Dream Home Estate Agency

Dream Home Estate Agency အကောင်းဆုံး ဝန်ဆောင်မှုဖြင့် စိတ်ကျေနပ်မှု ရစေရန် ဆောင်ရွက်ပေးနေပါသည်

08/01/2024

အိမ်ခြံမြေကို ပေါင်မယ်ဆိုရင်

“အိမ်ခြံမြေကို ပေါင်မယ်ဆိုရင် မှတ်ပုံတင် စာချုပ်ပြုလုပ်ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံလာ ရောက်ဆွေးနွေးပါသည်။

“ဦးတင်မြင့်က အိမ်ပေါင်ချင်လို့လား”

“ကျွန်တော့် တူတစ်ယောက်က နိုင်ငံခြားသင်္ဘောတက်ဖို့ ငွေလိုနေတာနဲ့ သူ့မြေနဲ့ အိမ်ကို ပေါင်ချင် တယ် ပြောလို့ပါ”

“မြေက ဂရန်မြေလား အမည် ပေါက်လား”

“သူ့အမည်တော့ မပေါက်သေးဘူး။ သူ့မိဘအမည်ပေါက်ဖြစ်နေတယ်”

“မိဘက ကွယ်လွန်သွားကြပြီလား။ သက်ရှိထင်ရှားရှိသေးလား”

“အမေကတော့ ရှိသေးတယ်။ သူ့အမည်တစ်ဦးတည်းအဖြစ်တော့ မပြောင်းရသေးဘူးထင်တယ်”

“ဂရန်စာချုပ်ထဲမှာ လင်မယား နှစ်ယောက် အမည်မဟုတ်လား”

“ဖြစ်မယ်ထင်တယ် သေချာ တော့ ကျွန်တော် မသိဘူး”

“ပစ္စည်းပေါင်တယ်ဆိုတာက အဲဒီပစ္စည်းကို ပိုင်ဆိုင်ကြောင်း လုံလောက်တဲ့ အထောက်အထားရှိဖို့လိုတယ်။ မိမိပိုင်ပစ္စည်းကိုမှ ပေါင်နှံခွင့်ရှိတာလေ။ အမည်ပေါက် ပိုင်ရှင်ဖြစ်တဲ့ မိခင်သက်ရှိထင်ရှားရှိနေလို့ ပေါင်နှံခွင့်ရှိ မှာဖြစ်တယ်။ အကယ်၍ မိဘနှစ်ဦးလုံး ကွယ်လွန်ထားရင်တော့ အမွေဆိုင်ပစ်္စည်းဖြစ်နေတဲ့အတွက် ကန့်ကွက် သူပေါ်လာလိမ့်မယ်”

“ဆရာပြောမှ သတိပြုမိတယ်။ မိခင်ဖြစ်သူကလည်း ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ ကျန်သားသမီးတွေ ကလည်း ကန့်ကွက်နိုင်တာ ပေါ့”

“အခုတော့ ကန့်ကွက်လို့မရဘူး။ မိခင်ကြီးပိုင် အိမ်မြေဖြစ်လို့ သက်ရှိထင်ရှားရှိစဉ်မှာ မိမိပိုင်ပစ္စည်းကို ရောင်းပိုင်ခွင့်၊ ပေးပိုင်ခွင့်၊ ပေါင်နှံခွင့် စတဲ့ အခွင့်အရေးတွေရှိတဲ့အတွက် လက်ရှိအခြေအနေမှာ မိခင်ဖြစ်သူက ၎င်းင်းပိုင်အိမ်နဲ့မြေကို ပေါင်နှံခွင့်ရှိပါတယ်”

“အပေါင်ခံသူက မြေနဲ့ အိမ်ပေါ်က ဆင်းပေးဖို့ပြောတယ်။ အဲဒါ ဥပဒေနဲ့ ညီညွတ်ပါသလား”

“မြန်မာနိုင်ငံမှာ ပေါင်နှံခြင်းနှစ်မျိုးကိုပဲ လက်ခံကျင့်သုံးနေတာကို တွေ့ရတယ်”

“ဟုတ်ကဲ့ ဆရာ။ နည်းနည်းရှင်းပြပေးပါဦး”

“အပေါင်ပစ္စည်းရဲ့ ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများကို ပေးအပ်၍ ပေါင်နှံခြင်း၊ ဥပမာပြောရရင် ဂရန်စာချုပ် အပ်နှံပေါင်နှံခြင်းဖြစ်တယ်။ နောက်တစ်မျိုးကတော့ ဦးတင်မြင့် ပြောသလို စာချုပ် ချုပ်ဆိုပြီး မိမိပိုင်ပစ္စည်းကို လက်ရောက်ပေးအပ်ပေါင်နှံခြင်းတို့ဖြစ်တယ်”

“ဆရာပြောသလို စာချုပ် ချုပ်ဆို ပေါင်နှံတယ်ဆိုတော့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြုလုပ် ချုပ်ဆိုရမှာပေါ့”

“ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ – ၅၉ နဲ့ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေပုဒ်မ – ၁၆ တို့မှာ တန်ဖိုးငွေ ကျပ်တစ်သိန်းနှင့် အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း၊ ဝန်ခံလက်မှတ် ရေးထိုး ထားသည့် ပေါင်နှံခြင်း စာချုပ်များနှင့် ပေါင်နှံခြင်း ဖျက်သိမ်းသော စာချုပ်များသည် စာချုပ်စာတမ်းမှတ် ပုံတင်ရုံး၌ မှတ်ပုံမတင်မနေရ စာချုပ် စာတမ်းတွင် ပါဝင်ကြောင်း ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် မှတ်ပုံတင်စာချုပ် ပြုလုပ်ဖို့လိုမှာပေါ့”

“ဥပဒေအရ ရှင်းအောင်ပြောရရင် အပေါင်ပစ္စည်းတန်ဖိုးဟာ တစ်သိန်းကျပ်ထက်ပိုပြီး စာချုပ်စာတမ်း ပေးအပ် ပေါင်နှံခြင်းမဟုတ်ရင် (ဥပမာ – အိမ်မြေကို အပေါင်ခံသူထံ လက်ဝယ်ပေးအပ်ပေါင်နှံမယ်ဆိုရင်) စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်အပေါင်စာချုပ်ပြုလုပ်ရမှာဖြစ်တယ်။ အကယ်၍ ဂရန်စာချုပ်စာတမ်းလို မိမိပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းကို အပ်နှံပေါင်နှံရင်တော့ အပေါင်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုခွင့်မှ ကင်းလွတ်မှာ ဖြစ်ပါ တယ်။

“ဒါကြောင့်ဘဏ်မှာ မိမိပိုင်စာ ရွက်စာတမ်းကို ပေးအပ်ပေါင်နှံခြင်းမှာ မှတ်ပုံတင်စာချုပ် မချုပ်ဆိုရတာ ဖြစ် မယ်”

“မှန်ပါတယ်။ စာချုပ်စာတမ်းပေးအပ်ပေါင်နှံခြင်းကလွဲပြီး အခြား နည်းတစ်မျိုးမျိုးနဲ့ပေါင်ရင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်အပေါင်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်။ ဒါမှမဟုတ်ရင် ပေါင်နှံခြင်းကိစ္စဥပဒေအရ တရားမဝင်ဖြစ်နေမှာ ဖြစ်တယ်”

“ဒါဆိုရင် အပေါင်ရွေးနုတ်ခွင့် ကိစ္စက ဘယ်လိုအခွင့်အရေးရှိပါသလဲ”

“ဥပဒေနဲ့အညီ ပေါင်နှံခြင်းဖြစ်တယ်ဆိုရင်တော့ ရွေးနုတ်ပိုင်ခွင့်ကို ဥပဒေအရ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ (၆၀) မှာ ငွေရင်းကို ပေးဆပ်ရန် အချိန်ကျရောက်သည့်နောက် မည်သည့် အခါမဆို အပေါင်နှင့် ချေးသည့်ငွေကို သင့်လျော်ရာ အချိန်၊သင့် လျော်ရာနေရာတွင် ပေးဆပ်ခြင်းပြု နိုင်တယ် လို့ ပြဋ္ဌာန်းထားပါတယ်”

“တချို့ ကိစ္စတွေမှာ ပေးဆပ်ရန် ကာလကျော်လွန်လို့ အပေါင်ဆုံးတာမျိုးလည်း ရှိတယ် မဟုတ်လား”

“နှစ်ဦးသဘောတူအပေါင်ဆုံးအဖြစ် စာချုပ်မှာ ဖော်ပြထားရင်တော့ ဆုံးရှုံးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အတိ အကျ ချုပ်ဆိုထားခြင်းမရှိဘဲ မိမိပစ္စည်းကို ရွေးနုတ်ခွင့်မပြုဘဲ သတ်မှတ်ရက်ကျော်တယ်ဆိုတဲ့အကြောင်းပြ ချက်နဲ့ ရွေးနုတ်ခွင့်ကို ပိတ်ပင်ခွင့်မရှိပါဘူး။ တရားရုံးရဲ့ အမိန့်အရသာ ရွေးနုတ်ခွင့်ကို ပိတ်ပင်ခွင့်ရမှာ ဖြစ်ပါတယ်”

“ပေါင်နှံသူကလည်း တရားရုံးမှာ ပေါင်နှံထားသည့် ပစ္စည်းကို ရွေးနုတ်ခွင့်ပြုရန် လျှောက်ထားနိုင်တယ် မဟုတ်လား”

“မှန်ပါတယ်။ အီး၊ အာရ်ဘီဒန်နှင့် ဦးလှိုင်ဖေပါ (၆) ဦး – ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၁၇ အမှုမှာ ရောင်း ပေါင်စာချုပ်၌ ပြန်ရွေးခွင့်မရှိဟု စည်းကမ်းချက်ပါရှိစေကာမူ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ (၆၀) အရ ကာလစည်းကမ်းသတ် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချိန်ကာလ အတွင်း ပြန်လည်ရွေးနုတ် ပိုင်ခွင့်ရှိပေသည်။ ပစ္စည်းပေါင်နှံမှုအပေါ် အပေါင်ခံသူက မတရားအခွင့်အရေးယူခြင်းမှ ကာကွယ်ရန် အလို့ငှာ အပေါင် စာချုပ်၌ မည်သို့ပင် ကန့်သတ်ထားကြစေကာမူ အပေါင်ပစ္စည်းကို ပေါင်နှံသူက ရွေးနုတ်ပိုင်ခွင့်ရှိသည် ဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အပေါင်ပစ္စည်းရွေးနုတ်ခွင့်ကို အလွယ်တကူ ပိတ်ပင်ခွင့်မရှိပါဘူး”

“တစ်ခါတစ်ရံမှာ အပေါင်စာချုပ်အဖြစ် မချုပ်ဆိုဘဲ အိမ်မြေကို အရောင်းစာချုပ်အဖြစ် ချုပ်ဆိုတာ မျိုးရှိတတ် တယ် မဟုတ်လား”

“ဥပဒေအရ ပြောရရင်တော့ ဟန်ဆောင်စာချုပ်လို့ ခေါ်ပါတယ်။ အပေါင်စာချုပ်ကို အရောင်းစာချုပ်အဖြစ် ဟန်ဆောင်ချုပ်ဆိုထားကြောင်း၊ ပစ္စည်းပေါင်နှံသူက အထောက်အထားခိုင်မာစွာနဲ့ တရားရုံးမှာ တင်ပြပြီး ပစ္စည်းကို အပေါင်ရွေး နုတ်ခွင့်ပြုကြောင်း အမိန့်ဒီကရီချ မှတ်ပေးဖို့ လျှောက်ထားနိုင်ပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ ဘယ်လို အပေါင်ထားရင် ကောင်းမလဲ”

“မြေဂရန် အမည်ပေါက်ကိုယ်တိုင်က သက်ရှိထင်ရှားရှိနေတော့ ဂရန်အမည်ပေါက်က မိမိပိုင်ဆိုင်ကြောင်း အထောက်အထားဖြစ်သည့် မြေဂရန်မူရင်းကို ပေးအပ်ပြီး ပေါင်နှံလို့ရပါတယ်။ ပစ္စည်းပေါင်နှံစာချုပ်ကိုလည်း မှတ်ပုံတင်ပြုလုပ်ရန် မလို အပ်တဲ့အတွက် ကတိစာချုပ်အဖြစ် ချုပ်ဆို ပေါင်နှံနိုင်ပါတယ်”

“ပစ္စည်းလက်ရောက်ပေးအပ် ပေါင်ရန် မလိုဘူးပေါ့”

“မှန်ပါတယ်။ ပေါင်နှံသူကိုယ်တိုင် ဂရန်အမည်မပေါက်ရင်တော့ အပေါင်ခံသူက ပစ္စည်းလက်ရောက် ပေါင်နှံခြင်း ကို တောင်းဆိုနိုင်ကြောင်း” ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်

07/01/2024

မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက် ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါ သည်။

“ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေ တာတွေဖြစ်နေလို့ နိုင်ငံတော် အစိုးရအနေနဲ့ တင်းကြပ်တဲ့ သဘောဆောင်ရွက်ရတာ ဖြစ်ပါတယ်”

“အချို့က ပြောတော့ တရားဝင် အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင် ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”

“အခု ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာတော့ ပြစ်ဒဏ်ပိုင်းကို တင်း ကျပ်ထားတာတွေ့ရပါတယ်။ ဒါမှ လည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာ ဖြစ်တယ်”

“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိ တဲ့ လယ်မြေဆိုတာက ဘယ်လိုမြေ အမျိုးအစားလဲ”

“နားလည်အောင်ရှင်းပြရမယ် ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ – ၇ ရရှိထားဖို့လိုပါတယ်”

“ပုံစံ – ၁၀၅ ဆိုတာက ဘာကို ဆိုလိုတာလဲ”

“ပုံစံ – ၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက် ညွှန်းပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာ အကျုံးဝင် တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်”

“ပုံစံ – ၇ ဆိုတာက ဘယ်လို အထောက်အထားစာရွက်ပါလဲ”

“ပုံစံ – ၇ ဆိုတာက လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ – ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”

“ပုံစံ – ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့ သဘောပေါ့ ဟုတ်ပါသလား”

“လယ်ယာမြေ ဥပဒေပုဒ်မ – ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သည် လယ်ယာမြေအားလုံးကိုဖြစ် စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်း ကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင်တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရှိသွားပြီပေါ့”

“မှန်ပါတယ်၊ ဒါပေမယ့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြု ပါက သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခတို့ကို ပေးဆောင်၍ သက်ဆိုင် မြေစာရင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုဒ်မ – ၁၂ မှာ အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် လယ်ယာ မြေလုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ် ယူရင် သက်ဆိုင်ရာ မြေစာရင်းဦးစီး ဌာနမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လုပ် ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“ကျွန်တော်သိတာတော့ မှတ်ပုံ တင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲ့ ဝယ်ပြီး အကွက်ရိုက် ရောင်းချနေတာ ဆရာ”

“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာ မဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အ ခက်အခဲရှိလာနိုင်ပါတယ်”

“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြု လုပ်ရင် မဖြစ်ဘူးလား ဆရာ”

“လယ်ယာမြေဥပဒေ ပုဒ်မ – ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက် ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြု ချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုး အစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင် ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက် ထား ရယူရမှာဖြစ်တယ်”

“အခြားနည်း အသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ -၃၀ မှာ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာ ဖြစ်တယ်”

ဆရာပြောတဲ့ ဥပဒေအရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြု ခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြု ချက်မရသေးဘဲ အခြားနည်းသုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့ သဘောဖြစ်နေပြီ”

“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ရှင်းပြပါဦး ဆရာ”

“လယ်ယာမြေဥပဒေပုဒ်မ -၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ – ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်”

“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ ကိစ္စမဟုတ်လား”

“မှန်ပါတယ်။ အခုဖြစ်နေတဲ့ မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်း မဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိစ်္စရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်

ဥပဒေနဲ့အညီ အိမ်ခြံမြေ ဝယ်ယူခြင်း မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆို...
28/12/2023

ဥပဒေနဲ့အညီ အိမ်ခြံမြေ ဝယ်ယူခြင်း

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။

အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........

(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။

ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌဌာန်းထားတယ်။

ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -

* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊

ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။
* ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။
* ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
* အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။
* ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။
* ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။
* မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။
* ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။
* နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။

“အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း”
===================

အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။

အကြောင်းက -
(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။
(၂) တံဆိပ်ခေါင်းခွန် (၇%) ထမ်းဆောင်မထားဘူး။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ
မှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။
(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။
ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -
* “တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။
* အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။
* မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။
* ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။
* ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။
* ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။

ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -
* သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။
* ကိုယ့်ကို နင်ထုတ်လို့မရဘူး။
* ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။
(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌဌာန်းချက်ကို တင်ပြရတာပါ။

"ယနေ့ အိမ်မြေတွေကို ဘယ်လိုဝယ်"
=================

ကနေ့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာ အိမ်မြေ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုကြတာ အတော်နည်းသွား တယ်။
(၉၀%)လောက် လျော့နည်းသွားတယ်လို့ ပြောကြတယ်။
(၉၀%)က အိမ်မြေတွေကို ဘယ်လိုဝယ်နေကြသလဲ။

(၁) အရပ်ကတိစာချုပ်နဲ့ ငွေပြေချေဝယ်ယူတယ်။
(၂) ရောင်းသူဝယ်သူ လက်မှတ်ထိုး၊ သက်သေလက်မှတ်ထိုး ကြတယ်။
(၃) အိမ်မြေကို ဝယ်သူလက်ရောက်ရယူတယ်။
(၄) အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်စာချုပ်၊ ဂရန်မူရင်းတွေဝယ်သူ ရယူတယ်။
(၅) ရောင်းသူဟာ ဒီအိမ်မြေနဲ့ မဆိုင်တော့ပါကြောင်း၊ ဝယ်သူကို ရောင်းချပြီးကြောင်း ကျမ်းကျိန်ချက် လုပ်ယူထား တယ်။
(၆) ရောင်းသူက ဝယ်သူကို (SPECIAL / GENERAL POWER) အထူးကိုယ်စားလှယ်စာ၊ အထွေထွေကိုယ်စားလှယ်ကို မှတ်ပုံတင်ရုံးမှာ လုပ်ပေးတယ်။

ဒါတွေကတော့ ကနေ့ လက်တွေ့ဖြစ်ပျက်နေတာပါ။

ကိုဖြူ ။ ။ အကျိုးအပြစ်ပြောပြပါ။

ယူတီကေ ။ ။ အမှန်တကယ်ဝယ်ဈေးက ကျပ်သိန်း(၁၀ဝဝဝ)ဖြစ်ပေမဲ့၊ တန်ဖိုးဖြတ်အဖွဲ့ရဲ့ သတ်မှတ်ချက်က (၁၅၀ဝဝ)/ (၂၀ဝဝဝ)သိန်းလို့ ဖြတ်လိုက်မှာကို ရောင်းသူဝယ်သူတွေက စိုးရိမ်နေကြတယ်။

ဖြစ်နိုင်တာပဲ။ ဒါဆိုရင် ကုန်ကျစရိတ်နဲ့အခွန် နှစ်ဆဖြစ်သွားမယ်။ ဒါကြောင့်ဝယ်သူတွေက အထက်က အတိုင်းလုပ်ထားပြီး အခြေအနေစောင့်နေကြတယ်။ (၉၀%) အခွန်အခ မရဘဲ ဆိုင်းငံ့သွားတယ်။

နိုင်ငံတော်နစ်နာတယ်။

ကိုဖြူ ။ ။ အရပ်စာချုပ်နဲ့ဝယ်ထားတဲ့လူတွေကော ဘာဆုံးရှုံးနိုင်သလဲ။

ယူတီကေ ။ ။ ဝယ်သူတွေအတွက် စာချုပ်ချုပ်ဆိုပေးတဲ့ ရှေ့နေတွေ ရှိပါတယ်။ ဝယ်သူမနစ်နာအောင် တတ်နိုင်သမျှတော့ အကုန်လုပ်ထားကြတာပါပဲ။

ဒါပေမဲ့ “ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ပါဘူး။ ဖြစ်လာရင်တော့ ဘာမဆိုဖြစ်သွားနိုင်တယ်” ဆိုတဲ့ ဥပဒေရှိတယ်လေ။

ဥပမာ (S.P/GP) ပေးထားတဲ့သူ၊ ယူထားတဲ့သူ သေသွားရင်၊ ရူးသွားရင်၊ ပြန်ရုပ်သိမ်းရင် ပြဿသာနာစပေါ်တာ ပေါ့။ အမှုတွေဖြစ်လာရင်တော့ ရှေ့နေတွေအလုပ်ဖြစ်ကြတာ ပေါ့ဗျာ။

အခွန်ကောက်ခံသူ၊ အခွန်ထမ်းသူနှစ်ဦးနှစ်ဖက်စိတ်ဓာတ် MINDSET တွေပြင်ကြရင်တော့ ကောင်းသွားမှာပါ။

Ref : ဥပဒေရေးရာ လေ့လာစရာ

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများအပိုင်း(၂)၁၅။မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ပေးရသည်အိမ်ခြံမြေ အကြောင်း သိကေ...
28/12/2023

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများအပိုင်း(၂)

၁၅။မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ပေးရသည်
အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း(၁)
၁။ SP/GP ဆိုသည်မှာ
မိမိရဲ့ အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်”ကို “ပါဝါ” ကို လွှဲပေးတာမျိုးဖြစ်ပါသည်။ မိမိကိုယ်စား လက်မှတ်ရေးထိုးနိုင်သည့်အပြင် စာရင်းလည်းရှင်းပိုင်ခွင့်ရှိပါတယ်။ တရားစွဲလည်းခံနိုင်ခွင့် ရှိပါတယ်။

၂။ Special Power and General Power
SP ဆိုတာ အထူးကိုယ်စားလှယ်လွှဲစာ ( Special Power ) အကြောင်းကိစ္စတစ်ခု၊ နှစ်ခု စသည်ဖြင့် အကန့်အသတ်ဖြင့်လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။

GP ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲစာ ( General Power ) မိမိကိုယ်စား “ပါဝါ”
အကုန်ကို ကန့်သတ်ချက်မရှိလွှဲပေးလိုက်တဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။ အရွယ်ရောက်ပြီး ထပ် မည်သူကိုမဆို လွှဲပေးနိုင်ပါသည်။

၃။ SP/GP အရမ်းမပေးကြပါနှင့်
မှတ်ပုံတင်ပြီး SP/GP တို့ကို ခိုင်လုံတဲ့အ‌ကြောင်းမရှိပဲ ပြန်ရုပ်သိမ်းလို့ မရပါဘူးဗျာ။

၄။ ကိုယ့်ဝန်ထမ်းတော့ လွှဲနိုင်ပါတယ်။
ကိုယ့်ကိုလွှဲပေးထားတဲ့ SP/GP သူများကို ထပ်လွှဲလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ကုမ္ပဏီရုံးဝန်ထမ်းကိုတော့ ထပ်လွှဲနိုင်ပါတယ်။ ကိုယ်ကတာဝန်ယူရပါတယ်။

၅။ SP ထပ်လွှဲချင်လျှင်တော့
“လိုအပ်လျှင် ထပ်၍လွှဲနိုင်ပါသည်“ လို့ SP ပေါ်မှာ ရေးပေးထားလျှင်တော့ ထပ်ပြီး လွှဲလို့ရပါတယ်ခင်ဗျား။

၆။ SP/GP ပျက်ရခြင်း အကြောင်း(၆)ပါး
SP/GP တို့သည် ပြန်ရုပ်သိမ်းခြင်း၊ ငြင်းပယ်ခြင်း၊ ကိစ္စပြီးဆုံးခြင်း၊ သေဆုံးခြင်း၊ ရူးသွပ်ခြင်း နှင့် လူမွဲအဖြစ်ခံယူခြင်းတို့ဖြစ်မှသာလျှင် ပျက်ပြယ်ကြရပါသည်။ SP/GP တွင် သက်တမ်းရယ်လို့ မရှိပါ။

၇။ လူနေမြေကွက်တစ်ကွက်ကို သင်ရောင်းမည်ဆိုပါလျှင်

-စာရွက်စာတမ်းလည်း ပြည့်စုံရပါမည်။
-ရောင်းချပိုင်ခွင့်လည်း ရှိရပါမည်။
-မှတ်ပုံတင်စာချုပ်လဲ ချုပ်ပေးနိုင်ရပါမည်။

၈။ အမှုဖြစ်နေဆဲ အိမ် နှင့် ခြံ
တရားမမှု(သို့) ရာဇဝတ်မှု တစ်ခုခုမှာ ငြိစွန်းနေတဲ့ အိမ်နှင့်ခြံ ကို အမှုမပြီးမချင်း အမည်ပြောင်းလို့ မရပါဘူး ခင်ဗျား။

၉။ အိမ် နှင့် ခြံ တရားဝင် ဝယ်တယ်ဆိုသည်မှာ
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် “ဝယ်သူ” က ငွေပေး၍ “ရောင်းချသူ” က ပိုင်ဆိုင်ခွင့်မှာ အမည်ပြောင်းပေးရတာကို “အရောင်းအဝယ်” လို့ ခေါ်ပါတယ်။ မှတ်ပုံတင်စာချုပ် စာတမ်းဖြင့် “သာ” ပြုလုပ်ရမယ်လို့ ဥပဒေက အတိအလင်းဆိုပါတယ်။

၁၀။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း
အိမ်ခြံမြေသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါ၍ရောင်းလျှင်၊ ပေးလျှင်၊ စွန့်လွှတ်လျှင်၊ အမှားပြင်လျှင်၊ ပိုင်ဆိုင်ကြောင်း ကြေညာလိုလျှင် မှတ်ပုံတင်စာချုပ် စာတမ်းဖြင့်သာပြုလုပ်ခွင့်ရှိပါသည်။

Crd ဆရာ ကြည်စိုး ( IC)အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကြီးချုပ်ကြမည် ဆိုလျှင် " အရောင်းအဝယ်ပြုလုပ်ရန် အတွက်သာ " ဆိုသည့် မှတ်ချက်ပါသော သက်တမ်းတစ်နှစ်အတွင်း ရယူထားသည့် မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ယူပေးရမည် ဖြစ်ပါတယ် ခင်ဗျာ။

၁၆။ အိမ်မြေဝယ်သူသည်
စာရွက်စာတမ်းအရင်စစ်၊ ငွေကိုအပြည့်ပေး၊ မှတ်ပုံတင် စာချုပ်ကိုယ်တိုင်လုပ်ရပါသည်။

၁၇။အိမ်မြေဝယ်သူ၏ အခွင့်အရေး
စရန်ချပြီးဝယ်ပြီးသလိုပါပဲ။ ဆက်မဝယ်ဖြစ်လျှင် စရန်စာချုပ်ပါအချက်အလက်တွေအတိုင်း ရှေ့ဆက်ရပါမည်။

၁၈။ မြေဝယ်ယူသူကတော့ ကျန်တာအကုန်လုပ်ရသည်
အိမ်ခြံမြေ စာချုပ်မှတ်ပုံတင်ဖို့အတွက် ရာဖြတ်တင်ရသည့်အလုပ်၊ အခွန်တော်တံဆိပ်ခေါင်းဝယ်ရမည့် အလုပ်နှင့် ငွေဖြူ(ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ) ကိစ္စ တို့ကို " မြေဝယ်ယူသူ " ကတာဝန်ယူ ဆောင်ရွက်ရပါတယ်။

၁၉။ မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်
မြန်မာနိုင်ငံတွင်ရှိနေပါသော မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ပြဌာန်းဖော်ပြထားပြီးဖြစ်ပါသည်။

၂၀။ လ/န ဥပဒေကို ဖျက်သိမ်းပြီးပါပြီး
လ/န ဆိုတာက ၁၉၅၃ - ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေဖြစ်ပါသည်။ ၂၀၁၂ - ခုနှစ်တွင် ဖျက်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း လ/န ၃၉ မှာ " လယ်ယာမြေ " မှ " လူနေမြေ " အဖြစ်သို့ ပြောင်းလဲနိုင်သော ပုဒ်မဖြစ်ပါ၍ လူသိများလှပါသည်။

Crd ဆရာ ကြည်စိုး ( IC )

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း(၁)၁။ SP/GP ဆိုသည်မှာမိမိရဲ့  အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်”ကို “ပါဝါ” ...
27/12/2023

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း(၁)
၁။ SP/GP ဆိုသည်မှာ
မိမိရဲ့ အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်”ကို “ပါဝါ” ကို လွှဲပေးတာမျိုးဖြစ်ပါသည်။ မိမိကိုယ်စား လက်မှတ်ရေးထိုးနိုင်သည့်အပြင် စာရင်းလည်းရှင်းပိုင်ခွင့်ရှိပါတယ်။ တရားစွဲလည်းခံနိုင်ခွင့် ရှိပါတယ်။

၂။ Special Power and General Power
SP ဆိုတာ အထူးကိုယ်စားလှယ်လွှဲစာ ( Special Power ) အကြောင်းကိစ္စတစ်ခု၊ နှစ်ခု စသည်ဖြင့် အကန့်အသတ်ဖြင့်လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။

GP ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲစာ ( General Power ) မိမိကိုယ်စား “ပါဝါ”
အကုန်ကို ကန့်သတ်ချက်မရှိလွှဲပေးလိုက်တဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။ အရွယ်ရောက်ပြီး ထပ် မည်သူကိုမဆို လွှဲပေးနိုင်ပါသည်။

၃။ SP/GP အရမ်းမပေးကြပါနှင့်
မှတ်ပုံတင်ပြီး SP/GP တို့ကို ခိုင်လုံတဲ့အ‌ကြောင်းမရှိပဲ ပြန်ရုပ်သိမ်းလို့ မရပါဘူးဗျာ။

၄။ ကိုယ့်ဝန်ထမ်းတော့ လွှဲနိုင်ပါတယ်။
ကိုယ့်ကိုလွှဲပေးထားတဲ့ SP/GP သူများကို ထပ်လွှဲလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ကုမ္ပဏီရုံးဝန်ထမ်းကိုတော့ ထပ်လွှဲနိုင်ပါတယ်။ ကိုယ်ကတာဝန်ယူရပါတယ်။

၅။ SP ထပ်လွှဲချင်လျှင်တော့
“လိုအပ်လျှင် ထပ်၍လွှဲနိုင်ပါသည်“ လို့ SP ပေါ်မှာ ရေးပေးထားလျှင်တော့ ထပ်ပြီး လွှဲလို့ရပါတယ်ခင်ဗျား။

၆။ SP/GP ပျက်ရခြင်း အကြောင်း(၆)ပါး
SP/GP တို့သည် ပြန်ရုပ်သိမ်းခြင်း၊ ငြင်းပယ်ခြင်း၊ ကိစ္စပြီးဆုံးခြင်း၊ သေဆုံးခြင်း၊ ရူးသွပ်ခြင်း နှင့် လူမွဲအဖြစ်ခံယူခြင်းတို့ဖြစ်မှသာလျှင် ပျက်ပြယ်ကြရပါသည်။ SP/GP တွင် သက်တမ်းရယ်လို့ မရှိပါ။

၇။ လူနေမြေကွက်တစ်ကွက်ကို သင်ရောင်းမည်ဆိုပါလျှင်

-စာရွက်စာတမ်းလည်း ပြည့်စုံရပါမည်။
-ရောင်းချပိုင်ခွင့်လည်း ရှိရပါမည်။
-မှတ်ပုံတင်စာချုပ်လဲ ချုပ်ပေးနိုင်ရပါမည်။

၈။ အမှုဖြစ်နေဆဲ အိမ် နှင့် ခြံ
တရားမမှု(သို့) ရာဇဝတ်မှု တစ်ခုခုမှာ ငြိစွန်းနေတဲ့ အိမ်နှင့်ခြံ ကို အမှုမပြီးမချင်း အမည်ပြောင်းလို့ မရပါဘူး ခင်ဗျား။

၉။ အိမ် နှင့် ခြံ တရားဝင် ဝယ်တယ်ဆိုသည်မှာ
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် “ဝယ်သူ” က ငွေပေး၍ “ရောင်းချသူ” က ပိုင်ဆိုင်ခွင့်မှာ အမည်ပြောင်းပေးရတာကို “အရောင်းအဝယ်” လို့ ခေါ်ပါတယ်။ မှတ်ပုံတင်စာချုပ် စာတမ်းဖြင့် “သာ” ပြုလုပ်ရမယ်လို့ ဥပဒေက အတိအလင်းဆိုပါတယ်။

၁၀။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း
အိမ်ခြံမြေသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါ၍ရောင်းလျှင်၊ ပေးလျှင်၊ စွန့်လွှတ်လျှင်၊ အမှားပြင်လျှင်၊ ပိုင်ဆိုင်ကြောင်း ကြေညာလိုလျှင် မှတ်ပုံတင်စာချုပ် စာတမ်းဖြင့်သာပြုလုပ်ခွင့်ရှိပါသည်။

Crd ဆရာ ကြည်စိုး ( IC)

Address

Corner Of 45 & 120 Streets, CMTZ Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Dream Home Estate Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share