Royal Naypyitaw Real Estate

Royal Naypyitaw Real Estate Real Estate Agent

ဆရာကြီးဒဂုန်ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲကအိမ်ဆောက်ရင်လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။အသက်တွက...
17/10/2023

ဆရာကြီးဒဂုန်ရဲ့
စာတွေဖတ်ရင်း
တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင်လိုအပ်ချက်
တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင်
အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ဆိုပါတယ်။
ဒီအချက်ကိုလင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊

အသက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက်
သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း
သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို
ရရှိပြီး၊
၅=ကြွင်းရင်လည်းတို့ထက်
ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

Online Shopping များ သိရှိစေရန် အတွက်-----------------------------------------(၂.၁၀.၂၀၂၃) ရက်နေ့မှ စပြီး Online မှ စျေးရ...
25/09/2023

Online Shopping များ
သိရှိစေရန် အတွက်
-----------------------------------------

(၂.၁၀.၂၀၂၃) ရက်နေ့မှ စပြီး
Online မှ စျေးရောင်းချသူများ
မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ လကုန်အထိ
မှတ်ပုံတင်သူများအတွက် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမှာ ဖြစ်ကြောင်း။

Online Registration ပြုလုပ်ရင်
မိမိ လုပ်ငန်း အမည် ၊ Logo ၊
ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ
လိုအပ်ကြောင်း။

Online Application Form ကြေး
၄၀၀၀ ကျပ်ခန့် ကျသင့်မှာ ဖြစ်ကြောင်း။

မည်သည့် ထုတ်ကုန် ပစ္စည်းမဆို
ကိုယ်ပိုင်ပစ္စည်း ဖြန့်ဝေရောင်းချသည်ဖြစ်စေ ၊
ပြန်ယူ ရောင်းချသည်ဖြစ်စေ Online ဖြင့်
အသုံးပြုသူများ အားလုံး မှတ်ပုံတင်ရမည်
ဖြစ်ကြောင်း။

မိမိလုပ်ငန်းက အခြားအခွန် ၊ စည်ပင်လိုင်စင်
ဆောင်ရွက်ထားရင်လည်း မှတ်ပုံတင်ရမည်
ဖြစ်ကြောင်း။

(၁.၁.၂၀၂၄) ရက်နေ့မှစ၍ Online
မှတ်ပုံတင်ခြင်း မရှိဘဲ ရောင်းချနေသည်ကို
စစ်ဆေး တွေ့ရှိပါက အရေးယူခံရမည်
ဖြစ်ကြောင်း။

မိမိ ရောင်းချမည့် ကုန်ပစ္စည်း ၊
ဝန်ဆောင်မှု လုပ်ငန်းများသည် သက်ဆိုင်ရာ
ဌာန အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့်
တရားဝင် လုပ်ငန်းများ အတွက်သာ
ခွင့်ပြုပေးမှာ ဖြစ်ကြောင်း သိရှိရ။

မှတ်ပုံတင်ရာတွင် အသုံးပြုရမည့် URL
https://www.ecomreg.gov.mm

Crd;

Customer ကို ဝယ်ဝယ်မဝယ်ဝယ် လေးလေးစားစား ဆက်ဆံပါ။ လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်နော်က လခစား ဝန်ထမ်း တစ်ယောက်ပ...
15/09/2023

Customer ကို ဝယ်ဝယ်မဝယ်ဝယ် လေးလေးစားစား ဆက်ဆံပါ။

လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်နော်က လခစား ဝန်ထမ်း တစ်ယောက်ပါ။ တစ်နေ့ ကြုံလို့ Trader Hotel အခု Sule Shangri La Hotel အောက်မှာ ဖွင့်ထားတဲ့ Omega showroom ကို မဝံ့မရဲ လေးနှင့် ဝင်ကြည့်ခဲ့တယ်။ James bond မင်းသားပတ်တဲ့ နာရီကို သဘောကျလို့၊

အဲဒီက အရောင်းကောင် မလေးက ကိုယ်နှင့် အသက် မတိမ်းမယိမ်း ၂၀ ကျော် လောက်ပါဘဲ၊ ကိုယ့်လို မဝယ်နိုင်မှန်း သိတဲ့လူတစ်ယောက်ကို omega နာရီ model တစ်မျိုးပြီးတစ်မျိုး ကို စိတ်ရှည် လက်ရှည် ရှင်းပြပေးတော့ တော်တော် အံ့ဩမိပါတယ်။

ကိုယ်က မနေနိုင်လို့ မေး လိုက်တယ် "ကျွန်တော် မဝယ်နိုင်မှန်းသိရဲ့သားနှင့် ဘာကြောင့် ဒီလောက် တောင်ရှင်းပြရတာလဲ"

သူက ပြုံးပြုံးလေး ပြန်ဖြေ တယ်၊ " အခု မဝယ်နိုင်ရင် လည်း နောင်တစ်ချိန် ဝယ်နိုင်တဲ့ အခါကြတော့ စဉ်းစားလို့ရတာပေါ့တဲ့။ ဒါ အပြင် တခြားဝယ်မယ့် သူတွေကိုလည်းပြန်ပြောလို့ရတာပေါ့တဲ့"

ကျွန်တော် အဲဒီစကားလေးကို ဘယ်တော့မှမမေ့ဘူး။ နောက် ၁၂ နှစ် အကြာ ၂၀၀၈ ခုနှစ်က Singapore ရောက်တုန်း ပထမဦးဆုံး နာရီအကောင်းစားလေးတစ်လုံး ပတ်မယ်လို့ လိုက်ကြည့်ရင်းနှင့် Omega ကိုဘဲ ရွေးဖြစ်သွားတယ်။ အခုထိလည်း ကြုံရင် ပတ်နေတုန်းပါ။

၁၉၉၆ ခုနှစ် က အဲဒီ အရောင်းကောင်မလေးသာ ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံခဲ့ရင် ကျွန်တော် လည်း Omega နာရီဝယ်ဖြစ်မှာ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အရောင်းသမား တစ်ယောက်ပါ။ လွန်ခဲ့ ဝန်ထမ်းဘဝ တုန်းက တွေ့ခဲ့ တစ်ချို့ customers တွေ က အခု ကျွန်တော်ရဲ့ services တွေ အားပေးတဲ့ loyal customers တွေပါ။

ကိုယ်ရဲ့ ဖောက်သည် ကို ရေတို မကြည့်ဘဲ တစ်သက်လုံ ရေရှည် customers ဖြစ် အောင် ရောင်းနိုင် ပြီး တစ်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးမှာ အောင်မြင်တဲ့ လူငယ်တွေ ဖြစ်ကြပါစေ။

Credit-

Memories 2020

အရည်အသွေးစံချိန်စံညွှန်းကိုဦးစားပေးသော Engineering Group မှ ဆောက်လုပ်ထားသည့် အဆောက်အဦးဖြစ်ပါသည်။ပုဗ္ဗသီရိစျေးကြီးအနီးအ...
10/09/2023

အရည်အသွေးစံချိန်စံညွှန်းကိုဦးစားပေးသော Engineering Group မှ ဆောက်လုပ်ထားသည့် အဆောက်အဦးဖြစ်ပါသည်။
ပုဗ္ဗသီရိစျေးကြီးအနီး
အထကကျောင်းကြီးအနီး
ကွန်ကရစ်လမ်းမေးတင်

အသင့်နေ တိုက်အသစ်
Master Bedroom ( 2 ) ခန်း
Standard Bedroom ( 1 )ခန်း

#ရောင်းစျေး - ( 2350 )သိန်း ညှိနှိုင်း
မြေအမျိုးအစား - #ဂရန်မြေ
မြေကွက်အကျယ် - ပေ (60.40)
အလှည့် - #အရှေ့လှည့်
ပါဝင်သော အဆောက်အဦးအမျိုးအစား - အရည်အသွေးပြည့် RCC One Storey
မြေကွက် တည်နေရာ - #နေပြည်တော် #ပုဗ္ဗသီရိမြို့နယ်၊ #ဝဏ္ဏဒီပရပ်ကွက်
အကွက်အမှတ် ( ပ- 30765 )
#စစ်တောင်း (၁)လမ်းမေးတင်
#ငုရွှေဝါလမ်းမကြီး နှင့် #ပိတောက်လမ်း ကြား
#စစ်တောင်းနှင့် #ဧရာဝတီ ကြား
#စစ်တောင်းလမ်းကျောကပ်လမ်း
ရေ၊လျှပ်စစ်မီး ပါပြီး
ပိုင်ရှင် နှင့် တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ပေးပါမည်။
ဝယ်ယူသူအတွက်
ပိုင်ဆိုင်မှု ခိုင်မာမှုရှိစေရန် နှင့် မှန်ကန် ပြည့်စုံစေသော ဝယ်ယူမှု ဖြစ်စေရန် တာဝန်ယူ၊တာဝန်ခံ ဆောင်ရွက်ပေးပါမည်။
လူကြီးမင်းတို့ ၏ ရောင်းရန် ၊ ငှားရန် ရှိသော အိမ်၊ခြံ၊မြေ များကိုလည်း ယုံကြည်စွာ အပ်နှံနိုင်ပါသည်။လိုအပ်သော အကြံဥာဏ်များကို ဆွေနွေးနိူင်ပါသည်။
#ဂရန်လျှောက်ပေးခြင်း
#ဂရန်အမည်ပြောင်းပေးခြင်း
#မြေပေးမိန့်လျှောက်ပေးခြင်း
#အဆောက်အဦးဆောက်လုပ်ခွင့်(ခွင့်ပြုမိန့်)
#အဆောက်အဦး အသေးစား ပြုပြင် ပြင်ဆင်ခြင်း #ခြံစည်းရိုး ကာရံပေးခြင်း
စသည့် အိမ်ခြံမြေ နှင့်ပက်သက်သော ဝန်ဆောင်မှုများကို ယုံကြည်စွာအပ်နှံနိုင်ပါသည်။
ဆက်သွယ်ရန်
ကံကော် Real Estate & General Services
09 45678 8898
09 77777 8898
09 666666 235
09 77 99999 79

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကိုဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆ...
08/09/2023

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို
ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်လေးတွေကို သိရှိနိုင်အောင် မျှဝေလိုတဲ့ စေတနာနဲ့ပါ ဆရာကြီးလုပ်တာတော့ မဟုတ်ရပါဘူးခင်ဗျ။
----------

တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း
ကြိုက်တဲ့အိမ်လေးတွေ့တာနဲ့ ဈေးစကားပြောကြတယ်။

အိမ်က တထပ်ခွဲတိုက် မြေကတော့ ပေ ၃ဝ၊ ၆၅ပေဗျ။
သူတို့ခေါ်တာက သိန်း ၃၂ဝဝ။
ဈေးဆစ်ရင်းနဲ့ သိန်း ၃ဝဝဝ နဲ့ဈေးတည့်တယ်။
စရံ သိန်း ၇ဝဝ ချတယ် စရံပေးစာချုပ်ချုပ်တယ်၊

အပြီးချေမယ့်ရက်ကိုတော့ သူတို့လဲအိမ်ရှာရအုံးမှာမို့
တလခွာချိန်းတယ် ကျနော်ကလဲ ရပါတယ်ပေါ့။
အဲ့လိုနဲ့နေလာရင်း အပြီးချေရမယ့်ရက်နီးလာလို့
ဖုန်းဆက်တော့လဲ အေးအေးဆေးဆေးပဲ။
သူတို့ပစ္စည်းတွေပြောင်းပြီးပြီ အဆင်သင့်ပဲလို့ပဲပြောတယ်။

ငွေချေရမယ့်နေ့ရောက်လို့ အဲ့အိမ်ကိုသွားတော့
အပြင်ကနေတံခါးကိုသော့ခတ်ထားတယ်။
ပတ်ဝန်းကျင်မေးကြည့်တော့ ပစ္စည်းတွေဘာတွေ
ပြောင်းတာလဲ မတွေ့ဘူးလို့ပြောကြတယ်။
တစ်ခုခုတော့ မှားနေပြီလေ။

အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့
ယောက်ျားဖုန်းကမကိုင်ဘူး။
သူ့မိန်းမဖုန်းကိုဆက်တော့ သူ့အမေက
အသဲအသန်ဖြစ်နေလို့ ဆေးရုံရောက်နေတယ်
တရက် နှစ်ရက်လောက် စောင့်ပေးပါလို့ပြောတယ်။

ကျနော်က ရတယ် ဆေးရုံလိုက်လာပြီး
အဲ့မှာပဲ စာချုပ်ချုပ်မယ် ငွေချေဖို့က
တယောက်ဘဏ်ကိုခဏလိုက်လာခဲ့လို့ပြောတာလဲမရဘူး။

အဲ့တော့ ကျနော်က စရံပေးစာချုပ်ချုပ်တုန်းက
သက်သေ လက်မှတ်ထိုးပေးခဲ့တဲ့ ရာအိမ်မှူးဆီသွားပြီး အကျိုးအကြောင်းပြောပြတော့။

ရာအိမ်မှူးက "သူ့အမေက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးသွားပြီလေ" လို့ပြောတော့ သူတို့မရိုးသားဘူးဆိုတာ ပိုသိသွားတယ်ဗျ။

ရာအိမ်မှူးကိုအကူအညီတောင်းပြီး
အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အုပ်ကြီးကို
အကျိုးအကြောင်းပြောပြတယ်။

အုပ်ကြီးရှေ့မှာပဲ ခုနက အမျိုးသမီးကိုဖုန်းဆက်ပြတယ်။
သူပြောတဲ့စကားတွေကိုလဲ record ယူထားလိုက်တယ်ဗျ။
အုပ်ချုပ်ရေးမှူးကလဲ အကြောင်းအရာကို ရုံးမှတ်တမ်းမှာရေးပေးတယ်။
အဲ့နေ့တော့ ဒီအတိုင်းပဲပြန်လာခဲ့ရတယ်။

နောက်ရက်တွေဖုန်းဆက်တော့ မကိုင်ဘူး။
အိမ်ကိုသွားကြည့်တော့လဲ တံခါးပိတ်ထားတယ်
ပြန်မလာဘူး။

၃ ရက်မြောက်နေ့ကျတော့

အဲ့အမျိုးသမီးဖုန်းကိုဆက်တော့ ဖုန်းကိုင်တယ်။
လေသံမာမာနဲ့"ဘာကိစ္စလဲ "လို့မေးတယ်။
"အိမ်အရောင်းအဝယ် ငွေအပြီးချေဖို့ကိစ္စပါ"လို့ပြောတော့

"စာချုပ်ပြန်ကြည့်လိုက်လေ အပြီးချေရမယ့်ရက်
လာမချေလို့ စရံဆုံးပြီလေ စာချုပ်နဲ့ပဲ စကားပြောမယ်"
လို့ပြောပြီး ဖုန်းချသွားတယ်။

အဲ့တော့ကျနော်က အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ သူတို့လင်မယားကို
ရုံးကိုခေါ်လိုက်တယ်။
ရုံးရောက်လာတော့လဲ ကျနော့်ဘက်က ပျက်ကွက်တာမို့
စရံဆုံးပြီဆိုတာကိုပဲပြောနေတယ်။

အဲ့တော့ အုပ်ချုပ်ရေးမှူးက အဲ့ရက်က ငွေအကြေချေ
အိမ်လက်ရောက်ယူဖို့ ကျနော်လာတယ်။
သူတို့မရှိလို့ ရာအိမ်မှူးကိုအကြောင်းကြားတယ်။
ရုံးကိုအကြောင်းကြားတယ်။

ဖုန်းဆက်တုန်းက record လုပ်ထားတာတွေကို
ပြန်ဖွင့်ပြပြီး ရုံးမှာ အဲ့နေ့က ရေးထားတဲ့
ရုံးမှတ်တမ်းကို သူတို့ကိုပြလိုက်တယ်။

ပြီးတော့မှ ဝယ်သူဘက်မှာ ပျက်ကွက်တာမရှိဘူး။
အဲ့တော့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင်
စရံငွေ ၂ ဆသိန်း ၁၄ဝဝ ပြန်ပေးရမှာပဲ။

တရားတဘောင်ဖြစ်လို့ ရုံးက သက်သေခေါ်ရင်လဲ
မှန်ကန်တဲ့ဘက်ကပဲ ထွက်ဆိုရမှာပဲ ဆိုတာပြောမှ လင်မယား၂ယောက်လုံး ငြိမ်သွားတယ်။

အုပ်ကြီးက ဘယ်လိုလုပ်မယ်စဉ်းစားလဲ မေးတော့မှ
သူတို့ရောင်းပါ့မယ် တလလောက် အချိန်စောင့်ပေးပါလို့ထပ်ပြောတော့ ကျနော်က တလ မစောင့်နိုင်ဘူးဆိုတာ
ဝင်ပြောတယ်။

နောက်ဆုံးမှာ ၁ဝ ရက်စောင့်ဖို့ သဘောတူပြီးတော့
အချက်အလက်အကြောင်းအရာ တွေရေးပြီး
စာချုပ်ထပ်ချုပ်တယ်။

သတ်မှတ်တဲ့ ၁ဝ ရက်ပြည့်တဲ့နေ့မှာတော့ ငွေအပြီးချေ
အိမ်လက်ရောက်ရတယ်ဗျ။

ဒီဖြစ်စဉ်လေးမှာ အပြီးချေတဲ့ရက် သူတို့မရှိတာနဲ့ သူတို့ပြောစကားကို နားယောင်ပြီး ရပ်ကွက်အကြီးအကဲတွေကို သတင်းမပို့ထားဘူးဆို စရံဆုံးမှာနော်။

အဲ့တော့အခုလိုအဖြစ်အပျက်မျိုးကြုံလာတဲ့အခါ
ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်ပါဘူးဆိုတာ
ခိုင်ခိုင်မာမာ သက်သေထူထားဖို့ အင်မတန်အရေးကြီးတယ်၊

ကိုယ့်ဘက်က တချက်လေး လစ်ဟင်းသွားတာနဲ့ ကိုယ့်ပိုက်ဆံကို လူလိမ်တွေက အသာလေးကောက်စားသွားမယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

မူရင်း - ရတနာပုံ(ရွှေထီး)

Crd;

ပျော်ပြီလေ ပျော်အောင်လုပ်ကြတာကိုးမရီတယောက် သိန်း ၅၀၀တန်အိမ်ဝင်းရောင်းတာကိုစျေးတောင်မဆစ်ဘူး တန်လွန်းလို့ထင်ရဲ့သိန်း (((၁၀...
30/08/2023

ပျော်ပြီလေ ပျော်အောင်လုပ်ကြတာကိုး

မရီတယောက် သိန်း ၅၀၀တန်အိမ်ဝင်းရောင်းတာကို

စျေးတောင်မဆစ်ဘူး တန်လွန်းလို့ထင်ရဲ့

သိန်း (((၁၀၀)))စရံရိုက်သွားရဲ့

ကန့်သတ်ချက်တော့ရှိတယ်

မရောင်းဖြစ်ရင် ရောင်းသူက သိန်း (၃၀၀)ပြန်လျော်

ဝယ်သူမဝယ်ဖြစ်ရင် စရံဆုံးပေါ့

အဆင်ကိုပြေလို့

ဒါပေမယ့် ကြားဖြတ်အစီစဉ်အရ မရီတယောက် လောဘဇောတတ်ပြီလေ

အမဝင်းကို ၁၀၀၀ပေးမယ် သူ့ကိုရောင်းပါတဲ့

စရံ၁၀၀ပေးမယ်တဲ့

မရီတွေးပြီလေ သူပေးတဲ့ ၁၀၀ ရယ် ဟိုလူပေးတဲ့၁၀၀ရယ် သူ့ရှိတဲ့၁၀၀ရယ်

ပထမလူကို ၃၀၀ပြန်လျော်လိုက်တယ်

မရီ ၁၀၀စိုက်လိုက်ရတယ်

ကိစ္စမရှိ ဒုတိယလူဆီက နောက်ထပ် ၉၀၀ရမယ်

ဆိုတော့ သူ ၈၀၀ ရမယ်ပေါ့

မူရင်း၅၀၀ထက် ၃၀၀ပိုရမယ်ပေါ့

အဆင်ကိုပြေလို့ သူ့အတွေးနဲ့သူ

ရက်ကြာတော့ ဒုတိယလူက စရံအဆုံးခံပြီး

ကျန်ငွေ ၉၀၀ မချေတော့ဘူး

ကဲဗျာစာရင်းချုပ်တော့ မရီ ၁၀၀ပြုတ်ပြီ

ပြုတ်မှာပေါ့ ဟို၂ယောက်ကတဖွဲ့ထဲလေ

တချို့လိမ်လည်သူတွေက သိပ်ပညာပါရင်

ဘာပုဒ်မ မှတတ်မရဘူးနော

ဘောင်ထဲကလိမ်ရင် သိပ်ကြောက်စရာကောင်းတာ

ဖြစ်စဉ်က ဘယ်သူ့ကိုမှ တရားစွဲမရပါ

စေတနာဖြင့်သာ
Credit

သင့် နေအိမ် အလုပ် ခြံမြေတွေမှာ သတိပြုနိူင်ဖို့------------------------လူတိုင်းရဲ့ နေအိမ် တိုက်ခန်း အလုပ်ခန်းခြံမြေတွေမှာ...
22/08/2023

သင့် နေအိမ် အလုပ် ခြံမြေ
တွေမှာ သတိပြုနိူင်ဖို့
------------------------
လူတိုင်းရဲ့ နေအိမ် တိုက်ခန်း
အလုပ်ခန်းခြံမြေတွေမှာ --

ကျက်သရေမင်္ဂလာတွေကို
သယ်ဆောင်လာတဲ့ အရပ်မျက်နှာဆိုတာ
ရှိပါတယ်---

အဲ့ဒီ့အရပ်မျက်နှာမှာ ရေအိမ်သာ အမှိုက်
ပုံ အမှိုက်တောင်း စတိုခန်းတွေရှိနေမယ်
ဆိုရင် မိမိအတွက် ကျက်သရေ မင်္ဂလာ
တွေယုတ်လျော့ပြီး ကျက်သရေတုံးတဲ့
ဘ၀ကို ရောက်သွားစေတတ်ပါတယ်---

ဒီလိုပါပဲ လူတိုင်းမှာ အမင်္ဂလာတွေကို
သယ်ဆောင်လာတဲ့ အရပ်မျက်နှာဆို
တာရှိပြန်ပါတယ်---

ကိုယ်နေထိုင်တဲ့ ခြံ/ မြေ မှာ အဲ့ဒီ့လို
အမင်္ဂလာအရပ်ဘက် မြေမျက်နှာပြင်
အမြင့်ဆုံး ဖြစ်မနေရပါဘူး ဖြစ်နေမယ်
ဆိုတော့ ကိုယ့်က ကျက်သရေတုံးတဲ့
ဘ၀တွေ ဖြစ်လာတတ်ပါတယ်--

နေအိမ် ခြံမြေ အလုပ်ခန်း ရုံးခန်းတွေက
ဘုမ္မိအရပ် မရဏ ထပ်တဲ့ အရပ်တွေကို မျက်နှာ
မူခြင်းမရှိကြပါပဲ ဓာတ်တွေခိုက်နေကြတာတွေ
ဟာ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်---

တနင်္ဂနွေသား/သမီး တစ်ဦးရဲ့ နေထိုင်တဲ့ အိမ်
ခြံ အတွင်း မြောက်အရပ်မှာ ရေအိမ်သာ ရှိရင်
ဓာတ်ခိုက်ပါတယ်--

ကျက်သရေမင်္ဂလာရှိတဲ့ သီရီအရပ်မှာ ကျက်သ
ရေမဲ့တဲ့ ရေအိမ်သာ အမှိုက်ပုံ အမှိုက်တောင်း ထမင်း
အင်္ကျီစုတ် စတိုခန်း တွေမရှိစေရပါဘူး -

ပြီးတော့ တောင်အရပ် ခြံမြေဟာ အခြားနေရာထက်
မြေမြင့်နေမယ် ဆိုရင် အဲ့ဒီ့ခြံ မြေက ဓာတ်ခိုက်ပါ
တယ်----

ကိုယ့်ရဲ့ ဘုမ္မိအရပ် ပျက်စီးဆုတ်ယုတ်စေတဲ့ အ
မင်္ဂလာ အရပ် ခြံမြေ မြင့် နေလို့ ခိုက်တာ ဖြစ်ပါ
တယ် ---

တနင်္လာသား/သမီးများ၏ နေအိမ် တိုက်ခန်း အ
လုပ်ခန်းတွင် အရှေ့မြောက်ထောင့်အရပ်၌ ရေ
အိမ်သာ အမှိုက်ပုံ စတိုခန်း ရှိရင်ခိုက်ပါတယ်---

အနောက်တောင်အရပ်ရှိ ခြံမြေ ဟာ အမြင့်ဆုံး
ဖြစ်နေရင်းလည်း ခိုက်ပါတယ်---

အင်္ဂါသား/သမီးများ၏ နေအိမ် တိုက်ခန်း အ
လုပ်ခန်းတွင် အရှေ့အရပ်၌ ရေအိမ်သာ အမှိုက်
ပုံ အမှိုက်တောင်း စတိုခန်း ရှိရင်ခိုက်ပါတယ်---

အနောက်အရပ်ရှိ ခြံမြေဟာ အမြင့်ဆုံးဖြစ်နေ
ရင် ထိုခြံ မြေခိုက်ပါတယ်---

ဗုဒ္ဓဟူးသား/သမီးများ၏ နေအိမ် တိုက်ခန်း အ
လုပ်ခန်းတွင် အရှေ့တောင်ထောင့် အရပ်၌ ရေ
အိမ်သာ အမှိုက်ပုံ အမှိုက်တောင်း စတိုခန်း ရှိ
ရင် ခိုက်ပါတယ်--

အနောက်မြောက်ထောင့်အရပ် ခြံမြေဟာ အမြင့်
ဆုံးဖြစ်နေရင် ထိုခြံမြေခိုက်ပါတယ်---

ကြာသပတေးသား/သမီး၏ နေအိမ် တိုက်ခန်း
အလုပ်ခန်းတွင် အနောက်တောင်ထောင့်အရပ်
၌ ရေအိမ်သာ အမှိုက်ပုံ အမှိုက်တောင်း စတို
ခန်း ရှိရင် ခိုက်ပါတယ်---

အရှေ့မြောက်ထောင့်အရပ် ခြံမြေဟာ အမြင့်
ဆုံးဖြစ်နေရင် ထိုခြံမြေခိုက်ပါတယ်--

သောကြာသား/သမီးများ၏ နေအိမ် တိုက်ခန်း
အလုပ်ခန်းတွင် အနောက်မြောက်ထောင့် အရပ်၌
ရေအိမ်သာ အမှိုက်ပုံ အမှိုက်တောင်း စတိုခန်း
ရှိရင် ခိုက်ပါတယ်---

အရှေ့တောင်ထောင့်အရပ် ခြံမြေဟာ အမြင့်
ဆုံးဖြစ်နေရင် ထိုခြံမြေခိုက်ပါတယ်--

စနေသား/သမီးများ၏ နေအိမ် တိုက်ခန်း
အလုပ်ခန်းတွင် တောင်အရပ်၌ ရေအိမ်သာ
အမှိုက်ပုံ အမှိုက်တောင်း စတိုခန်းရှိရင်ခိုက်
ပါတယ်--

မြောက်အရပ် ခြံမြေမြင့်နေမယ်ဆိုရင်လည်း
ထို ခြံမြေခိုက်ပါတယ်---

ရာဟုသား/သမီးများ၏ နေအိမ် တိုက်ခန်း အလုပ်
ခန်း တွင် အနောက်အရပ်၌ ရေအိမ်သာ အမှိုက်ပုံ
အမှိုက်တောင်း စတိုခန်းများ ရှိကခိုက်ပါတယ်--

အရှေ့အရပ် ခြံမြေဟာ အမြင့်ဆုံးဖြစ်နေရင်လည်း
ထိုခြံမြေ ခိုက်ပါတယ်---

အရပ်မျက်နှာကိုယူသည့်အခါ နေထွက်ရာဘက်
သည် အရှေ့အရပ်/ နေ၀င်ရာအနောက် စသဖြင့်
ယူရမည်ဖြစ်ပါတယ်----

Crd;
Dr.ရဲဇော်(ဇီးကုန်း)

🌷ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ထူးခြားချက်များ🌷🌿၁၊၊ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။🌿၂၊၊ ဂေါတမဘုရား...
01/08/2023

🌷ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ထူးခြားချက်များ🌷

🌿၁၊၊ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၂၊၊ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၃၊၊ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၄၊၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၅၊၊ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿 ၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၇၊၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿၈၊၊ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

🌿 ၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

24/07/2023

Address

No. (1352), Shwe Li Street, MingalarDepa Ward, PoppaThiri Township, Naypyitaw
Mandalay
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959456788898

Website

Alerts

Be the first to know and let us send you an email when Royal Naypyitaw Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Naypyitaw Real Estate:

Share

Category