14/09/2023
#အများသိစေရန်ကြေညာခြင်း
Pho La Min Myanmar Co.,Ltd. ဖိုးလမင်းအိမ်ခြံမြေ
နှင့်ဆောက်လုပ်ရေး အထွေထွေ ဝန်ဆောင်မှုလုပ်ငန်း အမည်အား အသုံးပြု၍ မသမာသူများမှ ကျွန်ုပ်တို့၏ မိတ်ဆွေများထံတွင် ဖုန်းဘေလ်များတောင်းခံခြင်း၊ ငွေချေးငှားခြင်းများပြုလျှက်ရှိကြောင်း ကြားသိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ရပ်များအား Pho La Min Myanmar Co.,Ltd. ဖိုးလမင်းအိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှ လုံးဝပြုလုပ်ခြင်း/သက်ဆိုင်ခြင်းမရှိပါသောကြောင့် အထက်ပါကိစ္စရပ်များ ပေါ်ပေါက်လာပါက ဖိုးလမင်း ကုမ္ပဏီမှ လုံးဝ (လုံးဝ) တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ပါကြောင်းနှင့် ၎င်းမသမာသူများအား စုံစမ်းဖော်ထုတ်၍ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်စေရန် အသိပေးကြေညာအပ်ပါသည်။