14/06/2026
ဘာကြောင့် သင့်ဘရိုက်ကာ မရိုက်တော့တာလဲ 👇👇👇
Hydraulic Breaker မရိုက်တော့တဲ့ အကြောင်းရင်းတွေက အပိုင်း (၃)ပိုင်းရှိပါတယ်။
၁) ဟိုဒြောလစ်ပိုင်း (Hydraulic Section)၊
၂) နိုက်ထရိုဂျင် Nitrogen (N₂) ပိုင်းနှင့်
၃) Mechanical မက္ကနီကယ်ပိုင်းဆိုပြီး ရှိပါတယ်။
ဖြစ်တဲ့လက္ခဏာကို operatorကို မေးရပါတယ်။
ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်တာလဲ။ ပူလာရင်ဖြစ်တာလား။
ကိုယ် သိချင်သည်များကို မေးမြန်းရပါတယ်။
ပြီးမှ ဘာဖြစ်နိုင်တယ်ဆိုတာ စဥ်းစားရပါတယ်။
သိချင်တာရှိရင်လည်း မောင်းတဲ့သူကို ထပ်ပေးရပါတယ်။
အဲ့လိုမေးမြန်းပြီး ကျနော်ကတော့ ဘယ်ပိုင်းဖြစ်တာလဲ စစဥ်းစားခဲ့ပါတယ်။
ပြီးမှ ဒီလိုလေးတွေ လိုက်စစ်ခဲ့ပါတယ်။
1. Hydraulic Oil Flow / Pressure နည်းနေလား
2. Nitrogen Gas (N₂) လျော့နေလား/များနေလား
3. Chisel (Tool) ကပ်နေခြင်း
5. Breaker Solenoid / Wiring ပြဿနာလား
6. Return Line Back Pressure များနေလား စသဖြင့်.....
🛸 ဘရိုက်ကာမရိုက်တော့ရင် ဒီလိုအမြန်စစ်ကြည့်ပါ။
🚒 Breaker hose ၂ ချောင်း pressure ရှိလား။
🚒 Breaker pedal/switch နှိပ်ရင် engine load တက်လား။
🚒 Solenoid click အသံကြားလား။
🚒 N₂ gas ရှိသေးလား။
🚒 Chisel ကို လက်နဲ့ဆွဲကြည့်ရင် ကပ်နေလား။
⛳ စစ်ကြည်လိုက်တော့ အဖြေက No.5 breaker Solenoid/ Wiring ပြဿနာဖြစ်နေတာပါ။ Voltage မရောက်တာပါ 😎
Sharing By
🤓 soeko"mp