King Real Estate

King Real Estate Let me help you for your own a home!

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကိုမိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့...
20/09/2025

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်


လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️🧑🏻‍💻မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည...
14/09/2025

လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🧑🏻‍💻မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

🧑🏻‍💻"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

🧑🏻‍💻ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

🧑🏻‍💻ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။
စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

🧑🏻‍💻လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

🧑🏻‍💻ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

🧑🏻‍💻ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

🧑🏻‍💻~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

🧑🏻‍💻~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

🧑🏻‍💻အရေးကြီးဆုံးကတော့ ...👍 ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

🧑🏻‍💻မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ🙏🙏🙏

📌ယနေ့ခေတ်မှာတော့ ရှေးထုံးတမ်းတွေကို 100% လိုက်နာနိုင်ဖို့ဆိုတာတော့မလွယ်တော့ပါဘူးခင်ဗျ
အိမ်ဆောက်ချင်သူမိတ်ဆွေတို့အတွက် ဗဟုသုတအဖြစ်မျှဝေခြင်းသာ...
---------------------------

သိန်း 720 ပေးပြီး ရွှေမန္တလေးက 2ခုမရှိတဲ့ အပန်းဖြေ အိမ်ရာထဲမှာ ဂရန်အမည်ပေါက် မြေကွက်တွေကိုအရ ယူလိုက်ပါ😍✔️အခုမိတ်ဆက်ပေးမှ...
09/09/2025

သိန်း 720 ပေးပြီး ရွှေမန္တလေးက 2ခုမရှိတဲ့ အပန်းဖြေ အိမ်ရာထဲမှာ ဂရန်အမည်ပေါက် မြေကွက်တွေကိုအရ ယူလိုက်ပါ😍

✔️အခုမိတ်ဆက်ပေးမှာကတော့ ဂရန်အမည်ပေါက်ရရှိပြီး Facilitiesအစုံအလင်ဖြင့် ဖွံ့ဖြိုးပြီး အိမ်ရာ တစ်ခု ပဲဖြစ်တယ်ခင်ဗျာ 😍😍

✔️ဒီအိမ်ရာဟာဆိုရင် မန္တလေးမြို့ရဲ့ တစ်ခုတည်းသော Resort Villa တစ်ခုဖြစ်တဲ့ Hillside Mandalay Resort &Villas ပဲ ဖြစ်ပါတယ် ခင်ဗျာ 🫶🏼🫶🏼

✔️Project ဟာဆိုရင် မန္တလေး မြို့ ပုသိမ်ကြီး မြို့နယ် ရန်ကင်းတောင်အရှေ့ သာခိုတောင်ခြေမှာ ဧက 60 ကို အိမ်ခြေ 215 လုံးဖြင့် Develop လုပ်နေတဲ့ Resort Villa ပဲ ဖြစ်ပါတယ် ခင်ဗျာ😯😯

Project facilities တွေကတော့

✅4ဧက အကျယ် ပန်းခြံ
✅Club house အဆောက်အဦး
✅Reception
✅Lobby
✅Gym
✅Function room
✅Private meeting room
✅Bar counter
✅Rooftop bar
✅Mini mart
✅Swimming pool
✅Ktv room
✅Play ground
✅Bbq area
✅24 hours မီး /လုံခြုံရေး
✅24 hours cctv system
✅Treatment water system တို့ ပါရှိပြီး လက်ရှိမှာသုံးလို့ ရနေပြီ ပဲ ဖြစ်ပါတယ် ခင်ဗျာ 😍😍

Features Plan အနေနဲ့ ကလဲ
✅Medical center
✅Preschool
✅Hotel resort
✅Lake
✅Basketball
✅Tennis ကွင်းတို့ ထပ်မံ ပါရှိမှာ ဖြစ်ပါတယ် ❤️

ရရှိနိုင်မယ့် မြေကွက်အကျယ်တွေကတော့

✔️20*60 ပေ
✔️40*60 ပေ
✔️60*60 ပေ
✔️80*80 ပေ
✔️100*100 ပေ

ဒီအိမ်ရာမှာ ယခု ဆိုရင် ဂရန်အမည်ပေါက် ရရှိမယ့် မြေကွက်တွေကို အတိုးမဲ့ အရစ်ကျ ဝယ် ယူရရှိနိုင်မှာ ဖြစ်ပြီးစျေးနှူန်းနှင့် အသေးစိတ် သိရှိရန်
အတွက် အခုပဲ ဆက်သွယ် စုံစမ်း လိုက်တော့နော်😍

ဆက်သွယ်ရန်
☎️09268528358 (Viberဖြင့်သာ ဆက်သွယ်ရန် သို့မဟုတ် Page Messenger ကနေလဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ)


ိမ်ရာ

#မန္တလေးအိမ်ခြံမြေ

ရှိတာလေး ထုခွဲရောင်းချပီးအကွက်ရိုက်ရောင်းကြတာဝယ်ကြတယ်အစိုးရဖြတ်ခိုင်းတော့ ဘဝပျက်သွားတာမြင့်တော့စိတ်မကောင်းလို့အိမ်ဆောက်လ...
26/08/2025

ရှိတာလေး ထုခွဲရောင်းချပီး
အကွက်ရိုက်ရောင်းကြတာဝယ်ကြတယ်
အစိုးရဖြတ်ခိုင်းတော့ ဘဝပျက်သွားတာမြင့်တော့စိတ်မကောင်းလို့

အိမ်ဆောက်လိုရတဲ့မြေ

အိမ်လုံးဝဆောက်ခွင့်မပြုတဲ့မြေ

ဗဟုသုတအဖစ်ခွဲခြားရေးပေးပါမယ်

#အစိုးရကအိမ်ဆောက်နေခွင့်ပြုထားတဲ့မြေများ

ပါမစ်
ဂရံ
စလစ်
ရွာမြေ
ဘိုးဘပိုင်
မြေပိုင်မြေ
လန/၃၉

#အစိုးရကအိမ်ဆောက်ခွင့်မပြုတဲ့မြေများ

လယ်မြေ
ယာမြေ
ကိုင်မြေ
ဓနိမြေ
ဥယျာဥ်ခြံမြေ G
တပ်ပိုင်မြေ
မြေလွတ်မြေရိုင်း

#မှတ်ချက်
တောင်ယာအသီးနံစိုက်ပီးလယ်စောင့်အိမ်ပုံစံဆောက်နေလို့ရတယ်


📌တိုက်ခန်း📌 #ဒဏ်ကြေးဆောင်ထားသောတိုက်ခန်းဆိုတာ ဘယ်လိုမျိုးလဲ ၊ခိုင်မာမှုရောရှိရဲ့လား နားလည်လွယ်အောင်အခန်းကဏ္ဍ(၃) ခုခွဲပြီ...
25/08/2025

📌တိုက်ခန်း📌

#ဒဏ်ကြေးဆောင်ထားသောတိုက်ခန်း
ဆိုတာ ဘယ်လိုမျိုးလဲ ၊ခိုင်မာမှုရောရှိရဲ့လား

နားလည်လွယ်အောင်
အခန်းကဏ္ဍ(၃) ခုခွဲပြီးပြောပြပေးပါမယ်။

1.

မြေရှင် / ကန်ထရိုက် တိုက်ခန်းတွေဟာ
ပုံမှန်အားဖြင့်ဆိုက BCC (လူနေခွင့်ရရှိပြီးသော) ၊ကိုယ်ပိုင်မီတာ ကျထားပြီးသော တိုက်အမျိုးအစားတွေဟာ ရောင်းဝယ်ရန်သင့်တော်သော ၊ လူနေထိုင်ရန် အသင့်တော်ဆုံး တိုက်ခန်းအမျိုးအစားတွေဖြစ်ပါတယ်။ (ဒါကတော့ သိပြီးသားမို့အများကြီး မရှင်းပြတော့ပါ။)

2. #ဘုတ်အစိမ်း

အချို့တိုက်ခန်းတွေကျတော့ BCC မကျဘဲ ဘုတ်အစိမ်း ( ယခု ဘုတ်အပြာ ) သာ ကျထားတဲ့ တိုက်ခန်းအမျိုးအစားတွေလဲ ရှိပါတယ်။
အဲ့ဒီတိုက်တွေကျ လူနေလို့မရဘူးလား? /အရောင်းအဝယ်လုပ်လို့မရဘူးလား ? ခနခနလာမေးကြပါတယ်။

အဆိုပါတိုက်ခန်းတွေကျတော့ ကန်ထရိုက်တာဖြစ်သူက Foundation စ တူးချိန် က စပြီး သက်ဆိုင်ရာစည်ပင်ဌာနမှာ တရားဝင်ဆောက်လုပ်ခွင့် (ဘုတ်အစိမ်း) တင်ပြီးမှ ဆောက်လုပ်ထားသည့်တိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ BCC မကျတာကဘာ့ကြောင့်လဲ??

ဘာ့ကြောင့်လဲ ဆိုရာမှာက
အကြောင်းအရာမျိုးစုံရှိနိုင်တယ်၊ကန်ထရိုက်က တိုက်ကိုသာပြီးစီးအောင် ဆောက်လုပ်သွားပြီး BCC /ကိုယ်ပိုင်မီတာ ဆက်လက်မဆောင်ရွက်ပေးခဲ့တာမျိုး၊ အဆောက်အဦးပြီးစီးတဲ့အချိန်မှာ စည်ပင်ကသတ်မှတ်တဲ့စည်းကမ်းချက်နဲ့မညီတာ မျိုး စတာတွေကြောင့် BCC မရနိုင်တာမျိုးတွေရှိတတ်ကြပါတယ်။

3. ိုက်
(သို့)
ဒဏ်ကြေးဆောင်ထားသည့်တိုက်

အဲ့ဒီတိုက် တွေက တော့ လူနေထိုင်ရန်
တကယ်ကိုမသင့်တော်တဲ့ တိုက်ထဲမှာပါ ပါတယ်။ အဲ့ဒီတိုက်တွေက အများအားဖြင့်မြေပိုင်ဆိုင်မှု အထောက်အထားမရှိသော၊ အစားထိုးပြန်ရထားသော မြေပေါ်မှာဆောက်လုပ်ကြတဲ့တိုက်ခန်းတွေပါ ပါတယ်။

နဂိုကတည်းက မြေပိုင်ဆိုင်မှုမခိုင်မာ
ထားတဲ့အတွက် သက်ဆိုင်ရာစည်ပင်ဌာနမှာ တရားဝင်ဆောက်လုပ်ခွင့်တင်ပြီး
ဆောက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဒါ့ကြောင့်ကန်ထရိုက်တွေဟာ သက်ဆိုင်ရာ စည်ပင်ဌာန နဲ့ အဆင်ပြေအောင်ချိတ်ဆက်ပြီး
ဆောက်ကြပါတယ်။ သို့ပေမဲ့ စည်ပင်က ဒဏ်ကြေးရိုက်စရာရှိတာလဲ ရိုက်ပြီး သူ့သက်ဆိုင်ရာ စည်ပင်တရားရုံးမှာ ဒဏ်ကြေးဆောင်ရပါတယ်။

အဆိုပါတိုက်မျိုးတွေက ဘုတ်အစိမ်းလဲ မကျထားသလို၊ BCC ၊ ကိုယ်ပိုင်မီတာ မျိုးလဲ မရရှိနိုင်တဲ့အခန်းတွေပါ။

လူနေထိုင်ရန်မသင့်တော်ဟု ဆိုသော်ငြားလဲ အဆိုပါတိုက်ခန်းတွေကိုတော့ ဝယ်ယူပြီးနေထိုင်ကြသူများလဲရှိပါတယ်။ BCC ကျထားသည့်တိုက်ခန်းမျိုးနှင့်တော့ ရာဂဏန်းလောက် အရောင်းအဝယ်စျေးကွာဟ ပါတယ်။
လှိုင်မြို့နယ်၊ သမိုင်းမြို့သစ် ဘက်တွေမှာ အဆိုပါတိုက်ခန်းအမျိုးအစားတွေ အများဆုံး
ရှိကြပါတယ်။

ဥပဒေအရ ဆိုလျှင်တော့ without ဆောက်ထားသည့်တိုက်ကို ဒဏ်ကြေးရိုက်ပြီး ဆက်လက်ဆောက်လုပ်ရန်ခွင့်မပြုဘဲ ဆက်လက်ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ပြီးစီးထားသည့် အဆိုပါတိုက်တွင်
ဝင်ရောက်နေထိုင်သူများကိုလဲ ထိုနေရာမှ(အဆောက်အဦးတွင်းမှ) ဖယ်ရှားရန် ညွှန်ကြားချက် ထုတ်ပြန်၍ အရေးယူဆောင်ရွက်နိုင်ပါသည်


20/08/2025

✔️Mingalar Tower Condo အငှါး
✔️623 sqft
✔️1bedroom special
✔️Kitchen Separate
✔️Fully Furnished
✔️Fully facilities
✔️Car parking 1 lot include
✔️Smart home technology
✔️Face scan Security

Comment တွင် Sample room အခန်းပုံများကြည့်နိုင်ပါသည်

အရှေ့လှည့်
တစ်လ 35သိန်း
ပိုင်ရှင်တိုက်ရိုက် အကျိူးတူရ 👌👌

ဆက်သွယ်ရန်
09268528358 (Viber ဖြင့်သာ ဆက်သွယ် ရန် သို့မဟုတ်
Page messenger ကနေတဆင့် ဆက်သွယ်ရန်)

GP နှင့် SP ခြားနားခြင်း သိကောင်းစရာGP ( General Power )အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦ...
13/08/2025

GP နှင့် SP ခြားနားခြင်း သိကောင်းစရာ

GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )

အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့ မရပါ။

- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။


ကွန်ဒို ဝယ်ယူတော့မည်ဆိုပါကကိုယ်ဝယ်ယူမည့်ကွန်ဒိုရဲ့ Developer ကနေပေးထားသော Owner Book မူရင်း ရှိမရှိ ပိုင်ရှင်ကိုယ်တိုင်အ...
10/08/2025

ကွန်ဒို ဝယ်ယူတော့မည်ဆိုပါကကိုယ်ဝယ်ယူမည့်ကွန်ဒိုရဲ့ Developer ကနေပေးထားသော Owner Book မူရင်း ရှိမရှိ ပိုင်ရှင်ကိုယ်တိုင်အမည်ပေါက်ဟုတ်မဟုတ် စစ်ဆေးရန် ( Developer Owner Book , အိုးအိမ် Owner Book , ဆက်စပ်စာချုပ် , BCC မိတ္တူ )။

Developer နှင့် Owner ချုပ်ဆိုထားသော စာချုပ်မူရင်း ရှိမရှိ , အမည်ပေါက်မပေါက် သေချာစစ်ဆေးရန်။

လစဉ် ( သို့ ) နှစ်စဉ် ပေးဆောင်ရသော Maintenance Fee , မီတာခ , ရေဖိုး အကြွေးကျန်ရှိမရှိ , ငွေသွင်းထားပါက ချလံမူရင်းပြခိုင်းရပါမည်။

အခန်းပိုင်ရှင်ဟာ ကားပါကင်နေရာကို အပိုင်
ဝယ်ထားလား/ ငှါးထားတာလား စစ်ဆေးရန်
( အတည်တကျဝယ်ထားတာဆိုရင်နေရာအတိအကျရှိမရှိ စစ်ရန် , ငှါးထားတာဆိုရင် ငွေဘယ်ကာလထိသွင်းထားသလဲ ကြည့်ရပါမည် )။

ဝယ်ယူပြီးပါက ကိုယ့်အမည်ပြန်ပြောင်းရမှာဖြစ်သည့်အတွက် Owner Book Name Change Fee သည် Developer တစ်ခုနဲ့တစ်ခု မတူတဲ့အတွက်ကုန်ကျစရိတ်အား ကြိုတင်မေးမြန်းထားရပါမည်။

လက်ရှိ Owner၏ အငှါးတင်ထားသော အခန်းကိုဝယ်ယူမယ်ဆိုပါက အခန်းကဘယ်နေ့နောက်ဆုံးဖယ်ပေးနိုင်မလဲဆိုတာ ( သို့ ) လက်လွှဲအငှါးယူမယ်ဆိုပါက စာချုပ်မူရင်းနဲ့ လက်ရှိအငှါးနေနေတဲ့သူ သိရှိကြောင်း လက်မှတ်ထိုးခိုင်းရန်။

ဤအရာတွေအားလုံးကို ကိုယ်ဝယ်ယူမည့် ကွန်ဒို Project Developer ရဲ့ Management Team မှာအားလုံးစစ်ဆေးရန်လိုအပ်ပါသည်။

အခန်းကြိုက်၍ စရံပေးစာချုပ်ချုပ်ဆိုတော့မည်ဆိုပါက ရောင်းသူဝယ်သူ ညှိနှိုင်းပြီးသည့်အချက်အလက်များကိုသေချာရေးထည့်ရပါမည်။

စရံပေးစာချုပ်သည်လည်း အရမ်းအရေးကြီးပါသည် စရံပေးစာချုပ်မှာပါသည့် အချက်အလက်တွေအတိုင်းကို နောက်ဆုံးငွေအပြီးချေပြီးတဲ့အပြင်အခန်းကိုလက်ရောက်ပေးနိုင်တဲ့အထိဆက်လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။

ငွေအပြေအကြေချေတဲ့စာချုပ်ထဲမှာ Payment နဲ့ ပါဝင်ပစ္စည်းများကို အတိအကျထည့်သွင်းရေးထည့်ထားရပါမည်။

Developer Owner Book ရသည့် Project တွေဆိုပါက သတင်းစာကြေငြာထည့်ဖို့ အရမ်းအရေးမကြီးပေမဲ့ ဆက်စပ်စာချုပ်နဲ့ဝယ်ယူမည်ဆိုပါက သတင်းစာကြေငြာထည့်သွင်းဖို့လိုအပ်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ အိမ်ခြံမြေတစ်ခုခုဝယ်ယူမည်ဆိုပါက သိတတ်နားလည်သည့်မိတ်ဆွေ ( သို့ ) ရှေ့နေ များဖြင့်သာ ဝယ်ယူဖို့အတွက် အကြံပြုလိုက်ပါရစေ။



09941456262

ပိုင်ရှင် တွေ အရောင်း ကို  Onlineပေါ် တင် ထားရင် ဖုန်း နံပါတ် ကလဲ တိုက်ရိုက် တင်ထားသေးတယ် အဲ့ လိုပိုင်ရှင်တွေ အိမ် ခြံ လ...
10/08/2025

ပိုင်ရှင် တွေ အရောင်း ကို Onlineပေါ် တင် ထားရင် ဖုန်း နံပါတ် ကလဲ တိုက်ရိုက် တင်ထားသေးတယ် အဲ့ လိုပိုင်ရှင်တွေ အိမ် ခြံ လာအပ်ရင် အကျိုးဆောင်အများစုက မပြ.ပေး.တော့ဘူး ရှောင်ကြတာများတယ် ဆိုတာ က ...

ကျွန်တော်လည်း မပြပေးဖြစ်တော့ဘူး
ကိုယ်ပြပေးနေလည်း ကိုယ့်အတွက် အကျိုးဆောင်ခရဖို့က လုံးဝ/မသေချာသလောက်ဖြစ်နေတယ်

တခါထပ်ဖြစ်ပြန်ရော အကျိုးဆောင်လည်း အပ်ထားတယ် ဖုန်းနံပါတ်လည်း ချိတ်ထားတယ် ဒါဆိုပိုဆိုးတယ်

✅ ဒါဆိုဘယ်လိုလုပ်ရမလဲ
အကျိုးဆောင် ကောင်း..ကိုရှာပြီး အပ်တာအရောင်းအဝယ်မြန်ပါတယ် ဖုန်းနံပါတ်ကိုတော့ ဖြုတ်ထားရမှာပေါ့

✅ အကျိုးဆောင်ဆိုပြန်တော့လည်း
မြန်မြန်ရောင်းထွက်ချင်တယ်ဆိုရင် အရောင်းအဝယ်သွက် မယ့်
အလုပ်လုပ်နေတဲ့ Image ကောင်းတဲ့အကျိုး.ဆောင် ကိုသေချာအပ်ပါ

✅ အကျိုးဆောင်ခကိုမမြင်စေချင်ဘူး
ဖွင့်ဈေးစဖွင့်ထဲက အကျိုးဆောင်ခကိုပါသတိတရနဲ့ ထည့်ဖွင့်ရပါမယ် ဈေးညှိရင်လည်း အကျိုးဆောင်ခကို သတိထားထည့်ညှိလိုက်ရင် အဆင်ပြေတာပါပဲ
အကျိုးဆောင်ခဆိုတာ အကျိုးဆောင်ရဲ့ ရပိုင်ခွင့်လို့ မြင်ကြည့်ထားပေးလိုက်ပါ

✅ ကမ္ဘာကျော်ဘောလုံးလောကမှာတောင် ဘောလုံးသမားတွေကို Agent ကို ဒေါ်လာသန်းနဲ့ချီပေးပြီး Agent ကနေတဆင့် ကိုယ်ကြိုက်တဲ့ ဘောလုံးသမားတွေကိုဝယ်နေကြတာပါပဲ

✅ အကျိုးဆောင်ဆိုတာ သီးခံတယ်ဗျာ
ပိုင်ရှင်အချင်းချင်း အဝယ်နဲ့ အရောင်းကြတော့ ပြောရရင်မင်းဘာလဲ ငါဘာလဲနဲ့ မာနပြိုင်ရင် ပွဲပျက်တာများတယ် အရောင်း အဝယ်ခဏ ခဏ ပျက်ရင်လည်း မကောင်းတတ်ဖူး

✅ အကျိုးဆောင်ကောင်းက သီးခံပြီး နှစ်ဦးနှစ်ဖက်ကိုညှိပေးလေ့ရှိတယ်
အဝယ်နဲ့ အရောင်းက အကျိုးဆောင်ကြားခံပြီး တရစ်ချင်း ညှိယူလို့ရတယ်
အရောင်းနဲ့ အဝယ်မှာ အကျိုးဆောင်ခပေးရတယ်လို့မမြင်ပဲ အကျိုးဆောင်
ကောင်းကိုအသုံးချရမှာပါ ပိုအောင်မြင်တယ်စိတ်ချမ်းသာတယ်ပေါ့

✅ အကျိုးဆောင်ကိုအသုံးချတတ်လို့ ဈေးသက်သာသွားတဲ့ သူတွေလည်းရှိတယ် အကျိုးဆောင်ကို အသုံးချတတ်လို့ ဈေးပို ရသွားတဲ့သူတွေလည်း ရှိတယ် အိမ်ပိုင်ရှင်တွေရဲ့ အကျိုးဆောင်ကို ဘယ်လောက်အထိ အသုံးချတတ်သလဲဆိုတာအပေါ်မှာ မူတည်သွားတာပါပဲ

✅ အကျိုးဆောင်ဆိုတာ အိမ်လေးပြပေးရုံနဲ့ ပြီးတာမှမဟုတ်တာ အရောင်းအဝယ်ဆရာတို့က အကျိုးဆောင်ကိုအသုံးချတတ်ရင် ဒူးနှံ့နေရုံပါပဲ တဖက်အဝယ်ကိုဘာလေးပြောချင်ချင် ကိုယ်တိုက်ရိုက်ပြောစရာမလိုဘူး အကျိုးဆောင်ကိုလှမ်းပြောလိုက် ညီလေးရေ ငွေလေးတော့ ချိန်းထားတဲ့ ရက်ကလေးနဲ့ စောပြီးလိုချင်တဲ့ ကူညီပေးဦး အကျိုးဆောင်ကဆက်ညှိပေးလိမ့်မယ် ဒါမျိုးတွေကအစ အသုံးချလို့ရတယ်

✅ အကျိုးဆောင်ခကိုတော့
ပုံမှန်အတိုင်း ရောင်းရတဲ့ အပေါ်မှာသိန်း ၁၀၀၀အထက် (၂%)ကို ယူပါတယ်ဗျ သိန်း ၁၀၀၀အောက် ၃% ပါအပိတ်.စျေး.ဆိုရင်လည်း အရောင်း အဝယ်မလုပ်ပါဘူး
အပိတ်ဆိုရင် အကျိုးဆောင်ခကို တင်ယူရတာမို့ တင်ရိုက်တယ်ဆိုတဲ့ အသံထွက်လာရင် နာမည်ပျက်နိုင်ပါတယ်
ဖြူဖြူစင်စင်ရတဲ့ (%)ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်ဗျ

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏




ကျွဲဆည်ကန် လမ်းမတင် စာရွက်စာတမ်းကောင်းတာလေးရှိရင် ပြပေးကြပါအုန်း ခင်ဗျာ အဝယ်တိုက်ရိုက် ရှိပါတယ် မြေအကျယ် 40*60 ရချင်ပါတယ...
07/08/2025

ကျွဲဆည်ကန် လမ်းမတင် စာရွက်စာတမ်းကောင်းတာလေးရှိရင် ပြပေးကြပါအုန်း ခင်ဗျာ

အဝယ်တိုက်ရိုက် ရှိပါတယ် မြေအကျယ် 40*60 ရချင်ပါတယ် မျက်နှာစာ 30ထိကအနဲဆုံးကျယ်ချင်ပါတယ်

အနောက်ဘက်ကို ရှည်တာမျိူးလဲ ရပါတယ် စျေးကတော့ သူ့နေရာ သူ့စျေးနဲ့သူ ခေါ်တဲ့အကွက်ဆိုရင် လိုက်နိုင်ပါတယ် ခင်ဗျာ

Comment မှာ မပြပဲ Page messenger သို့မဟုတ် 09268528358 (Viber) ကနေ ပဲ ပို့ပေးကြပါခင်ဗျာ 😍

Address

Mandalay

Alerts

Be the first to know and let us send you an email when King Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share