09/10/2026
ဤသို့ပြုရာ ကုသလကြောင့်
လောဘ၊ ဒေါသ၊ မောဟကင်းကွာ
သံသရာဝယ် ကျင်းပရပြီး
ပညာရှိနှင့် ယှဉ်မိပေါင်းသင်း
ဉာဏ်မဲ့ကင်း၍ ပြည့်လျှင်းလှူဖွယ်
လှူစဉ်ဝယ်လည်း သုံးတန်စေတနာ
ဖြောင့်ညီစွာဖြင့် ခေမာအထွတ်တိုင်စေသော်။
(လင်္ကာပါစကားပုဒ်များ၏ အဓိပ္ပါယ်ရှင်းလင်းချက်-
ဤသို့ပြုရာ ကုသလကြောင့် - ဤသို့စာအုပ်စာပေ လှူဒါန်းပူဇော်ရသော ကုသိုလ်ကောင်းမှုကြောင့် ၊ လောဘ၊ ဒေါသ၊ မောဟကင်းကွာ - လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်တရားများ ကင်းဝေးရပါစေသား၊ သံသရာဝယ် ကျင်းပရပြီး-နိဗ္ဗာန်မရောက်သေးမီ သံသရာ၌ ကျင်လည်ကျက်စား ရပါမူ၊ ပညာရှိနှင့် ယှဉ်မိပေါင်းသင်း - သူတော်ကောင်းပညာရှိများနှင့်သာ တွေ့ဆုံပေါင်းသင်း ဆည်းကပ်ရပါစေသား၊ ဉာဏ်မဲ့ကင်း၍ - ပညာရှိနှင့် ပေါင်းသင်းရုံမျှမက မိမိကိုယ်တိုင်လည်း အသိဉာဏ်ပညာ ကင်းမဲ့သူ(ဉာဏ်နည်းသူ)မဖြစ်ရပါစေသား၊ ပြည့်လျှင်းလှူဖွယ်- လှူဒါန်းလိုသော လှူဖွယ်ဝတ္တုပစ္စည်းများလည်း ပြည့်စုံကြွယ်ဝရပါစေသား၊ လှူစဉ်ဝယ်လည်း သုံးတန်စေတနာ ဖြောင့်ညီစွာဖြင့် - လှူဒါန်းသည့်အခါ၌လည်း ပုဗ္ဗ၊ မုဉ္စ၊ ပရဆိုသည့် စေတနာသုံးတန်လုံး စိမ့်စိမ့်သန့်သန့် ဖြောင့်မတ်ညီညွတ်ရပါစေသား၊ ခေမာအထွတ်တိုင်စေသော်- ထိုကုသိုလ်အရှိန်ကြောင့် ဘေးကင်းရာ၊ အေးငြိမ်းရာ နိဗ္ဗာန်တည်းဟူသော အထွတ်အထိပ်သို့ ရောက်ရှိရခြင်း၏အားကြီးသောအထောက်အပံ့ဖြစ်ရပါစေသား)🙏🙏🙏 🙏🙏