M.A.C "recruitment agency"

M.A.C "recruitment agency" Free Service for Employee

We are hiring
15/05/2024

We are hiring

 #အတက်နေ့ကုသိုလ် #ကိုယ့်ပေါ်ကျေးဇူးပြု ဖူးသူများ၊သင်ဆရာမြင်ဆရာကြားဆရာများဖြစ်တဲ့Hr လောကထဲစတင်ခေါ်ဆောင်လာပေးသူ ဆရာမ၊လုပ်ငန်...
17/04/2024

#အတက်နေ့ကုသိုလ် #
ကိုယ့်ပေါ်ကျေးဇူးပြု ဖူးသူများ၊
သင်ဆရာမြင်ဆရာကြားဆရာများဖြစ်တဲ့
Hr လောကထဲစတင်ခေါ်ဆောင်လာပေးသူ ဆရာမ၊
လုပ်ငန်းခွင်အတွင်း ကူညီစောင့်ရှောက်ပေးပြီး အတွေ့ကြုံ
ပညာအရည်အချင်းများ မျှဝေပေးကြတဲ့ RDCL မှ C.E.O,
OP Manager,HR Manager,HR executive,Accounting group နဲ့ ကျေးဇူးပြုဖူးသူအားလုံး
လမ်းမှာချိန်တိုင်းထိန်းကျောင်းပေးသည့် လက်တွဲဖော်နှင့် တကွ တစ်ခြားကျေးဇူးပြု ဖူးသူများအားလုံး ပြုသမျှကုသိုလ်တို့အား မျှဝေပါ၏။

06/02/2024

မန္တလေးမှာ corporate culture ဘာလို့ မဖြစ်ထွန်းလဲ? ဆိုပြီး မိတ်ဆွေ ရှေ့နေက မေးပါတယ်။ သူရည်ရွယ်တာက မန္တလေးမှာရှိတဲ့ စီးပွါးရေး လုပ်ငန်းတွေက စနစ်တကျ လည်ပတ်မှု၊ စီမံခန့်ခွဲမှုမျိုး သိပ်မရှိပဲ boss က အရာရာကို ထိန်းချုပ်ထားတယ်၊နေရာတိုင်း ဝင်ပါတယ်၊ အဆင့်ဆင့် စီမံခန့်ခွဲမှု အားမကောင်းဘူးလို့ ဆိုလိုချင်တာပါ။ဆက်ဆံရေးက တသမတ်မရှိ၊ လူခင်ရင် မူပြင်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ ဆိုလိုချင်ဟန်ရှိပါတယ်။ ဆိုင်တွေကို သွားရင်လည်း ပိုင်ရှင်ကို အမြဲလိုလို တွေ့ရတယ်၊ ရန်ကုန်မှာဆိုရင် ဆိုင်ရှင်ကို တွေ့ရခဲတယ်လို့ သူကဆိုတယ်။...
ကော်ပိုရိတ်ကားလ်ချားကို အမျိုးမျိုးခေါ်ကြပါတယ်။ organizational culture, business culture စသဖြင့်လည်း ခေါ်ကြတယ်။ လုပ်ငန်းတခု၊ organization တခုမှာရှိကြတဲ့ လုပ်သားတွေ၊ ဝန်ထမ်းတွေအကြား ထားရှိကြတဲ့ စံနူန်း(norms)၊ယုံကြည်ချက်(beliefs)၊တန်ဖိုးထားမှု(values)၊စိတ်နေ သဘောထား (attitudes)၊စတာတွေကို corporate culture လို့ ခေါ်ဆိုကြတာပါ။ မန္တလေးက ရန်ကုန်နဲ့ စာရင် အာရှစံနူန်း Asian culture (အာရှ norms) ပိုဆန်တယ်လို့တော့ ဆိုနိုင်မယ်ထင်ပါတယ်။ပိုင်ရှင်ကို ဗဟိုပြုလည်ပတ်တာလည်း များတယ် မြင်ပါတယ်။.....
ဘယ်အချက်၊ ဘယ်အကြောင်းခြင်းရာတွေက culture ကို ဖြစ်ထွန်းစေသလဲ သတ်မှတ်ပြဖို့ ခက်ခဲရင် weak corporate culture လို့ ပညာရှင်တို့ဆိုပါတယ်။ အဓိပ္ပါယ်က အစဉ်အလာ၊ အပြုအမူ၊ယုံကြည်ချက် စတာတွေကို လုပ်သားတွေ၊ ဝန်ထမ်းတွေ လိုက်နာ ကျင့်ဆောင်ဖို့ မလွယ်ကူ၊ ခက်ခဲနေရင်တော့ (weak culture) အားနည်းတယ်၊လုပ်သား အားလုံးတပြေးညီ ဖြစ်စေမဲ့ စနစ်တရပ် ထူထောင်ဖို့ လိုအပ်တယ်လို့ ဆိုလိုပါတယ်။
မန္တလေးနဲ့ ရန်ကုန်က အစစ၊ အရာရာ မတူကြပါဘူး။ လုပ်ငန်းရှင်ခြင်းတောင် မတူပါဘူး။ ရန်ကုန်သား လုပ်ငန်းရှင်တဦးကပြောဘူးတယ်။"မန္တလေးက လူတွေက ချမ်းသာလို့ ဆိုင်ဖွင့်တာဗျ။၊ ရန်ကုန်သားတွေက ချမ်းသာချင်လို့ ဆိုင်ဖွင့်တာ။"အငှါးချည်းပဲ ဟူသတတ်။(လက်ဖက်ရည်ဆိုင် စကားမျှသာ...😌။)
ဆြာကြီးဦးကျော်ဆန်း

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when M.A.C "recruitment agency" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category