OK Hotel

OK Hotel OK Hotel is located on the Strand Road and Corner of Toe Chet Kam Nar Street & Thahton Bridge Street

မောင်အောင်အောင်နိုင် မှတ်ပုံတင် 10/မလမ(နိုင်)276398 ကိုင်ဆောင်သူသည် social mediaပေါ်မှာ Min Aung Naing accountဖြင့် OK H...
15/06/2022

မောင်အောင်အောင်နိုင် မှတ်ပုံတင် 10/မလမ(နိုင်)276398 ကိုင်ဆောင်သူသည် social mediaပေါ်မှာ Min Aung Naing accountဖြင့် OK Hotel​၏ imageနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသားများ၊ဘာသာခြားလူမျိုးရေး အငြင်းပွားစရာ စကားလုံးများကို မဟုတ်မမှန် ရေးသားပြောဆိုတင်ခဲ့မိသောကြောင့် OK Hotelမှ တာဝန်ရှိသူများကို အနူးအညွတ်တောင်းပန် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း

*ရတနာဘုံမြင့်ကျောင်း(မော်လမြိုင်) အကြောင်းရှာတွေ့လို့တင်လိုက်ပါတယ်။မူရင်းပိုင်ရှင်များအားလုံး credit ပါ။စိန်တုန်းမိဖုရား...
25/08/2020

*ရတနာဘုံမြင့်ကျောင်း(မော်လမြိုင်)

အကြောင်းရှာတွေ့လို့တင်လိုက်ပါတယ်။
မူရင်းပိုင်ရှင်များအားလုံး credit ပါ။
စိန်တုန်းမိဖုရားနှင့်ပတ်သက်၍ထင်ရှားသော မော်လမြိုင်မြို့က ရှေးဟောင်းရတနာဘုံမြင့်ကျောင်းတော်ကြီး
------ ------ ------ ------ ------
ရခိုင်နှင့် တနင်္သာရီနယ်များသည် ပထမအင်္ဂလိပ် မြန်မာစစ်ပွဲကတည်းက စစ်ရှုံးပြီး အင်္ဂလိပ်တို့ထံပေး အပ်ခဲ့ရသည်။ ပထမဆုံး အင်္ဂလိပ်ကိုလိုနီနယ်များ ဖြစ်ခဲ့သည်။ ထို့ကြောင့် ခရစ်နှစ် ၁၈၂၄ ခု မြန်မာမင်း ဘကြီးတော်လက်ထက်ကတည်းက မော်လမြိုင်သည် တိုင်းခြားသားတို့ လွှမ်းမိုးခဲ့သောမြို့ဖြစ်သည်။ အင်္ဂလိပ် များ သိမ်းစတုန်းကတော့ မော်လမြိုင်သည် တံငါရွာသာသာမျှသာဟုဆိုပါသည်။ သို့သော် အင်္ဂလိပ်လက် အောက်သို့ရောက်ပြီး အင်္ဂလိပ်တိုင်းမင်းကြီးက အစစ အရာရာကို ပြုပြင်မွမ်းမံလာသောအခါ မော်လမြိုင်လည်း တစတစ စည်ကားလာခဲ့သည်ဟုဆိုပါသည်။ သို့သော် ထိုစဉ်ကတည်းက မွန်၊ မြန်မာလူဦးရေထက် တိုင်းတပါးသား၊ ဥရောပသား၊ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးများသာ များပြားလွှမ်းမိုးခဲ့သည်ဟု ဆိုပါသည်။ ယနေ့ထက်ထိ မော်လမြိုင်သည် ဘင်္ဂါလီများ အိန္ဒိယသားများ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသူများနှင့် လူမျိုးခြားများပြားသော မြို့တမြို့ဖြစ်နေပါသည်။

မော်လမြိုင်သည် လူမျိုးခြားများပြားသည့်မြို့ဟု ဆိုသော်လည်း အထင်ကရ ရှေးဟောင်းအဆောက်အဦများ၊ သမိုင်း၀င်အဆောက်အဦများ မှတ်တမ်းမှတ်ရာများရှိနေသော မြို့တမြို့ဖြစ်ပါသည်။ မော်လမြိုင်သို့ရောက်လျှင် အရောင်းအ၀ယ်ထွန်းကားသော မြို့ဟုသာ မထင်မှတ်လိုက်ပါနှင့်။ မော်လမြိုင်မှာ စတုတ္ထသမီးတော်၏ စံအိမ်တော်ဟု ရှိပါသည်။ သီပေါမင်းနှင့်စုဖုရားလတ်တို့၏ စတုတ္ထမြောက်သမီးတော်သည် မြန်မာပြည်သို့ ပြန်လာပြီး မော်လမြိုင်မှာနေခဲ့သည်။ သူ၏ စံအိမ်တော်မှာ ရှေးဟောင်းဗိသုကာလက်ရာများဖြင့် အထင်ကရ တည်ရှိနေပါသည်။

အိမ်တော်၏အတွင်းပိုင်းမှာ အပေါ်ထပ် ၃ ထပ်သို့တက်သည့် လှေကားအဆင့်ဆင့်တွင်ပင် ပန်းပု၊ ပန်းပွတ်၊ ပန်းတမော့ လက်ရာများဖြင့် လှေကားလက်ရန်းများသည် အဖိုးအလွန်ထိုက်တန်ပါသည်။ နေအိမ်တော်၏ ဘုရားခန်းကအစ၊ အိမ်ထောင်ပရိဘောဂ (ယခု ကျန်သလောက်)ဘီရိုများမှာလည်း ရှေးဟောင်းလက်ရာ များဖြစ်သည်။ လသာဆောင်သို့လှေကားဖြင့် ဆင်းရကြောင်းသိရသည်။ လေသာပြတင်းများ၏ အပြင်အဆင် များမှာလည်း ဂန္ထ၀င်လက်ရာများဖြစ်သည်။ ဤအိမ်တော်ကို ကောင်းကောင်းမွန်မွန်ပြုပြင်ထားလျှင် ရှေးဟောင်း လေ့လာသူ နိုင်ငံခြားခရီးသွားများအတွက် အလွန်တန်ဖိုးရှိပါလိမ့်မည်။ အိမ်တော်အကြောင်း၊ သမိုင်းအကြောင်း ပြောပြနိုင်သူကိုခန့်အပ်ကာ ဤသမိုင်းကြောင်းကို လက်ကမ်းစာအုပ်ငယ်များရိုက်နှိပ်ပြီး ကမ်းပေးပါက တိုင်းပြည်အတွက် မြို့အတွက် မြန်မာ့သမိုင်း၏မှတ်တမ်းအတွက် အလွန်အဖိုးထိုက်တန်ပေမည်။ ယခုတော့ အိမ်တော်မှာ ငှက်ချေးများ၊ ကြွက်သိုက်များ၊ ဖုန်များ၊ အမှိုက်များဖြင့် ပြိုပျက်နေပါသည်။ ကျောင်းဖွင့်ထားသည် ဟုဆိုသော်လည်း ကျောင်းသားများအတွက် ဤအပျက်အစီး ကချော်ကချွတ်အခန်းများမှာ အန္တရာယ်ပင် ဖြစ်ပါသည်။ ထို့ပြင် စတုတ္ထသမီးတော်နှင့်ဆွေတော်မျိုးတော်များ အမည်ထိုးထားသောဂူမှာလည်း အနီးအပါးမှာ ထဘီများလှန်းထားပြီး၊ ထင်းခွေကာပုံထားသည်ကို စိတ်မကောင်းစရာတွေ့ရပါသည်။ ပဒေသရာဇ်စနစ်ကို တမ်းတခြင်းမဟုတ်ပါ။ သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများကို ထိန်းသိမ်းထားလိုခြင်းသာ ဖြစ်ပါသည်။

နောက်တခုရေးသားလိုသည်မှာ မော်လမြိုင်မြို့၏ အထင်ကရဘုန်းကြီးကျောင်းကြီးအကြောင်း ဖြစ်ပါသည်။ ကျောင်းတိုက်၏အမည်မှာ ''ရတနာဘုံမြင့်ကျောင်း''ဟု ခေါ်ပါသည်။ သို့သော် ဤကျောင်းတော်ကြီးကို ''စိန်တုန်းမိဖုရားကျောင်း''ဟုသာ လေ့လာသူများက အပြောအဆိုများကြသည်။

တကယ်တော့ ဤ'ရတနာဘုံမြင့်ကျောင်းတိုက်ကြီး'သည် စိန်တုန်းမိဖုရား ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်း တိုက်တော့မဟုတ်ပါ။ မော်လမြိုင်မြို့မှ ထိုခေတ်က သူဌေးမကြီးဒေါ်ရွှေပွင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတိုက်ကြီးဟု သိရပါသည်။ သို့သော် ဒေါ်ရွှေပွင့်၏ ဤရတနာဘုံမြင့်ကျောင်းမှာ အတွင်းရောအပြင်ပါ ထီးဟန်နန်းဟန်ကြငှန်းဆန်သော လက်ရာများဖြစ်နေသည်ကတော့ မင်းတုန်းမင်း၏မိဖုရားတပါးဖြစ်သော စိန်တုန်းမိဖုရားဟုခေါ်တွင်သော မိဖုရားကြီး၏အကြံဥာဏ်များစွာ ပါ၀င်နေလိမ့်မည်ဟု သုတေသီများက ခန့်မှန်းကြသည်။

ထို့ပြင် ဤကျောင်းကြီးမှာ သင်္ဂဇာဆရာတော်၊ ၀ဇီရာရာမဆရာတော်နှင့် ထိုဆရာတော်တို့ကို ကိုးကွယ် ဆည်းကပ်သော စိန်တုန်းမိဖုရားနှင့် များစွာဆက်နွှယ်ပတ်သက်နေပါသည်။ ဤရတနာဘုံမြင့်ကျောင်း၏ တံခါးပေါက်တိုင်းတွင် ပန်းပုရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။ လှေကား လက်ရန်းကို အုတ်ဖြင့်လုပ်ထားသည်။ ကျောင်းအပြင် စင်္ကြ ံရှိတိုင်များသည် ပန်းပုရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။ အတွင်းဘုရားခန်းမှာ အထူးတင့်တယ်ထူးခြားသည်။ ဘုရားဆောင်၏ အ၀င်၀မျက်နှာကြက်တွင် ခန်းဆီး သဖွယ် သစ်သားပန်းပုရုပ်ကြွများရှိသည်။ ဝိဓူရဇာတ်တော်ကို ဖတ်ထားသူတို့သာ သိမည်ဖြစ်သည်။ ဝိဓူရ အမတ်နှင့် ပုဏ္ဏကဘီလူးတို့ကို ဖော်ပြထားသည်။ သစ်ပင်နွယ်ပင်များ ကျေးငှက်၊ မျောက်၊ မြွေ စသည်တို့ အပြင် ဝိဓူရအမတ်အား ပုဏ္ဏကဘီလူးက မြင်းမြီးတွင်ချည်ပြီး တောင်စဉ်ခုနစ်ထပ်ကို ဆွဲသွားပုံ၊ အမတ်အား တွန်းချမည်ပြုစဉ် တောင်အောက်မှ ရုက္ခစိုးက ဖမ်းမည့်ဟန်ပြင်ပုံတို့ကို အသေးစိတ်ပန်းပုရုပ်ကြွများဖြင့် သရုပ်ဖော်ထုလုပ်ထားသည်မှာ အံ့မခန်းပါပေ။

ဘုရားခန်း၏ဘေးတွင် ရှေးဟောင်းဘီရိုများရှိပြီး ပေစာထုပ်များရှိသည်။ မိဖုရားကြီး၏ အသုံးအဆောင် ပစ္စည်းတချို့ကို ထည့်သွင်းထားသည်။ စိန်တုန်းမိဖုရား၀တ်ပြုရာ ဘုရားခန်းမှာ အောက်အခင်းပန်းပွင့်များပေါ်တွင် မှန်များခင်းထားသည်။ ခြင်္သေ့ခံပလ္လင်ထက်၀ယ် မြတ်စွာဘုရားတရားဟောနေပုံကို ကြေးဆင်းတုတော် ထွင်းထုထားသည်။

ထို့ပြင် ဤကျောင်းကြီး၌ သီဟိုက ပင့်ဆောင်လာသော ဗုဒ္ဓစွယ်တော်ကို တင်လှူအပူဇော်ခံရန် ဆောက် လုပ်ထားသော စွယ်တော်ပလ္လင်သည်လည်းကောင်း၊ စိန်တုန်းမိဖုရား၏ ဘုရား၀တ်ပြုရာအဆောင်သည် လည်းကောင်း၊ အခြားအခြားသော အံ့မခန်း၊ ပန်းပု၊ ပန်းပွတ်လက်ရာများ၊ တံခါးဘောင်တွင် ထွင်းထုထားသော ပန်းပုလက်ရာများ၊ စိန်တုန်းမိဖုရား ဘုရား၀တ်ပြုဆောင်တွင် ခင်းထားသော ပန်းပွင့်ခံမှန်အခင်းများ၊ ကျောင်း တိုက်နံရံဘေးမှသံများဖြင့် မွမ်းမံထားသော ရုပ်ကြွများ ရုပ်လုံးများမှာ အထူးပင်အံ့သြရလောက်သည်။ ထိုစဉ်က သံနန်းဆွဲသည့် ပညာရပ် ယနေ့ခေတ်လို မထွန်းကားသော်လည်း သံပန်းသံပန်းပုတို့မှာ အနုပညာလက်ရာ မြောက်လှသည်။

ဘုရား၀တ်ပြုဆောင်အ၀င်၀ရှိ ပန်းပုထုလုပ်ထားသော ဆင်စွယ်ကြီး၏ ပန်းပုလက်ရာမှာလည်း အံ့မခန်းဖြစ်ပါ သည်။ ရှေးဟောင်းဘီရိုများတွင် ခရစ်နှစ် ၁၈၀၀ ကျော်လောက်ကတည်းက စုဆောင်းထားသော ပေစာထုပ်များကို လည်း တွေ့ရသည်။ အမျိုးသားယဉ်ကျေးမှုအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်ပါသည်။ ဤကျောင်းတိုက်တွင် စိန်တုန်းမိဖုရားကြီးက ကျောင်းအမ ဒေါ်ရွှေပွင့်ကို သူမ၏ ထီးမူနန်းဟန်ကြငှန်း ဆန်သော အဆင်အပြင် ဗိသုကာလက်ရာများ သူမ၏စိတ်ကူးများဖြင့်မွမ်းမံအောင် အကြံဥာဏ်များ ပေးခဲ့လိမ့် မည်ထင်သည်။ ထို့ပြင် ဤကျောင်းတိုက်၌ စိန်တုန်းမိဖုရားနှင့်ပတ်သက်သော နေရာများစွာ ပါ၀င်သည်။ သူမ၏ အလှူအတန်းအစိတ်အပိုင်းများလည်း တွေ့ရသည်။

ဤကျောင်းတိုက်သည် မြန်မာ့သမိုင်းမှာ သာသနာဆိုင်ရာ၌ နေတဆူလတဆူပမာ ထင်ရှားခဲ့သည့် သင်္ဂဇာ ဆရာတော်၊ ၀ဇီရာရာမဆရာတော်တို့ ရောက်ရှိသတင်းသုံးခဲ့သောကြောင့် ထင်ရှားသည်။ ဤဆရာတော်တို့ကို စိန်တုန်းမိဖုရားက ရဟန်းဒါယိကာမအဖြစ် ကိုးကွယ်ခဲ့၍လည်း ဤဆရာတော် နှစ်ပါးနှင့်စိန်တုန်းမိဖုရားတို့၏ အမည်သည် ဤကျောင်းတိုက်နှင့် ခွဲ၍မရပါ။ စိန်တုန်းမိဖုရားဆိုသည်မှာ မင်းတုန်းမင်း၏ မိဖုရား ၄၆ ပါးတွင် တပါးအပါအ၀င်ဖြစ်သည်။ မင်းတုန်းမင်းမှာ မိဖုရားအများအပြားရှိရာ သူ၏သားသမီးကို ဘယ်မိဖုရားကမွေးသည့် သားသမီးမှန်းမသိ။ တနေ့ အင်္ဂလိပ် ကျောင်းဆရာကြီးဒေါက်တာမတ်၏ အင်္ဂလိပ်ကျောင်းတွင် သူ၏ကျောင်းနေအရွယ်သားတော်များကို စာသင် နိုင်ရန် ရှေ့တော်သို့ခေါ်ယူရာ သားတော်များရောက်ရှိလာသည်။ မင်းတုန်းမင်းက သားတော်များကိုကြည့်ပြီး ဘယ်သားတော်က ဘယ်မိဖုရားကမွေးတဲ့သားလဲဟုမေးရာ ဘယ်မိဖုရားက မွေးတဲ့သားပါဟု တပါးစီက တင်လျှောက်ကြရသည်ဆို၏။

မိဖုရားများကိုလည်း အဆင့်ခွဲခြားထားသည်။ တောင်နန်း၊ မြောက်နန်း၊ အလယ်နန်း စသဖြင့် အဆင့်ခွဲကာ ခံစားစေသည်။ တောင်နန်းသည် အဆင့်အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် တောင်ညာစံဒေဝီမဟေသီ မိဖုရားကြီးဟု စာထဲတွင်ပါရှိသည် မဟုတ်ပါလား။ ထို့ပြင် ဘွဲ့အမည်အရည်အခေါ်အဝေါ်ဖြင့်လည်း အဆင့်ခွဲခြားထားသေးသည်ဟု သိရသည်။ ဒေဝီတပ်သည့်ဘွဲ့၊ မဟေတပ်သည့်ဘွဲ့၊ ၀တီဘွဲ့၊ သီရိဘွဲ့ စသဖြင့် အဆင့်အတန်းအမျိုးမျိုးရှိရာ စိန်တုန်းမိဖုရားသည် အဆင့်မြင့်သော မိဖုရားတပါးဖြစ်သည်ဟု သိရသည်။ စိန်တုန်းမိဖုရားမှာ သားသမီးတော့ မထွန်းကားဟု ဆိုပါသည်။

မင်းတုန်းမင်းနတ်ရွာစံ၍ သီပေါနန်းတက်ချိန်တွင် တိုင်းရေးပြည်ရေးအရှုပ်အထွေး၌ နန်းတော်ထဲတွင် အကြံကြီး၊ လောဘကြီးသော ဆင်ဖြူမရှင်မိဖုရားနှင့်တိုင်တားမင်းကြီးတို့ သြဇာလွှမ်းမိုးနေသည်။ မင်းတုန်းမင်းက မိဖုရားတို့ကို ပေးသနားခဲ့သည့် လက်၀တ်ရတနာများကို ပြန်အပ်ရမည်ဟု စာရင်းဇယားနှင့်တကွ ဗြဲတိုက် အရာရှိ၊ စာရင်းစစ်စသည်တို့နှင့် အမိန့်ချမှတ်သည်။ တခြားမိဖုရားများက အကုန်အစင်အပ်ကြသည်။ စိန်တုန်းမိဖုရားပြန်အပ်ရာတွင် စာရင်းအရ တချို့ပစ္စည်းများ ကျန်နေသေးသည်။ အကုန်အစင်မအပ်ဟုဆိုကာ ထောင်သွင်းအကျဉ်းချခံရသည်။ ထိုစဉ် ၀ဇီရာရာမဆရာတော်ဘုရားက မိဖုရားကြီးအတွက် အလှူခံခဲ့ရာမှ ပြန်လွတ်မြောက်လာသည်။

မိဖုရားကြီးသည် နောက်တော့ အန္တရာယ်ကင်းဘေးရှင်းရန် အင်္ဂလိပ်တို့အပိုင် အောက်ပြည်အောက်ရွာသို့ တိတ်တဆိတ် ပြောင်းရွှေ့လာခဲ့သည်။ မော်လမြိုင်သို့ ရောက်ရှိစဉ် ရဟန်းအစ်မသူဌေးမကြီး ဒေါ်ရွှေပွင့်နှင့် ဆုံကြသည်။ ၀ဇီရာရာမဆရာတော်ကိုအကြောင်းပြု၍ ဓမ္မမိတ်ဆွေများအဖြစ် ခင်မင်ကျွမ်း၀င်ခဲ့ကြသည်။ စိန်တုန်းမိဖုရားကြီးသည် ဤရတနာဘုံမြင့်ကျောင်းတိုက်မှ ရဟန်းသံဃာများအား ပစ္စည်းလေးပါး ဒါယကာ အဖြစ်ခံယူလှူဒါန်းခဲ့သည်။ ဤကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ၀ဇီရာရာမဆရာတော်အား စိန်တုန်းမိဖုရား ကြီးက နေ့စဉ်ဆွမ်းအုပ်ပို့ခဲ့သည်။ သူ၏ အိမ်ရှိပရိဘောဂများကိုလည်း ကျောင်းအသုံးအဆောင်အဖြစ် လှူဒါန်း ခဲ့သည်။ စိန်တုန်းမိဖုရား အသက်အရွယ်ကြီးရင့်အိုမင်းလာချိန်တွင် ဤကျောင်းတိုက်တောင်ဘက်တွင် သီလရှင် ကျောင်းဆောက်လုပ်ပြီး သီလရှင်ဘ၀သို့ခံယူခဲ့ကြောင်း သိရသည်။ မော်လမြိုင်မြို့ အိမ်တော်ရာ သီလရှင် စာသင်တိုက်၌ စိန်တုန်းမိဖုရား၏ အုတ်နန်းပြာသာဒ်ရှိသည်ဟုလည်း သိခဲ့ရပါသည်။

ထို့ကြောင့် ပထမဦးစွာ အင်္ဂလိပ်ကိုလိုနီဘ၀ကျရောက်ခဲ့သော ပထမဦးစွာ သတင်းစာထုတ်လုပ်ခဲ့သော အင်္ဂလိပ်များက စီးပွားပျက်အောင် စီးပွားရေးအရ အတိုက်ဖျက်ခံခဲ့ရသော မွန်သင်္ဘောသူဌေးကြီး ဦးနာ အောက်၏ ဘုရားကျောင်းကန်များရှိသော၊ ဂျဒ်ဆင်(ယုဒသန်)၏ ပထမဦးစွာ အုတ်မြစ်ချတည် ထောင်ခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးရှိသော မော်လမြိုင်မြို့သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အထူးဂရုပြု ၍ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သင့်သော မြို့တမြို့ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။

(ရတနာဘုံမြင့်ကျောင်းအတ္ထုပ္ပတ္တိကို ကိုးကားရန် ပေးအပ်ခဲ့သော မော်လမြိုင်မြို့၊ ကဗျာကဖေးမှ ကဗျာ ဆရာဝေမိုးအိမ်နှင့် ဇနီးမျိုး(မောရ)တို့အား အထူးကျေးဇူးတင်လျက်)

တင်ပြသူအား.credit

⚠ စီးပွားရေး ⚠ ကျန်းမာရေး ⚠ လူမှုရေး ⚠ ရုံး  ⚠ ကုမ္ပဏီ ⚠ ဘာသာရေး ⚠ မိသားစုရေး ⚠ ကိုယ်ရေးကိုယ်တာ အစရှိတဲ့ ကိစ္စများနဲ့ နိ...
13/08/2020

⚠ စီးပွားရေး ⚠ ကျန်းမာရေး ⚠ လူမှုရေး ⚠ ရုံး ⚠ ကုမ္ပဏီ ⚠ ဘာသာရေး ⚠ မိသားစုရေး ⚠ ကိုယ်ရေးကိုယ်တာ အစရှိတဲ့ ကိစ္စများနဲ့ နိစ္စဓူ၀ သွားလာနေရတဲ့ပြည်တွင်း ခရီးသွားတွေလည်း ပြန်စနေကြပြီဆိုတော့အိုကေဟိုတယ်မှ ရက်ရှည်၊ ရက်တိုခရီးသွား ဧည့်သည်တော်ကြီးများ အားလုံးအတွက် 💯 အကောင်းဆုံးဝန်ဆောင်မှုများကို ပိတ်ရက်မရှိ အမြဲပေးနိုင်အောင် အစဉ်ကြိုးပမ်းလျက်ရှိပါတယ်...

​ တစ်ညတည်းခိုခ 🛌 အနည်းဆုံး ၂၅၀၀၀ ထဲဖြင့်တည်းခိုဖို့ အခန်းမရလိုက် မဖြစ်ရလေအောင် ယခုပဲ 📞 ဖုန်းဆက်ဘိုကင်လုပ်ထားလိုက်ပါနော်...

☎ Booking & Reservation Hotlines -
0572024677, 09429801500
0572025097, 0949801500
အမှတ် ၁၁,၁၂ ၊ သထုံတံတားလမ်းနှင့် ကမ်းနားလမ်းထောင့်၊ မော်လမြိုင်မြို့။

💵 အခန်းခနှုန်းထားများ 💴
-------------------------------
(ပြည်တွင်း ဧည့်သည်တော်များ)
နံနက်စာ ဘူဖေးပါဝင်ပါသည်။

🛏 Double Room - ၂၅၀၀၀ ကျပ် (နှစ်ယောက်အိပ်)

🛏 Twin Room - ၂၅၀၀၀ ကျပ် (နှစ်ယောက်အိပ်)

🛏 Triple Room - ၃၅၀၀၀ ကျပ် (သုံးယောက်အိပ်)

🛏 Family Room - ၆၅၀၀၀ ကျပ် (ခြောက်ယောက်အိပ်)

Extra Bed - ၈၀၀၀ ကျပ် (လူပိုကြေး တစ်ဦးနှုန်း)

မိုးတွင်းအထူးလျော့စျေးအနေနဲ့ 20%Discount လည်း ရှိတယ်နော်

⚜ ဝန်ဆောင်မှုများ ⚜
================
🔸 သွားလာရလွယ်ကူပြီး အချက်အချာကျသောနေရာတွင်တည်ရှိခြင်း
🔸 အခန်းလွတ်များရှိပါက မနက် (၆)နာရီမှစပြီးအခန်းယူနိုင်ခြင်း (Early Check-in)
🔸 သန့်ရှင်းလက်ဆက်သော နံနက်ခင်းစာ ဘူဖေး
🔸 မြန်နှုန်းမြင့် Wifi အင်တာနက်
🔸 ကျယ်ဝန်း စိတ်ချရသော ကားပါကင်
🔸 တီဗီ (ဘောလုံး၊ ရုပ်ရှင် ချယ်နယ်လိုင်းစုံ)
🔸 ရေချိုးခန်း အိမ်သာတွဲလျက်
🔸 ရေပူ၊ ရေအေး
🔸 အဲကွန်း
🔸 သန့်ရှင်း သပ်ရပ်သော အိပ်ခန်းများ
🔸 Mini-Bar ရေခဲသေတ္တာ
🔸 စားသောက်ဖွယ်ရာများ
🔸 ပင်မင်းဝန်ဆောင်မှု (Laundry Service)

မော်လမြိုင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ============================ဒေသဆိုင်ရာအချက်အလက်များ×××××××××××××**************...
28/07/2020

မော်လမြိုင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

============================

ဒေသဆိုင်ရာအချက်အလက်များ

×××××××××××××*****************

မော်လမြိုင်မြို့နယ် ဖွဲ့စည်း တည်ထောင်ဖြစ်ပေါ်လာပုံမှာသာသနာ သက္ကရာဇ်(၁၅၇)ခုနှစ်တွင်ရာမညရာဇာမင်းသည်သံလွင် ၊ ဂျိုင်း၊ အတ္တရံနှင့် သောင်ရင်းမြစ်လေးမွှာဆုံရာ အရပ်၌ ပထမ မော်လမြိုင်ကို တည်ထောင် ခဲ့သည် ဟုဆိုသည် ။ ယခုမော်လမြိုင်မှာ ဒုတိယ မော်လမြိုင်ဖြစ်၍ ထိုစဉ် အခါက အခေါ်ဖြစ်သောမွတ်မယ်လိန်မှ မော်လမြိုင်ဖြစ်လာသည်ဟု အဆိုရှိကြောင်းသိရပါသည် ။

တည်နေရာအကျယ်အဝန်း
***************************

မော်လမြိုင်မြို့နယ် သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၂ မိနစ်နှင့်၁၆ဒီဂရီ ၃၀မိနစ် အကြား အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅မိနစ်၊ နှင့်၉၇ ဒီဂရီ ၄၂မိနစ်ကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၇)မိုင်နှင့်တောင်မှ မြောက်သို့(၁၇)မိုင် ရှည်လျားပါသည်။မော်လမြိုင် မြို့နယ်၏အကျယ်အဝန်းမှာ(၈၈.၈၂)စတုရန်းမိုင်ဖြစ်ပြီး မြို့၏အကျယ်အဝန်းမှာ(၂၀.၅၂) စတုရန်း မိုင်နှင့် ကျေးရွာအကျယ်အဝန်းမှာ(၆၈.၃)စတုရန်းမိုင်ဖြစ်ပါသည်။

နယ်နိမိတ်

×××××××

မော်လမြိုင်မြို့နယ်၏ အရှေ့ဘက်တွင် ကျိုက်မရော မြို့နယ်၊ တောင်ဘက်တွင် မုဒုံမြို့နယ် နှင့် ထိစပ်လျက်ရှိပါသည်။ အနောက် ဘက်တွင် ချောင်းဆုံမြို့နယ် နှင့် ထိစက်လျက်ရှိပြီး မြောက်ဘက်တွင် ဘားအံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

××××××××××××××

မော်လမြိုင်မြို့နယ်၏မြေမျက်နှာသွင်ပြင်အနေအထားသည် အရှေ့ ဘက်သို့ လည်းကောင်း ၊ အနောက်ဘက်သို့လည်းကောင်း ဆင်ခြေလျော ရှိသည့်အပြင် တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် တွင် အကျယ်ပြန့် ဆုံးသောမြေနိမ့်လွင်ပြင်အဖြစ် တည်ရှိပါ သည်။မော်လမြိုင်မြို့ ၏အရှေ့ဘက် တွင်နာဂဝီသတောင်တန်းသည် မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိပါ သည် ။ ထင်ရှားသောကျွန်းမှာခေါင်းဆေးကျွန်း ၊ ထား၀ယ်ကျွန်းတို့ဖြစ်ပါ သည် ။

ရေဆင်း

×××××

မော်လမြိုင်မြို့တွင်မြစ်ချောင်းများပေါများသည့်ဒေသ တစ်ခုဖြစ်ပြီး ထင်ရှားသောမြစ်များမှာ အတ္တရံမြစ် ၊ ဂျိုင်းမြစ် ၊သံလွင်မြစ်တို့ ဖြစ်ပါသည်။ အတ္တရံမြစ်မှာ ကြာအင်းဆိပ်ကြီးမှ မော်လမြိုင်မြို့သို့ လည်းကောင်း၊ဂျိုင်းမြစ် မှာကျုံဒိုးမြို့မှမော်လမြိုင်မြို့သို့လည်းကောင်း၊ သံလွင်မြစ်မှာ မော်လမြိုင်မြို့အနီးသို့လည်းကောင်းစီးဆင်းလျှက်ရှိပါသည်။ ရေအရင်းမြစ် အများ စုမှာ ရေချိုများဖြစ်၍စိုက်ပျိုးရေ ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်ပါသည် ။

ပင်လယ်ရေမျက်နှာပြင်အမြင့်

××××××××××××××××××********

မော်လမြိုင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်(၁၈)ပေ ရှိသော မြို့နယ်တစ်ခုဖြစ်ပါသည် ။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်

==========================

ရာသီဥတု

*********

မော်လမြိုင်နယ်သည် ပူနွေးစိုစွတ်သောရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၃၈.၁`C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၇.ဝ.C) ဖြစ်ပါသည်။

သဘာဝပေါက်ပင်များ

***********************

မော်လမြိုင်မြို့နယ်တွင်မလွှ ၊ ဖက်လန်း ၊ ပျဉ်းမ ၊ သပြေ ၊ ကျီး ၊ အနန်း ၊ ရုံး ၊ သဖန်း ၊ စစ် ၊ တောင်မရိုး ၊ ဘန့်ဘွေး ၊ ဖန်ခါး ၊ အင် ၊ ကြို့ ၊ ရေမှိန် ၊ ပျဉ်းကတိုး ၊ ထောက်ကြံ့ ၊ တောင်သရက် ၊ လက်ထုပ်ကြီး ၊ သက်ရင်း ၊ မြသာ ၊ ဒီဒူး ၊ လက်ပံစသည့်အပင်များပေါက်ရောက်သည် ။

တောရိုင်းတိရစ္ဆာန်များ

************************

မော်လမြိုင်မြို့နယ်အတွင်းရှိတောရိုင်းတိရိစ္ဆာန်များမှာ တောဂျီများဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ

****************************************

မော်လမြိုင်မြို့နယ်၏လက်ရှိ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွမ်းမှု (၆.၁၆%) ရှိပါသည်။ ၎င်းအနက်မှကြိုးဝိုင်းသစ်တောဖုံးလွှမ်းမှုမှာ(၁.၉၃%)ဖြစ်ပြီး ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာမရှိပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ

******************************************

မော်လမြိုင်မြို့နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း များအတွက်ကြိုးဝိုင်းတော(၁၀၉၅)ဧက ထိန်းသိမ်းလျက် ရှိပါ သည်။ သစ်တောစိုက်ခင်း တည်ထောင်နိုင်မှုမှာ ပုဂ္ဂလိကကျွန်း စိုက်ခင်း မရှိပါ၊ သစ်မာမရှိပါ၊ ကျေးရွာထင်းစိုက်ခင်း(၁)ဧကဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှု

*************************************

မော်လမြိုင်မြို့နယ်သည် မွန်ပြည်နယ်အတွင်းတွင်တည်ရှိသဖြင့် မုန်တိုင်း နှင့်မီးဘေးအန္တရာယ် ကျရောက်လေ့ရှိပါသည် ။ မော်လမြိုင်မြို့နယ်အတွင်း သံလွင်မြစ်၏စိုးရိမ် ရေမှတ်(၇၅၀) စင်တီ မီတာဖြစ်ပါသည်။မော်လမြိုင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်မှုမှာ (၂၀၁၈)ခုနှစ် အောက်တိုဘာလမှ (၂၀၁၉) ခုနှစ် စက်တင်ဘာလထိ ရေဘေး(၁၈)ကြိမ် ၊ မီးဘေး (၂၇)ကြိမ် ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသည်။

လူဦးရေဆိုင်ရာအချက်အလက်များ

*************************************

နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ

မော်လမြိုင်မြို့နယ်တွင် နေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

၁။ကချင်−−−၁၄ဦး

၂။ကယား−−−၈၁ဦး

၃။ကရင်−−−၃၀၆၄ဦး

၄။ချင်း−−−၂၃ဦး

၅။မွန်−−−၅၄၄၄၇ဦး

၆။ဗမာ−−−၁၅၂၂၂၂ဦး

၇။ရခိုင်−−−၂၄၀ဦး

၈။ရှမ်း−−−၆၆၅ဦး

၉။ပအိုဝ့်−−−၅၃ဦး

၁၀။အခြား−−−၅၇၇၄၄ဦး

မြို့နယ်ချုပ်−−−၂၆၈၅၅၃ဦး

အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ

**********************************

မော်လမြိုင်မြို့နယ်၏၂၀၁၉ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က) အိမ်ခြေ/အိမ်ထောင်စု

****************************

မော်လမြိုင်မြို့နယ်တွင်ရပ်ကွက်(၂၉)ရပ်ကွက်မြို့နေအိမ်ခြေ(၄၀၁၄၆)အိမ်နှင့် အိမ်ထောင်စု(၄၅၉၄၄)စုရှိပြီး ကျေးရွာအုပ်စု(၁၃)စု ကျေးလက်နေအိမ်ခြေ(၇၅၆၀)အိမ်နှင့် အိမ်ထောင်စု(၇၇၉၂)စုရှိရာ စုစုပေါင်းအိမ်ခြေ(၄၇၇၀၆)အိမ်နှင့် အိမ်ထောင်စု(၅၃၇၃၆)စု ရှိပါသည်။

(ခ) လူဦးရေ

***************

အသက်(၁၈) နှစ်အထက်

***************************

မြို့ပေါ်နေကျား(၆၆၂၅၈)ဦး၊မ(၈၁၄၁၇)ဦး၊စုစုပေါင်း(၁၄၇၆၇၅)ဦး၊ ကျေးလက်နေကျား(၁၀၀၄၀)ဦး၊မ(၁၁၉၅၆)ဦး၊ စုစုပေါင်း(၂၁၉၉၆)ဦးဖြစ်ပြီး မြို့နယ်အတွင်း ကျား(၇၆၂၉၈)ဦးနှင့် မ(၉၃၃၇၃)ဦးစုစုပေါင်း(၁၆၉၆၇၁)ဦးတို့ဖြစ်ပါသည်။

အသက်(၁၈) နှစ်အောက်

**************************

မြို့ပေါ်နေကျား(၄၀၇၇၀)ဦး၊မ(၄၃၀၄၃)ဦး၊ စုစုပေါင်း(၈၃၈၁၃)ဦး

ကျေးလက်နေကျား(၇၂၆၁)ဦး၊မ(၇၈၀၈)ဦး၊စုစုပေါင်း(၁၅၀၆၉)ဦးဖြစ်ပြီး မြို့နယ်အတွင်း ကျား(၄၈၀၃၁)ဦးနှင့် မ(၅၀၈၅၁)ဦး စုစုပေါင်း(၉၈၈၈၂)ဦးတို့ဖြစ်ပါသည်။

မြို့နယ်ချုပ်

***********

မြို့ပေါ်နေကျား(၁၀၇၀၂၈)ဦး၊ မ(၁၂၄၄၆၀)ဦး၊စုစုပေါင်း(၂၃၁၄၈၈)ဦး၊ ကျေးလက်နေကျား(၁၇၃၀၁)ဦး၊မ(၁၉၇၆၄)ဦး၊ စုစုပေါင်း(၃၇၀၆၅)ဦး၊ မြို့နယ်အတွင်းကျား(၁၂၄၃၂၉)ဦးနှင့် မ(၁၄၄၂၂၄)ဦး၊ စုစုပေါင်း(၂၆၈၅၅၃)ဦး

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

***********************************

အုပ်ချုပ်ရေးမှူးရုံးများ

*******************

မြို့နယ်အုပ်ချုပ်ရေးမှူး(၁)ဦး၊ မြို့နယ်ရုံး(၁)ရုံး၊ ရပ်ကွက်ရုံး(၂၉)ရုံး၊ ကျေးရွာအုပ်စုရုံး(၁၃)ရုံး

မော်လမြိုင်မြို့နယ်ရှိဌာနဆိုင်ရာများ

**************************************

၁။ မြို့နယ်ထွေအုပ်ဌာန

၂။ မြို့နယ်ရဲတပ်ဖွဲ့

၃။ မြို့နယ်တရားရုံး

၄။ မြို့နယ်ဉပဒေရုံး

၅။ မြို့နယ်လဝက

၆။ မြို့နယ်စာရင်းစစ်ရုံး

၇။ မြို့နယ်ငါးလုပ်ငန်း

၈။ မြို့နယ်အခွန်ဦးစီးဌာန

၉။ မြို့နယ်အိုး/အိမ်

၁၀။ မြို့နယ်မွေး/ကု

၁၁။ မြို့နယ်ကျန်းမာရေး

၁၂။ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်

၁၃။ မြို့နယ်အား/ကာ

၁၄။ မြို့နယ်သစ်တော

၁၅။ မြို့နယ်ကုန်တင်/ချ

၁၆။ မြို့နယ်မီးသတ်

၁၇။ မြို့နယ်ပြန်/ဆက်

၁၈။ စက်မှုသီးနှံ

၁၉။ မြို့နယ်အလုပ်သမား

၂၀။ မြို့နယ်ပညာရေး

၂၁။ မြို့နယ်စိုက်ပျိုးရေး

၂၂။ မြို့နယ်လမ်းဦးစီးဌာန

၂၃။ မြို့နယ်စည်ပင်သာယာရေး

၂၄။ မြို့နယ်သ/မဦးစီးဌာန

၂၅။ မြို့နယ်လယ်ယာ/စာရင်းအင်း

၂၆။ မြို့နယ်ဆည်/မြောင်း

၂၇။ မြို့နယ်လျှပ်စစ်

၂၈။ မြို့နယ်စီမံကိန်း

၂၉။ မြို့နယ်စက်မှုလယ်ယာ

၃၀။ မြို့နယ်တိုင်းရင်းဆေး

၃၁။ မြို့နယ်ကျေး/လက်

၃၂။ ဗဟိုစာရင်းအင်းအဖွဲ့

၃၃။ မြို့နယ်အကောက်ခွန်

နယ်မြေအခြေအနေ

*****************

မော်လမြိုင်မြို့နယ်သည်အဖြူရောင်နယ်မြေဖြစ်ပြီး အေးချမ်း တည်ငြိမ်မှုရှိသည်။

နိုင်ငံရေးပါတီများ

********************

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၃။ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ

၄။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၅။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ

ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ

******************************************

ပြည်သူ့လွှတ်တော်

********************

ဦးနိုင်သောင်းညွန့်(NLD)ပါတီ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)

****************************************

ဦးအေးမင်းဟန်(NLD)ပါတီ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂)

***************************************

ဒေါ်နွယ်နွယ်အောင်(NLD)ပါတီ

ပြည်နယ်လွှတ်တော်(၁)

*********************

ဦးမင်းထင်အောင်ဟန်(NLD)ပါတီ

ပြည်နယ်လွှတ်တော်(၂)

********************

ဒေါက်တာထိန်လင်း(NLD)ပါတီ

စီပွားရေးဆိုင်ရာအချက်အလက်

*********************************

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

***********************************

မော်လမြိုင်မြို့နယ်သည် မွန်ပြည်နယ် အတွင်း တည်ရှိပြီး စီးပွားရေးအရ အချက်အခြာ ကျသော / စီးပွားရေးဖွံ့ ဖြိုး တိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပါသည် ။ မြို့နယ် အတွင်းရှိဒေသခံပြည်သူ လူထုသည် စိုက်ပျိုးရေး လုပ်ငန်း / ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြပါသည် ။ မော်လမြိုင်မြို့နယ်သည် ကုန်းလမ်း ၊ ရေလမ်း ၊ ကြောင်းလမ်းများ ဆုံရာ / လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။

မြေအသုံးချမှု

****************

မော်လမြိုင် မြို့နယ် ၏ မြေအမျိုးအစားအလိုက် အသ

အပျိုစင် ဘီလူးကျွန်း**********************ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဘက် ကမ်းရေပတ...
26/07/2020

အပျိုစင် ဘီလူးကျွန်း
**********************

ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဘက် ကမ်းရေပတ်လည် ၀န်းရံလျက်ရှိသော မွန်ပြည်နယ်ထဲရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ဘီလူးကျွန်းကို ကျေးရွာပေါင်း ၆၄ ရွာ (ယခု ၇၈ ရွာဟုလည်း ပြန်လည်သတ်မှတ်ထား)၊ ကျေးရွာအုပ်စု ၄၆ (ယခု ၄၃ အုပ်စုဟု ပြန်လည်သတ်မှတ်ထား) အုပ်စုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ်ဟုလည်း ခေါ်ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) နှင့်အတူ အငြင်းပွားဖွယ်ရာများဖြင့် ဘီလူးကျွန်းသည် လှုပ်ခတ်နိုးထရန် စိုင်းပြင်းနေပါပြီ။

ယခင်ကာလတွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းခရီးတစ်ခုသာ မှီခိုအားထားခဲ့ရသည်။ သံလွင်မြစ်ပြင်ကျယ်အဝေးမှ လှမ်းကြည့်လျှင် အပျိုစင်တစ်ဦးကဲ့သို့ အစွမ်းကုန် လှပရုန်းကြွတော့မည့်ဟန်ဖြင့် ရှင်းသန့်နေသည်။ ဘီလူးကျွန်း (ခေါ်) ချောင်းဆုံမြို့နယ်သည် ကျောက်သင်ပုန်း၊ ဆေးတံနှင့် ဂဠုန်ဆရာစံစသော ပုံရိပ်များဖြင့် ရှေးယခင်ကပင် မော်ကြွားနိုင်ခဲ့သည်။ ဘီလူးကျွန်းသည် ယခင်က တစ်ကျွန်းတည်းမဟုတ်ပါ။ ဘီလူးကျွန်း၊ မုဆိုးမကျွန်း၊ ခမောင်းပင်ကျွန်းစသော ကျွန်းခွဲများ ခွဲထွက်နေပါသည်။ နှစ်ကာလကြာမြင့်လာသောအခါ သံလွင်မြစ်၏နုန်းတင်မြေများ ပို့ချမှုကြောင့် ကျွန်းသုံးခုပေါင်းစပ်သွားပြီး တစ်ကျွန်းတည်း ဖြစ်ပေါ်လာကာ ‘ဘီလူးကျွန်း’ ဟု လူအများခေါ်ဆိုလာကြသည်။ ယခုအခါတွင် ချောင်းဆုံမြို့နယ်အဖြစ် သတ်မှတ်ထားသည်။

ဘီလူးကျွန်းပေါ်တွင် ကျေးရွာပေါင်း ၆၄ ရွာ (ယခု ၇၈ ရွာဟုလည်း ပြန်လည်သတ်မှတ်ထား) ရှိပြီး ကျေးရွာအုပ်စု ၄၆ အုပ်စု (ယခု ၄၃ အုပ်စုဟု ပြန်လည်သတ်မှတ်ထား) ရှိသည်။ ရေပတ်လည်၀န်းရံထားပြီး သံလွင်မြစ်၀တွင် တည်ရှိသည်။ အကျယ်အ၀န်းမှာ တောင်မှမြောက်သို့ အလျား ၁၉ မိုင်နှင့် ၄ ဖာလုံ၊ အရှေ့မှအနောက်သို့ အကျယ်ဆုံးနေရာတွင် ၁၀ မိုင်နှင့် ၂ ဖာလုံခန့်ရှိပြီး အကျဉ်းဆုံးနေရာတွင် ၄ မိုင်နှင့် ၂ ဖာလုံခန့်ရှိသည်။ ကျွန်းကြီး၏ စုစုပေါင်းအကျယ်အ၀န်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၉ ဒသမ ၀၈၉ မိုင်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ်အပြီး ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ အောက်မြန်မာပြည်ကို ဗြိတိသျှများ သိမ်းပိုက်နိုင်ခဲ့သောကြောင့် ဘီလူးကျွန်းသည် ဗြိတိသျှလက်အောက်ခံအဖြစ် ကျရောက်ခဲ့ဖူးသည်။ ၁၉၀၁ ခုနှစ်မတိုင်မီ ဘီလူးကျွန်းဟုခေါ်ဆိုခဲ့ရာမှ ချောင်းဆုံမြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ကျွန်းနေပြည်သူအများစုမှာ မွန်လူမျိုးများဖြစ်ကြသည်။ အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း စုပေါင်းနေထိုင်လျက်ရှိသည်။ နှစ်စဉ်တန်ခူးလ မဟာသင်္ကြန်ကာလမှစပြီး နှစ်ဆန်း ၁၀ ရက်နေ့ထိတိုင် မွန်ဓလေ့ ရိုးရာဘုရားပွဲများကို ကျေးရွာအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ဧပြီ ၁၄ ရက်သင်္ကြန်အကျနေ့ ‘နတ်မှော်ရွာ’ ဘုရားပွဲမှစ၍ ဧပြီ ၂၆ ရက်နှစ်ဆန်း ၁၀ ရက်နေ့ ‘ကလွီရွာ’ ဘုရားပွဲထိ နှစ်စဉ်မပျက်မကွက် ကျင်းပနေဆဲပင်ဖြစ်သည်။

အခြားသော မဟာသင်္ကြန်ရက်များနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားကျင်းပသော ဘုရားပွဲများလည်းရှိသည်။ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်တွင် ကျင်းပသော ‘မုနိုင်းရွာ’ ဘုရားပွဲ၊ တပို့တွဲလပြည့်တွင် ကျင်းပသော ‘ကဒါရွာ’ ကျိုက်ထူရုံဘုရားပွဲ၊ တပေါင်းလဆန်း ၁၃ ရက်တွင် ကျင်းပသော ‘ဒေါင်းဥရွာ’ ဘုရားပွဲ၊ တပေါင်းလဆန်း ၁၄ ရက်တွင် ကျင်းပသော ‘ဒေါင်းရပ်နောက်’ ဘုရားပွဲ၊ တပေါင်းလပြည့်နေ့တွင် ကျင်းပသော ‘ဒရယ်ရွာ’ ဘုရားပွဲတို့ပင်ဖြစ်ပါသည်။

ထိုဘုရားပွဲများတွင် မွန်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်း အငွေ့အသက်များကို တွေ့မြင်နိုင်ပါသည်။ ဘုရားပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရပ်ဝေးရပ်နီးမှ ကွဲကွာနေသော မိသားစုဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြရန်ဖြစ်သည်။ ဘုရားပွဲသို့ လာရောက်လည်ပတ်သော ဧည့်သည်များ မည်သူမဆို ‘သူစိမ်း၊ သူကျက်မခွဲခြားဘဲ အိမ်တိုင်းမှ လိုလေသေးမရှိ ဧည့်ခံကျွေးမွေးခြင်းသည် ဘီလူးကျွန်း၏ ချစ်စရာ့ မွန်ရိုးရာဓလေ့တစ်ခုဖြစ်သည်။

ဘုရားပွဲများတွင် ဘီလူးကျွန်း၏ ရိုးရာဓလေ့တစ်ခုဖြစ်သော လှည်းယာဉ်မောင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ယခင်က ချောင်းဆုံမြို့နယ်ရှိ ကရင်၀င်းစိန်ကြားဆည် ဧရိယာအတွင်းရှိ ‘မဟာကန်တော်ကြီး’ တွင် နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့တွင် ရိုးရာလှေသဘင်ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ဘီလူးကျွန်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စက်မှုလက်မှု အတတ်ပညာများ အထိုက်အလျောက် ထွန်းကားခဲ့သည်။ ရေပတ်လည်၀န်းရံထား၍ လျှပ်စစ်မီးမရရှိခဲ့သောကြောင့် တိုးတက်မှုနှေးကွေးခဲ့ရသည်။ ဘီလူးကျွန်းရှိ လက်မှုပညာများထဲတွင် ရွာလွတ်ဆေးတံသည် မြန်မာ၌သာမက ကမ္ဘာထိတိုင်အောင် အထူးထင်ရှားခဲ့သည်။

ယခုလက်ရှိ လုပ်ကိုင်လျက်ရှိသော စက်မှုလက်မှု အတတ်ပညာများတွင် ‘မုဒွန်းရွာ’ ရှိ ကျောက်သင်ပုန်းနှင့် ကျောက်တံလုပ်ငန်းသည်လည်း တစ်ခေတ်တစ်ခါ ကျောင်းပညာရေးတွင် မရှိမဖြစ် အလွန်အသုံး၀င်ခဲ့သော ပစ္စည်းဖြစ်သည်။ ရွာလွတ်ရွာတွင် ကမ္ဘာကျော် ဆေးတံလုပ်ငန်းနှင့် လမ်းလျှောက်တုတ်လုပ်ငန်း၊ ‘ကလော့ရွာ’ နှင့် ‘နှီးမှုတ်ရွာ’ တို့တွင် ဝါးခမောက်လုပ်ငန်း၊ ‘တောင်စွန်းရွာ’ တွင် အုန်းဆံကြိုး၊ ခြေသုတ်ဖုံစသော စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ ဘီလူးကျွန်းတွင် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ၊ သမိုင်း၀င်အမွေအနှစ် သာသနိကအဆောက်အအုံများသာမက ရှေးဟောင်းမြို့များလည်း ရှိပါသေးသည်။ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် ဟံသာ၀တီပြည့်ရှင်မွန်ဘုရင် ဓမ္မစေတီမင်းသည် ပဲခူးကလျာဏီ သိမ်တော်ကြီးနှင့်အပြိုင် တစ်နိုင်ငံလုံးသိမ်ပေါင်း ၅၀၀ တည်ဆောက်ခဲ့ရာမှ ဘီလူးကျွန်းတွင် သိမ်လေးသိမ်တည်ခဲ့သည်ဟု ဆိုထားသည်။ ယခုအခါတွင် သိမ်သုံးသိမ်သာ သိရတော့သည်။ ယင်းသိမ်များမှာ ‘မုနိုင်သိမ်၊ ဘုရားကြီးကုန်းသိမ်၊ ကမာကေးသိမ်’ တို့ဖြစ်ကြသည်။

ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန် ရည်ရွယ်၍ သာသနာပြုလုပ်ငန်း ပြန့်ပွားရေးအတွက်လည်း ဆရာတော်ကြီးများက ကြိုးစားအားထုတ်ခဲ့သည်။ ဘီလူးကျွန်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများသည် ကောဇာသက္ကရာဇ် (၁၃၁၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်နေ့တွင်) ‘ပရိယတ္တိဟိတကာရီအဖွဲ့ကြီး’ ကိုတည်ထောင်၍ သာသနာအဓွန့်ရှည်ရေးအတွက် သာသနာ့ဗိမ္မာန်တွင် စာပြန်ပွဲများ ကျင်းပခဲ့သည်။ သာသနာ့ပုဂ္ဂိုလ်ထူးအနေဖြင့် သာသနာရေးတွင် အမြင့်ဆုံးဘွဲ့ ‘အဘိဓဇမဟာရဋ္ဌဂုရု’ ဘွဲ့ခံ သက်တော် ၁၀၄ နှစ်မှ ခန္ဓာ၀န်ချသွားသော ‘အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောသလ္လ မဟာထေရ်ဆရာတော်ကြီး မုဒွန်းရွာမှ ပေါ်ထွက်ခဲ့ဖူးသည်။

လူပုဂ္ဂိုလ်ထူးအနေဖြင့် ဂဠုန်ဆရာစံသည် လယ်သမားအရေးသူပုန်ထပြီး ဗြိတိသျှအစိုးရ လိုက်လံဖမ်းဆီးရာ လာရောက်တိမ်းရှောင်စဉ် ‘ကမာမိုရွာ’ တွင် ဆေးဆရာအဖြစ် လာရောက်ပုန်းအောင်း နေထိုင်ခဲ့ဖူးသည်။ ဆရာစံကို ဂုဏ်ပြုသောအားဖြင့် ဆရာစံရုပ်တုကိုလည်း ကမာမိုရွာ၌ ထွင်းထုပြသထားသည်။ ဟံသာ၀တီခေတ်တွင် ပုသိမ် ၃၂ မြို့၊ ဟံသာ၀တီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့စသော မြို့ပြ ၉၆ မြို့ရှိခဲ့သည်။ မုတ္တမ ၃၂ မြို့ထဲတွင် ပါ၀င်သော ဒရယ်ရွာ၊ ကုလားဘီရွာ၊ ၀ယ်လန်ရွာ၊ သက္ကောရွာတို့သည် ဟံသာ၀တီခေတ် ရှေးဟောင်းမြို့များဖြစ်ကြသည်။

နှစ်ပေါင်းများစွာ သီးခြားကမ္ဘာဆန်ဆန် ရပ်တည်ခဲ့သည့် ဘီလူးကျွန်းသည် ပကတိ အပျိုစင်တစ်ယောက်ပမာ အရောင်စွန်းထင်းခြင်းမရှိ ဖြူစင်၀င်းပစွာ တည်ရှိနေပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင် သံလွင်ချောင်းခြား လမ်းပန်းဆက်သွယ်ရေး အခက်အခဲနွံမှ လွတ်မြောက်လာသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် စီးပွားရေးအခွင့်အလမ်းများနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ လာရောက်အခြေချ လုပ်ကိုင်တော့မည်ဖြစ်သည်။ ထိုအခွင့်အလမ်းများကို လက်တစ်ဆုပ်စာ လူတစ်စုလက်အောက်သို့ သယံဇာတများ တစ်လွှာချင်းပိုင်း ဖျက်မခံရရန်မှာ ကျွန်းသူကျွန်းသားများ အထူးသတိပြုရမည့် အချက်တစ်ခုဖြစ်သည်။

ညို့မှိုင်းမှိုင်းတောင်တန်းများ၊ လယ်ကွင်းစိမ်းစိမ်းများ၊ စက်မှုလက်မှုအတတ်ပညာများ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ၊ စိမ်းလန်းသော သဘာ၀ပတ်၀န်းကျင်များသည် ယနေ့အချိန်ထိ နုပျိုလတ်ဆတ်လျက်ရှိသည်။ မြို့ပြဆန်ဆန် မွန်းကျပ်မှု အငွေ့အသက်မရှိ၊ သက်သောင့်သက်သာ တည်ရှိနေပါသေးသည်။ ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေး၊ ခေတ်စနစ်၏ တိုက်စားမှုကိုအသွင်သစ်ဖြင့် ဘီလူးကျွန်းသည် ၂၁ ရာစုထဲ ဆက်လက်စီးမျောရပါဦးမည်။

ဘီလူးကျွန်း (ခေါ်) ချောင်းဆုံမြို့နယ်ဟု လူအတော်များများ သိခဲ့သော ယက္ခဒီပမြေသည် ၂၀၁၇ ခုနှစ်တွင် မြန်မာ့စာမျက်နှာထက်မှာသာမက ကမ္ဘာထိတိုင်အောင် ကျော်ကြားခဲ့ပါပြီ။ အငြင်းပွားဖွယ်ရာများနှင့် သံလွင်မြစ်ပေါ်ကျောခင်းပြီး မော်လမြိုင်မှ ဘီလူးကျွန်းကို ဆက်သွယ်ပေးသော ဗိုလ်ချုပ်အောင်ဆန်း တံတားကြီးနှင့်အတူ ဘီလူးကျွန်းသည် လူအများစိတ်၀င်စားမှုကို ရရှိလာပါသည်။ နှစ်ပေါင်းများစွာ သံလွင်ချောင်းခြား၍ သီးခြားကမ္ဘာဆန်ခဲ့ရာမှ ၂၀၁၇ ခုနှစ်ကောင်းမွန်လာသည့် လမ်းပန်းဆက်သွယ်ရေးနှင့်အတူ ဘီလူးကျွန်းသည် တိုးတက်ရန် နိုးထသက်၀င် လမ်းထလျှောက်ခဲ့ပြီဟု ဆိုရပါတော့မည်။

ကျမ်းကိုး
■ မုဒွန်းရွာ ဆရာကြီးဦးမောင်သာ (မူအုပ်-ငြိမ်း) ရေးသားသော ချောင်းဆုံမြို့နယ် (ခေါ်) ဘီလူးကျွန်းသမိုင်း

■ စာရေးသူ ရာမညမင်းသက်နိုင်၏ ‘တကော့ခမိုင်’ (ခေါ်) ဘီလူးကျွန်းအကြောင်း (ချောင်းဆုံမြို့နယ် ရန်ကုန်အသင်းထုတ်ဝေသည့်ယက္ခ ဒီပမဂ္ဂဇင်း-၂၀၁၆)

■ ဘီလူးကျွန်း၏ စက်မှုလက်မှု ယဉ်ကျေးမှု (စာတည်းအဖွဲ့-ယက္ခဒီပမဂ္ဂဇင်း၂၀၁၆)

■ ဘီလူးကျွန်းရှိ ကျေးရွာအုပ်စုများနှင့် ကျေးရွာများ (စာတည်းအဖွဲ့-ယက္ခဒီပမဂ္ဂဇင်း ၂၀၁၆)

Writer – ရာမညမင်းငြိမ်းချမ်း
Eleven Media Group

မူရင်ပို့ပိုင်ရှင်နှင့်ဓါတ်ပုံများကို ကူးယူထားပါသည်

https://www.facebook.com/paralegal specialist

OK Hotelချိုသာသောအခန်းစျေးနှုန်းများပါနော်1 ယောက်ခန်း 150002 ယောက်ခန်း 250003 ယောက်ခန်း 35000မိသားစု6 ယောက်ခန်း 65000OK ...
21/07/2020

OK Hotel
ချိုသာသောအခန်းစျေးနှုန်းများပါနော်
1 ယောက်ခန်း 15000
2 ယောက်ခန်း 25000
3 ယောက်ခန်း 35000
မိသားစု6 ယောက်ခန်း 65000

OK Hotel (Mawlamyine) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။
မဂ်လာပါရှင့်

လှပ သန့်ရှင်းတဲ့ နေရာလေး မှာ တည်းခိုဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်

👍👍သန့်ရှင်းတဲ့ အိပ်ခန်းတွေ
🍲🍲အရသာရှိ ဟင်းလျာတွေ
မနက်စာဘူဖေး😱

ဘဏ်နဲ့လည်းနီးတော့ငွေထုတ်စရာမပူရတော့ဘူးပေါ့
နောက်တော့ ညစာကျအဝေးကြီးမထွက်စားချင်ဘူးဆိုရင်🤔
အနီးနားမှာပဲ💁
OK Restaurant မှာလည်း အရသာရှိတဲ့စားသောက်ဆိုင်တွေမှာလမ်းလျှောက်ရင်းထွက်စားရုံပဲနော် ဧည့်သည်တော်ကြီးများအတွက် အားလုံးအဆင်ပြေမှာပါ

မိုးရာသီအတွက် Bookingများလက်ခံပေးနေပါပြီရှင်

ဟုတ်ကဲ့ အခန်းမရမှာ စိုးရိမ်ရတဲ့အတွက် မြန်မြန်လေးတော့ booking တင်ထားရမှာပါနော်🤔

ကဲ မွန်ပြည်နယ်ဘုရားဖူးလာမယ်ဆိုရင် အချိန်ဆွဲမနေဘဲမြန်မြန်👏
"OK Hotel" ကို "Hello"လုပ်လိုက်တော့နော်💁☎️

✔️မနက်စာ ဘူဖေး
✔️Wi Fi
✔️ရေပူ🛁 ရေအေး🛀🚽
✔️အခန်းတွင်း {ရေဗူး တစ်ရှူး ဆပ်ပြာခဲ }
✔️အဲယားကွန်း
✔️ကားလက်မှတ် စီစဉ်ပေးခြင်း🚌
💠24-Hour မီးရရှိနိုင်ပါတယ်နော်🏪
✔️Mini Oway (မီနီအိုးဝေ-တုတ်တုတ်)ငှါးရမ်းနိုင်ခြင်း
✔️ကားလေးနဲ့လည်ချင်လဲရပါတယ်နော် 🚕🚕

👉OK Hotel ရဲ့ တည်နေရာလေးကတော့
အမှတ် (၁၁/၁၂) သထုံတံတား လမ်းနှင့် တိုးချဲ့ကမ်းနားလမ်းထောင့်
ဖက်တန်းရပ်ကွက်
မော်လမြိုင်မြို့

Ph☎️ , 0572024677
0572025098
0949801500
09429801500
Email▪▪▪ [email protected]

🥰မိုးရာသီဝသာန်ကာလထဲမော်လမြိုင်view pointအလှ🥰အရမ်းကိုလှပနေတယ်🧡လွမ်းစရာအမှတ်တရလေးတွေရှိမယ်ဆိုရင်လွမ်းနေရောပေါ့😢
21/07/2020

🥰မိုးရာသီဝသာန်ကာလထဲ

မော်လမြိုင်view pointအလှ🥰

အရမ်းကိုလှပနေတယ်🧡

လွမ်းစရာအမှတ်တရလေးတွေ

ရှိမယ်ဆိုရင်လွမ်းနေရောပေါ့😢

For rainny season promotion💭☔(20% discount off)(from 1st July to 30 September) Now......💰Single room=16000ks 💰Double roo...
03/07/2020

For rainny season promotion💭☔(20% discount off)
(from 1st July to 30 September)
Now......
💰Single room=16000ks
💰Double room =20000ks
💰Triple room=28000ks
💰Family room=44000ks

🔺Complimentary Breakfast
🔺Hight Speed Wifi
🔺Room Facilitates is perfect

For booking contact us☎📞
0572025097,
0572024677,
09429801500

Thanks for staying with us👋

(OK HOTEL-Mawlamyaine)

Mawlamyineဝင်ရင်"Quarantine(ကွာရင်တင်း)"မဝင်ရတော့ပါဘူးနော်...ညအိပ်ဖို့ကလည်း စျေးနှုန်းသက်သာပြီး သန့်သန့်ရှင်းရှင်းနဲ့ဝန်...
16/06/2020

Mawlamyineဝင်ရင်"Quarantine(ကွာရင်တင်း)"မဝင်ရတော့ပါဘူးနော်...ညအိပ်ဖို့ကလည်း စျေးနှုန်းသက်သာပြီး သန့်သန့်ရှင်းရှင်းနဲ့ဝန်ဆောင်မှုကောင်းတဲ့ "OKဟိုတယ်" ပြန်ဖွင့်နေပြီနော်

✅အခန်းခစျေးနူန်းလေးတွေကတော့

✅တစ်ယောက်အိပ် တစ်ညတည်းခိုခ ၂၀,၀၀၀ ကျပ်

✅နှစ်ယောက်အိပ် တစ်ညတည်းခိုခ ၂၅,၀၀၀ ကျပ်

✅Twin Bed - ၂၅,၀၀၀ ကျပ် (၂ ယောက်အိပ်)

✅Triple Room - ၃၅,၀၀၀ ကျပ် (၃ ယောက်အိပ်)

- သန့်ရှင်း သပ်ရပ်သော အိပ်ခန်းများ(အဲကွန်း/ရေခဲသေတ္တာ/တီဗီ/ရေပူရေအေး ရေချိုးခန်း အိမ်သာတွဲရက်)
- မြန်နှုန်းမြင့် Wifi အင်တာနက်
- 24 Hour Security
- ယဉ်ကျေးပျူငှာပြီး ဧည့်၀တ်ကျေသော ၀န်ထမ်းများ

အစ ရှိသော ၀န်ဆောင်မှုကောင်းများပါရှိသော OK Hotel (မော်လမြိုင်) တွင်တစ်ညတာတည်းခိုခ ၂၅,၀၀၀ ကျပ် တည်းဖြင့် အိပ်စက်အနားယူနိုင်ပါပြီခင်ဗျာ

☎☎☎ 09429801500, 05720 24677, 05720 25097, 0949801500
🏢🏢🏢 အမှတ် ၁၁,၁၂ တိုးချဲ့ကမ်းနားလမ်းနှင့် သထုံတံတားလမ်းထောင့်, ဖက်တန်းရပ်ကွက်, မော်လမြိုင်မြို့

နွေးထွေးပျူငြာစွာဖြင့် အိုကေဟိုတယ်မှ ကြိုဆိုပါတယ်မော်လမြိုင်မြို့ရောက်ခဲ့လို့ သတိတရနဲ့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်...
12/06/2020

နွေးထွေးပျူငြာစွာဖြင့် အိုကေဟိုတယ်မှ ကြိုဆိုပါတယ်
မော်လမြိုင်မြို့ရောက်ခဲ့လို့ သတိတရနဲ့ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်
သင့်တင့်သောစျေးနှုန်းနှင့် ဝနိဆောင်မှုပြည့်စုံတာမို့ တည်းဖူးသူတိုင်း အမှတ်ရနေမှာပါ
အိုကေမှာ စိုပြေရအောင် အိုကေဟိုတယ်သွားကြစို့နော်

OK Hotel တွင် ဇွန်လမှစ၍ ဧည့်သည်​များ ယုံကြည်စိတ်ချစွာ လာရောက်တည်းခိုနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။😍😍😍😍
03/06/2020

OK Hotel တွင် ဇွန်လမှစ၍
ဧည့်သည်​များ ယုံကြည်စိတ်ချစွာ လာရောက်တည်းခိုနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။😍😍😍😍

🎊 သားသားမီးမီး တို့ ပိတ်ရက် တွေမှာ Mawlamyine မြို့တစ်ဝိုက်ကို အလည်အပတ်ခရီးထွက်မယ့် ခရီးသွားဧည့်သည်တော်တွေအတွက် 👉 OK Hot...
20/02/2020

🎊 သားသားမီးမီး တို့ ပိတ်ရက် တွေမှာ Mawlamyine မြို့တစ်ဝိုက်ကို အလည်အပတ်ခရီးထွက်မယ့် ခရီးသွားဧည့်သည်တော်တွေအတွက် 👉 OK Hotel ရဲ့အခန်းစျေးနှုန်းလေးတွေနဲ့မိတ်ဆက်ပေးပါရစေ။

Single Room - 20000Ks
Double Room - 25000 Ks
Twin Room - 25000 Ks
Triple Room - 35000 Ks
Family Room (Six pax) - 55000 Ks

Mawlamyine မြို့တစ်ဝိုက်က အထင်ကရနေရာတွေကို လေ့လာလည်ပတ်ရင်း မိသားစုနဲ့အတူ ရုံးပိတ်ရက်တွေကို
ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ဖို့အတွက် OK Hotel ကိုသာ ကြွခဲ့လိုက်ပါနော်။
ပေးရတဲ့စျေးနှုန်းထက် သာလွန်ကောင်းမွန်တဲ့ Facility နဲ့ ဝန်ဆောင်မှု‌တွေ အပြည့်အ၀ခံစားရမယ်လို့အာမခံပါတယ်။

ဆက်သွယ်ရန်- ဖုန်း 09429801500, 0949801500

Address

Corner Of Toe Chet Kam Nar Street & Thahton Bridge Street, Phat Tan Quater
Mawlamyine
MONSTATE

Alerts

Be the first to know and let us send you an email when OK Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OK Hotel:

Share