့နေဌားကြတာတွေရှိပါတယ်။ ရှေ့နေပါလာတဲ့အဆင့်ကြမှ ရှေ့နေက စာရွက်စာတမ်းစစ်ဆေးကြည့်လို့အဆင်မပြေတာတို့ ငွေမချေခင်စပ်ကြားလုပ်ရမဲ့အပိုင်းတွေ မလုပ်ထားမိတာတို့ကြောင့် ညှိနှိုင်းရတဲ့အခါ စရံစာချုပ်ကို ကျော်လွန်ပြီးချုပ်ပေးဖို့ ခက်သွားပါတယ်။
နှစ်ဦးသဘောတူညှိနှိုင်းပြီး ထပ်ဖြည့်ပြီး ချုပ်ဆိုနိုင်ရင်တော့ပြဿနာမရှိပါ။
ဒီကြားထဲ ရောင်းသူဘက်ကပါ ရှေ့နေပါလာရင်
ညှိလို့မဆုံးတော့ဘူး။
🧶 အဲ့တော့
“နှုတ်တစ်ရာ စာတစ်လုံး” ဆိုသည့်အတိုင်း ပြဿနာတစ်စုံတစ်ရာဖြစ်လာလျှင် နှုတ်ဖြင့် ပြောထားတာထက် စာဖြင့်ရေးသားချုပ်ဆိုထားသောစာချုပ်ဖြင့်သာစကားပြောကြရတာဖြစ်ပါတယ်။ ဒါကြောင့် စရံစာချုပ် ချုပ်တဲ့အခါ ပေါ့ပေါ့တန်တန်မချုပ်ကြဖို့ သတိချပ်စေလိုပါတယ်။

Credit-ဒေါ်မေသူ
အထက်တန်းရှေ့နေ

22/05/2024

ကျုံးတောင်ဘက်လမ်းတင် Hotel အဌား

⛵အခန်း28ခန်းပါ
ကားပါကင်ပါပါတယ်

⛵ပေ၄၀ပေ၆၀

⛵ဓါတ်လှေကားပါပါတယ်

⛵တလ သိန်း၃၀၀

၃နှစ်စာ တင်စေလို

ပိုင်ရှင်ထိပ်တိုက်ညှိလို့ရ
ရှေ့၂ယောက်ပါ

အကျိုးတူရပါတယ်🤝🤝🤝

📲09401526122
📲09972837000
ဖုန်းကြိုဆက်ပေးပါခင်ဗျာ

 #အရောင်း ၇၁တင် ၁၀၉A/ ၁၀၉B ကြား ပေ(40×60)ဂရံ ဈေး - သိန်း(13500) ၊ ၁ခြမ်း(6500)  အရှေ့လှည့်ဆက်သွယ်ရန် ☎️09401526122☎️0997...
14/05/2024

#အရောင်း
၇၁တင် ၁၀၉A/ ၁၀၉B ကြား
ပေ(40×60)ဂရံ
ဈေး - သိန်း(13500) ၊ ၁ခြမ်း(6500)
အရှေ့လှည့်

ဆက်သွယ်ရန်
☎️09401526122
☎️09972837000
ဖုန်းကြိုဆက်ပေးပါခင်ဗျာ


#အိမ်ခြံမြေ
#အကျိုးဆောင်
#မန္တလေး
#ရောင်းမည်

ရောင်းမည်♥️♥️♥️တံခွန်တိုင်အဝိုင်းအနီး🌈၃၆ပေ၅၅ပေ🌈မြောက်လှည့်🌈ပါဝါမီတာပါရေပူရေအေးစက်ပါမိုးကြိုးလွှဲပါ🌈RC ၂ထပ်ခွဲအိပ်ခန်း၈ခန...
12/05/2024

ရောင်းမည်♥️♥️♥️

တံခွန်တိုင်အဝိုင်းအနီး

🌈၃၆ပေ၅၅ပေ

🌈မြောက်လှည့်

🌈ပါဝါမီတာပါ
ရေပူရေအေးစက်ပါ
မိုးကြိုးလွှဲပါ

🌈RC ၂ထပ်ခွဲ
အိပ်ခန်း၈ခန်း MBR.1

🌈ဒုတိယ ထပ်တွင် အိမ်သာ ဘိုထိုင် တလုံး၊
ရိုးရိုးတလုံးပါ ရေချိုးခန်းကျယ် သီးသန့်တခန်းပါ

🌈အပေါ်ထပ်လသာဆောင်ပါ😘

🌈ဂရန်လည်သာ ၅နှစ်ကျန်

♦️သိန်း၈၅၀၀ညှိနှိုင်း

ပိုင်ရှင်ထိပ်တိုက်စျေးညှိလို့ရပါတယ်
အကျိုးတူရပါတယ်🤝🤝🤝

☎️09401526122
☎️09972837000
♦️ဖုန်းကြိုဆက်ပေးပါခင်ဗျာ♦️

SHANE Real Estate Agency
Mandalay

#ရောင်းမည်
#မန္တလေး
#အိမ်ခြံမြေ
#အကျိုးဆောင်

11/05/2024

#ရောင်းမည်🤗🤗🤗
မြေကျယ်တိုက်ပါ လိုချင်သူများအတွက် 😘

မဂ်လာလမ်းမအတင် ကျွဲဆည်ကန် ကားကွင်းသစ်အနီး
ပေ၆၀ပတ်လည် တထပ်တိုက်ပါရေမီးစုံ

ဂရန်ဖောက်ရမြေ

စည်ပင်ခွန်ဆောင်ရ

အနောက်လှည့်

ကား၂စီးမကရှောင်ရ

သိန်း၃၀၀၀ညှိနှိုင်း

⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚

76လမ်းမဂ်လာလမ်းအနီး

ရပ်ကွက်လမ်းတင်

ပေ၅၀ပတ်လည် ၂ထပ်တိုက်ပါ
ကား၂စီးရှောင်ရ

သိန်း၂၀၀၀ညှိနှိုင်း

⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚⌚

၃၅ပေ ပတ်လည်

၂ထပ်အိမ်ကောင်းပါ

ကား၂စီးရှောင်ရ

သိန်း၁၈၀၀ညှိနှိုင်း

ပိုင်ရှင်ထိပ်တိုက်စျေးညှိနှိုင်းလို့ရပါတယ်

အကျိုးတူရပါတယ်🤝🤝🤝

📲09401526122
📲09972837000
ဖုန်းကြိုဆက်ပေးပါခင်ဗျာ

#အိမ်ခြံမြေ
#အကျိုးဆောင်
#မန္တလေး

Address

74th Street, Between 35th& 36th Street
Mandalay
0074

Website

Alerts

Be the first to know and let us send you an email when SHANE Real Estate “shane”房地产经纪公司 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category