Mech Power

Mech Power Mech Power - မက်(ခ်)ပါဝါ
Heavy Equipment Service & Spare Parts
-(စက်ယန္တရားများအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု)
-Your Partner In Precision, Mech Power.

14/06/2026

ဘာကြောင့် သင့်ဘရိုက်ကာ မရိုက်တော့တာလဲ 👇👇👇

Hydraulic Breaker မရိုက်တော့တဲ့ အကြောင်းရင်းတွေက အပိုင်း (၃)ပိုင်းရှိပါတယ်။

၁) ဟိုဒြောလစ်ပိုင်း (Hydraulic Section)၊

၂) နိုက်ထရိုဂျင် Nitrogen (N₂) ပိုင်းနှင့်

၃) Mechanical မက္ကနီကယ်ပိုင်းဆိုပြီး ရှိပါတယ်။

ဖြစ်တဲ့လက္ခဏာကို operatorကို မေးရပါတယ်။

ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်တာလဲ။ ပူလာရင်ဖြစ်တာလား။

ကိုယ် သိချင်သည်များကို မေးမြန်းရပါတယ်။

ပြီးမှ ဘာဖြစ်နိုင်တယ်ဆိုတာ စဥ်းစားရပါတယ်။

သိချင်တာရှိရင်လည်း မောင်းတဲ့သူကို ထပ်ပေးရပါတယ်။

အဲ့လို​မေးမြန်းပြီး ကျနော်ကတော့ ဘယ်ပိုင်းဖြစ်တာလဲ စစဥ်းစားခဲ့ပါတယ်။

ပြီးမှ ဒီလိုလေးတွေ လိုက်စစ်ခဲ့ပါတယ်။

1. Hydraulic Oil Flow / Pressure နည်းနေလား

2. Nitrogen Gas (N₂) လျော့နေလား/များနေလား

3. Chisel (Tool) ကပ်နေခြင်း

5. Breaker Solenoid / Wiring ပြဿနာလား

6. Return Line Back Pressure များနေလား စသဖြင့်.....

🛸 ဘရိုက်ကာမရိုက်တော့ရင် ဒီလိုအမြန်စစ်ကြည့်ပါ။

🚒 Breaker hose ၂ ချောင်း pressure ရှိလား။

🚒 Breaker pedal/switch နှိပ်ရင် engine load တက်လား။

🚒 Solenoid click အသံကြားလား။

🚒 N₂ gas ရှိသေးလား။

🚒 Chisel ကို လက်နဲ့ဆွဲကြည့်ရင် ကပ်နေလား။

⛳ စစ်ကြည်လိုက်တော့ အဖြေက No.5 breaker Solenoid/ Wiring ပြဿနာဖြစ်နေတာပါ။ Voltage မရောက်တာပါ 😎

Sharing By

🤓 soeko"mp

📈📈📈    စက်ကို သုံးနာရီကြာ မောင်းနှင်အလုပ်လုပ်​​နေချိန်မှာ    အင်ဂျင်ရေဟိတက်လာကို optက သိခဲ့ပါတယ်။ ကျနော်တို့ Servieအဖွဲ့...
09/06/2026

📈📈📈 စက်ကို သုံးနာရီကြာ မောင်းနှင်အလုပ်လုပ်​​နေချိန်မှာ အင်ဂျင်ရေဟိတက်လာကို optက သိခဲ့ပါတယ်။ ကျနော်တို့ Servieအဖွဲ့က သွားရောက်စစ်ဆေးပေးခဲ့ပါတယ်။ ရေဟိတက်ရတဲ့အကြောင်းရင်းကို တဆင့်ချင်းဆီ (easy to hard)စစ်ဆေးကြည့်ခဲ့ပါတယ်။ ရေတိုင်ကီအဖုံး (Radiator Cap) ကြောင့် အင်ဂျင်ရေဟိတက်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။
ပုံမှာ မြင်ရတဲ့ Radiator Cap ရဲ့ Rubber Seal က အက်ကွဲပျက်စီးနေပါတယ်။
Radiator Cap ဟာ ရေတိုင်ကီအတွင်း Pressure ကို ထိန်းသိမ်းပေးတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Cap မကောင်းတော့တဲ့အခါ Pressure မထိန်းနိုင်ဘဲ Coolant တွေ ပွက်ထွက်လာပြီး Engine Temperature တက်ခြင်း၊ Coolant Loss ဖြစ်ခြင်းနဲ့ Overheat ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
✅ Coolant မကြာခဏလျော့နေခြင်း
✅ Reservoir Tank ထဲ ရေဟိတက်ခြင်း
✅ Engine Temperature ပုံမှန်ထက်မြင့်တက်ခြင်း
✅ Radiator အတွင်း Pressure မတည်ငြိမ်ခြင်း
ဒီလိုလက္ခဏာတွေရှိရင် Water Pump, Thermostat, Fan တွေကို မစစ်ခင် Radiator Cap ကို အရင်စစ်ဆေးဖို့ လိုအပ်ပါတယ်။
"စက်တစ်စီး Overheat ဖြစ်စေတဲ့ အကြောင်းရင်းက တခါတရံ သိန်းချီတန်တဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ Radiator Cap လေးတစ်ခုတည်းလည်း ဖြစ်နေနိုင်ပါတယ်။" Capအသစ်လေးလဲပြီး အဆင်ပြေသွားခဲ့ပါတယ်။ ရေဟိမတက်တော့ပါဘူး.....။

🔥 Sharing By soeko"

🌧️ Common Excavator Problems During the Rainy Season (မိုးရာသီမှာ ဘက်ဖိုးတွေ အဖြစ်များဆုံး ပြဿနာများ...)❌ Water Contamin...
07/06/2026

🌧️ Common Excavator Problems During the Rainy Season (မိုးရာသီမှာ ဘက်ဖိုးတွေ အဖြစ်များဆုံး ပြဿနာများ...)

❌ Water Contamination in the Hydraulic Tank
❌ ဟိုက်ဒရောလစ်ကန်ထဲ ရေဝင်ခြင်း

❌ Weak Travel Performance
❌ ချိန်းအားနည်းခြင်း

❌ Electrical Wiring Short Circuits
❌ ဝါယာရိန်းရှော့ဖြစ်ခြင်း

❌ Hydraulic Cylinder Rod Corrosion
❌ ဟိုက်ဒရောလစ်ဆလင်ဒါတံ သံချေးတက်ခြင်း

❌ Accelerated Undercarriage Wear
❌ ဘက်ဖိုးအောက်ပိုင်း ပွန်းစားမှုမြန်ဆန်ခြင်း

❌ Engine Overheating
❌ အင်ဂျင်​ရေဟိတက်ခြင်း

🔧 Regular inspection and preventive maintenance can help avoid costly breakdowns and keep your machine operating efficiently throughout the rainy season.

🔧 မိုးရာသီအတွင်း စက် Down time နည်းစေရန် နှင့် စက်စွမ်းဆောင်ရည်ကောင်းမွန်စေရန် ပုံမှန်စစ်ဆေးထိန်းသိမ်းမှုများ ပြုလုပ်သင့်ပါသည်။

🚥 မိုးရေနဲ့ ရွှံ့ကြောင့် Hydraulic System, Electrical System နဲ့ Undercarriage ပိုင်းတွေမှာ ပြဿနာပိုဖြစ်တတ်ပါသည်။

🔧 မက်(ခ်)ပါဝါစက်မှုအင်ဂျင်နီယာဂရု (Mech Power Machinery Engineering Group) မှ

✅ Hydraulic System Inspection
✅ ဟိုက်ဒရောလစ်စနစ် စစ်ဆေးခြင်း

✅ Travel Motor & Pump Diagnosis
✅ ဟိုက်​ဒြောလစ်မော်တာနှင့် မိန်းပန့်ပြဿနာများအား စစ်ဆေးဖော်ထုတ်ခြင်း

✅ Electrical System Check
✅ ဝါယာရိန်းစစ်ဆေးခြင်း

✅ Cylinder Seal Service
✅ ဟိုက်ဒရောလစ်ဆလင်ဒါ ဆီးလ်များ ပြုပြင်လဲလှယ်ခြင်း

✅ Undercarriage Inspection
✅ ဘက်ဖိုးအောက်ပိုင်း (Undercarriage) အား စစ်ဆေးခြင်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေပါသည်။

"Prevent Breakdown Before It Happens."
" မပျက်ခင် မက်(ခ်)ပါဝါနဲ့ ကြိုတင်ကာကွယ်ပါ "

07/06/2026

💪 ညာဘက်ချိန်း အနောက်အားနည်းနေတာကို အကြောင်းရင်းရှာဖွေပြီး အောင်မြင်စွာ ပြုပြင်ပြီးပါပြီ!
🔧 On-Site Repair Service Completed
CAT Excavator တစ်စီး၏ ညာဘက် Track Travel အားနည်းခြင်း ပြဿနာကို Mech Power အဖွဲ့မှ သွားရောက်စစ်ဆေး ပြုပြင်ပေးခဲ့ပါသည်။
Travel Hydraulic System ကို အပြည့်အစုံ စစ်ဆေးပြီး Troubleshooting ပြုလုပ်ကာ ပြဿနာ၏ အဓိကအကြောင်းရင်း (Root Cause) ကို ရှာဖွေတွေ့ရှိခဲ့ပြီး လိုအပ်သော ပြုပြင်မှုများနှင့် Adjustment များကို ဆောင်ရွက်ပေးခဲ့ပါသည်။
✅ Right Track Travel System စစ်ဆေးခြင်း
✅ Hydraulic Pressure တိုင်းတာစစ်ဆေးခြင်း
✅ Component များ ပြုပြင်ခြင်းနှင့် Adjustment ပြုလုပ်ခြင်း
✅ Performance Test အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခြင်း
ယခုအခါ စက်သည် ပုံမှန် Travel Performance ပြန်လည်ရရှိပြီး လုပ်ငန်းခွင်တွင် အဆင်သင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Mech Power - မက်[ခ်]ပါဝါ
စက်ယန္တရားပြုပြင်ရေး

📞 09-403608366

ဘက်ဖိုး နှင့် Wheel Loaderများ၏ Hydraulic နှင့် Mechanical ပြဿနာများကို Mech Power မှ ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်ပေးနေပါသည်။

04/06/2026

❓ Hydraulic Cylinder Rod တံ မဲနေတာ ဘာကြောင့်လဲဆိုတာ သင်သိပါသလား?

ဟိုက်ဒြောလစ်ဆလင်ဒါ Rod တံ မဲလာတာကို သာမန်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ Hydraulic System ပြဿနာရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။

🔍 အဓိကအကြောင်းရင်း ၅ ချက်

1️⃣ Chrome Coating ပျက်စီးခြင်း
Rod တံရဲ့ Chrome Layer ပျက်သွားရင် သံသားပေါ်လာပြီး မဲလာနိုင်ပါတယ်။
(Chrome ဆိုတာ သံမဏိ (Steel) Rod တံရဲ့ အပေါ်ယံမှာ အလွန်ပါးတဲ့ Chromium Metal Coating တစ်လွှာ တင်ထားတာကို ပြောတာပါ။)

2️⃣ Dust Seal (Wiper Seal) ပျက်စီးခြင်း
ဖုန်၊ သဲ၊ ရေတွေဝင်လာပြီး Rod ပေါ်မှာ အမည်းရောင်အညစ်အကြေးတွေ ကပ်လာနိုင်ပါတယ်။

3️⃣ ဟိုက်ဒြောလစ်ဆီ (Hydraulic Oil) ညစ်ပတ်ခြင်း
ဆီအရည်အသွေးကျလာရင် Rod ပေါ်မှာ အမည်းရောင်အလွှာတွေ ဖြစ်တတ်ပါတယ်။

4️⃣ ဟိုက်ဒြောလစ်ဆီအပူချိန်လွန်ကဲခြင်း (Hydraulic System Overheat)
အပူချိန်မြင့်လွန်းရင် Seal တွေ ပျက်စီးပြီး Rod ပေါ်မှာ မဲညစ်နေတဲ့ အလွှာတွေ ဖြစ်နိုင်ပါတယ်။

5️⃣ Rust (သံချေး) စတင်ဖြစ်ခြင်း
ရေဝင်ခြင်း၊ မိုးရေထိခြင်းကြောင့် Chrome ပျက်နေတဲ့နေရာတွေကနေ သံချေးတက်နိုင်ပါတယ်။

✅ Rod တံ မဲနေတာကို တွေ့ရင် ဒီလိုမျိုး စစ်ဆေးသင့်ပါတယ်။
✔️ Chrome ကွာနေသလား?
✔️ Seal က ဆီယိုနေသလား?
✔️ Rod Surface မှာ ခြစ်ရာရှိလား?
✔️ Hydraulic Oil အရောင်မဲနေသလား?
✔️ သံချေးစက်တွေ ရှိနေလား?

⚠️ အချိန်မီ မစစ်ဆေးဘဲ ဆက်အသုံးပြုမယ်ဆိုရင် Seal Damage၊ Oil Leak နဲ့ Cylinder Repair Cost ပိုများလာနိုင်ပါတယ်။

💬 မိတ်ဆွေတို့ရဲ့ စက်မှာ Rod တံ မဲဖူးလား? ဘာကြောင့် ဖြစ်ခဲ့တာလဲ Comment မှာ မျှဝေပေးခဲ့ပါဦး။

🤓 soeko"

29/05/2026

🚨 ဘက်ဖိုးချိန်းအားနည်းနေပြီလား...???

• ကုန်းမတက်နိုင်တော့ဘူးလား...?
• ဘယ်ညာလှည့်အားမရှိတော့ဘူးလား...?
• Travel motor ရုန်းအားကျနေပြီထင်နေပြီလား...?
• Hydraulic oil ပူလာမှ ရုန်းကျတယ် ထင်နေပြီလား...?

ဒီလိုလက္ခဏာတွေဆို...

အချိန်မီ မစစ်ဆေးဘူးဆိုရင်
❌ Travel Motor Damage
❌ Hydraulic Pump ထိခိုက်
❌ Fuel စားနှုန်းတက်
❌ အလုပ်နောက်ကျ

Mech Power မှ
✔ Pressure Check
✔ Hydraulic System Inspection
✔ Travel Motor / Pump စစ်ဆေးခြင်း
✔ ပြုပြင်ထိန်းသိမ်းပေးခြင်း

🚀 စက်အောက်ပိုင်း ကြံ့ခိုင်အောင် သေချာစစ်ဆေးပြုပြင်ပေးနေပါတယ်။

📞 Mech Power
စက်ယန္တရား ပြုပြင်ထိန်းသိမ်းရေး
အောင်ပန်းမြို့(ရှမ်းပြည်နယ်တောင်ပိုင်း)
09-40 360 8366
09-759 719 787

⚠️ Hydraulic Filter ပိတ်နေတာကို မသိရင် Hydraulic Pump ပျက်နိုင်ပါတယ်။🕹 Hydraulic Filter တွေကို ပုံမှန်မစစ်ဆေးဘဲ အသုံးပြု...
28/05/2026

⚠️ Hydraulic Filter ပိတ်နေတာကို မသိရင် Hydraulic Pump ပျက်နိုင်ပါတယ်။
🕹 Hydraulic Filter တွေကို ပုံမှန်မစစ်ဆေးဘဲ အသုံးပြုနေမယ်ဆိုရင် Pump Damage, Oil Overheat နဲ့ Hydraulic Power ကျပြီး စက်လေးတာတွေ ဖြစ်လာနိုင်ပါတယ်။
🕹Suction Filter ပိတ်ရင် Pump ဆီစုပ်အားနည်းပြီး Cavitation ဖြစ်တတ်သလို Return Filter ပိတ်ရင် Return Pressure တက်ပြီး Seal Damage, Hose Burst တွေဖြစ်နိုင်ပါတယ်။
🕹Maintenance မှန်မှန်လုပ်ပြီး Quality Filter အသုံးပြုတာက Machine Life ကိုရှည်စေပါတယ်။
🕹Hydraulic Oil Color, Smell နဲ့ Filter Condition ကို Regular စစ်ဆေးပေးပါ။
🕹Preventive Maintenance က Breakdown ထက် အမြဲကုန်ကျစရိတ် သက်သာစေပါတယ်။

🤓 soeko"mp

ဟိုက်ဒရောလစ် ဆလင်ဒါတွေ ဆီယိုနေပြီလား...??? Hydraulic Cylinder (Boom / Arm / Bucket Cylinder) တွေ ဆီယိုတာက အများအားဖြင့် ...
25/05/2026

ဟိုက်ဒရောလစ် ဆလင်ဒါတွေ ဆီယိုနေပြီလား...???

Hydraulic Cylinder (Boom / Arm / Bucket Cylinder) တွေ ဆီယိုတာက အများအားဖြင့် ဒီအချက်တွေကြောင့်ဖြစ်တတ်ပါတယ် —
1. Seal ပျက်စီးခြင်း
Cylinder ထဲက Seal Kit တွေက အချိန်ကြာလာရင်
📌အပူချိန်များခြင်း
📌ဖိအားမြင့်ခြင်း
📌အညစ်အကြေးဝင်ခြင်း
ကြောင့် ကြမ်းပြီး Hard ဖြစ်လာတယ်။ အဲ့ဒါကြောင့်-
📌Rod Seal
📌Dust Seal
📌Piston Sealတွေက ဆီမထိန်းနိုင်တော့ဘဲ ယိုလာတတ်တယ်။
2. Cylinder Rod ချိုင့် / Scratch ဖြစ်ခြင်း
📌Rod ပေါ်မှာ
📌ကျောက်ထိ
📌သံထိ
📌Welding Spark ထိ
📌Rust တက်သွားရင် Seal ကိုစားသလိုဖြစ်ပြီး ဆီယိုစေတယ်။
🧨Rodတံက ကျောက်ပေါက်နာလိုဖြစ်ပြီး မချောတော့ရင် Seal အသစ်တပ်လည်း မကြာခင်ပြန်ယိုတတ်တယ်။
3. Dust Seal ပျက်ပြီး အမှုန်ဝင်ခြင်း
Dust Seal က အပြင်က ဖုန်၊ သဲ၊ ရေ ကိုတားပေးတာ။ အဲ့ဒါပျက်ရင် —
📌Sand
📌Dust
📌Metal particleတွေ Cylinder ထဲဝင်ပြီး Seal ကိုစားသွားတယ်။
🧨Mining Site / Mud Site တွေမှာ အရမ်းဖြစ်တတ်တယ်။
4. Hydraulic Pressure မမှန်ခြင်း
Relief Pressure မမှန်ရင် Cylinder အတွင်း ဖိအား(pressure)များပြီး Seal ပေါက်တတ်တယ်။
ဥပမာ —
📌Main Relief Valve Jam
📌Overload lifting
📌Pump pressure မြင့်လွန်း
5. Rod Bend ဖြစ်ခြင်း
Operator အသုံးပြုပုံကြမ်းရင်.....
📌Side load များ
📌Rock pry လုပ်များ
📌Hard impact များကြောင့် Rod က အနည်းငယ်ကွေးသွားတတ်တယ်။
Rod မတည့်တော့ Seal ကိုတစ်ဖက်စားပြီး ဆီယိုလာတယ်။
6. Bushing / Bearing ပျက်ခြင်း
Cylinder pin bush loose ဖြစ်ရင် Cylinder alignment လွဲတယ်။ အဲ့ဒါကြောင့် Rod seal တစ်ဖက်ပဲစားပြီး Leak ဖြစ်လာတယ်။
7. Hydraulic Oil ညစ်ပတ်ခြင်း
Oil Filter မလဲတာ၊ Hydraulic Tank ညစ်ပက်တာကြောင့် —
📌Metal particle
📌Carbon
📌Dirtတွေ Seal ကြားဝင်ပြီး Scratch ဖြစ်စေတယ်။
ဆီယိုနေတဲ့ လက္ခဏာများ
📌Rod ပေါ် ဆီစိုနေခြင်း
📌Dust Seal နား ဆီထွက်လာခြင်း
📌Cylinder အားမရှိတော့ခြင်း
📌Boom / Arm ကျဆင်းလာခြင်း
📌Hydraulic oil level လျော့လာခြင်း
Preventive Maintenance ​
✔ Seal Kit quality ကောင်းသုံးပါ။
✔ Rod scratch ရှိမရှိစစ်ပါ။
✔ Hydraulic Oil + Filter မှန်မှန်လဲပါ။
✔ Dust Seal ပျက်ရင် ချက်ချင်းလဲပါ။
✔ Overload မဖြစ်ပါစေနဲ့။
✔ Pin & Bush looseness စစ်ပါ။

ဆန္ဒမွန်ဖြင့်
soeko"mp

Address

ပင်းတယလမ်း၊ ရွာငံစုရပ်ကွက်၊ အောင်ပန်းမြို့
Mandalay

Website

Alerts

Be the first to know and let us send you an email when Mech Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mech Power:

Shortcuts

Share