29/01/2024
မြေအမျိုးအစားများ
၁။ ဓားမဦးချမြေ
၂။ ဘိုးဘပိုင်မြေ
၃။ မြေပိုင်မြေ
၄။ ဂရန်မြေ
၅။ အငှားမြေ
၆။ လိုင်စင်မြေ
၇။ အခွန်လွတ်သာသနာမြေ
၈။ ပါမစ်မြေ
၉။ စကွာတာမြေ
၁၀။ အစိုးရမြေ
အဓိပ္ပါယ်ဖွင့်ဆိုချက်
၁။ဓားမဦးချမြေ။ မြန်မာဘုရင်များ လက်ထက်မြေလွတ်မြေရိုင်း ( Virgin Land )များ အား
မည်သူမဆိုခုတ်ထွင်း၊ ရှင်းလင်းစိုက်ပျိုးလုပ်ကိုင်ခွင့် ( Squatter’sRight )
ပေးပါသည်။( ၁၀ )နှစ်တိုင်စိုက်ပျိုး လုပ်ကိုင်၍ အခွန်မပြတ် ထမ်းဆောင်သူ
ကိုမြန်မာဘုရင်တို့က ဓားမဦးချမြေ ဟူ၍ ပိုင်ဆိုင်ခွင့်ပေးပါသည်။ လက်ရှိ
ထားပိုင်ခွင့်၊ထွန်ယက်စိုက်ပျိုးနိုင်ခွင့်၊ သီးစားချပိုင်ခွင့်၊ပေါင်နှံပိုင်ခွင့်၊ ရောင်း
ချပိုင်ခွင့်၊ပေးကမ်းပိုင်ခွင့် ၊ ခွဲစိတ်ပိုင်ခွင့်၊အမွေဆက်ခံပိုင်ခွင့်ရှိပါသည်။
၂။ဘိုးဘပိုင်မြေ။ ဓားမဦးချမြေကို သားစဥ်မြေးဆက် ဆက်လက်လုပ်ကိုင် သွားခြင်းဖြင့် ဘိုးဘ
ပိုင်မြေ ( ancestral land ) ဟူ၍ ပိုင်ဆိုင်ခွင့်ပြု ပါသည်။ ၄င်း ပိုင်ဆိုင်ခွင့်
သည်အမြဲတမ်း(Permanent) သဘောရှိပြီး၊ လက်ရှိထားပိုင်ခွင့်၊ ထွန်ယက်
စိုက်ပျိုးနိုင်ခွင့်၊ သီးစားချပိုင်ခွင့်၊ပေါင်နှံပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် ၊ပေးကမ်းပိုင်
ခွင့် ၊ ခွဲစိတ်ပိုင်ခွင့် ၊လှူဒါန်းပိုင်ခွင့်၊အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။
၃။မြေပိုင်မြေ။ အင်္ဂလိပ်အစိုးရအုပ်ချုပ်မှု စတင်ပြီးနောက် မြေလွတ်မြေရိုင်းများ ခုတ်ထွင်း
ရှင်းလင်းစိုက်ပျိုး လုပ်ကိုင်လျက်( ၁၂ )နှစ် အခွန်မပြတ် ထမ်းဆောင်ပါက
၁၈၇၆ ခုနှစ် မြေနှင့်အခွန်တော်အက်ဥပဒေပုဒ်မ ( ၇ ) အရ ( Status of Land holder’s Right ) ခေါ် “ လက်၀ယ်ထားရှိလုပ်စားပိုင်ခွင့် ” ပြုပါ
သည်။ အဆိုပါလုပ်ပိုင်ခွင့်အရ မြေကိုလက်ရှိထားပိုင်ခွင့် ၊ စိုက်ပျိုးနိုင်ခွင့်၊
သီးစားချပိုင်ခွင့်၊ ပေါင်နှံပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်၊ ပေးကမ်းပိုင်ခွင့် ၊
ခွဲစိတ်ပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။
၂
အထက်ဖေါ်ပြချက်မှာ ကျေးလက်နှင့် သက်ဆိုင်သော လယ်မြေမျိုး
ဖြစ်ပြီး၊အင်္ဂလိပ်အစိုးရကရန်ကုန်မြို့တော်အားခေတ်သစ်မြို့တော်( Modern
City )အဖြစ် တည်ဆောက်သည့် အခါကာလတွင် မြို့လယ် ( Down town)
ဧရိယာ၌ လူနေမြေကွက်များ စနစ်တကျ ဖေါ်ထုတ် အကွက်ရိုက်ပြီး နောက်
ရောင်းချခဲ့ရာ ၀ယ်ယူသူများကို မြေပိုင်မြေ ( Freehold Land ) အဖြစ်
ခွင့်ပြုပေးခဲ့ပါသည်။ အမြဲ(Permanent)ပိုင်ဆိုင်ခွင့်သဘောရှိပြီး၊ လွှဲပြောင်း
ခြင်း(၅)မျိုး ( ရောင်း/ပေါင်/လဲ/ငှား/ပေး)ခွင့်နှင့် အမွေဆက်ခံခွင့်ရှိပါသည်။
လက်၀ယ်ထားရှိ လုပ်စားပိုင်ခွင့် ( Land holder’s Right ) သည်
၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ(၄)
ပုဒ်မခွဲ(၁၀-က) အရ အခွန်တော် (မြေနှင့်အခွန်တော်အက်ဥပဒေတွင်ဖွင့်ဆို
ထားသည့်မြေခွန်တော်)၊ အခ၊ခိုင်းကြေး၊ နှုန်းထားများနှင့် အခြားပြဌာန်းချက်
(မြို့နှင့်ကျေးရွာမြေများအက်ဥပဒေတွင် ဖွင့်ဆိုထားသည့်ငှားရမ်းခ)ကို မပြတ်
ပေးဆောင်ရပါသည်။
မြေပိုင်မြေ (Freehold Land ) သည် ငှားရမ်းခ (Rent) ပေးဆောင်
ရန်မလိုဘဲ၊ မြေစာရင်းကြီးကြပ်သည့် ဌာနက ကောက်ခံသော မေြခွန်တော်
(Land Revenue )ကို ( ၁ )နှစ်လှျင် တစ်ကြိမ်ထမ်းဆောင်ရသည်။
၄။ဂရန်မြေ။ တစ်ဦးတစ်ယောက်မှ တစ်စုံတစ်ရာ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်
တောင်းခံခြင်းအပေါ် သဘောတူညီမှု (Consent) ပေးခြင်းကို ဆိုလိုသည်။
၁၈၇၆ခုနှစ် မြေနှင့်အခွန်တော်အက်ဥပဒေ(၃)၊ ၁၈၉၈ခုနှစ်၊အောက်
မြန်မာနိုင်ငံတော်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ (၁၆)၊ တို့အရ ဂရန်
(Grant) ထုတ်ပေးပါသည်။
မြေနှင့်အခွန်တော်နည်း ဥပဒေပုဒ်မ(၁၃) အရ စိုက်ပျိုးရေးအတွက်
လည်းကောင်း၊ နည်းဥပဒေ(၂၅)အရ လက်ဖက် (သို့မဟုတ်) ကော်ဖီပင်များ
အတွက်လည်းကောင်း၊ နည်းဥပဒေပုဒ်မ၂၉(က)မှ(ဆ)အရ ရာဘာစိုက်ပျိုး
ရန်အတွက်လည်းကောင်း၊ နည်းဥပဒေ ၃၁(က)မှ(ဃ)အရ စိုက်ပျိုးလုပ်ကိုင်
ရန်သင့်တော်မှုမရှိသော ဖုန်းဆိုးမြေများတွင်ဧက(၅၀) ထက်မပိုပဲ ဝါးပင်နှင့်
သစ်တောဥပဒေအရ ထိန်းသိမ်းရန် ကြော်ငြာထားသည့် သစ်ပင်မှလွဲသော
သစ်ပင်များစိုက်ပျိုးရန်လည်းကောင်း၊ နည်းဥပဒေသ(၃၂)နှင့် အောက်မြန်မာ
နိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ(၅၀)တို့အရ သာသနာရေးအဆောက်
၃
အအုံဆောက်လုပ်ရန်၊သို့မဟုတ်အများပြည်သူနှင့်သင့်လျှော်မှုမရှိသည့်နေရာ
တွင်အခွန်လွတ်ဂရန်ကိုလည်းကောင်း၊မြေနှင့်အခွန်တော်နည်းဥပဒေ(၃၄)နှင့်
အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ (၅၂) အရ ဗုဒ္ဓသိမ် အ
တွက် အခွန်လွတ်သိမ်ဂရန်ကို လည်းကောင်း၊ မြေနှင့်အခွန်တော်နည်းဥပဒေ
(၃၇)ပုဒ်မခွဲ(၁မှ၄)အရရေကန်များ၊သင်္ချိုင်းမြေများနှင့်အဆောက်အဦးများအ
တွက်လည်းကောင်း ဂရန်ထုတ်ပေးသည်။
၅။အငှားမြေ။ မြေ သို့မဟုတ် အဆောက်အဦး ပိုင်ဆိုင်သူမှ အခြားတစ်ဦးတစ်ယောက်သို့
ပြဌာန်းထားသည့် အချိန်ကာလတွင်သတ်မှတ်ထားသည့်ပုံသေငွေ(ငှားရမ်းခ)
ပေးဆောင်ခြင်းဖြင့်အဆိုပါမြေသို့မဟုတ် အဆောက်အဦးကိုအသုံးပြုစေရန်
သဘောတူသည့်တရားဝင်ပဋိညာဥ်တစ်ရပ်(aLegal contract)ဟူ၍ဖွင့်ဆို
ပါသည်။
၁၈၉၈ခုနှစ်အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ(၆)
အရ အဆောက်အဦး အတွက်သော်လည်းကောင်း ၊ စက်မှုလုပ်ငန်းအတွက်
သော်လည်းကောင်း၊လူနေထိုင်ရန်အတွက်သော်လည်းကောင်း ၊ ရန်ကုန် စည်
ပင်သာယာရေးအဖွဲ့ (The Rangoon Development Trust) ၏ ၁၉၂၂
ခုနှစ်မြေနည်းဥပဒေ(၉) အရလည်းကောင်း၊ (၄င်းနည်းဥပဒေတွင်အခြားရည်
ရွယ်ချက် Other Purpose ထပ်မံဖြည့်စွက်ထားရှိသည်)။အငှားမြေ(Lease)
အတွက်မြေငှားစာချုပ်ထုတ်ပေးပါသည်။
အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ(၇)အရသာမန်
မဟုတ်သောကြီးမားတောင့်တင်းသည့်အဆောက်အဦးတစ်ခု(a substantial
Building)ဆောက်လုပ်ရန်အတွက်နှစ်(၃၀) ထက်မပိုသည့်ကာလ၊ ၄င်းသက်
တမ်း ပြည့်မြောက်ကုန်ဆုံးပါက မူလအစမှနေ၍ အမြင့်ဆုံးကာလ နှစ်(၉၀)
အထိသက်တမ်းတိုးခွင့်ရှိပြီး၊ အထူးကိစ္စရပ်တွင်ဘဏ္ဍာတော်မင်းကြီး၏အမိန့်
ဖြင့်ရာသက်ပန်(Perpetuity)မြေငှားစာချုပ်ထုတ်ပေးသည်။
၄င်းနည်းဥပဒေ(၈)အရ လျှောက်ထားသူက အဆောက်အဦး ဆောက်
လုပ်ရန်သာဖော်ပြပါက(၁၀)နှစ်မြေငှားစာချုပ်ထုတ်ပေးပြီး၊သက်တမ်းတိုးခွင့်
မပြုပါ။
ရန်ကုန်စည်ပင်သာယာရေးအဖွဲ့၏ ၁၉၂၂ခုနှစ် မြေနည်းဥပဒေ (၁၁)
(က)အရ သုံးလပတ်မြေငှားစာချုပ်၊ နှစ်ခြင်းမြေငှားစာချုပ်၊ ငါးနှစ်မြေငှား စာ
၄
ချုပ်၊ နှစ်(၃၀) ဆင်ခြေဖုန်းမြေငှားစာချုပ်၊ နှစ်(၉၀)မြေငှားစာချုပ်၊ အဖွဲ့က
အထူးအြေခအနေအတွက် ရာသက်ပန်မြေငှားစာချုပ်များ ထုတ်ပေးသည်။
ယခုနှစ်(၆၀)မြေငှားစာချုပ်ကိုသာရန်ကုန်စည်ပင်သာယာနယ်နိမိတ်
တွင်ထုတ်ပေးသည်။
၆။လိုင်စင်မြေ။ ၁၈၉၈ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ(၄)
ပုဒ်မခွဲ(၇) အရ “ခွင့်ပြုနိုင်သောအခွင့်အာဏာရှိသည့် အခွန်တော်အရာရှိ
(Revenue Officer) တစ်ဦးတစ်ယောက်ကနိုင်ငံပိုင်မြေ (State Land)ကို
လက်ရောက်ယူရန်နှင့် အသုံးပြုရန်စာအားဖြင့် ခွင့်ပြုပေးသည့်”ကိုလိုင်စင်
(License)ဟု ပြဌာန်းထားသည်။
၄င်းနည်းဥပဒေ ပုဒ်မ(၁၆) ပုဒ်မခွဲ(ခ)အရ လည်းကောင်း၊ ၄င်းအက်
ဥပဒေပြုလုပ်သောနည်းဥပဒေ (၃၀)အရလည်းကောင်း၊ အဆောက်အဦးအ
တွက်ဖြစ်စေ၊လူနေထိုင်ရန်ဖြစ်စေ၊ သို့မဟုတ်စက်မှုလုပ်ငန်း (တကယ့်ယာယီ
အမျိုးအစား၊သို့မဟုတ် ၁၀နှစ်မြေငှားစာချုပ်ရယူလိုခြင်းမရှိလျှင်) လိုင်စင်ချ
ထားပေးပြီး၊ ၄င်းနည်းဥပဒေ(၃၄)အရ(၃) နှစ် အချိန်ကာလအထိသာ ခွင့်ပြု
သည်။
၇။အခွန်လွတ်သာသနာမြေ။ ၁၈၉၈ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အက်ဥပဒေအရ ပြု
လုပ်သော နည်းဥပဒေ(၅၀)အရလည်းကောင်း၊၁၈၇၆ခုနှစ်မြေနှင့်အခွန်တော်
နည်းဥပဒေအရပြုလုပသောနည်းဥပဒေ (၃၂)အရလည်းကောင်း၊အခွန်လွတ်
သာသနာမြေအားဂရန်ထုတ်ပေးပါသည်။
၈။ပါမစ်မြေ။ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာဒေသတွင် ယာယီအားဖြင့် လူနေထိုင်
ရန်စည်းကမ်းချက်နှင့်ယာယီခွင့်ပြုပေးသည့် မြေမျိုးဖြစ်ပြီး၊(၁)နှစ်အချိန်ကာ
လခွင့်ပြုပါသည်။ လွှဲပြောင်းခြင်း(၅)မျိုး ဖြစ်သည့် (ေရာင်း/ပေါင်/လဲ/ငှား/
ပေး)ခွင့်မရှိပါ။ သက်တမ်းကုန်ဆုံးပါက မြေငှားစာချုပ် (Lease) တောင်းဆို
ပိုင်ခွင့်ကို ဥပဒေအရ ပြဌာန်းထားခြင်း မရှိပါ။
၉။စကွာတာမြေ။ စကွာတာ(Squalter)မှာကျူးကျော်ခြင်းဖြစ်ပြီး၊အင်္ဂလိပ်အစိုးရအုပ်ချုပ်စဥ်က
မြေဝယ်ယူရန်မတတ်နိုင်သော ၊မြေငှားစာချုပ် လျှောက်ထားရယူရန် မတတ်
စွမ်းနိုင်လောက်အောင် ဆင်းရဲသောသူများကို အခွင့်အမိန့်မရှိပဲ၊လက်ရောက်
ရယူနေထိုင်သည့်နိုင်ငံပိုင်မြေ (State Land ) အတွက် အနည်းဆုံးမြေငှားခ
(a small rent) ပေးဆောင်နေထိုင်ခွင့်ပြုထားသည် ့ မြေဖြစ်သည်။ တနည်း
၅
အားဖြင့်ကျူးကျော်မြေ (Squatter Land)ဖြစ်သည်။ စနစ်တကျအကွက်ကျ
ဖော်ထုတ်ပြီးခွင့်ပြုချက်တစုံတရာမရရှိပဲ ဝင်ရောက်နေထိုင်သည့် လူနေမြေ
ကွက် ၊မြေငှားစာချုပ်သက်တမ်းကုန်ဆုံးသော၊ စာချုပ်စည်းကမ်းဖောက်ဖျက်
သောမြေပေါ်တွင် ဆက်လက်နေထိုင်လျက်ရှိသည့် မြေမျိုးဖြစ်သည်။
၁၀။အစိုးရမြေ။ ၁၈၅၂ခုနှစ်၊ဒီဇင်ဘာလတွင်အင်္ဂလိပ်အစိုးရကရန်ကုန်မြို့၊၄င်းနှင့်ဆက်စပ်နေ
သည့်ဆင်ြေခဖုန်းမြေများကိုအစိုးရမြေအဖြစ်သတ်မှတ်ကြော်ငြာခဲ့ပြီး၊ ၁၈၈၅
ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၊ အထက်မြန်မာပြည်ရှ ိမြန်မာဘုရင်
ပိုင်အရာတော်မြေ(RoyaL Land)တို့သည်အစိုးရမြေ(GovernmentLand)
ဖြစ်သည့်နိုင်ငံပိုင်မြေ(State Land)ဟုလည်း သတ်မှတ်နိုင်သည်။
၁၈၉၈ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ
ပုဒ််မ(၄)ပုဒ်မခွဲ(၁)တွင် နိုင်ငံပိုင်မြေ(State Land)၏ အဓိပါယ်ကို “အစိုးရ
ကိုယ်စားဖြစ်စေ ၊သို့မဟုတ် အစိုးရကဖြစ်စေ၊ဆက်လက်၍၊ သို့မဟုတ်တရား
ဝင်အသိအမှတ်ပြု၍ အခွန်လွတ်ဂရန်နှင့်အကြွင်းမဲ့ပြည့်စုံမှုမရှိသောဂရန်မြေ
အားလုံး”ကို ဆိုလိုသည်။
၄င်းပြင်အခြားသောအစိုးရဌာနများမှလက်ရှိအသုံးပြုနေဆဲဖြစ်သော
ပြည်သူ့လုပ်ငန်းဌာနပိုင်မြေ (PublicWwork Departmemt Land) နှင့်
ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ(The Rangoom Development
Trust Land)မြေများလည်းပါဝင်ပါသည်။
credit 😍