Saine Yake Nyain Villa

Saine Yake Nyain Villa Villa of Kawliya Famliy's

(၃)နှစ်ကြာမှ ပြန်ပွင့်တယ်။          "ကောင်းထက်ရေ အစ်ကို့ခြံက အပင်များလို့ ညီလေးဘူးတွေအစား အိမ်က(၄)လီတာဘူးကြီးနဲ့ ထည့်လို...
12/02/2024

(၃)နှစ်ကြာမှ ပြန်ပွင့်တယ်။

"ကောင်းထက်ရေ အစ်ကို့ခြံက အပင်များလို့ ညီလေးဘူးတွေအစား အိမ်က(၄)လီတာဘူးကြီးနဲ့ ထည့်လို့ရနိုင်မလား"

ကျွန်တော့်ခြံက အပွင့်အားဆေး၊ အပင်အားဆေး နှစ်မျိုးလုံးကို ဘူးကြီးနဲ့ဖျန်းမှ ကိုက်တာ။ ဒါနဲ့ ခြံမှာ ကိုဗစ်ကတည်းကငုပ်သွားတဲ့ ကတ်တလေယာ တစ်အိုးရှိတယ်။ အရင်ဆေးတွေနဲ့မထူးလို့ ကောင်းထက် အပင်အားဆေး ဖျန်းဖျန်းပေးတာ ဝုန်းဆိုထပွင့်ပါရော။

အပင်တွေကိုယ်စား ကျေးဇူးပါကောင်းထက်ရေ

မိုးရာသီနဲ့ 'တီ'          ပုံထဲကတီတွေက အိုးတစ်အိုးထဲက တီတွေပါ။ မိုးရောက်တိုင်း အလုပ်ရှုပ်တဲ့ထဲမှာ တီကိစ္စလဲ ပါပါတယ်။ ရေက...
31/07/2023

မိုးရာသီနဲ့ 'တီ'

ပုံထဲကတီတွေက အိုးတစ်အိုးထဲက တီတွေပါ။ မိုးရောက်တိုင်း အလုပ်ရှုပ်တဲ့ထဲမှာ တီကိစ္စလဲ ပါပါတယ်။ ရေကန်ပေါ်တွားတွယ်တက်ကြပြီး ရေကန်ထဲ ကျသေကြသေးတယ်။ တီကောင်က ရေထဲမှာမနေနိုင်ဘူးလေ။

ပိုဆိုးတဲ့ပြဿနာကတော့ အပင်တွေဒုက္ခရောက်တာပါ။ ပန်းအိုးထဲက တန်ဖိုးကြီးအပင်တွေ ကျမသွားအောင်၊ သန်စွမ်းကျန်းမာအောင် ကျွန်တော် ကြုံရင် ရှင်းပေးတယ်။ သာမညအပင်တွေ၊ အကြမ်းခံအပင်တွေကတော့ တီဒဏ်ခံနိုင်ပါတယ်။ တီက မြေဆီလွှာကို အကျိုးပြုပေမဲ့ အပင်အတွက်တော့ တိုက်ရိုက်အကျိုးမပြူပါဘူး။

တီတွေဟာ အမြင့်ကိုတွားတက်ကြတာမို့ အပင်စင်ပေါ်မှာထားရင်တောင် တွားတွယ်တက်လေ့ ရှိပါတယ်။ အပေါ်မတက်အောင် စီမံထားရင်တော့ တီရန်က ရှောင်နိုင်ကောင်းပါတယ်။

အိုးထဲကတီတွေကို သတ်ချင်ရင်အလွယ်လေးပေမဲ့ အကုသိုလ်မို့ မလုပ်ပါဘူး။ ဒါ့ကြောင့် တန်ဖိုးကြီးအပင်တွေကို နှစ်စဉ်အိုးလဲရင်း တီကြီးတွေ ဖယ်ဖယ်ပေးရတဲ့အလုပ် လုပ်ဖြစ်ရခြင်းပါပဲ။ ခြံထဲကအိုးအကုန်သာ တီရှင်းရရင်တော့ အကောင်ရေ ထောင်သောင်းချီမှာ သေချာပါတယ်။

ဝေယံမောင်မောင်

#တီကောင်

မိုးရေက ပန်းတွေကို ရောင်သွေးစုံစေတယ်။ပလတ်စတစ်၊ သစ်ခွ၊ နှင်းဆီ၊ နွယ်သာကီ၊ လဝန်းဂမုန်း၊ ပိန်း၊ တရုတ်စံကား တွေ့တွေရာပန်း လှ...
24/07/2023

မိုးရေက ပန်းတွေကို ရောင်သွေးစုံစေတယ်။

ပလတ်စတစ်၊ သစ်ခွ၊ နှင်းဆီ၊ နွယ်သာကီ၊
လဝန်းဂမုန်း၊ ပိန်း၊ တရုတ်စံကား
တွေ့တွေရာပန်း လှမ်းခူးလို့ရွယ်။

ဘုရားလဲကပ် လက်ဆောင်လဲပေး
မွှေးစေ၊ အေးစေ၊ လန်းဆန်းစေမယ်။

ကောလိယ ဝေယံမောင်မောင်


#စိမ်းရိပ်ငြိမ်

13/07/2023

စိမ်းရိပ်ငြိမ်ရဲ့ သရက်သီးတွေကို
နံနက်စာစားဖို့ ဆင်းလာကြတဲ့ မျောက်ကလေးတွေ။

ကြောင်မြီးတူသစ်ခွ (အဖြူ) Rhynchostylis retusa (Alba)
12/06/2023

ကြောင်မြီးတူသစ်ခွ (အဖြူ)
Rhynchostylis retusa (Alba)

05/06/2023
ကြက်တူရွေးသစ်ခွ (အဖြူ)Aerides multiflora (Alba)
01/06/2023

ကြက်တူရွေးသစ်ခွ (အဖြူ)
Aerides multiflora (Alba)

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာကြည်သာချမ်းမြေ့ကြပါစေ။မိုးသူဇာသစ်ခွVanda bensonii #မိုးသူဇာ  #မိုးသူဇာသစ်ခွ
03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ
ကြည်သာချမ်းမြေ့ကြပါစေ။

မိုးသူဇာသစ်ခွ
Vanda bensonii

#မိုးသူဇာ #မိုးသူဇာသစ်ခွ

မတ်လမှာ ဝေဆာနေတဲ့ကျိုင်းတောင်းသစ်ခွ (မရန်း)Dendrobium signatumကျွန်တော် စုဆောင်းထားတဲ့ ကျိုင်းတောင်းသစ်ခွ (၃)ရောင်ထဲက တစ...
29/03/2023

မတ်လမှာ ဝေဆာနေတဲ့
ကျိုင်းတောင်းသစ်ခွ (မရန်း)
Dendrobium signatum

ကျွန်တော် စုဆောင်းထားတဲ့
ကျိုင်းတောင်းသစ်ခွ (၃)ရောင်ထဲက တစ်ရောင်။
သူယောင်သစ်ခွမဟုတ်ပါ။


#ကျိုင်းတောင်းသစ်ခွ

Gardening of K. WYMM

မြင်းစဂုံနီ (အကျား)Streptocaulon tomentosum (Variegated)နောက်ဆုံးပုံမှာ မကျားသော ပုံမှန်မြင်းစဂုံနီဖြစ်ပါသည်။ကောလိယ ဝေယံ...
29/01/2023

မြင်းစဂုံနီ (အကျား)
Streptocaulon tomentosum (Variegated)

နောက်ဆုံးပုံမှာ မကျားသော ပုံမှန်မြင်းစဂုံနီဖြစ်ပါသည်။

ကောလိယ ဝေယံမောင်မောင်


Address

Mandalay
05071

Telephone

+959797203757

Website

Alerts

Be the first to know and let us send you an email when Saine Yake Nyain Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saine Yake Nyain Villa:

Shortcuts

Share

Category