26/06/2024
မိသားစုနဲ့အတူ နေထိုင်ဖို့ အိမ်တစ်လုံးကိုဝယ်ယူပြီး မိမိစိတ်တိုင်းကျ ပြင်ဆင်ရင်း ငွေကြေးများစွာ တန်ကြေးရှိသွားတဲ့ အိမ်တွေအများကြီး ရှိပါတယ် 💵
ဒီနေ့မှာတော့ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံးအိမ် ( ၅ ) လုံးအကြောင်းကို ပြည့်စုံချမ်းသာမှ ပြောပြပေးသွားမှာ ဖြစ်ပါတယ် 😍💁
🏡 No.5 - Franchuk Villa
Franchuk Villa အဆောက်အအုံကတော့ လန်ဒန်မြို့ရဲ့ အကြီးဆုံး အဆောက်အအုံ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ( ၅ ) ခုမြောက် ဈေးအကြီးဆုံး အိမ်တစ်အိမ်လည်း ဖြစ်ပါတယ် ။ တန်ဖိုးအရ $161 Million ရှိပါတယ် ။ ဒီအိမ်ထဲမှာဆိုရင်တော့ Underground Indoor Swimming Pool , Panic Room , and Private Movie Theater ပါဝင်ပါတယ် ။
🏡 No.4 - The Hearst Mansion
The Hearst Mansion ကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိတဲ့ အိမ်တစ်လုံးဖြစ်ပါတယ် ။ $ 165 Million ရှိပြီး ကမ္ဘာပေါ်မှာ ( ၄ ) ခု မြောက် ဈေးအကြီးဆုံး အိမ်အဖြစ် ရပ်တည်လျက် ရှိပါတယ် ။
🏡 No.3 - Fairfield Pond
Fairfield Pond ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တန်ဖိုးကြီးတဲ့ အိမ်တွေထဲက တစ်လုံးဖြစ်ပါတယ် ။ တန်ဖိုးက $ 198 Million ရှိပြီး စတုရန်းပေ 66,000 ကျယ်ဝန်းပါတယ် ။ ဒါကြောင့် ကမ္ဘာ့တတိယမြောက် ဈေးအကြီးဆုံး အိမ်စာရင်းမှာ နံပါတ် ( ၃ ) နေရာမှာ ရပ်တည်လျက်ရှိပါတယ် ။
🏡 No.2 - Villa Leopolda
Villa Leopolda ကိုတော့ ၁၉၀၂ မှာ ဘယ်လ်ဂျီယံဘုရင်က ဆောက်လုပ်ခဲ့ပြီး French Riviera မှာ တည်ရှိပါတယ် ။ ဒီအိမ်ရဲ့အကျယ်အဝန်းက အလွန်ကျယ်ဝန်းတဲ့အပြင် ပန်းခြံပေါင်း ၄၀ ကျော်လောက် ပါဝင်တယ်လို့ သိရပါတယ် ။ တန်ဖိုးကတော့ $736 Million ရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံး ဖြစ်ပါတယ် ။
🏡 No.1 - Antilla
Antilla ကတော့ Mumbai မှာရှိတဲ့ ကမ္ဘာ့ပထမဈေးအကြီးဆုံး အိမ်ဖြစ်ပါတယ် ။ အထပ် ( ၆ ) ထပ် ၊ ကားပါကင် ၊ ရေကူးကန် ၊ ခန်းမပေါင်းများစွာနဲ့ တန်ဖိုး 1 Billion Dollar ရှိတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ် ။ ထူးခြားတဲ့ အိမ်အပြင်အဆင်တွေနဲ့ သာမန်အိမ်တွေမှာ မတွေ့ရတဲ့ အပြင်အဆင်မျိုးပေါင်းများစွာကိုလည်း ဒီအိမ်ကြီးမှာ တွေ့မြင်နိုင်ပါတယ် ။
ဒီအိမ် ( ၅ ) လုံးကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး အိမ် ( ၅ ) လုံးပဲ ဖြစ်ပါတယ် 💁🏫
ပြည့်စုံချမ်းသာ ဟာ မြေကွက် အရောင်းပိုစ့်များသာမက အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတများကိုလည်း အမြဲမျှဝေပေးနေတာကြောင့် အိမ်ခြံမြေနယ်ပယ်ကို စိတ်ဝင်စားကြတဲ့ အိမ်ခြံမြေချစ်သူတို့အနေနဲ့ Pyae Sone Chan Thar - Pyin Oo Lwin Real Estate Page ကို Like & Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😍
📍အသေးစိတ်စုံစမ်းလိုပါက ကိုယ်တိုင်လာရောက်ပြီး ကြည့်ရှုနိုင်သလို၊ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး သိလိုတာတွေကို မေးမြန်းနိုင်ပါတယ် 📲
☎️ 09-5098604
☎️ 09-676202677
☎️ 09-5030686
#ပြည့်စုံချမ်းသာ
#ပြင်ဦးလွင်အိမ်ခြံမြေရောင်းဝယ်ရေး