ကိုထွန်း ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်း

  • Home
  • Myanmar
  • Maymyo
  • ကိုထွန်း ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်း

ကိုထွန်း ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်း ဘယ်​နေရာ ဝယ်သင့်သလဲ? အကြံဥာဏ်​ပေးဖို့ အဆင်သင့်ပါပဲ။ မှန်ကန်ရမယ် မြန်ဆန်ရမယ်။

ကိုထွန်း အိမ် ခြံ မြေ လုပ်ငန်း (ပြင်ဦးလွင်) မှ လူကြီးမင်းတို့အတွက် တန်ဖိုးနည်း အိမ်ယာအပြင် အိမ်ကြီးအိမ်ကောင်းများပါ အရောင်း/အဝယ်ဝန်ဆောင်မှု ပေးနေတာမို့ ဆက်သွယ်ဖို့ မမေ့ပါနဲ့နော်
လူကြီးမင်းတို့အတွက် ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက်များကိုသာ ရောင်းချပေးနေတာပဲဖြစ်ပါတယိခင်ဗျာ။

■ ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို  ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်...
05/08/2026

■ ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်

ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေးကျင်းပသည့် ဒုတိယနေ့ သြဂုတ်လ၅ရက်တွင် "ပြင်ဦးလွင်မြို့တွင် တိုးချဲ့ဖွဲ့စည်းသည့် ရပ်ကွက်ကြီး(၁၁)ခုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂရန်ထုတ်ပေးရန် အစီစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းကို ပုသိမ်ကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးပိုအေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက " ပြင်ဦးလွင်မြို့နယ်သည် ရပ်ကွက်ကြီး ၂၁ရပ်ကွက် ကျေးရွာအုပ်စု၃၇အုပ်စု စုစုပေါင်း ၅၈အုပ်စုဖြင့် ဖွဲ့စည်းထားရှိပြီး ရပ်ကွက်ကြီး ၂၁ရပ်ကွက်အနက် ရပ်ကွက်ကြီး ၁မှ ၁၀ အထိ ရပ်ကွက်ကြီး ၁၀ခုသည် မူလမြို့မြေများဖြစ်သောကြောင့် ဂရန်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန် ရပ်ကွက်ကြီး၁၁မှ ရပ်ကွက်ကြီး ၂၁ထိသည် ၂၀၀၆ခုနှစ်မှသာ တိုးချဲ့ဖွဲ့စည်းခဲ့သည့်ရပ်ကွက်များဖြစ်သဖြင့် အဆိုပါနေရာများတွင် ၆၄လက်မ တစ်မိုင်စကေးဖြင့် မြို့ကွက်မြေပုံကွက်စိပ်၊ ကွက်ကျဲမြေတိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၂၁၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် ရပ်ကွက်ကြီး ၁၂၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရပ်ကွက်ကြီး ၁၁၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၈နှင့် ရပ်ကွက်ကြီး ၁၉၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၄ တို့ကို ၅နှစ်စီမံချက်ဖြင့် နှစ်စဉ်တိုင်းတာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၌လည်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဆိုပါ မြို့ကွက်မြေပုံ ကွက်စိပ်၊ ကွက်ကျဲမြေတိုင်းတာခြင်းလုပ်ငန်းများတိုင်းတာဆောင်ရွက်ပြီး မြေမျိုးပြောင်းလဲပြင်ဆင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ပြီးပါက မြေငှားဂရန်လျှောက်ထားလိုသူများအနေဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါမြေငှားဂရန်လျှောက်ထားလာမှုအပေါ် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ပြည့်စုံမှန်ကန်ပါက မြေဧရိယာဧကအလိုက် စိစစ်ထောက်ခံတင်ပြခြင်း၊ မြေငှားဂရန်ခွင့်ပြုခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိ ပြင်ဦးလွင်မြို့နယ်ရှိ မြေယာကွင်းဆင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ " ကျွန်တော် ကွင်းဆင်းစစ်ဆေးချက်အရတော့ လတ်တလော ကွက်စိပ်၊ ကွက်ကျဲ ထိုးမထားသေးဘူး။ ဆက်လက်အကောင်အထည်မဖော်ဘူးဆိုရင်တော့ မေးခွန်းတွေ ထပ်မေးသွားမယ်။ ပြင်ဦးလွင်က မြို့ငယ်သလောက် မြေယာရှုတ်ထွေးမှုအများကြီးရှိတယ်။ ပြည်သူများရဲ့ မြေယာပိုင်ဆိုင်မှုအတွက် ဂရန်ထုတ်ပေးဖို့မေးရတဲ့ရည်ရွယ်ချက်က ပိုင်ဆိုင်တဲ့သူတွေအတွက် တရားဝင်အထောက်အထား၊ လုံခြုံရေးနှင့် တရားဝင်မှုအတွက် ရချင်လို့ပါပဲ" ဟု မေးခွန်းမေးမြန်းခဲ့သည့် ဦးပိုထွေးက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ထပ်တိုးချဲ့သည့် ရပ်ကွက်ကြီး ၁၁မှ ၂၁အထိ ရပ်ကွက်ကြီး ၁၁ခုလုံးတွင် ဂရန်ချထားပေးမှုလုံးဝမရှိသေးကြောင်းလည်း သိရသည်။

#ပြင်ဦးလွင်မြို့နယ် #တိုးချဲ့ရပ်ကွက်ကြီး #ကိုထွန်း_ပြင်ဦးလွင်အိမ်ခြံမြေ #ပြင်ဦးလွင်အိမ်ခြံမြေ

Crd - Eleven Media

ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာန.....

ကိုယ်တွေခြံတစ်ကွက်ကျော်က အကွက်လေး ရောင်းပါရစေခင်ဗျာပြင်ဦးလွင်မြို့ /ရကက (၂၁) မိုးကြိုး တောင်ဂေါရခါးစု /ချင်းတွင်းလမ်း လမ...
18/07/2026

ကိုယ်တွေခြံတစ်ကွက်ကျော်က အကွက်လေး ရောင်းပါရစေခင်ဗျာ

ပြင်ဦးလွင်မြို့ /ရကက (၂၁) မိုးကြိုး တောင်ဂေါရခါးစု /ချင်းတွင်းလမ်း လမ်းသွယ် (၁)/ တောင်ဂေါရခါးရပ်ကွက်ရုံးအနီး

ပေအကျယ် - (၄၀×၆၀)
အရပ်မျက်နာအလှည့် - မြောက်အရပ်တည့်တည့်
မြေအမျိုးအစား - တိုးချဲ့ရွာမြေစရင်းဝင်ပြီး (မူလကတော့ ယာမြေပါ)
စျေးနှုန်း - ၂၆၀၀ သိန်း (ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်)
ခြံရှေ့လမ်း - ပေ ၂၀

(တံခါးအဝင်/အထွက်နဲ့ Villa ပုံစံမျိုးပါ
လမ်းအပိတ်မရှိပါ
ကတ္တရာလမ်းခင်းပါမည်)

ဘာပဲသိချင်သိချင်
အောက်ပါဖုန်းနံပါတ်များကို
အချိန်မရွေး ဖုန်းဆက်နိုင်ပါတယ်ခင်ဗျာ
09 4016 78513
09 6828 43999
09 7558 67352

#ပြင်ဦးလွင်အိမ်ခြံမြေ
#ရကက၂၁

ရောင်းမှား ဝယ်မှား မဖြစ်ရအောင်အိမ် ခြံ မြေ ဝယ်မယ်ဆိုရင် ဒီ အချက် (၅) ပြည့်စုံပါစေ၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေငွေပေါပေါ ရ...
20/06/2026

ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
အိမ် ခြံ မြေ ဝယ်မယ်ဆိုရင် ဒီ အချက် (၅) ပြည့်စုံပါစေ

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit : Ra Wai

အိမ်ခြံမြေအကြောင်း သိကောင်းစရာများ**************************************💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နော...
30/09/2023

အိမ်ခြံမြေအကြောင်း သိကောင်းစရာများ
**************************************

💢အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ💢

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်း​ခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။

ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။
(လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ)

02/09/2023
 #လှလှလေးရောင်းပေး #ပြင်ဦးလွင်မြို့၊ #ရပ်ကွက်ကြီး၁၀ပဒေသာမြို့သစ် နေရာကောင်းလမ်းသာ ဂရန်မြေတိုက်အပါအရောင်းပါခင်ဗျာ✅ပေ( ၄၀...
01/09/2023

#လှလှလေးရောင်းပေး

#ပြင်ဦးလွင်မြို့၊ #ရပ်ကွက်ကြီး၁၀
ပဒေသာမြို့သစ် နေရာကောင်းလမ်းသာ ဂရန်မြေတိုက်အပါအရောင်းပါခင်ဗျာ

✅ပေ( ၄၀ × ၆၀ )

✅ဂရန်သက်တန်းကျန်၊
ပါဝါရ

✅ရိုးရိုးခန်း ၃ ခန်းပါ

💎စျေးနှုန်း - သိန်း ၅၀၀၀
(ပိုင်ရှင်တိုက်ရိုက်စျေးညှိနှိုင်း)

ဆက်သွယ်ရန်
-09 401 678 513

10+ Beautiful A-Frame Cabins 🏡❤️
27/08/2023

10+ Beautiful A-Frame Cabins 🏡❤️

10/08/2023
သဘောကျမိတဲ့ Design လေး
19/07/2023

သဘောကျမိတဲ့ Design လေး

Address

ရပ်ကွက်ကြီး ၂၁
Maymyo
05081

Alerts

Be the first to know and let us send you an email when ကိုထွန်း ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကိုထွန်း ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်း:

Shortcuts

Share

Category