Excellent Future Estate

Excellent Future Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excellent Future Estate, Real Estate, Zaykyo Street, Mawlamyine.

ယနေ့ 19.8.2024 တနင်္လာနေ့ ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ "ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့" ဖြစ်ပါတယ် 🍀▪️ဝါခေါင်လပြည့် မေတ္တာအခါတေ...
19/08/2024

ယနေ့ 19.8.2024 တနင်္လာနေ့ ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ "ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့" ဖြစ်ပါတယ် 🍀▪️ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ဖြစ်ပေါ်လာပုံ▪️🍀 ----------------------------------
မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခါက ရဟန်းငါးရာဟာ ဝါခေါင်လတွင် ဘုရားရှင်ထံမှ ကမ္မဌာန်းတရား နာယူခဲ့ကြပါတယ်။ အဲဒီနောက် ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်း တရားကို အားထုတ်ကြပါတယ်။ ရဟန်းတော်များဟာ သစ်ပင် တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်း တရားအားထုတ်ကြရာမှာ မြင့် မြတ်တဲ့ ရဟန်းတော်များရဲ့ သီလ အစွမ်းကြောင့် ရုက္ခစိုးများဟာ သစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့ ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာ လှည့်လည်နေထိုင်ကြရပါတယ်။ ပထမတော့ ခဏတဖြုတ်ပဲ သီတင်းသုံးကြမယ်ထင်လို့ သည်းခံကြပေမယ့် ရက်ကြာလာ တော့ သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ် အနံ့တို့ဖြင့် အမျိုး မျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။ ရဟန်းတော်များ ကောင်းစွာ တရားအားမထုတ်နိုင်ကြတော့ဘဲ မြတ်စွာဘုရားထံ အကြောင်းစုံ လျှောက်ထားကြပါတယ်။ ဝါခေါင်လပြည့်နေ့မှာ မြတ်စွာ ဘုရားက ရဟန်းတော်များကို လူ နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင်စေ တဲ့ " မေတ္တသုတ်" တရားတော်ကို ဟောကြားနာယူစေပါတယ်။ ရဟန်းတော်များနဲ့သင့်တော်ရာ အရပ်ကို ကြည့်တော်မူရာမှာ အခြားနေရာမမြင်၍ မူလ အား ထုတ်ရာ အရပ်သို့သာ ပြန်စေပြီး မေတ္တသုတ်ကို ရွတ်ပွားစေပါတယ်။ မေတ္တသုတ်တရားတော်ရဲ့အာနု ဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနှောက် ယှက်ကြတော့တဲ့အပြင်ရဟန်းတော် များကို ချစ်ခင်မြတ်နိုးလာပြီး တံမြက်လှည်းခြင်း၊ သောက်သုံးရေ တည်ခြင်းများပြုကာဘေးရန် မရှိ အောင် စောင့်ရှောက်ပေးကြပါတယ်။ ရဟန်းတော်များဟာ တရားကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပြီး ဝါမကျွတ်ခင်မှာပဲ ရဟန်းများ အားလုံးအာသဝေါကုန်ခန်းကာ ရဟန္တာများဖြစ်သွားကြပါတယ်။ မြတ်စွာဘုရားရှင်သည် ဝါခေါင်လပြည့်နေ့မှာ ရဟန်း ငါးရာကိုအကြောင်းပြုကာ မေတ္တသုတ်ဟောကြားတော်မူ တာဖြစ်လို့ ဝါခေါင်လပြည့်နေ့ ကို " မေတ္တာအခါတော်နေ့ " လို့ သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။ မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလားသော သဘောရှိတယ်။ သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလိုလား လား ဆောင်ရွက်ပေးတတ်တယ်။ အငြှိုးအာဃာတကို ပယ်ဖျောက် တတ်တယ်။ သူတစ်ပါးတို့ ပြည့်စုံ ချမ်းသာမှုကို ဦးတည်ပါတယ်။ မေတ္တာသဘောကို အဘိဓမ္မာမှာ သူတစ်ပါးကောင်းကျိုးကို လိုလား တာမေတ္တာ။ သူတစ်ပါးကောင်းကျိုး ရှိအောင် ဆောင်ရွက်ပေးတာ မေတ္တာဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုတွေ စည်းလုံးမှု ရှိရမည်။ ညီအကိုမောင်နှမတွေ စည်းလုံးမှု ရှိရမည်။ ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ အားလုံး စည်းလုံးမှုရှိရမည်။ စည်းလုံးဖို့၊ စည်းစည်းလုံးလုံး ရှိဖို့မေတ္တာအစိုဓာတ် မေတ္တာအစေးဓာတ်လိုပါတယ်။ မုန့်လုံးရေပေါ်များ လုံးသောအခါ ဆန်မှုန့်ကို အစိုဓာတ်ရှိသော ရေနှင့် ဆွတ်ဖြန်းပြီးမှ လုံး၍ ရပါတယ်။ အစိုဓာတ် အစေးဓာတ်မရလျှင် ဘယ်လိုမှ လုံး၍ မရနိုင်ပါ။ ထို့အတူ အချင်းချင်းစည်းလုံးဖို့၊ ညီညွတ်ဖို့ အသီးသီးမှာ မေတ္တာ အစိုဓာတ် မေတ္တာအစေးဓာတ်ရှိနေ ရပါမယ်။ ပါးစပ်နှင့် စည်လုံး၍မရ။ မေတ္တာနှင့် စည်းလုံးမှသာ ရမယ်။ ဘုရားရှင်က လူသားအချင်းချင်း လိမ်ညာခြင်း လှည့်စားခြင်းကင်း ဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေး မှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာ ပို့ရန် အထူးမိန့်ကြားခဲ့ပါတယ်။ မေတ္တာသည်သာ အောင်နိုင်ရာ၏။ ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော မာရ်နတ်၊ အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊ အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့တယ်။ အောင်ခြင်းရှစ်ပါးဟု ခေါ်ပါတယ်။ ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊ အောင်မြင်ရာတွင် အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင် တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် မိမိတို့ရည်မှန်းချက်တစ်ခုခု အောင်မြင် ချင်လျှင် မေတ္တာသာထားကြပါ မေတ္တာသာ ပွားပါ။ မေတ္တာနှင့် သာ ဆောင်ရွက်ပါ။ ထိုသို့ မေတ္တာ နှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက် မှသာ တကယ်စစ်မှန်သော အောင် မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့တွင်တရားဘာဝနာပွါးများကာ ၊(၇)ရက်သားသမီးအပေါင်းမဂ်ဖိုနိဗ္ဗာန်ရောက်ရှိနိုင်ကြပါစေကြောင်း
Excellent Future Estateမှဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
#အိမ်ခြံမြေကုမ္ပဏီ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သာသနာတော်နှစ် ၂၅၆၈ ခုနှစ် ဒုတိယ ဝါဆိုလပြည့် စနေနေ့(၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော  #ဝါဆိုလပြ...
20/07/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်
သာသနာတော်နှစ် ၂၅၆၈ ခုနှစ်
ဒုတိယ ဝါဆိုလပြည့် စနေနေ့(၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော
#ဝါဆိုလပြည့် (ဓမွစကြာနေ့) အခါသမယအချိန်တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း Excellent Future Estateမှဆုတောင်းမေတာပို့သလိုက်ပါသည်

ယနေ့ကျရောက်လာသော(၇၇)ကြိမ်မြောက်အာဇာနည်နေ့မှာ Excellent Future Estateအနေနဲ့ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကိုလေ...
19/07/2024

ယနေ့ကျရောက်လာသော(၇၇)ကြိမ်မြောက်အာဇာနည်နေ့မှာ Excellent Future Estateအနေနဲ့ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကိုလေးစားစွာဂုဏ်ပြုအပ်ပါသည်။

နယုန်လပြည့် ဗုဒ္ဓနေ့မှာ🙏လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး ကျန်းမာချမ်းသာ ကြပါစေ...လိုအင်ဆန္ဒအားလုံးပြည့်ဝကြပါစေ...မြန်...
21/06/2024

နယုန်လပြည့် ဗုဒ္ဓနေ့မှာ🙏

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး

ကျန်းမာချမ်းသာ ကြပါစေ...

လိုအင်ဆန္ဒအားလုံးပြည့်ဝကြပါစေ...

မြန်မာပြည်သူ၊ပြည်သားအပေါင်း

ဘေးဘယာဝေးကွာကြပါစေလို့....
Excellent Future Estateမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
#နယုန်လပြည့်

ယနေ့ကျရောက်လာသောအဖေများနေ့ကိုExcellent Future Estateမှလေးစားစွာဂုဏ်ပြုအပ်ပါသည်။
16/06/2024

ယနေ့ကျရောက်လာသောအဖေများနေ့ကိုExcellent Future Estateမှလေးစားစွာဂုဏ်ပြုအပ်ပါသည်။

ယနေ့ဇွန်ငါးရက်မှာကျရောက်လာတ့ဲ  World Environment Dayမှာ လူတိုင်းလူတိုင်း ကမ္ဘာကြီးကို ပတ်ဝန်းစိမ်းစိုမှုများနှင့်ထိန်းသိ...
05/06/2024

ယနေ့ဇွန်ငါးရက်မှာကျရောက်လာတ့ဲ
World Environment Dayမှာ လူတိုင်းလူတိုင်း ကမ္ဘာကြီးကို ပတ်ဝန်းစိမ်းစိုမှုများနှင့်ထိန်းသိမ်းသင့်ပါကြောင်း Excellent Future Estateအနေနဲ့နှိုးဆော်လိုက်ရပါတယ်။

ကဆုန်(လပြည့်) - ဗုဒ္ဓနေ့လပြည့်•••ကဆုန် နေ့မြတ်စုံ၊ဖွား"ပွင့်"ဟော" စံ ဗျာဒိတ်ခံ အမှန်"ရက်မြတ်တည်း။(၁) ဗျာဒိတ်" ခံယူသည့်နေ...
22/05/2024

ကဆုန်(လပြည့်) - ဗုဒ္ဓနေ့

လပြည့်•••ကဆုန်
နေ့မြတ်စုံ၊
ဖွား"ပွင့်"ဟော" စံ
ဗျာဒိတ်ခံ
အမှန်"ရက်မြတ်တည်း။

(၁) ဗျာဒိတ်" ခံယူသည့်နေ့
လေးအသင်္ချေ နှင့်
ကမ္ဘာတစ်သိန်း အစ
ကဆုန် လပြည့်နေ့။

(၂) ဘုရားအလောင်း
မွေးသည့်နေ့

မဟာ သက္ကရာဇ် (၆၈)ခု၊
ကဆုန် လပြည့် (သောကြာနေ့)
(ဘီစီ ၆၂၃)

(၃) ဘုရား ဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန် လပြည့် (ဗုဒ္ဓဟူးနေ့)
(ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်
အကျဉ်း ဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန် လပြည့်နေ့
ဘီစီ (၅၈၇)

(၅) ပရိနိဗ္ဗာန် စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)
(ဘီစီ ၅၄၃)

ကဆုန်(လပြည့်)နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

 #ဒီလိုမြေဆိုမဝယ်နဲ့♦ လယ်မြေ (အကွက်ရိုက်) ကိုလည်းမဝယ်နဲ့♦ တာဝါတိုင်နီးရင်လည်းမဝယ်နဲ့♦ မြောင်းနားနီးရင်လည်းမဝယ်နဲ့♦ သံလမ်...
12/04/2024

#ဒီလိုမြေဆိုမဝယ်နဲ့

♦ လယ်မြေ (အကွက်ရိုက်) ကိုလည်းမဝယ်နဲ့

♦ တာဝါတိုင်နီးရင်လည်းမဝယ်နဲ့

♦ မြောင်းနားနီးရင်လည်းမဝယ်နဲ့

♦ သံလမ်းနီးရင်လည်းမဝယ်နဲ့

♦ စာရွက်စာတမ်းမခိုင်မာရင်လည်းမဝယ်နဲ့

✅ ကိုယ့်ငွေအမောက်နဲ့ ကိုယ်နိုင်တဲ့နေရာမှာပဲ ခိုင်မာတာကိုသာဝယ်ပါ။
(ကိုယ်နားမလည်ရင် တတ်သိနားလည်တဲ့အကျိုးဆောင်နဲ့ တိုင်ပင်စီစစ်ပြီးမှဝယ်ပါ)
***************************************

🔷 အကျိုးအမြတ်ရဖို့ချည်း တစ်ခုတည်းမစဥ်းစားပါနဲ့

🔷 ကိုယ်သုံးနိုင်တဲ့ စျေးနဲ့သင့်တဲ့ ခိုင်မာတာကို ရွေးဝယ်ပါ

🔷 စာရွက်စာတမ်းခိုင်မာတဲ့မြေသာ ဖြစ်ပါစေ အမြတ်မကြီးရင်တောင် လုံးဝမရှုံးပါဘူး

🔷 အကုန်ရှားပါး အကုန်စျေးကြီးနေတဲ့ ဒီခေတ်ကြီးမှာ ငွေက ပြန်ရှာဖို့မလွယ်တော့ဘူး အရမ်းကိုခက်ခဲသွားပြီ
(အမြတ်ရဖို့ ဝယ်ထားတဲ့ မြေကွက်ဆို သိပ်ပြဿနာမရှိပေမဲ့ ကိုယ်နေဖို့ မရှိမဲ့ရှိမဲ့ စုဝယ်ထားတဲ့ မြေကွက်သာဆို ပိုနင့်နာမယ်)

🔷 ဖြစ်ပြီးသွားမှ ငိုနေလို့လည်းအပိုပဲ အလကားပဲ

🔷 လိုင်းပေါ်မှာ သနားပါတယ်! စိတ်မကောင်းလိုက်တာ! ဆိုတာတွေကလည်း ခဏပဲ (အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ကိုယ့်ဘဝကို ဘယ်သူမှ ပြန်မကုစားပေးနိုင်ဘူး)

🔷 ဘယ်အစိုးရတက်တက် ကိုယ့်မြေကွက်က စာရွက် မခိုင်မာရင် အမြဲတမ်းရင်မောနေရမှာပဲ

[စာသားတစ်ချို့အတွက် credit: moe myint tun]

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ...
31/03/2024

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။
(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။
ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။
ငွေဖြူမရှိရင် သိန်း ၃၀၀၀ အောက် ၃%၊ သိန်း ၃၀၀၀ - ၆၀၀၀ အထိ ၅%၊ သိန်း ၆၀၀၀ - ၁၀၀၀၀ အထိ ၁၀%၊ သိန်း ၁၀၀၀၀ - ၃၀၀၀၀ အထိ ၁၅% ၊ သိန်း ၃၀၀၀၀ အထက် ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

Credit : Original uploader

💎 ရွှေတောင်ကြားထဲမှာ 𝗖𝗼𝗻𝗱𝗼 အခန်း မရလိုက်တဲ့ 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿𝘀 လူကြီးမိဘများ အတွက် အထူးသတင်းကောင်း💎 𝟭 𝗦𝗾 𝗙𝘁 ကို 𝟰𝟱𝟬𝟬𝟬𝟬 𝗠𝗠𝗞 နဲ့ 𝗟𝗼...
25/03/2024

💎 ရွှေတောင်ကြားထဲမှာ 𝗖𝗼𝗻𝗱𝗼 အခန်း မရလိုက်တဲ့ 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿𝘀 လူကြီးမိဘများ အတွက် အထူးသတင်းကောင်း

💎 𝟭 𝗦𝗾 𝗙𝘁 ကို 𝟰𝟱𝟬𝟬𝟬𝟬 𝗠𝗠𝗞 နဲ့ 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 ကောင်းနေရာ ကောင်း တစ်ခုမှာ အရင်ခေတ်စျေးအနေအထားနဲ့ ပြန်ရမှာနော်

💎 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 အားဖြင့်တက္ကသိုလ်ရိပ်သာလမ်း၊ ဆရာစံလမ်းအနီး အကောင်းဆုံးနေရာတွင်တည်ရှိပြီး
𝗕𝗖𝗖 လူနေထိုင်ခွင့်ရရှိပြီး အသင့်နေ ၃ ခန်းတွဲ ၈ထပ် ကွန်ဒို 𝗣𝗿𝗼𝗷𝗲𝗰𝘁 ကောင်းတစ်ခုဖြစ်ပါ တယ်ရှင်။

💎 အဆင့်မြင့် 𝗟𝗶𝗳𝘁 𝟮 စင်း၊ 𝗕𝗮𝘀𝗲𝗺𝗲𝗻𝘁 နှင့် 𝗚𝗿𝗼𝘂𝗻𝗱 𝗙𝗹𝗼𝗼𝗿 တွင် ကားပါကင်ပါဝင်ပြီး အခန်းဝယ်ယူသူတိုင်းအတွက် ကားပါကင်တစ်ခန်းတစ်စီးရရှိပါတယ် ရှင်။

💎 အိပ်ခန်းတိုင်းတွင် 𝗠𝗮𝘀𝘁𝗲𝗿 𝗕𝗲𝗱𝗿𝗼𝗼𝗺 (𝟯)ခန်းဖွဲ့စည်းပေးထားပြီး အခန်းဝယ်ယူသူစိတ်ကြိုက် 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻 ပြင်ဆင်နိုင်မှာပဲ ဖြစ်ပါတယ် ရှင်။

💎 ရွေးချယ် စရာ အခန်းတွေအနေနဲ့ 💎

💎 𝟱𝘁𝗵 𝗳𝗹𝗼𝗼𝗿 - 𝟮𝟬𝟰𝟳 𝗦𝗾 𝗙𝘁 , 𝟭𝟴𝟲𝟲 𝗦𝗾 𝗙𝘁

💎 𝟰𝘁𝗵 𝗳𝗹𝗼𝗼𝗿 - 𝟭𝟴𝟲𝟲 𝗦𝗾 𝗙𝘁 , 𝟭𝟮𝟳𝟳 𝗦𝗾 𝗙𝘁

💎 𝟮𝗻𝗱 𝗳𝗹𝗼𝗼𝗿 - 𝟮𝟬𝟰𝟳 𝗦𝗾 𝗙𝘁 ,𝟭𝟴𝟲𝟲 𝗦𝗾 𝗙𝘁

💎 အသေးစိတ်သိရှိလိုပါက -Excellent Future Estate
☎️09766463498

𝗘𝗺𝗮𝗶𝗹. Excellent Future Estate သို့ အချိန်မရွေး စုံစမ်း မေးမြန်း ဆက်သွယ် ဝယ်ယူနိုင်ပါပီ ရှင် 🤝🤝🤝

Excellent Future Estate Company


💎 ကြိုပွိုင့်တိုက်ခန်းဝယ်‌ကြတော့မယ်ဆိုရင် 💎ကြိုပွိုင့်ဆိုတာ တိုက်မဆောက်ခင် ဒါမှမဟုတ် ဆောက်မပြီးခင် မရှိသေးတဲ့ တိုက်ခန်းက...
20/03/2024

💎 ကြိုပွိုင့်တိုက်ခန်းဝယ်‌ကြတော့မယ်ဆိုရင် 💎

ကြိုပွိုင့်ဆိုတာ တိုက်မဆောက်ခင် ဒါမှမဟုတ် ဆောက်မပြီးခင် မရှိသေးတဲ့ တိုက်ခန်းကိုကြိုတင်ပြီး အရောင်းအဝယ်ပြုရာမှာ ခေါ်ဆိုတဲ့ ခေတ်ပေါ် အသုံးအနှုန်းပါ။ တိုက်ခန်းနေလိုသူတွေဟာ အချိန်ပေးနိုင်ပြီး အလျင်လည်းမလိုဘူးဆိုရင် ကြိုပွိုင့်အခန်းတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးသက်သာတာရယ်၊ အရစ်ကျပေးနိုင်တာရယ်နဲ့ ကြိုက်တဲ့အခန်းကို ဦးဆုံး ရွေးချယ်နိုင်ခွင့် ရှိတာတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အခွင့်အလမ်းတွေကြောင့်ပဲ တိုက်ခန်းဝယ်ရောင်းသမားတွေဟာလည်း နေရာကောင်းပြီး အမြတ် အစွန်း ရှိနိုင်မယ့် တိုက်ခန်းမျိုးဆိုရင် လက်ဦးမှုယူပြီး ဝယ်ထားလေ့ရှိပါတယ်။

ကြိုပွိုင့်တိုက်ခန်း ဝယ်မယ်ဆိုရင် အများအားဖြင့် တိုက်ဖောင်ဒေးရှင်း စတူးတဲ့နေ့ကစပြီး တိုက်ခန်းတွေကို ရောင်းချလေ့ရှိပါတယ်။ အရစ်ကျငွေ ပေးချေရတာဖြစ်ပြီး စဝယ်တဲ့နေ့မှာ ကြိုပွိုင့်တိုက်ခန်းတန်ဖိုးရဲ့ ထက်ဝက်ကို ပေးရလေ့ ရှိပါတယ်။ တစ်ခါတစ်လေ စရန် အရင်ချပြီး နောက်ရက်ပိုင်းမှ အဲ့ဒီ ထက်ဝက်ငွေပြည့်အောင် ထပ်ပေးချေရပါတယ်။ဒုတိယအရစ်ကိုတော့ ကိုယ်ဝယ်ယူတဲ့အခန်း ကြမ်းခင်းကွန်ကရစ်(စလက်) လောင်းပြီးဆိုရင် ကျန်ငွေရဲ့ ထက်ဝက်ကို ထပ်ပြီး ပေးရပါတယ်။ နောက်ဆုံး ကျန်ငွေကိုတော့အဆောက်အဦး အမိုးတင်တဲ့ အချိန်မှာ ပေးရပေမယ့် အခုနောက်ပိုင်း အကုန်မပေးကြပါဘူး။ အထိုက်အလျောက်ချန်ပြီး လူနေခွင့်(BCC) ကျလို့ အခန်းအပ်ရင် အပြီးအစီး ပေးချေပါတယ်။ တစ်ခါတစ်လေလည်း လူနေခွင့်မကျမီ အခန်းအပ်ရင်လည်း ပေးချေကြပါတယ်။ ဥပမာ တိုက်ခန်းတန်ဖိုး (၁၀၀)ဆိုရင် ငွေချအရစ်က (စရန် ၁၀ + ၄၀) + ၂၅ + ၁၅ + BCC ၁၀ ဖြစ်ပါတယ်။ တစ်ချို့ကလည်း (စရန် ၅ + ၃၅) + ၃၀ + ၂၀ + BCC ၁၀ ရယူကြပါတယ်။ ပြောရမယ်ဆိုရင် အရစ်ကျ ငွေပေးချေမှုစနစ်မှာ အခြေခံတူပေမယ့် အသေးစိတ် သတ်သတ်မှတ်မှတ် မရှိကြပါဘူး။ အခုနောက်ပိုင်း အခြေခံမူပေါ်မှာ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေသလို ဆောင်ရွက်သွားကြတာ များပါတယ်။

ဒီနေရာမှာ အထူးသဖြင့် ပုံမှန် ကန်ထရိုက်တိုက်တွေရဲ့ ကြိုပွိုင့်အရောင်းအဝယ်ကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဆောက်လုပ်မှုကာလကို နှစ်ခန်းတွဲ(၇)ထပ်၊ (၈)ထပ် ပုံမှန်တိုက်များအတွက် တစ်နှစ်ခန့် အချိန်ယူလေ့ရှိပါတယ်။ တိုက်ခန်းတွဲများရင်တော့ ပိုကြာတတ်ပါတယ်။ ဆောက်လုပ်‌သူတွေက မလွှဲမရှောင် အထစ်အငေါ့ ဖြစ်သွားလို့ကလွဲရင် တတ်နိုင်သမျှ မြန်မြန်ပြီးအောင် ကြိုးစားဆောင်ရွက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ကြာလေ သူတို့အတွက် စရိတ်တက်လေ၊ ဆိုးကျိုးများလေ ဖြစ်လို့ပါပဲ။ စရိတ်နဲ့ ဆိုးကျိုးဆိုရာမှာ အိမ်ဟောင်းက မူလနေထိုင်သူတွေကို ခေတ္တအိမ်ငှားပေးရတဲ့စရိတ်၊ ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ ဈေးတက်ရိပ်၊ လှည့်ပတ်သုံးစွဲငွေ လျော့နည်းသွားမယ့် သောက၊ ပေးဆောင်ရမယ့် အမြတ်ခွန်၊ အရစ်ကျ ကြိုပွိုင့်ငွေ သတ်မှတ်ချိန် မှန်မှန်မရမယ့် အခက်အခဲ၊ တိုက်ခန်းပြီးစီးချိန် မှန်းထားတဲ့ ဈေးရပါ့မလားဆိုတဲ့ ပူပန်မှု၊ တိုက်ခန်း ရောင်းမထွက်မှာ စိုးရိမ်ရမှု စတာတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် ဆောက်လုပ်သူတွေဟာ ဒီကာလကို အဆင်ချောချောနဲ့ ဖြတ်ကျော်နိုင်ဖို့ ရင်တမမနဲ့ လျှောက်လှမ်းကြရပါတယ်။ ပြောရရင်တော့ ဆောက်လုပ်သူတင်မဟုတ်ပဲ ကြိုပွိုင့်ဝယ်သူတွေ၊ မြေရှင်တွေကလည်း မြန်မြန်ပြီးချင်ကြတာပါပဲ။ ဒါမှ သူတို့ တိုက်ခန်းအမြန်ရမယ်။ အမြန်နေရမယ်။ စောစောပြန်ရောင်းနိုင်မယ်။ မြေရှင်လည်း လက်မှတ်ထိုးခ စောစောပြန်ရမှာ ဖြစ်ပါတယ်။

လူနေအဆောက်အဦးတွေကို မြေပိုင်ဆိုင်သူကိုယ်တိုင် ဆောက်တာရှိပေမယ့် နည်းပါတယ်။ အများအားဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ ကန်ထရိုက်တွေက ဆောက်ကြတာများပြီး မြေရှင်နဲ့ တိုက်ခန်းတွေကို ခွဲဝေယူကြပါတယ်။ ဒါကြောင့် ကြိုပွိုင့်တိုက်ခန်းကို ဝယ်တော့မယ်ဆိုရင် ဆောက်လုပ်ရေးပိုင် အခန်းလား၊ မြေရှင်ပိုင်အခန်းလားဆိုတာ လေ့လာဖို့တော့ လိုပါတယ်။ ရောင်းပိုင်ခွင့်ရှိသူထံက တိုက်ရိုက်ဝယ်ယူတာဟာ အကောင်းဆုံးဖြစ်လို့ပါပဲ။ စိစစ်ဆောင်ရွက်ရတဲ့ လုပ်ထုံး လုပ်နည်း တွေမှာတော့ ဆောက်လုပ်ရေးပိုင်ဖြစ်စေ၊ မြေပိုင်ရှင်ဖြစ်စေ မကွာလှပါဘူး။

တိုက်ခန်းဝယ်မယ့်သူအနေနဲ့ ဦးစွာစဉ်းစားရမှာက အဆောက်အဦးတည်နေရာဟာ ကိုယ့်စိတ်ကြိုက် ဖြစ်၊ မဖြစ် ဒါမှမဟုတ် မိသားစုနဲ့ အဆင်ပြေမှု ရှိ၊ မရှိဆိုတာပါ။ နောက်ပြီး ကိုယ်သုံးနှုန်းမယ့် ငွေအင်အားနဲ့ အလွှာအမြင့်၊ တိုက်ခန်းအရွယ်အစားတို့ကို ချိန်ဆရပါမယ်။ ဒီနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းအမည်နဲ့ ကန်ထရိုက်တာရဲ့ ရာဇဝင်၊ ဖြစ်စဉ်တွေကို ကြိုတင်လေ့လာ သိမြင်ဖို့ မမေ့အပ်ပါဘူး။ ဒါမှ ကြိုက်ပြီဆိုရင်ဖြင့် ဘာမှ မရှိသေးတဲ့ လေထဲကတိုက်ခန်းကို စိတ်ကူးမြင်ယောင်ပြီး ကိုယ်က ငွေကျွံထားရမှာမို့ စာရွက်စာတမ်း စုံလင်မှု အနေအထားကိုတော့ စိစစ်ဖို့ လိုပါတယ်။

အဓိက ကြည့်ရမှာက ဆောက်လုပ်သူနဲ့ မြေရှင်တို့ ချုပ်ဆိုထားကြတဲ့ ကန်ထရိုက်စာချုပ်ပါ။ ဒီစာချုပ်အရ ဒီအဆောက်အဦးကို ဘယ်သူဆောက်တယ်ဆိုတာရယ်၊ ဆောက်လုပ်မှုကာလနဲ့ ဘယ်နေ့မှ ပြီးစီးရမယ်ဆိုတာရယ်၊ ကန်ထရိုက်က ဘယ်အခန်းတွေ ယူလို့ မြေရှင်က ဘယ်အခန်းတွေရမယ်ဆိုတာရယ် စတဲ့ အဓိကအချက်တွေကို သိရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကြိုပွိုင့်တိုက်ခန်းအတွက် ဘယ်သူနဲ့ အရောင်းအဝယ်စာချုပ် ချုပ်ရမယ်ဆိုတာ သေချာသိသွားတဲ့အပြင် တိုက်ခန်းအကျယ်၊ အရှည်၊ အမြင့်၊ အလွှာ၊ အခြမ်း၊ ရေ-မီးစုံ၊ ကြမ်းခင်း ကွန်ကရစ်တို့ကို ကြိုတင်သိမြင်ရပြီဖြစ်ပါတယ်။

ဆောက်လုပ်ရေးနဲ့ ဆက်နွယ်တဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ မြေရှင်ဟာ ဆောက်လုပ်သူကို ဆောက်လုပ်မှု ကာလအတွက် အထူးကိုယ်စားလှယ်လွှဲစာ ပေးထားလေ့ရှိပါတယ်။
နောက်တဆင့်အဖြစ် ကန်ထရိုက်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မြေရှင်အမည်ပေါက် မြေပိုင်ဆိုင်မှု အထောက်အထား မြေပိုင်မြေစာချုပ် (အများအခေါ် ဘိုးဘွားပိုင်မြေ) သို့မဟုတ် မြေငှားစာချုပ် (ဂရန်) စတာတွေကို ကြည့်ဖို့လိုပါလိမ့်မယ်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ရုံးကိစ္စတွေကို အခါမလပ် ဆောင်ရွက်နိုင်ဖို့အတွက် မြေရှင်တွေဟာ ဆောက်လုပ်သူတွေကို အဲ့ဒီဘိုးဘွား၊ ဂရန်မြေပုံ၊ မြေရာဇဝင်၊ အခွန်ပြေစာမူရင်း စတာတွေကို ပေးထားရလေ့ရှိပါတယ်။ ဒီလိုကြည့်ခြင်းဖြင့် ရှေ့လှည့်၊ နောက်လှည့်ကအစ တည်နေရာမလွဲ၊ မြေရှင်မလွဲ သိနိုင်ပါတယ်။ ကန်ထရိုက်စာချုပ်ကိုလည်း ဆက်စပ်လက်ခံ ဘဝင်ကျပြီး ဖြစ်ပါလိမ့်မယ်။

ဒီနောက်တော့ ဆောက်လုပ်ခွင့် ပါမစ်ကို ကြည့်ရခြင်းဖြင့် လုပ်ငန်းတကယ် စတင်နိုင်ခွင့် ရှိပြီဆိုတာ သိရသလို၊ ခွင့်ပြုကာလကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်း စည်ပင်အတည်ပြု အဆောက်အဦးပုံစံကို ကြည့်ခြင်းဖြင့် ကိုယ့်စိတ်ကူးထဲက တိုက်ခန်းပုံစံ၊ အထပ်အနေအထားနဲ့ အကျယ်အဝန်းတို့ကို နှိုင်းယှဉ်ခန့်မှန်း တွေ့မြင်နိုင်ပါလိမ့်မယ်။

အများအားဖြင့် ဆောက်လုပ်သူနဲ့ မြေရှင်တို့ဟာ ဝယ်သူကို ဖော်ပြပါ အထောက်အထားတွေ ပြသထားလေ့ရှိကြပါတယ်။ တကယ်ဝယ်မယ့်သူအနေနဲ့လည်း မပြရင်တောင် အားမနာတမ်း တောင်းဆိုကြည့်ရှုဖို့ လိုမှာ ဖြစ်ပါတယ်။ မှန်ကန်ရင် ပြနိုင်ပါလိမ့်မယ်။

ဒါတွေအားလုံး စိတ်တိုင်းကျလို့၊ ဈေးတည့်လို့ ကြိုပွိုင့်တိုက်ခန်းဝယ်တော့မယ်ဆိုရင် ဆောက်လုပ်သူ သို့မဟုတ် မြေရှင် အသင့်ရေးဆွဲထားတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို အသေအချာ ဖတ်ရှုဖို့ လိုပါတယ်။ စာချုပ်မှာ အရောင်းအဝယ်စည်းကမ်းနဲ့ ငွေပေးချေမှုအရစ်ကို ထည့်သွင်းဖော်ပြထားပါတယ်။ တစ်ခါတစ်လေ စာချုပ်စည်းကမ်းချက်တွေမှာ မမျှတတဲ့ စည်းကမ်းတွေ ပါလာတတ်လို့ဖြစ်ပါတယ်။
ကျေနပ်ပြီဆိုရင်ဖြင့် အရောင်းအဝယ်စာချုပ် ချုပ်လို့ရပါပြီ။ စာချုပ်ရာမှာ ကန်ထရိုက်ပိုင် တိုက်ခန်းဖြစ်ရင် မြေရှင်က သိရှိကြောင်းသက်သေအဖြစ် လက်မှတ်ထိုးရမှာ ဖြစ်သလို၊ မြေရှင်ပိုင်အခန်းဆိုရင်လည်း ကန်ထရိုက်တာက သိရှိကြောင်း သက်သေအဖြစ်လက်မှတ်ထိုးကြလေ့ရှိပါတယ်။ ဒါဆိုရင် အမှားနည်းသွားပါလိမ့်မယ်။ တစ်ခန်းထဲကို ထပ်ပြီးရောင်းတာမျိုးလည်း မရှိနိုင်ပါဘူး။ ဒီထက် သေချာချင်ရင်တော့ ရပ်ကွက်ကောင်စီ လူကြီးတွေရှေ့မှာ ချုပ်ဆိုခြင်းပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို ကြိုပွိုင့်တိုက်ခန်း အရောင်းအဝယ်တစ်ခု ပြီးမြောက်ပါတယ်။ နောက်ပိုင်း ဆောက်လို့မပြီးမချင်း မကြာခဏ သွားကြည့်ရမှာကတော့ ကိုယ့်တာဝန်ပါ။

credit to original writer သန်းဦး(မဏ္ဍိုင်)


💎 𝟯 𝗕𝗲𝗱𝗿𝗼𝗼𝗺 𝟰 𝗕𝗲𝗱𝗿𝗼𝗼𝗺 အခန်းများကို 𝟭 𝗦𝗾 𝗙𝘁  𝟰𝟱𝟬𝟬𝟬𝟬 𝗠𝗠𝗞 မှ စတင်ကာဝယ်ယူနိုင်မဲ့ အလုံလမ်းမကြီးပေါ်က 𝗣𝗮𝗻 𝗦𝘄𝗲𝗹 𝗧𝗮𝘄 𝗖𝗼𝗻𝗱𝗼💎 ဘို...
20/03/2024

💎 𝟯 𝗕𝗲𝗱𝗿𝗼𝗼𝗺 𝟰 𝗕𝗲𝗱𝗿𝗼𝗼𝗺 အခန်းများကို 𝟭 𝗦𝗾 𝗙𝘁 𝟰𝟱𝟬𝟬𝟬𝟬 𝗠𝗠𝗞 မှ စတင်ကာဝယ်ယူနိုင်မဲ့ အလုံလမ်းမကြီးပေါ်က 𝗣𝗮𝗻 𝗦𝘄𝗲𝗹 𝗧𝗮𝘄 𝗖𝗼𝗻𝗱𝗼

💎 ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ 𝗟𝘂𝘅𝘂𝗿𝘆 𝗖𝗼𝗻𝗱𝗼𝗺𝗶𝗻𝗶𝘂𝗺 တစ်ခုဖြစ်တာကြောင့် သားစဉ်မြေးအဆက်ဆက် လက်ဆင့်ကမ်းနိုင်မဲ့ 𝗣𝗮𝗻 𝗦𝘄𝗲𝗹 𝗧𝗮𝘄

𝗣𝗮𝗻 𝗦𝘄𝗲𝗹 𝗧𝗮𝘄 𝗖𝗼𝗻𝗱𝗼 ဟာဆိုရင်

💎 ရန်ကုန်မြို့ရဲ့အဓိကအချက်အချာနေရာ သံရုံးတွေအနီးက ကားလုံးဝမကြပ်တဲ့ အလုံလမ်းမကြီးပေါ်မှာတည်ရှိတယ်။

💎 ပိုင်ဆိုင်မှုကိုကြည့်ရင်လည်း ဘိုးဘွားပိုင်မြေပေါ်မှာ ကွန်ဒိုဥပဒေနဲ့အညီတည်ဆောက်ထားတာဖြစ်လို့ မြေအချိုးကျပိုင်ဆိုင်ခွင့်ရရှိမယ်။

💎 နိုင်ငံခြားသားဝယ်ယူလို့ရတဲ့ကွန်ဒိုတစ်ခုဖြစ်ပြီး𝗖𝗶𝘁𝘆 𝗩𝗶𝗲𝘄၊ 𝗥𝗶𝘃𝗲𝗿 𝗩𝗶𝗲𝘄 အခန်းတွေအပြင် မိသားစုအနည်းအများအလိုက် သင့်တော်မယ့် အခန်းအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူနိုင်မယ်။

𝗣𝗿𝗼𝗷𝗲𝗰𝘁 အနေနဲ့က ၆၅ % ပီးစီးနေပါပီ ရှင်။

💎 𝗙𝗮𝗰𝗶𝗹𝗶𝘁𝗶𝗲𝘀 တွေအနေနဲ့ 💎

➡️ 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗦𝘄𝗶𝗺𝗺𝗶𝗻𝗴 𝗣𝗼𝗼𝗹 ၊
➡️ အားကစားခန်းမ
➡️ ကလေးကစားကွင်း အပြင် ကွန်ဒို 𝗙𝗮𝗰𝗶𝗹𝗶𝘁𝗶𝗲𝘀 အပြည့်အစုံပါဝင်တယ်။

💎 ခေတ်နဲ့အညီ အများသုံး 𝗘𝗩 𝗰𝗵𝗮𝗿𝗴𝗲𝗿 𝗖𝗮𝗿 𝗽𝗮𝗿𝗸𝗶𝗻𝗴 ပါဝင်တဲ့အဆင့်မြင့်ကွန်ဒိုတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ခမ်းနားလှပတဲ့ ဧည့်ခန်း၊ နားနေခန်းတွေကို ထည့်သွင်းတည်ဆောက်ထားတယ်။

💎 အနီးအနားမှာ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗵𝗼𝗼𝗹𝘀 ၊ ဆေးရုံ ၊ စားသောက်ဆိုင် ၊ 𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 𝗖𝗲𝗻𝘁𝗲𝗿 စတာတွေရှိတာကြောင့် ပညာရေး၊ ကျန်းမာရေး၊ တစ်နေ့တာကိစ္စအဝဝအတွက်အဆင်ပြေစေတယ်။

💎 အလုံမြို့မှာ နောက်ထပ်မရနိုင်တော့မယ့် အထပ်မြင့် 𝗟𝘂𝘅𝘂𝗿𝘆 ကွန်ဒိုတစ်ခုဖြစ်တာကြောင့် လာရောက်လေ့လာဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

𝗣𝗮𝘆𝗺𝗲𝗻𝘁 𝗣𝗹𝗮𝗻 တွေကတော့
➡️ အထူးသက်သာခွင့်များ
➡️ (၂) နှစ် အတိုးမဲ့အရစ်ကျစနစ်
➡️ 𝗨𝗔𝗕 ဘဏ်ဖြင့် နှစ်ရှည်အရစ်ကျစနစ်စတာတွေနဲ့ ဝယ် ယူနိုင်ပါပီ 🙆🏼‍♂️

💎 အသေးစိတ်သိရှိလိုပါက -Excellent Future Estate
☎️09766463498
𝐄𝐦𝐚𝐢𝐥.[email protected] သို့ အချိန်မရွေး စုံစမ်း မေးမြန်း ဆက်သွယ် ဝယ်ယူနိုင်ပါပီ ရှင် 🤝🤝🤝
Excellent Future Estate



Address

Zaykyo Street
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Excellent Future Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellent Future Estate:

Share

Category