MH Real Estate Services

MH Real Estate Services Originally, a page solely owned by the Admin(s) run for a Red Cross Association. Now, we will focus on real estate businesses.

Myanmar Scouts International (MSI) မှာ ပါဝင်လိုသူများ ဆက်သွယ်နိုင်ပြီ။ CB မှဆက်သွယ်ပါ။ International အဖွဲ့ပေါင်းများစွာရ...
10/09/2023

Myanmar Scouts International (MSI) မှာ ပါဝင်လိုသူများ ဆက်သွယ်နိုင်ပြီ။ CB မှဆက်သွယ်ပါ။ International အဖွဲ့ပေါင်းများစွာရဲ့ အဖွဲ့ဝင်ဖြစ်မယ်။ တဦးချင်းဆက်သွယ်ပါ။ 😊

10/09/2023

PP တခုကို အနည်းဆုံး ၁ နှစ်ထားတယ်။ လက်ရှိ PP က တနှစ်မပြည့်သေးဘူး။ ချိန်းသင့်လား။ ချိန်းပေးရမလား။ 😎

လိုတာရှိရင် ဆက်သွယ်ပါ။
22/06/2023

လိုတာရှိရင် ဆက်သွယ်ပါ။

အိမ်၊ ခြံမြေ...ရောင်း၊ ဝယ်၊ ငှား ဝန်ဆောင်မှုများမြေမျိုးပြောင်း...ဂရံလျှောက်...ချေးငွေ လျှောက်...အလဲအထပ်... ကိစ္စများ ဝန...
20/06/2023

အိမ်၊ ခြံမြေ...
ရောင်း၊ ဝယ်၊ ငှား ဝန်ဆောင်မှုများ
မြေမျိုးပြောင်း...
ဂရံလျှောက်...
ချေးငွေ လျှောက်...
အလဲအထပ်... ကိစ္စများ ဝန်ဆောင်မှုပေးရန်အတွက်
MH Real Estate Services ကို သတိရပါ။ ☺😍

လိုအပ်လျှင် ချိတ်ဆက်ပါ။အမရပူရ ကြက်ခြေနီ၏ မိတ်ဖက် အလှူရှင်များပါ။ 😊
09/09/2021

လိုအပ်လျှင် ချိတ်ဆက်ပါ။

အမရပူရ ကြက်ခြေနီ၏ မိတ်ဖက် အလှူရှင်များပါ။ 😊

8.9.21ပေါက်မြို့နယ်၊ ​ေရပြာလမ်းဆုံအနီးတွင် ဖွင့်လှစ်ထားသော ရောင်နီဦးဆီဆိုင်မှ အမရပူရ ကြက်ခြေနီ လူနာတင်ယာဥ်ပေါ်တွင် လိုက...
08/09/2021

8.9.21

ပေါက်မြို့နယ်၊ ​ေရပြာလမ်းဆုံအနီးတွင် ဖွင့်လှစ်ထားသော ရောင်နီဦးဆီဆိုင်မှ အမရပူရ ကြက်ခြေနီ လူနာတင်ယာဥ်ပေါ်တွင် လိုက်ပါတာဝန်ထမ်းဆောင်နေသော PPE ဝတ်ဆင်ထားသူ စေတနာ့ လုပ်အားရှင် (၃) ဦးအတွက် ထမင်းဗူးများ၊ ရေသန့်ဗူးများနှင့် ငှက်ပျောသီး တဖီးတို့ကို အဟာရဒါနအဖြစ် လှူဒါန်းပေးသောကြောင့် အမရပူရ ကြက်ခြေနီက ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

8.9.21ဆောမြို့နယ်မှ မန္တလေးသို့ လာရောက်၍ ဆေးကုသမှုခံယူလိုသူနှင့် မန္တလေးမြို့သို့ ရောက်ရှိနှင့်ပြီးသော လူနာကို ဆေးရုံစော...
08/09/2021

8.9.21

ဆောမြို့နယ်မှ မန္တလေးသို့ လာရောက်၍ ဆေးကုသမှုခံယူလိုသူနှင့် မန္တလေးမြို့သို့ ရောက်ရှိနှင့်ပြီးသော လူနာကို ဆေးရုံစောင့်ပေးလိုသူ မိသားစုကို ပို့ဆောင်ပေးပါရန် ညှိနှိုင်းလာသောကြောင့် အမရပူရ ကြက်ခြေနီလူနာတင်ယာဥ်အဖွဲ့နှင့် နှာခေါင်းတို့ဖတ် နမူနာယူ စစ်ဆေးမှု ကျွမ်းကျင်သူများ စုဖွဲ့၍ သွားရောက်ခေါ်ဆောင်ပါသည်။ စုစုပေါင်း (၄) ဦးအား ကိုဗစ်ပိုး စစ်ဆေးရာ (၁) ဦးတွင် ပိုးတွေ့သဖြင့် အကာအကွယ်များ ဝတ်ဆင်၍ မန္တလေးသို့ ေခါ်ဆောင်ပေးပါသည်။

အမရပူရ ကြက်ခြေနီနှင့် မိတ်ဖက်ဖြစ်သော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ လူနာတင်ယာဥ်များသည် ကိုဗစ်ပိုးတွေ့လူနာ (P ထွက် လူနာ) များကို (၂၄) နာရီ နိုင်ငံအနှံ့ ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ အမရပူရ ကြက်ခြေနီ (သို့) ကင်းထောက်လူနာတင်ယာဥ်များ တွေ့ရှိပါက အချိန်မရွေး P ထွက်လူနာ သယ်ယူနိုင်ရန် အကူအညီ တောင်ခံနိုင်ပါသည်။ လူနာတင်ယာဥ်ပေါ်သို့ မတင်ဆောင်မီ လိုအပ်သောစစ်ဆေးမှုကို ပြုလုပ်ပေးပါသည်။ လူနာများ၊ လူနာရှင်များ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။

မနက် ၃ နာရီမှစတင်၍ ထွက်ခွာလာသော လူနာတင်ယာဥ်အဖွဲ့ဝင်တဦး၏ ဖခင်မှာ မနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ကြောင်း ကြားသိရ၍ အမရပူရ ကြက်ခြေနီ အနေနှင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်းနှင့် ည ၈နာရီ ၃၀ မိနစ်အထိ လူနာများကို ပို့ဆောင် စောင့်ရှောက်ပေးသော အဆိုပါအဖွဲ့ဝင်၏ စေတနာ့ လုပ်အားရှင် စိတ်ဓာတ်ကို ဂုဏ်ယူပါ​ကြောင်း ဖော်ပြအပ်ပါသည်။

8.9.21ISKCON Myanmar - ကရိသျှ်ဏ အနဿတိအသင်း (​မြန်မာနိုင်ငံ) နှင့် အမရပူရ ကြက်ခြေနီတို့ကို မြန်မာနိုင်ကင်းထောက်များမှ ချိ...
08/09/2021

8.9.21

ISKCON Myanmar - ကရိသျှ်ဏ အနဿတိအသင်း (​မြန်မာနိုင်ငံ) နှင့် အမရပူရ ကြက်ခြေနီတို့ကို မြန်မာနိုင်ကင်းထောက်များမှ ချိတ်ဆက်ပေးခဲ့ရာမှ ယခုအခါ ဒုတိယအကြိမ်အဖြစ် အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ မရမ်းခြံရွာမှ ရေဘေးရှောင်ပြီး စစ်ကိုင်း - မန္တလေးကားလမ်းဘေးတွင် လာရောက်နေထိုင်သူများ၊ ကွျှန်းတောအတွင်းနေထိုင်သူများနှင့် ကြောင်လျာရွာရှိ ရေနစ်မြုပ်နေသော မိသားစုများ အတွက် ညနေစာ သားသတ်လွတ် ဒံပေါက်ထမင်းထုပ် (၃၂၀) ကို ဝေမျှလှူဒါန်းရာ အမရပူရ ကြက်ခြေနီက လုပ်အားကုသိုလ်ယူ ဆောင်ရွက်ခဲ့ပါသည်။ ISKCON အဖွဲ့ကြီးကို ကျေးဇူးတင်ပါသည်။

8.9.21အမရပူရ ကြက်ခြေနီမှ မြစ်လောင်းနှင့် မုတ်ပုလဲတွင် အခြေစိုက် လှုပ်ရှားနေသော ကြက်ခြေနီများ၏ ချိတ်ဆက်မှုအရ အမရပူရမြို့န...
08/09/2021

8.9.21

အမရပူရ ကြက်ခြေနီမှ မြစ်လောင်းနှင့် မုတ်ပုလဲတွင် အခြေစိုက် လှုပ်ရှားနေသော ကြက်ခြေနီများ၏ ချိတ်ဆက်မှုအရ အမရပူရမြို့နယ်မှ စေတနာအသင်း၊ ရွှေမြစ်ငယ်အသင်းနှင့် ငြိမ်းမေတ္တာအသင်း (မြစ်တူး) တို့ ငယ်တိုးကျေးရွာ အုပ်စု၊ သာလေစွရွာသို့ ရောက်ရှိပြီး အသင်း (၃) သင်းပူးပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များနှင့် အဝတ်အစားများကို ရေနစ်မြုပ်အိမ်များသို့ လာရောက်လှူဒါန်းခဲ့ပါသည်။ သာလေစွရွာရှိ ကြက်ခြေနီ အခြေစိုက်စခန်းမှ အမရပူရ ကြက်ခြေနီများက လုပ်အားဒါန ကုသိုလ်ယူပါသည်။

7.9.21အမတရွှေပြည် လူမှုကူညီရေးအသင်း  (၄၃ လမ်း - ၆၁လမ်း၊ မန္တလေး) မှ ကြာဇံကြော် တအိမ်ထောင်လျှင် ဖော့ဗူး (၃) ဗူးပါ တစ်ထုပ်...
07/09/2021

7.9.21

အမတရွှေပြည် လူမှုကူညီရေးအသင်း (၄၃ လမ်း - ၆၁လမ်း၊ မန္တလေး) မှ ကြာဇံကြော် တအိမ်ထောင်လျှင် ဖော့ဗူး (၃) ဗူးပါ တစ်ထုပ်နှုန်းဖြင့် အိမ်ထောင် စု (၂၅၀) စာ ဖော့ဗူး (၇၅၀) ဗူးကို မြစ်ရေကြီးနစ်မြုပ်နေသော ကြောင်လျာရွာနှင့် မရမ်းခြံရွာများရှိ မိဘပြည်သူများထံ လာရောက်လှူဒါန်းရာ မရပူရ ကြက်ခြေနီမှ တာဝန်ရှိသူက လမ်းပြဆောင်ရွက်ပေးပါသည်။

ချိတ်ဆက်ပေးသော မြောက်ပြင်နယ်လုံးဆိုင်ရာ အမရဌာနီ လူမှုကယ်ဆယ်ရေအသင်းကို ကျေးဇူးတင်ပါသည်။

Address

Mandalay
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959893089922

Website

Alerts

Be the first to know and let us send you an email when MH Real Estate Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share