ရွှေလမ်းပွင့် အိမ်၊ခြံ၊မြေရောင်းဝယ်ရေး နှင့်အကျိုးဆောင်လုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • ရွှေလမ်းပွင့် အိမ်၊ခြံ၊မြေရောင်းဝယ်ရေး နှင့်အကျိုးဆောင်လုပ်ငန်း

ရွှေလမ်းပွင့် အိမ်၊ခြံ၊မြေရောင်းဝယ်ရေး နှင့်အကျိုးဆောင်လုပ်ငန်း Shine With Me!

🙏လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစ...
20/09/2017

🙏လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ဘ၀ဇာတ်ဆုံး မဆုံးများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ရှည်၊တို၊အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ကြီး၊ငယ်၊အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏ဆူ၊ကြုံ၊အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

🙏အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

🙏ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ရွှေလမ်းပွင့်မိသားစုမှ ဆုတောင်းပေး ပါတယ်။☺
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

03/08/2017

https://www.facebook.com/MyanmarCDC/posts/1810474955648251

====================================
ရာသီတုပ်ကွေးရောဂါ A(H1N1)pdm09 အကြောင်း သိကောင်းစရာ
(Frequently asked questions - FAQ)
Update as of 3 August 2017
(Myanmar CDC - ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် Health Literacy Promotion Unit တို့ ပူးပေါင်း တင်ပြသည်။)
၁။ ရာသီတုပ်ကွေးရောဂါဆိုတာ ဘာလဲ?
ရာသီတုပ်ကွေးရောဂါ ဆိုသည်မှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ အလွယ် တကူ ကူးစက်စေနိုင်ပြီး Influenza virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ရာသီတုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးအမျိုး အစား (၃) မျိုး၊ (Type A, B, C) ရှိပြီး ၊ ယခုနှစ် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲတစ်ခုဖြစ်သည့် Subtype A(H1N1)pdm09 ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။
၂။ Seasonal Influenza A(H1N1)pdm09 ဆိုတာ ဘာလဲ?
Seasonal Influenza A(H1N1)pdm09 Strain သည် မြောက်အမေရိကတိုက်၌ (၂၀၀၉) ခုနှစ်၊ ဧပြီလမှ စတင်ကူးစက်၍ တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၌ ကြေညာခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Seasonal Influenza A(H1N1)pdm09 သည် လူများအကြား လွယ်ကူစွာ ကူးစက်စေနိုင် သော်လည်း ပြင်းထန်မှုနှင့် သေဆုံးမှုနည်းပါးသောကြောင့် ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ PHEIC အဖြစ်မှ (၂၀၁၀) ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ Seasonal Influenza A(H1N1)pdm09 ဗိုင်းရပ်စ်ပိုးသည် (၂၀၁၀) ခုနှစ် မှစ၍ ကမ္ဘာ့ကပ်ရောဂါအသွင် ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ဘဲ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ လူများအကြား ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza) ကူးစက်မှုအသွင် အဖြစ်သာ ဆက်လက်ရှိနေခဲ့ပါသည်။
၃။ ရာသီတုပ်ကွေးရောဂါ ဘယ်လို ကူးစက်နိုင်ပါသလဲ?
အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်ပေါ်လာ သောအစက်အမှုန် (Droplets) များသည် (၆) ပေခန့်အထိကူးစက် ပျံ့နှံ့နိုင်ပြီး၊ ၎င်းအစက်အမှုန် (Droplets) များကို တိုက်ရိုက်ရှုသွင်း မိရာမှလည်းကောင်း၊ ၎င်းအစက်အမှုန် (Droplets) များ တင်ကျန် ကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်မိသော လက်မှတစ်ဆင့် လည်းကောင်း ရောဂါကူးစက်ခံရနိုင်ပါသည်။ ရောဂါပျိုးချိန်မှာ (၁) ရက်မှ (၄) ရက်ခန့်အထိ ဖြစ်ပြီး ရောဂါလက္ခဏာမပြမီ (၁) ရက်မှစတင်၍ ရောဂါလက္ခဏာ စတင် ခံစားရပြီးနောက် (၇) ရက်အထိ အခြားလူများသို့ ရောဂါကူးစက် ပြန့်ပွားစေနိုင်ပါသည်။
၎။ ရာသီတုပ်ကွေးရောဂါလက္ခဏာတွေက ဘာတွေလဲ?
(က) ရောဂါလက္ခဏာများအနေဖြင့် -
• ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အထက်)
• နှာရည်ယိုခြင်း၊ နှာချေခြင်း၊
• ချောင်းခြောက်ဆိုးခြင်း၊
• လည်ချောင်းနာခြင်း၊
• ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း။
(ခ) ရောဂါပြင်းထန်လာလျှင် အောက်ပါလက္ခဏာများဖြစ်သော -
• အဖျားကြီးလွန်းခြင်း၊
• ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊
• ပင်ပန်းနွမ်းနယ်ခြင်း၊
• အသက်ရှုကြပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်း၊
• ဂနာမငြိမ်ဖြစ်ခြင်း၊
• သတိလစ်ခြင်း စသည်တို့ ခံစားရနိုင်ပါသည်။
ရောဂါကူးစက်ခံရသူအများစုမှာ ဖျားခြင်း အပါအဝင် မပြင်း ထန်သည့်ရောဂါလက္ခဏာများကို တစ်ပတ်အထိ ခံစားရနိုင်ပြီး ကုသမှုခံယူစရာမလိုဘဲ သက်သာ ပျောက်ကင်းသွားတတ်ပါ သည်။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ခုခံအား ကျဆင်းမှု ရှိသူများတွင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင် နမိုးနီးယားရောဂါ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မား ပါသည်။
၅။ ရာသီတုပ်ကွေးရောဂါဖြစ်သူတိုင်း ဤရောဂါပိုးအား စစ်ဆေးရန် လိုအပ်ပါသလား?
ရာသီတုပ်ကွေးရောဂါဖြစ်လျှင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ပြသရန် လိုအပ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ပါက ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၆။ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန် မည်သည့်အချက် များကို လိုက်နာဆောင်ရွက်သင့်ပါသလဲ?
ပြည်သူများ တစ်ဦးချင်းအနေဖြင့် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။
(၁) အဓိကလိုက်နာရမည့် အချက်များ
• လက်ကို ဆပ်ပြာနှင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊
• နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
• သို့မဟုတ် လက်မောင်း၊ တံတောင်ဆစ်ဖြင့် ဖုံးအုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊
• လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွား ရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) အခြားလိုက်နာရမည့် အချက်များ
• တစ်ကိုယ်ရေသန့်ရှင်းမှုကိုအထူးဂရုပြုဆောင်ရွက်ခြင်း၊
• ကောင်းစွာအိပ်စက်အနားယူခြင်း၊
• အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊
• ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊
• လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
• အရက်လွန်ကဲစွာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲ ခြင်းမှ ရှောင်ကြဉ်ခြင်း၊
• ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊
• ရောဂါမကူးစက်စေရန် နှာချေ၊ ချောင်းဆိုးဖြစ်သူများသည် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ဖုံးအုပ်သည့် ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုခြင်း၊
• ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
• လူထူထပ်သော နေရာများ၊ ပွဲလမ်းသဘင်များနှင့် ဆေးရုံ၊ ဆေးခန်းများသို့ မဖြစ်မနေ သွားရောက်ရသည့်အခါ ပါးစပ်နှာခေါင်း စည်းအား စနစ်တကျအသုံးပြုခြင်း၊
• မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူရန်နှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့်အချိန်မှ စတင်၍ နောက် (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ရန် လိုအပ် ပါသည်။
၇။ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် ရောဂါမဖြစ်ပွားစေရန် မည်သို့နေထိုင် ဆောင်ရွက်သင့်ပါသနည်း?
အထက်ဖော်ပြပါကြိုတင်ကာကွယ်မှုအား တစ်ဦးချင်းအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အပြင် -
• အဆောက်အဦများ လေဝင်လေထွက်ကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊
• ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊
• အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
• စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေး ရိပ်သာ နှင့် ဂေဟာများတွင် နေထိုင်သူများအားလုံး၏ ကျန်းမာရေး ကို စောင့်ကြပ်ကြည့်ရှုခြင်း၊
• တစ်ဦးဦးတွင် တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ် ပြီး စောလျင်စွာကုသမှုခံယူခြင်း။
၈။ ရောဂါဖြစ်ပွားလျှင် ကုသရေးအတွက် ဆေးဝါး ရှိပါသလား?
လိုအပ်ပါက လူနာအား Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်ပါသည်။
၉။ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ရှိပါသလား?
ရာသီတုပ်ကွေးရောဂါအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ သို့ရာတွင် ကာကွယ်ဆေးမှာ ဈေးနှုန်းမြင့်မား ခြင်း၊ (၅၀)မှ (၆၀)ရာခိုင်းနှုန်းအထိသာ ရောဂါဖြစ်ပွားမှုမှ ကာကွယ် မှုပေးနိုင်ခြင်း၊ ကာကွယ်ဆေးထိုးနှံအပြီး (၂)ပတ်ကြာမှသာ ကိုယ်ခံ အားပဋိပစ္စည်း (Antibodies) ပေါ်ထွက်နိုင်သောကြောင့် မိမိတို့ ဒေသအတွင်း ရာသီတုပ်ကွေးရောဂါ စတင်မပျံ့နှံ့မီ ထိုးနှံရန် လိုအပ် ခြင်း၊ မိမိတို့နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ ပိုးအမျိုးအစားနှင့် ကိုက်ညီသော ကာကွယ်ဆေးဖြစ်ရန် လိုအပ်ခြင်း နှင့် တစ်ခါထိုးနှံပြီးပါက တစ်နှစ်သာ ကာကွယ်နိုင်စွမ်းရှိပြီး နှစ်စဉ် ထိုးနှံရန် လိုအပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးချမ်းသာသောနိုင်ငံများ၌ပင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား အပြည့်အဝ ဆောင်ရွက်နိုင် ခြင်း မရှိသေးပါ။
သို့ဖြစ်ပါ၍ အထက်ဖော်ပြပါကြိုတင်ကာကွယ်ရေး နည်းလမ်းများသည် ရာသီတုပ်ကွေးရောဂါကို ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်သောကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုသာ အဓိက ဦးစားပေးထား၍ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာ တွေ့ရှိကုသလျှင် ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပါသည်။ မိမိတွင် တုပ်ကွေးရောဂါ လက္ခဏာများဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ/ ဆေးခန်းတို့တွင် အမြန်ဆုံးသတင်းပေးပို့၍ ကုသမှုခံယူပါ။
ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
နေပြည်တော်
ဖုန်း - ၀၆၇-၄၃၁၄၃၂၊ ၄၃၁၄၃၃၊ ဖက်စ် - ၀၆၇-၄၃၁၄၃၄

"မြန်မြန်လုပ်လိုက်..အချိန်မီသေးတယ်"••••••••••••••••             နောင်ဘဝ မပြောနဲ့ ၊ မနက်ဖြန်ခါ.."သင်"ဘာဖြစ်မယ် ဆိုတာ...တေ...
28/07/2017

"မြန်မြန်လုပ်လိုက်..အချိန်မီသေးတယ်"
••••••••••••••••

နောင်ဘဝ မပြောနဲ့ ၊ မနက်ဖြန်ခါ.."သင်"ဘာဖြစ်မယ် ဆိုတာ...တောင် သေချာအောင်မပြောနိုင်ပါဘူး။
သေချာတာ တစ်ခုကတော့.. " ဝိပဿနာ " အားထုတ်ယင်တော့.. အို၊နာ၊သေ က လွတ်မြောက်နိုင်မဲ့ နိဗ္ဗာန် ကို ရောက်မယ် ဆိုတာတော့ အသေအချာပြောနိုင်ပါတယ်။

အပယ်တစ်ခေါက်ကျသွားလို့ ကတော့.. အတော်နဲ့ ပြန်တက်လာဖို့ မလွယ်ပါဘူး။တစ်ချက်လေးလွဲသွားတာနဲ့  "ဘွားတေး"လုပ်လို့ မရဘူး။
ကံကောင်းလို့  နောက်တစ်ခါ လူလာဖြစ်ရင်တောင် သာသနာနဲ့ ဆုံဖို မလွယ်။ဒီလိုအခွင့်အရေး မျိုးဘာမှမရှိဘူး။

ပါဠိ တွေ နားလည်စရာလည်း မလိုဘူး၊ နားမလည် လို့ လည်း စိတ်မပျက်နဲ့ ၊ ပရိယတ္တိ တွေ မသိလို့ လည်း ဘာမှ အားမငယ် နဲ့ ...။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ရဟန်းတပါးက ဘုရားရှင်ကို လျှောက်တယ် "အရှင်ဘုရား တရားထူးရဖို့ ဘယ်လောက်ထိ
ဗဟုသုတ အကြားအမြင်ရှိရင် တရားရနိုင်ပါသလဲ "ဘုရားလို့ လျှေက်တော့ ဘုရားရှင်က.."ချစ်သား ဒါကအနိစ္စ၊ ဒါကဒုက္ခ၊ ဒါကအနတ္တ လို့ ဆိုတဲ့ စကားသုံးခွန်းကြားဖူးယုံနဲ့ တရားရဖို့ လုံလောက်ပြီလို့ ပြန်ဖြေခဲ့တော်မူပါတယ်။
ဒီစကားသုံးခွန်းကတော့ ကျွန်ုပ်တို့ 
နေ့ စဉ် ကြားနေကျတွေပါ ဒါ့ကြောင့် တရားထူးရဖို့ ပြည့်စုံနေပြီလို့ သိထားကြစေလိုပါတယ်။

နောက်ပြီး...စူဠပန္ဓက မထေရ်ဟာ အက္ခရာ
၄၄ လုံးကို ၄ လကျက်တာတောင် မရဘူး
ဒါနဲ့ လူထွက်ဖို့ ဘုရားရှင်ကိုလျှောက်တော့
ဘုရားရှင်က "ငါဘုရားသာသနာမှာ စာမတက်လို့  မဂ်ဖိုဂ်နိဗ္ဗါန် မရဘူးဆိုတာ မဖြစ်ရဘူး"ဆိုပြီး
တရားပြလိုက်တာ ရဟန္တာဖြစ်သွားတယ်။

ဒါ့ကြောင့်ဆရာတော်ကြီးတွေက
စာမတက်လို့ ငရဲမကျဘူး
သီလမရှိရင်တော့ ငရဲ ကျမှာပဲတဲ့
စာတက်ဖို့ ထက် သီလလုံခြုံ ဖို့ က ပိုအရေး
ကြီးပါတယ်လို့  ဆုံးမခဲ့ပါတယ်။

ဆရာတော်ကြီးတပါးကဆိုရင် "မဂ်ဖိုလ်
နိဗ္ဗါန်ရတဲ့လူကတွေထဲ..ကကြီးခခွေး မတက်တဲ့လူက
ပိုများတယ်တဲ့..။

ဒါ့ကြောင့်မိတ်ဆွေတို့  စာမတက်တာ
ဥာဏ်ထိုင်းတာတွေဟာ တရားအတွက်
ပြဿနာမရှိပါဘူး ။သီလ လုံလုံခြုံခြုံ နဲ့ တရားကိုသာ ကြိုးကြိုးစားစားအားထုတ်ကြဖို့ အရေးကြီးပါတယ်။

အဲဒါကြောင့်.."ဝိပဿနာ" ဆိုတာ လွယ်လွယ်လေး...သင့်မှာ စဉ်းစားတတ်တဲ့ ဉာဏ် နဲ့  ဝိရီယ ရှိယင် ရနေပြီ။

ခုချက်ခြင်း..
သင့် အနေ နဲ့ သက်သာသလို..
တင်ပလ္လင် ခွေသာ ထိုင်လိုက်ပါ။
လက်ဝါးနှစ်ဖက်ကို ဖြန့် ပြီး ဘယ်ဖက်လက်ဝါးပေါ် ညာဖက်လက်ဝါး တင်လိုက် ၊
လက်မ နှစ်ချောင်းကို ထိပ်ခြင်းထိထား၊
ခါးကို ၉၀ ဒီဂရီ မတ်နေအောင်ထား ဒါဘဲ။
ပြီးယင် အသက် ပုံမှန်ကလေးရှု၊
လေဝင်သွားယင်
"ဝင်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
လေပြန်ထုတ်ယင်
"ထွက်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
အဲဒါဘဲ " ဝိပဿနာ " ဆိုတာ။
ကဲ.. ဘယ်လောက်လွယ်လဲ..။

မှတ်နေယင်းက...ထူးထူးခြားခြား မိမိခန္ဓာ ကိုယ်မှာ တခုခု ...
ဘာပေါ်ပေါ်..ဘာဘဲပေါ်လာလာ "သိတယ် သိတယ် "ဆိုပြီး မှတ်နေယုံဘဲ။
ငြိမ်ငြိမ်လေးထိုင်ပြီး မှတ်နေရတဲ့ ကိစ္စ၊
ပင်ပန်းတာလည်း မဟုတ်၊ ဘာမှ..မလုပ်တတ်စရာမရှိဘူး။

ထိုင်ရတာ ညောင်းလာ..လား?
အေးလေ..ဒါပေါ့ အကျင့်မှ မရှိသေးတာ..
ကြာတော့..ညောင်းမှာပေါ့။ ညောင်းယင် နာလာမှာ ပေါ့.. ။အဲဒီတော့ နာ တယ် လို့  မှတ်ပေါ့..။အစပိုင်းမှာ မခံမရပ်နိုင် ဖြစ်လာယင် နော်..။ သည်းမခံနိုင်တဲ့ အဆုံး..
နည်းနည်းသက်သာအောင် အနေအထားကို ပြင်၊ ဖြည်းဖြည်းပြင်နော် ၊ အဲဒီ ပြင်တဲ့အခါမှာလည်းဘဲ "ပြင်တယ် ပြင်တယ်" ဆိုပြီး စိတ်က သိနေရမှာ နော်..။

ကုန်ကုန်ပြောမယ်
ဘာပေါ်ပေါ် စိတ်က မလွတ်စေနဲ့ ၊
ရှုယင်းရှုယင်း ခန္တာ ပေါ်မှာ တစ်ခုထက်မက မှတ်ရမှာတွေ များလာယင်တော့.. လောလောဆယ်အထင်ရှား ဖြစ်နေတာကို ရှု ၊ အဲဒါ..
" ဝိပဿနာ " ဘဲ။

ကဲ.. ဒီတော့ "အချိန်မီသေးတယ်" ဒီနေ့  အခုချက်ခြင်း "ဝိပဿနာ " အားထုတ်လိုက်တော့...။
••••••••••••••••••••••••
အဓိက ကတော့...စ လုပ်ဖြစ်ဖို့ ပါဘဲ..၊ လုပ်ရင်းနဲ့ ဝိပဿနာဉာဏ်တွေတိုးလာကြမှာပါ။

ခန္ဓာ(၅)ပါးတစ်ဦး(ဓမ္မဒါနပြုသူ)

( ဆရာတော်များ ထံမှ နာယူခဲ့ သော တရားတော် များမှ..မှတ်သားနာယူထားသမျှ ကောက်နှုတ်ချက် ကို ရေးသားဓမ္မဒါန ပြုပါသည် )
ဓမ္မရေချမ်းစင်pageမှကူးယူဖော်ပြပါသည်။

မိတ်ဆွေများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံနိုင်ကြပါစေ။
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

လူကို စိတ်အုပ်ချုပ်သည်။စိတ်ကို ပညာအုပ်ချုပ်သည်။ပညာကို ဗဟုသုတ အုပ်ချုပ်သည်။ဗဟုသုတကို ဇွဲ လုံ့လ ၀ိရိယ အုပ်ချုပ်သည်။အားလုံး...
27/07/2017

လူကို စိတ်အုပ်ချုပ်သည်။
စိတ်ကို ပညာအုပ်ချုပ်သည်။
ပညာကို ဗဟုသုတ အုပ်ချုပ်သည်။
ဗဟုသုတကို ဇွဲ လုံ့လ ၀ိရိယ အုပ်ချုပ်သည်။
အားလုံးကို ကိုယ်ကျင့်တရားက အုပ်ချုပ်သည်။

မိတ်ဆွေများအားလုံး လိုရာဆန္ဒပြည့်ဝ ကြပါစေလို့ ရွှေလမ်းပွင့် မိသားစု ဆုတောင်းပါတယ်။☺☺☺
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

Photo credit to original uploader

H1N1 အထူးသတိရှိဖို့လို့လေမှ တစ်ဆင့် ကူးစက်သော ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိ...
24/07/2017

H1N1 အထူးသတိရှိဖို့လို့

လေမှ တစ်ဆင့် ကူးစက်သော ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိုး တွေ့နေပြီလို့သိရပါတယ်။ အထူးသတိပြုဖို့လို့ လိုအပ်ပါတယ်။

H1N1 Flu ရောဂါ လက္ခဏာများ

* အဖျားတက်ခြင်း
* ချောင်းဆိုးခြင်း
* နှာရည်ယို နှာစေးခြင်း
* ခေါင်းကိုက်ခြင်း
* ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း
* အသက်ရှုကြပ်ခြင်း
* မောပန်း နွမ်းနယ်ခြင်း
* ပြင်းထန်ပါက သတိလစ်မေ့မြောခြင်းတွေ အထိ ဖြစ်တတ်ပါတယ်။

ဒီဝက်တုတ်ကွေးရောဂါ ကူးစက်ခံနေရပြီဟု သံသယရှိလျှင် ဓာတ်မှန်ရိုက်ခြင်း ၊ သွေးစစ်ခြင်း ၊ နှာခေါင်းနှင့် အာခေါင်တို့မှ အချွဲယူ၍ စစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

သာမန် တုတ်ကွေး အဖျားရောဂါနဲ့ တူသယောင်ရှိပြီး ပေါ့ဆစွာ နေခဲ့ပါက Shock ရပြီး အသက်အန္တရာယ် ထိခိုက် နိုင်ပါတယ်။

အဆိုပါ ရောဂါ အတွက် ကုသနည်းထက် ကာကွယ်နည်းများက ပိုမို ထိရောက်ပါတယ်။

Swine flu ဆွိုင်းဖလူး ခေါ် H1N1 တုပ်ကွေး ကာကွယ်ရေး

၁။ Stay home if you're sick နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။

၂။ Wash your hands thoroughly and frequently လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။ ဖြစ်နိုင်ရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာဆေးရည်သုံးပါ။

၃။ Contain your coughs and sneezes နှာချေ ချောင်းဆိုးတာ ထိန်းပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။

၎။ Avoid contact ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။

၅။ Reduce exposure within your household ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။

၆။ Flu vaccination ကာကွယ်ဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။ နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။ ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။

ဝက်တုတ်ကွေးခေါ် Swine Flu ( H1N1 ) ဟာ ၁၉၁၈ ခုနှစ်ခန့်က မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ရိုးရိုးတုတ်ကွေး Flu virus ကနေ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး အမျိုးအစားများစွာ ရှိပါတယ်။ ကပ်ရောဂါ သဖွယ် ရာစုနှစ်အလိုက် ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာအပြင်းအထန် ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု ၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။



မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့ ရွှေလမ်းပွင့် မိသားစု ဆုတောင်းပါတယ်။☺☺☺
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

ခင်​ပွန်းကြီး(၁၀)ပါး ဘုရားကန်တော့နည်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင်...၁။ဂုဏ်ကျေးဇူးကြီးမားကြက...
23/07/2017

ခင်​ပွန်းကြီး(၁၀)ပါး ဘုရားကန်တော့နည်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့တိုင်အောင်...

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသ၀က ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌

၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌

၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌

၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌

၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကြိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့အပေါ်၌

၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်၊မိမိထက်အသက်အရွယ်ကြီးမားသူတို့အပေါ်၌

၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့အပေါ်၌

၁၀။ထမင်းတစ်လုတ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌

ကာယကံ၊၀စီကံ၊မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။🙏🙏🙏

ဤသို့ ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်​သို့ ၀င်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍၊နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။☺☺☺☺

မိတ်ဆွေများအားလုံး လိုရာဆန္ဒပြည့်ဝ ကြပါစေလို့ ရွှေလမ်းပွင့် မိသားစု ဆုတောင်းပါတယ်။☺☺☺
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

အလုပ်​အကိုင်​ အဆင်​​ပြေစေရန် ယတြာ🔆  🔆  🔆  🔆 ၁။တနင်္ဂနွေသားသမီး ဖြစ်သော် ဌက်ပျောသီးဆယ်လုံး အခွံနွှာ၍ ပန်းကန်ပြားတွင်ထည့်ပါ။အ...
22/07/2017

အလုပ်​အကိုင်​ အဆင်​​ပြေစေရန် ယတြာ
🔆 🔆 🔆 🔆
၁။တနင်္ဂနွေသားသမီး ဖြစ်သော် ဌက်ပျောသီးဆယ်လုံး အခွံနွှာ၍ ပန်းကန်ပြားတွင်ထည့်ပါ။အပေါ်မှ သကြားဖြူးပါ။ တနင်္ဂ​နွေနေ့ နံနက်၉နာရီ၄၅မိနစ်တွင် အိမ်ဘုရားစင်၌ ဆွမ်းတော်ကပ်ပါ။

၂။တနင်္လာသားသမီးဖြစ်သော် ပန်းကန်လုံးကိုးလုံးတွင် ဆီးသီးအပြည့်ထည့်၍ တနင်္လာနေ့နံနက် ၉နာရီ၄၅မိနစ်တွင် မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

၃။အင်္ဂါသားသမီးဖြစ်သော် ပန်းကန်ပြားအတွင်း၌ လက်ဖက်အသားချည်း ငါးပုံပုံ၍ အင်္ဂါနေ့နံနက် ၉နာရီ၄၅မိနစ်တွင် မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

၎။ဗုဒ္ဓဟူးသားသမီးဖြစ်သော် ပန်းကန်ပြားသုံးချပ်၌ ပဲပြုတ်များထည့်ကာ ဗုဒ္ဓဟူးနေ့နံနက် ၉နာရီ၄၅မိနစ်တွင်
မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

၅။ကြာသပတေးသားသမီးဖြစ်သော် သရက်သီးခြောက်စိပ်ကို ကြာသပတေးနေ့နံနက် ၉နာရီ၄၅မိနစ် မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

၆။သောကြာသားသမီးဖြစ်သော် ဖန်ခွက်ရှစ်ခွက်ဖြင့် နွားနို့စစ်စစ်ကို အစိမ်းအတိုင်းထည့်၍ သောကြာနေ့နံနက် ၉နာရီ၄၅မိနစ် မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

၇။စနေသားသမီးဖြစ်သော် အုန်းသီးကို ခြစ်၍ ပန်းကန်ပြားအသေးရှစ်ပန်းကန်မှာ ခွဲ၍ထည့်ပြီးဘစနေနေ့ ၉နာရီ၄၅မိနစ် မိမိအိမ်ဘုရား၌ပင် ကပ်လှူပါ။

ဆရာကြီး မင်းသိင်္ခ၏ ဘ၀တစ်သက်တာ ဟောစာတမ်းနှင့် ယတြာစာအုပ်မှ ကူးယူဖော်ပြပါသည်။

မိတ်ဆွေများအားလုံး လိုရာဆန္ဒပြည့်ဝ ကြပါစေလို့ ရွှေလမ်းပွင့် မိသားစု ဆုတောင်းပါတယ်။☺☺☺
Photo credit to original uploader
#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး။
19/07/2017

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး။

14/07/2017

မိတ်ဆွေတို့ရေ
pageနဲ့ပတ်သတ်ပြီး လိုအပ်ချက်များကို အကြံပြုကြဖို့ ဖိတ်ခေါ်ပါတယ်နော်..✌✌✌

#ယုံကြည်ကမ်းလင့်ရွှေလမ်းပွင့်

အိမ်တစ်အိမ်၏အရပ်မျက်နှာအလိုက်သိမှတ်ဖွယ်ရာ><credit:    (DG)အိမ်ပိုင်ရှင်များအနေဖြင့် မိမိအိမ်တွင် အပိုင်း (၉) ပိုင်းရှိပါ...
14/07/2017

အိမ်တစ်အိမ်၏အရပ်မျက်နှာအလိုက်သိမှတ်ဖွယ်ရာ
><

credit:
(DG)

အိမ်ပိုင်ရှင်များအနေဖြင့် မိမိအိမ်တွင် အပိုင်း (၉) ပိုင်းရှိပါတယ်။ အဲဒီအပိုင်း (၉) ပိုင်းသည် အိမ်တိုင်းအတွက် အရေးကြီးသည်ဟု မှတ်သားရပါသည်။

(၁) မြောက်ဘက်
(၂) တောင်ဘက်
(၃) အရှေ့တောင်ဘက်
(၄) အရှေ့ဘက်
(၅) အနောက်ဘက်၊
(၆) အနောက်တောင်ဘက်
(၇) အရှေ့မြောက်ဘက်
(၈) အနောက်မြောက်ဘက်
(၉) အလယ်ပိုင်းတို့ဖြစ်ပါသည်။

ထိုအပိုင်း (၉) ပိုင်းသည် သူ့အရပ်မျက်နှာနှင့်သူ အစွမ်းသတ္တိများရှိကြရန် မိမိတို့အိမ်တွင် ထိုအစွမ်းများကို ရရှိနိုင်ရန် မှတ်သား၍ တင်ပြအပ်ပါသည်။

"မြောက်"

မြောက်ဘက်ခြမ်းက အလုပ်အကိုင်နဲ့ ဆိုင်ပါသည်။ ရေဓါတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းချင်ရင် ဒီအရပ်မှာ ရေဓါတ်နဲ့ဆိုင်တဲ့ ငါးမွေးတာတို့၊ ငါးကန်ထားတာတို့၊ ဒင်္ဂါးပြားများထည့်ထားသော ရေဇလုံစတာတွေ ထားရင် အလုပ်အကိုင်များအဆင်ပြေစေပါသည်။

"တောင်"

တောင်ဘက်ကတော့ ဂုဏ်သတင်းကျော်ကြားမှု၊ ကံကောင်းမှုတို့နဲ့ သက်ဆိုင်ပါသည်။ ဒီအရပ်မျက်နှာက မီးဓါတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့် နေလုံးနီနီထွက်ပြုလာသော ဓါတ်ပုံ၊ ငှက် အနီရောင် ပုံလေးတွေထားရင် ကံကောင်းမှုတို့ရောက်ရှိစေပါသည်။

"အရှေ့တောင်"

အရှေ့တောင်ဘက်က ချမ်းသာကြွယ်ဝမှုကြီးစိုးသော နေရာဖြစ်သောကြောင့် ငွေကြေးများများ ၀င်ဖို့ အစိမ်းရောင်တို့ အ၀ါရောင်တို့ များများထားပေးရပါမည်။ ခြေထောက်သုံးချောင်း ရှိတဲ့ ဖားရုပ်ကိုထားရင်လည်း လာဘ်ကောင်းစေပါသည်။

"အရှေ့"

အရှေ့ရပ်က မိသားစုရဲ့ အရပ်မျက်နှာဖြစ်ပါသည်။ သစ်သားရုပ်တု၊ သင်္ဘောပုံ၊ ပင်လယ်ကမ်းခြေပုံ၊ ရေတံခွန်ပုံတွေထားပေးရင်လည်း မိသားစုအေးချမ်းအဆင်ပြေစေပါသည်။

"အနောက်"

အနောက်အရပ်ကတော့ ကလေးများထိန်းမရ သိမ်းမရဆိုးနေရင် လေသာဆည်းလည်းတွေ၊ ကြေးခေါင်းလောင်းတွေ၊ အဖြူရောင်၊ ငွေရောင် များများထားပေးရင် ထိန်းရတာအဆင်ပြေစေပါသည်။

"အနောက်တောင်"

ပလပ်စတစ်ပန်းအတုတွေမဟုတ်ဘဲ ပန်းအစစ်တွေထားရပါမည်။ ဟင်္သာမောင်နှံရုပ်၊ စုံတွဲရုပ်များထားပေးရင်လည်း အဆင်ပြေစေနိုင်ပါတယ်။

"အရှေ့မြောက်"

အရှေ့မြောက်အရပ်ဒေသကတော့ ပညာရေးနဲ့ဆိုင်သော အရပ်ဒေသဖြစ်သောကြောင့် ဖန်ဇလုံတစ်ခုထဲတွင် ကျောက်ခဲလေး များထည့်ပြီး သစ်သားစားပွဲပေါ်တွင် တင်ထားပြီး ဆောင်းဦးပေါက် ရာသီပန်းချီကားလေးများ ချိတ်ဆွဲပါက ပညာရေးအတွက် ကောင်းမွန်စေနိုင်ပါသည်။

"အနောက်မြောက်"

အနောက်မြောက်အရပ်ကတော့ မိတ်ဆွေတွေ၊ ဆရာသမားများအတွက် ဆက်စပ်သောအရပ်ဒေသဖြစ်သောကြောင့် သတ္တုဓါတ်ကြီးစိုးပါသည်။ အခန်းနံရံကို အဖြူရောင် သုတ်ပြီး ငွေထည်ပစ္စည်းများ ထားပေးပြီး သဘာဝလင်းကျောက်တို့၊ ကြွေထည်ပစ္စည်းများထားပေးပါက မိတ်ဆွေကောင်းတိုးပွားစေပါသည်။

"အလယ်"

အလယ်အရပ်ကတော့ အိမ်တစ်အိမ်လုံးရဲ့ ပင်မနေရာဖြစ်သောကြောင့် ဓါတ်ကြီးငါးပါးစလုံးကို ဟန်ချက်ညီအောင် ညှိပေးရ ပါမည်။ ထို့ကြောင့် မိမိအိမ်တွင်ရှိသော အရပ်ဒေသ အလိုက် ကောင်းကျိုးများအား ရှာဖွေနိုင်ရန် မှတ်သား၍ တင်ပြအပ်ပါ သည်။

credit:
(DG)

Address

Mandalay

Telephone

+959255831112

Website

Alerts

Be the first to know and let us send you an email when ရွှေလမ်းပွင့် အိမ်၊ခြံ၊မြေရောင်းဝယ်ရေး နှင့်အကျိုးဆောင်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share