05/08/2021
💰💰💰ငွေစုပြီးမြေကွက်ဝယ်နည်း💰💰💰
မြေကြီးက ရွှေသီးချင်ရင် တိုက်ခန်းဝယ်မယ့်အစား ဆင်ခြေဖုန်းကမြေကွက်ဝယ်ပါ။တရိတ်ရိတ်နဲ့စျေးတက်ပြီး ဘယ်တော့မှမရှုံးတာမြေကွက်ပါ။
တိုက်ခန်းကျဉ်းကျဉ်းကြပ်ကြပ်မှာ သိန်း၃၀၀ - သိန်း၅၀၀ လက်ငင်းဝယ်အရစ်ကျ ဝယ်ပြီး စိတ်ဖိစီးမယ့်အစား မိမိပိုင်မြေကွက်ပေါ်မှာ ချစ်စရာကောင်းတဲ့အိမ်ဆောက်ပြီးနေပါ။လုံးဝမရှုံးသလို အမြဲတမ်းတန်ဖိုးတက်နေပါလိမ့်မယ်။
☎ ဆက်သွယ်ရန်
May Myo Real Estate Advisors
📲 09- 89 330 3300
တိုက်ခန်းငှါး တိုက်ခန်းမှာစီးပွားရေးလုပ် တန်ပါတယ်။
စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက် ငှါးရမ်းလုပ်ကိုင်တာမျိုးက သင့်တော်ပါတယ်။ ဥပမာ တစ်လ ၃သိန်းတန် တိုက်ခန်းငှါး
တစ်ရက် ထွက်ငွေ ၁သောင်းကျပ် -
ဖက်ရှင် စက်ချုပ်ဆိုင်လေးဖွင့်ဖွင့် အလှပြင်ဆိုင်ဘဲဖွင့်ဖွင့် တစ်ရက်ဝင်ငွေ - 50000 လောက်ဝင်တယ်ဆိုပါစို့
အခန်းငှါးခ ၁သောင်း -ဝင်ငွေ ၅သောင်း - ကျန်ငွေ၄သောင်း
ဘာမှစီးပွားရေးမလုပ်တတ်ပါက တိုက်ခန်းဝယ်ပြီးမနေသင့်ပါ။
မြေကွက်ဝယ် အိမ်ဆောက်ပြီးနေပါ။
အချိန် ၁၀နှစ်ကြာရင် အိမ်တန်ဖိုးတက် စုမိဆောင်းမိပါလိမ့်မယ်။
ငွေရှိရင် မြေများများဝယ်ပါ။
ခြံဝန်းခတ်ပြီး အဆောက်အဦးဆောက်ပါ။
အငှါးချပါ။ လစဉ်ဝင်ငွေတိုး မကြာမှီ အလုပ်ငြိမ်း ချမ်းသာစွာနေရပါလိမ့်မယ်
ရှေးဦးစွာ စျေးသက်သာသော မြေကွက်များကို စိတ်ကြိုက်ရွေချယ် စုံစမ်းထားပါ။ မြေကွက်ဝယ်မယ်လို့ စိတ်ကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ထားပါ။
လစဉ်ဝင်ငွေကို စနစ်တကျ အချိုးချပါ။
ထွက်ငွေများထိန်းချုပ်ပါ။
သိန်း ၁၀၀ တန်မြေကွက်ရချင်သည်ဆိုပါစို့။
အချိန် Target ထားပါ။အရေးကြီးပါသည်။
၁နှစ်အတွင်း Target ထားပါက ၁၀၀သိန်း/12 နဲ့စား
တစ်လကို ၈သိန်းကျော်စုရပါမယ်။
ဝင်ငွေက ၄သိန်း စုငွေက ၂သိန်းဆိုပါက ပုံမှန်အတိုင်းစုပါက အချိန်အများကြီးပေးရပါလိမ့်မယ်။
မိမိ၏ ပုံမှန်ဝင်ငွေကို တိုးမြှင့်ရပါမယ်။
၈သိန်း လိုပါက ၁၀သိန်း Target ထားပါ။
၁၀သိန်းကို ရက်၃၀နဲ့စား တစ်ရက်ဝင်ငွေ ၃သောင်းလိုပါမယ်။
တစ်ရက်ဝင်ငွေ ၃သောင်း ဝင်အောင် မိမိတို့ လုပ်အားဖြင့်ကြိုးစားရှာဖွေကြရပါမယ်။ရှာဖွေနည်းကတော့ မိမိတို့ကျွမ်းကျင်ရာမှာ အာရုံထားရှာဖွေကြည့်ပါ။ ဟင်းကောင်းကောင်းချက်တတ်ပါက ပေါ်မှာ ဟင်းချက်ရောင်းပါ။ စက်ချုပ်တတ်ပါက Online / အပြင်မှာ စက်ချုပ်ဆိုင်ဖွင့်ပါ။ အများကြီး အများကြီး ကြိုးစားလုပ်ကိုင်လို့ရပါတယ်။တစ်ရက်ဝင်ငွေ ၃သောင်း အရင်ရအောင် ကြိုးစားလုပ်ကိုင်ပြီး တစ်နှစ်အတွင်း သိန်း၁၀၀တန်မြေကွက် ပိုင်ဆိုင်ကြပါစေ။
☎ ဆက်သွယ်ရန်
May Myo Real Estate Advisors
📲 09- 89 330 3300
Tracy ၏ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ
+++++++++++++++++++++++++++++++++++++++++
အပိုင်း (၁)
ငွေစုရာတွင်
၀င်ငွေနှင့် ထွက်ငွေယှဉ်လာတဲ့အခိုက် ၀င်ငွေကများနေမှသာ ငွေစုဖို့အဆင်ပြေမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ ၀င်ငွေဟာ အသုံးစရိတ်တွေထက် များနေမှ ငွေတွေပိုလျှံလာမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။
(၁) လစဉ်မသုံးမဖြစ်သုံးရမည့် စာရင်းကို သတ်မှတ်ပါ။
(၂) လစဉ် အများဆုံးဘယ်လောက်အတိုင်းအတာထိ စုမလဲဆိုတာကို ဆုံးဖြတ်ပါ။
(၃) အကြွေးတွေကို မများလာမီ အကျေဆပ်ပါ။
ဖြစ်နိုင်ရင်အကြွေး၀ယ်ကဒ်တွေထားမနေပါနဲ့တော့။ မလိုအပ်ဘဲ နှစ်စဉ်ကြေးတွေပေးစရာမလိုရအောင်ပါ။
(၄) ဘယ်နေရာမှာ အများဆုံးဘယ်လောက်သုံးရမလဲ ဆိုတဲ့ လစဉ် ဘတ်ဂျက်လျာထားချက်များရှိပါစေ။
ဘတ်ဂျက်ကိုစီမံဖို့အကြံပြုချက် (၇)ချက်
(၁) အပတ်စဉ်၊ လစဉ် ဘယ်လောက်အသုံးစရိတ်ရှိသွားလည်း အလွယ်တကူပြန်ရှာနိုင်ရန်အတွက် စာအုပ်ထဲရေးမှတ်ထားပါ။ သို့တည်းမဟုတ် Budget application သုံးပြီး မှတ်ထားပါ။
(၂) လစဉ်အသုံးစရိတ်များ၊ ၀င်ငွေ ထွက်ငွေအားလုံး မှတ်တမ်းတင်ထားပါ။
(၃) မဖြစ်မနေသုံးရမည့်အသုံစရိတ်အပြင် အခြားအပို ဘယ်လောက်သုံးရမလဲဆိုတဲ့ အကန့်အသတ်ရှိပါစေ။
(၄) ၀င်ငွေ ထွက်ငွေကို နှိုင်းယှဉ်ပြီး လစဉ်သုံးသပ်ပါ။
ဥပမာ အစားအသောက်၊ ခရီးစရိတ်၊ အ၀တ်အစားတိုလီမိုလီ ၀ယ်စရိတ်၊ အကောက်ခွန်၊ ကားပြင်ခ၊ အိမ်ထိန်းသိမ်းစရိတ် အစရှိသည်ဖြင့် မှတ်တမ်းကို ပြန်ကြည့်ပြီး ဘယ်နေရာတွေမှာ မလိုအပ်ဘဲ သုံးမိနေလည်း သုံးသပ်ပြီး အသုံးစရိတ်ကို လျှော့ချပါ။ ပျော်ပွဲရွှင်ပွဲတွေအတွက် အသုံးစရိတ်သိပ်များနေတာမျိုး၊ မလိုအပ်ဘဲ ၀ယ်ယူမိတဲ့ ဇိမ်ခံအပိုပစည်း ၀ယ်ယူမှုများကို လျှော့ချပါ။
(၅) နေ့စဉ်မျက်ချည်မပြတ် စောင့်ကြည့်ရမည်မှာ အသုံးစရိတ်ပဲဖြစ်ပါတယ်။ သတိမထားမိဘဲ တစ်လ၀င်ငွေထဲကမှ အရေးကိစ တစ်ခုအတွက် ငွေတွေအများကြီးပုံအောပြီး မလိုအပ်ပါဘဲ အသုံးပြုမိတာမျိုးတွေမဖြစ်အောင် ကြိုတင်စီမံမှုတွေပြုလုပ်ပါ။
(၆) ဘ၀ပန်းတိုင်ကို သတ်မှတ်ပါ။ မိမိရဲ့အနာဂတ်၊ မိသားစုအနာဂတ်အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ၊ ကိုယ့်ရဲ့သားသမီးရဲ့ အနာဂတ်ပညာရေးအတွက် ဘယ်လိုစီမံမလဲ ၊အိမ်ပိုင်၀ယ်ဖို့ရှိသလား ရင်းနှီးမြှပ်နှံဖို့အစရှိသဖြင့် အကောင်အထည်ဆောင်ရွက်ရမည်များကို ပြုစုပြီး ငွေကြေးအကျပ်အတည်းမဖြစ်အောင် ကြိုတင်စီမံမှုများပြုလုပ်ပါ။
(၇) လစဉ် ၀င်ငွေတိုးရန် ဘာတွေလုပ်မလဲ၊ အသုံးစရိတ်တွေဘယ်လိုလျှော့မလဲဆိုတာကို မပြတ်ကြံဆထားပါ။
အထက်ပါ အချက်များကို လိုက်နာကျင့်သုံးပါက ရေရှည် ငွေကြေးအခက်အခဲများလျော့ပါသွားပါလိမ့်မယ်။
အပိုင်း (၂)
Law of accumulation ကို နားလည်ပါမှ ဘ၀မှာ ဘယ်နေရာမှာ စုပုံခြင်းဟာ အရေးပါလည်း ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
#စုပုံခြင်းနိယာမ
သင့်ဘ၀မှာဖြစ်ပေါ်လာတဲ့ ကောင်းခြင်းအဖြာဖြာသည် နေ့ချင်းညချင်း ပေါ်ပေါက်လာခဲ့သည်မဟုတ်ပေ။
ရောမမြို့ကြီးတစ်ရက်တည်း တည်ဆောက်လို့မရသကဲ့သို့လူတစ်ယောက်ရဲ့ ခမ်းနားတဲ့ဂုဏ်သိကာ ဆိုသည်မှာလည်း တစ်နေ့တည်းဖြစ်လာသည်တော့မဟုတ်ပါ။
ကောင်းတဲ့အရာများလည်း နေ့စဉ်စုဆောင်းခြင်းဖြင့် တဖြည်းဖြည်းစုပုံလာရပေသည်။
နှင်းခဲလုံးနိယာမသည်လည်း သေးငယ်တဲ့နှင်းခဲလေးတစ်ခုမှသည် တောင်ထိပ်မှ တောင်အောက်သို့လိမ့်ဆင်းပြီးနောက် အံ့မခန်းကြီးမားသော နှင်းခဲတုံးကြီးဖြစ်လာရခြင်းဖြစ်ပါသည်။
ဘ၀တွင် စုပုံခြင်းနိယာမကို လျစ်လျူမပြုအုပ်သော အရာသုံးချက်ရှိသည်။
(၁) အသိပညာ ဗဟုသုတ
ယနေ့အသိပညာဗဟုသုတကြွယ်၀သူသည်လည်း နေ့စဉ် တဖြည်းဖြည်းချင်းစုဆောင်းခြင်းမှ ဖြစ်လာရသည်။
(၂) ငွေ
ယနေ့ချမ်းသာကြွယ်၀သူတို့သည်လည်း တပြားတကျပ်မှသည် တဖြည်းဖြည်းစုပုံများပြားလာပြီးနောက် မရေမတွက်နိုင်လောက်အောင် ချမ်းသာသူများဖြစ်လာကြသည်။
ငယ်ရွယ်စဉ်က ဖြုန်းတီးပစ်ပါမူ အသက်အရွယ်အိုမင်းချိန်တွင် အိုစာမင်းစာပင်မကျန် ဆင်းဆင်းရဲရဲဖြင့် ဘဝနေ၀င်ချိန်ကို ဖြတ်သန်းရပေလိမ့်မည်။
(၃)အတွေ့အကြုံ
ယနေ့နယ်ပယ်အသီးသီးမှ ထိပ်တန်းအောင်မြင်နေသော သူများသည်လည်း ရွက်ကြမ်းရေကျိုသမားတို့မလုပ်ဝံ့သောအရာများလုပ်ရင်း ရရှိလာသောအတွေ့အကြုံများကြောင့်ဆိုသည်ကို ငြင်းဖွယ်ရာမဟုတ်ပေ။
ကိုယ်လုပ်နေတဲ့ လုပ်ဆောင်ချက်သေးသေးလေးကအစ သင်သတိပြုရပေလိမ့်မယ်
အပျက်သဘောတို့သည်လည်း အချိန်တွေကြာလာသည်နှင့်အမျှ စုပြုံလာမည်ဖြစ်သလို
တန်ဖိုးရှိသော အချိန်ဆိုသည်မှာလည်း သတိလက်လွတ်နမော်နမဲ့ ဖြုန်းတီးပစ်ရာက ဘယ်တော့မှ ပြန်မရနိုင် အချည်းနှီးဖြစ်ရပေသည်။
သင့်ဘ၀မှာ
ကောင်းခြင်းအဖြာဖြာစုပုံလာစေဖို့နေ့ရက်တိုင်းအတွက် လုပ်ဆောင်ရဖို့အတွက် သင်သာလျှင်တာ၀န်အရှိဆုံးဖြစ်ပေတော့သတည်း။
မှီငြမ်း The law of accumulation by Brian Tracy
+++++++++++++++++++++++++++++++++++
အပိုင်း (၃)
Brian Tracy က The richest man in Babylon စာအုပ်ကို ဖတ်ပြီး ကျင့်သုံးဖို့ညွှန်ထားတာကြောင့်
ဆရာဖေမြင့်ရေးသားတဲ့ " ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် " ထဲက ချမ်းသာကြီးပွားကြောင်း ၇ချက်ကို အကျဉ်းဖော်ပြပေးလိုက်ပါတယ်။ အသေးစိပ်လေ့လာချင်ရတော့ စာအုပ်ဒေါင်းဖတ်ပေါ့ဗျား။
ကြီးပွါးကြောင်း (၇) ရပ်
================
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို
အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီ၀င်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေ၀င်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်၀က်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )
Brian Tracy ကတော့ ငွေကြေးစီမံတတ်ဖို့အတော်ဆုံးရေးသားသူတွေရဲ့စာအုပ်တွေကို အကြိမ်ကြိမ်ဖတ်ဖို့ မိမိရွေးချယ်ထားတဲ့ အသက်မွေး၀မ်းကျောင်းအတတ်ပညာကို စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့လမ်းညွှန်ထားပါသေးတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ငွေကြေးအသိပညာပြည့်စုံပြီးငွေကိုကောင်းစွာ စီမံသုံးစွဲတတ်တဲ့ အလေ့အကျင့်ကောင်းတွေ တည်ဆောက်ဖို့ဟာ ငွေကြေးအခက်အခဲမှ တသက်တာ လွတ်မြောက်ဖို့အတွက် အရေးအကြီးဆုံး သော့ချက်ဖြစ်တာကြောင့် နေ့ စဉ်ဘ၀ထဲမှာ စွဲမြဲသွားအောင် မိမိကိုယ်တိုင် အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ဖို့ အထူးတိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါ
ချစ်သောမိတ်ဆွေများအတွက်ပြန်လည်မျှဝေပေးသည်။ (Credit)
ပြင်ဦးလွင်မှာမြေကွက်ဝယ်တော့မယ်ဆိုရင်တော့ စိတ်ချရတဲ့ တောင်ပေါ်မြေ အိမ်ခြံမြေရောင်းဝယ်ရေးမိသားစုကို သာဆက်သွယ်လိုက်ပါခင်ဗျာ။ လူကြီးမင်း စိတ်ကျေနပ်ဖို့ အာမခံပါတယ်။
☎ ဆက်သွယ်ရန်
May Myo Real Estate Advisors
📲 09- 89 330 3300
📱 09- 667 38 28 30
📱 09 -962 310 483 /09 661 367 896 သို့
သိလိုသမျှမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။ ပြင်ဦးလွင်ထဲရောက်လျှင်လည်းဖုန်းလေးသာလှမ်းဆက်လိုက်၊ လာကြိုပေးပြီး သေသေချာချာလိုက်လံပြသရှင်းပြပေးပါတယ်ခင်ဗျ။