Hnin Gyi Jade Selling

Hnin Gyi Jade Selling Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Gyi Jade Selling, Real Estate, 52/53 112F, Mandalay.

22/03/2024

လှချက်ကြီးက ကြောက်စရာကြီး
$880000

ကျောက်စိမ်းလောက ရောင်းသူနဲ့ဝယ်သူကြားကကျောက်အောင်ခြင်း၊မအောင်ခြင်းရဲ့ အဖြေပေါ့. . . . ကျောက်အောင်ခြင်း. . ရောင်းသူက ဝယ်ယူ...
16/02/2024

ကျောက်စိမ်းလောက ရောင်းသူနဲ့ဝယ်သူကြားက

ကျောက်အောင်ခြင်း၊မအောင်ခြင်းရဲ့ အဖြေပေါ့. . . .

ကျောက်အောင်ခြင်း. .
ရောင်းသူက ဝယ်ယူသူကို ကိုယ်ချင်းစာပြီး
ဈေးချန်ရောင်းတယ်၊ခေါင်းချက်ချန်ပေးတယ်
ကျောက်ပညာနဲ့အောင်နိုင်ချေကို ချဥ်းကပ်ပြီးဝယ်ရောင်းလုပ်တယ်. . .
ဝယ်သူက ကျောက်ပညာနားလည်တယ်. .
ဈေးကွက်ကို အရှုံးအမြတ်ချိန်ဆနိုင်တယ်
ဘယ်လိုခေါင်းမယ် ဘယ်လိုရောင်းမယ် သူသိတယ်
ကျောက်ရောင်းသူကို (သူ့ပညာ သူ့စေတနာ သူ့စိတ်ရင်း)
ဝယ်သူကကောင်းကောင်းသိတယ်
အဲ့မှာ ရောင်းသူရော ဝယ်သူပါအကျိုးအမြတ်ရရှိတယ်
Ok အဲ့မှာ ကျောက်ရဲ့အောင်ခြင်း. . .

ကျောက်မအောင်ခြင်း. . (လာပြီနော်)
ရောင်းသူက ဈေးကုန်ရောင်းမယ်
ကိုယ့်ဘက်ပဲကြည့်မယ် အပြောကောင်းကောင်းနဲ့
ဂျင်းထည့်မယ် သူ့မှာ ကျောက်ပညာမရှိဘူး(အောင်ကျောက်ကို မချဥ်းကပ်နိုင်ဘူး )ကျောက်ပညာရှိလည်းစေတနာမရှိဘူး၊ကျောက်ရဲ့ပြချက် (ကျောက်ရဲ့အဆိုးအကောင်း)ကိုလိမ်ညာပြောမယ်. . .
ဝယ်သူက ကျောက်ပညာမတတ်ဘူး(တတ်အောင်လည်းမသင်ယူဘူး)တွေ့သမျှဝယ်မယ်၊ဝယ်သမျှဖြတ်မယ်
ဖြတ်သမျှအောင်မယ်လို့တွေးတယ် ဈေးကွက်မသိဘူး
အရှုံးအမြတ်မချိန်ဆနိုင်ဘူး ကံကိုယုံပြီးဆူးပုံနင်းမယ်
အိတ်ထဲကငွေကုန်ပြီး အကျိုးမရှိဘူးကျောက်လောကကို
မကောင်းမြင်လာမယ် ကြာလာတော့ ကျောက်ဆိုတာကို ကြောက်သွားမယ် (ကျောက်မအောင်ခြင်း)
အဲ့တော့ အဖြေက . . . .
​ကျောက်ဝယ်ယူမယ်ဆိုယင် ကိုယ့်မှာဘာလိုအပ်နေလဲ?
ဝယ်ပြီးရင် ဘာလုပ်မလဲ? ဆေးပြီးပြန်ရောင်းမှာလား?
ဖောက်ချက် ကွမ်ချက်လုပ်ပြီးရောင်းမှာလား? တစ်နန်းဖြတ် နှစ်နန်းဖြတ် ဖြတ်ပြီးဖြတ်သားရောင်းမှာလား? လွှာချပ် ပန်းပု အတုံးအတစ်လုပ်ရောင်းမှာလား? အရည်တစ်စလုပ်ရောင်းမှာလား?အပွင့်သွေး အထည်ကပ်အပြီးလုပ်ရောင်းမှာလား? ပုတီးလိုင်းလုပ်မှာလား? လက်ကောက်လိုင်းလုပ်မှာလား? ကျောက်စိမ်းမှာကလိုင်းတွေက အများကြီးရှိပါတယ်...
ကိုယ်ဝယ်မယ့် ကျောက်ရဲ့အခြေအနေကိုကြည့်ပြီးအချို့ဆရာတွေက နှစ်လိုင်း၊သုံးလိုင်းကနေပြီး လေး ငါးလိုင်းလောက်အထိလုပ်ကြပါတယ်...
အဲ့နေရာမှာ ကိုယ်က ဘယ်လိုင်းအားသန်လဲ?ဘယ်လိုင်းကိုကျွမ်းကျင်သလဲ? ကိုယ်မကျွမ်းကျင်သေးတာတွေကဘယ်ဟာတွေလဲ?လေ့လာရင်းလုပ် လုပ်ရင်းလေ့လာဆိုပေမယ့်...
ကိုယ်ရင်းလိုက်တဲ့ငွေ မြတ်ရင်ဘယ်လောက်ဆိုတာထက် အကယ်၍များရှုံးခဲ့မယ်ဆိုရင် ဘယ်လောက်အထိရှုံးနိုင်မလဲ?ဆိုတာကိုတော့ အနီးစပ်ဆုံးခန့်မှန်းကြရပါတယ်...ခန့်မှန်းပြီးရင်လဲ အဲ့အရှုံးကို မိမိအနေနဲ့ခံနိုင် မခံနိုင်ကို ကြိုတင်ပြင်ဆင် တွက်ချက်ထားရပါတယ်...အဲ့တာတွေကို
အရင်စဥ်းစားပါ အဖြေရှာပါ ပြီးမှဆက်လုပ်ပါ... . . . . . ကျောက်ကကြောက်စရာ မဟုတ်ပါ... . . . .
အောင်ကျောက်များရကြပါစေ....
. . . . . . . . . ကျောက်လောက တိုးတက်ပါစေ. . . . . . .
ဆရာတွေ ရဲ့ဂုဏ်ကျေးဇူးအမြဲ ဦးထိပ်ပန်လျက် . . . . . . . .ကျနော့်ရဲ့ အသိ အတွေး စိတ်ကူးလေး
အနည်းငယ်ဖြည့်စွပ်ရေးသားထားပါသည်... . . . .
မူရင်း Creditphoto

 #မီးထိုးပေါက်တိုင်း_အသားဆန်းပြီလားကျောက်တစ်လုံး မီးထိုးပေါက်ရင် အချက်(၃)ချက်ရှိပါတယ်။(၁)နုလင်း(၂)ကျဲလင်း(၃)ဆန်းလင်း✓နုလ...
16/02/2024

#မီးထိုးပေါက်တိုင်း_အသားဆန်းပြီလား

ကျောက်တစ်လုံး မီးထိုးပေါက်ရင် အချက်(၃)ချက်ရှိပါတယ်။

(၁)နုလင်း

(၂)ကျဲလင်း

(၃)ဆန်းလင်း

✓နုလင်းဆိုတာက အသားနုပြီးမီးထိုးပေါက်နေတာပါ။

အများအားဖြင့် အကျဉ်းချုပ်ပြောရမယ်ဆိုရင်

မီးထိုးလိုက်ရင် မီးပေါက်အားမညီတာ

အသားတန်းရဲ့ ကာလာမငြိမ်တာမျိုးပါ။

အထူးသတိထားရမှာက-နုလင်းတွေက

ယမ်းပေါက်ညီပြီးယမ်းလှနေတတ်ပါတယ်။

နတ်မှော် ဘဇံချောင် ခန္တီးတွေမှာ တွေ့ရတာများပါတယ်။

ခွံဖြူတွေမှာလည်း တွေ့ရတာ များပါတယ်။

✓ကျဲလင်းဆိုတာ ကျောက်သားကျဲပြီး

မီးထိုးပေါက်နေတာပါ။

ကျဲလင်းတွေမှာ ယမ်းဆော့တာ ယမ်းမညီတာတွေ

တွေ့ရလို့ ယမ်းကိုသတိထားကြည့်စေချင်ပါတယ်။

အထူးသဖြင့် နတ်မှော် ခန္တီး ဘဇံချောင် မှော်ဆီဆာတို့မှာ

တွေ့ရများပါတယ်။ဖြတ်လိုက်ရင် ပိန်းသားအဆင့်ပါ။

✓ဆန်းလင်းဆိုတာက အသားတန်းက ခါးသားအထက်

ဖြစ်နေလို့ မီးထိုးပေါက်တာပါ။ခါးသားအထက်မှာရှိတဲ့

အသားတန်းတွေကို အသားဆန်းတယ်လို့ပြောပါတယ်။

အခွံမှာ ယမ်းပေါက်လေးတွေညီပြီး ကျစ်နေတာ

ယမ်းငြိမ်ငြိမ်လေးနဲ့ မီးထိုးရင် အလင်းငြိမ်ပြီး

ကျောက်အသားက လှနေတာမျိုးပါ။

နုလင်းနဲ့‌အကြည့်မှားတတ်ပါတယ်။သတိပြုပါ။

အသားတန်းအဆင့်မှာ

ခါးသားအောက် ခါးသားအဆင့် ခါးသားအထက်

ဆိုပြီးရှိပါတယ်။

✓ခါးသားအောက်မှာ

မောက်သား(ခေါ်)ငချိတ်သား(အနိမ့်ဆုံးအဆင့်)

ပိန်းသား

ပဲသား

ထို(၃)ခုဟာ ခါးသားအောက်အဆင့်တွေဖြစ်ပါတယ်။

✓ခါးသားအဆင့်က ညက်ချောသားပါ။

✓ခါးသားအထက်ကတော့

အသားဆန်း

တိမ်ခိုးသား

ရေခဲသား

ပေါလိသား

ဒီလောက်ဆိုရင် အသားတန်းအဆင့်နဲ့

ကျောက်တစ်လုံးက

မီးထိုးပေါက်တိုင်း မ၀ယ်သင့်ဘူးဆိုတာကို

နားလည်လောက်ပြီလို့ထင်ပါတယ်။



#ကျောက်စိမ်းအကြောင်း

Address

52/53 112F
Mandalay

Telephone

+959954062636

Website

Alerts

Be the first to know and let us send you an email when Hnin Gyi Jade Selling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Gyi Jade Selling:

Share

Category