15/07/2026
အခုနောက်ပိုင်း စည်ပင်နယ်နိမိတ်အတွင်း
တိုက်အပါ ဂရံမြေကွက်တွေ ဝယ်မယ်ဆိုရင်
ဆောက်လုပ်ခွင့် တင်ပြပြီးသားလား ?
ဆောက်လုပ်ပြီးစီးကြောင်းစာ ( BCC )
ရပြီလား ? သေချာ မေးပါ။
ဆောက်လုပ်ခွင့် မတင်ပြရသေးလို့
ဆောက်လုပ်ပြီးစီးကြောင်း စာမရသေးလို့
နောင်တစ်ချိန် ပြဿနာဖြစ်ရင်
ဝယ်ယူသူက နစ်နာလိမ့်မယ်။
ဆောက်လုပ်ခွင့် တင်ပြတာနဲ့
ပတ်သက်လို့ ဥပမာ -
နေပြည်တော်မှာ အိမ်ဆောက်ရင်
ပေ ၁၂၀ × ၁၂၀ နှင့် အထက်
မြေကွက်ဆိုရင်
မြေကျန်ကို ရှေ့ ၁၂ ပေ၊ နောက် ၈ ပေ
ဘေးဘယ်ညာ ၅ ပေစီ ချန်ရတယ်။
ပေ ၄၀ × ၆၀ မှ
ပေ ၁၂၀ × ၁၂၀ အောက် မြေကွက်ဆိုရင်
မြေကျန်ကို နောက် ၅ ပေ၊ ရှေ့ ၅ ပေ
ဘေးဘယ်ညာ ၃ ပေစီ ချန်ရတယ်။
(အဆောက်အဦအပြင် နံရံကနေ
ခြံစည်းရိုး ဗဟိုကြား အတိုင်းအတာပေါ့)
Public Building ဆိုရင် ၁ ထပ်ပဲ ဖြစ်ဖြစ်
(စာသင်ကျောင်း၊ စားသောက်ဆိုင် စသဖြင့် )
M & E Drawing ဆွဲပြီး မီးသတ်ထောက်ခံစာ
ယူရတယ်။
အထပ်မြင့်တွေအတွက် ဆိုရင်
အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်
လှေကားတွေ ပါဝင်ရပြီး မီးဘေးလုံခြုံမှုစနစ်
ကောင်းမွန်ကြောင်း မီးသတ်ထောက်ခံချက်
ယူရပါတယ်။
၂ ထပ် နဲ့ အထက်ဆိုရင် PE လက်မှတ်ထိုးရ၊
ငလျင်ဒဏ်ခံနိုင်ဖို့ Soil Test စစ်ရတယ်။
Structure Design တွေ ၊ Design Calculation
Book တွဲတင်ရတယ်။
Loading အပိုင်းမှာ Gravity Load အပြင်
Lateral Load ( Wind Load နဲ့ Earthquake Load ) ကို MNBC 2025 ပါ
သတ်မှတ်ချက် အတိုင်း တွက်ချက်ပြီး
Design ရေးဆွဲရတယ်။
အဆောက်အဦဆောက်လုပ်ခွင့် တင်ပြပြီးလို့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ထပ်မံတင်ပြရင် အခွန်ရုံးမှာ Sqft အတိုင်း
အခွန်ဆောင်ပြီး ပြေစာ တွဲတင်ရတယ်။
အဲဲဒါတွေပြီးရင် BCC လို့ခေါ်တဲ့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုချက် စာရွက်ရပါတယ်။
မိမိနေအိမ်ကို အခြားသူကို ရောင်းချရင်
မြေကွက်နဲ့ ပတ်သက်လို့ ဂရံစာအုပ်
အဆောက်အဦနဲ့ ပတ်သက်လို့
ဆောက်လုပ်ခွင့် ခွင့်ပြုချက်စာ
အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုစာ အမှုတွဲ မိတ္တူနဲ့
အဆောက်အဦဆောက်လုပ်ခဲ့တဲ့ ဓါတ်ပုံ
မှတ်တမ်းအပြည့်အစုံနဲ့ ခိုင်ခိုင်မာမာ
ပြသနိုင်ရင် အများထက် စနစ်တကျ
လုပ်ကိုင်ထားရင်
ဝယ်သူလည်း စိတ်ချမ်းသာ
ရောင်းသူအတွက်လည်း လက်ရှိ
ပေါက်စျေးထက် မလျော့တဲ့ စျေးနှုန်း
ရပါတယ်။
ရောင်းသူ ဝယ်သူ တစ်သက်လုံး
စိတ်ချမ်းသာပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ်
စေတနာသာ ထည့်လုပ်ပါ။
--------------------------
အဆောက်အဦ ဆောက်လုပ်ခွင့် တင်ပြရင်
ပထမဦးဆုံး အနေနဲ့ မြေယာဌာနမှာ
- ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ ဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏
---------------------------
၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့် တင်ပြဖို့အတွက်
အဆောက်အဦဌာနမှာ
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်
------------------------
၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်
- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- အခွန်ရုံးမှာ Sqft အတိုင်း အခွန်ဆောင်
- ပြီးစီးကြောင်း အတွက် စည်ပင်ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ
အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။
အချို့က အလွယ်လုပ်နေကြလို့
ရောင်းသူ ဝယ်သူ မနစ်နာရအောင်
စေတနာနဲ့ ရှင်းပြတာပါ။