အိမ်ခြံမြေအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ

  • Home
  • Myanmar
  • Maymyo
  • အိမ်ခြံမြေအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ

အိမ်ခြံမြေအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အိမ်ခြံမြေအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ, Real Estate, Maymyo.

သံမဏိထက် အဆ ၅၀ ပိုခိုင်ခံ့တယ်ဆိုတဲ့ စူပါသစ်သားကို မကြာမီ ထုတ်လုပ်နိုင်တော့မယ်သံမဏိထက် အဆ ၅၀ ပိုမိုခိုင်ခံတယ်ဆိုတဲ့ သစ်သာ...
28/05/2025

သံမဏိထက် အဆ ၅၀ ပိုခိုင်ခံ့တယ်ဆိုတဲ့ စူပါသစ်သားကို မကြာမီ ထုတ်လုပ်နိုင်တော့မယ်

သံမဏိထက် အဆ ၅၀ ပိုမိုခိုင်ခံတယ်ဆိုတဲ့ သစ်သားတစ်မျိုးကို အခုနှစ် နှောင်းပိုင်းမှ စတင်ပြီး အများအပြား ထုတ်လုပ်သွားတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်အခြေစိုက် စွန့်ဦးတီထွင် ကုမ္ပဏီ InventWood မှ ထုတ်လုပ်တဲ့ စူပါသစ်သား (Superwood)ဟာ မီးဘေး၊ ပိုးမွှားဘေးနဲ့ ရာသီဥတု ဘေးဒဏ်တွေကိုလည်း ခံနိုင်ရည် ရှိပါတယ်။

စူပါသစ်သားကို တီထွင်ခဲ့သူကတော့ အမေရိကန်တက္ကသိုလ်မှ သိပ္ပံပညာရှင် လျှံဘင်းဟူပါပဲ။ စူပါသစ်သားရဲ့ ထူးခြားချက်ကတော့ သဘာဝသစ်သားထက် ပိုမိုခိုင်ခံ့တဲ့အပြင် ဈေးလည်း ပိုသက်သာနေခြင်းပါပဲ။

စူပါသစ်သား ဖန်တီးရာမှာ လစ်ဂနင် (lignin)နဲ့ hemicellulose(ဟီမီဆယ်လူလို့စ်)တို့ကို ဖယ်ထုတ်ပြီး အပူပေးကာ ဖိလိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အပူပေးပြီး ဖိလိုက်ချိန်မှာ ဆဲလ်နံရံတွေ ပြိုကျသွားပြီး ဆယ်လူလို့စ် နာနိုဖိုက်ဘာတွေကို စီစီရီရီ ဖြစ်စေတာကြောင့် ပိုမိုတောင့်တင်း ခိုင်မာသွားစေတာ ဖြစ်ပါတယ်။

Ref: Maryland-based startup InventWood will begin mass production of "Superwood" later this year

Team ( ရိုးရာလေး)

 #ငလျှင်လှုပ်ပီးနောက်ပိုင်း Container House တွေဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာပါတယ်။ အဓိကက...
27/05/2025

#ငလျှင်လှုပ်ပီးနောက်ပိုင်း Container House တွေဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာပါတယ်။ အဓိကကတော့ တရုတ်မှ ကူညီထောက်ပံ့ပေးထားခြင်းဖြစ်ပါတယ်။

Container House (ကွန်တိန်နာအိမ်) ဆိုတာဟာ သံကွန်တိန်နာများကို ပြန်လည်အသုံးချပြီး အိမ်အဖြစ်
ပြုပြင်ထားသော အဆောက်အဦးဖြစ်ပါတယ်။ Modular house လို့လည်း သိထားကြပါတယ်။

ယခင်က သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုခဲ့သော 20 ft / 40 ft steel shipping Containerများကို ချက်ချင်းအသုံးပြုလို့ရတဲ့အိမ်အဖြစ် ပြောင်းလဲထားတာပါ။

House ရဲ့ အားသာချက်များ

1. သက်သာတဲ့ကုန်ကျစရိတ်

* ဆောက်လုပ်မှုကာလတိုပြီး၊ ဆောက်လုပ်ငန်းအလုပ်သမားခ ပိုသက်သာတယ်။

* သံကွန်တိန်နာတစ်ခုကို မြန်မာငွေ 60 သိန်း – 150 သိန်းအထိ ဖြတ်တောက်ပြုပြင်ပြီး တစ်အိမ်တည်ဆောက်လို့ရတတ်တယ်။

2. အချိန်တိုပီးမြန်မြန်ဆန်ဆန်တည်ဆောက်နိုင်တယ်

အချိန်တိုအတွင်းနေအိမ်တစ်လုံးလိုတဲ့သူတွေအတွက် သင့်တော်တယ်။

3. Eco-Friendly / Recycle

အသုံးပြုပြီးသား material ကို ပြန်သုံးတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူး။

4. တည်နေရာပြောင်းလဲချထားပီး အသုံးပြုနိုင်တယ်

* Mobile home (ရွေ့လျားအိမ်)အဖြစ် အသုံးပြုလို့ရတယ်။
* Lift truck နဲ့ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေလို့ရတယ်။

5. အနာဂတ်ကုမ္ပဏီ၊ Airbnb, ရုံးခန်း၊ ကုန်သည်ဆိုင်

အဖြစ် ပြောင်းလဲအသုံးပြုနိုင်

#အားနည်းချက်များ

1. အပူဓာတ်မြင့်ခြင်း

* သံကွန်တိန်နာဟာ မိုးလေဝသအပူပြင်းတဲ့ဒေသမှာ အပူလွန်လွန်းတတ်တယ်။ အပူလျှော့ဖို့ insulation (အပူကာပြား(သို့)ဖော့) ထည့်ဖို့လိုတယ်။ Air con လိုအပ်တယ်။ ပြင်ဦးလွင်၊ တောင်ကြီးကဲ့သို့သော အေးမြတဲ့ဒေသတွေမှာ ပန်ကာတစ်လက်လောက် တပ်ဆင်ရင် ရနိုင်ပါတယ်

2. သံချေးတက်ခြင်း

သံဖြစ်တဲ့အတွက် ချေးတက်နိုင်ပြီး, ရေဝင်ရင် ပျက်စီးလွယ်တယ်။ (သင်္ဘောများသည် သံ(mild steel)နှင့်ပြုလုပ်ထားပြီး ပင်လယ်ဆားငန်ရေတွင် သံချေးတတ်ခြင်းမှ ကာကွယ်ရန် red oxide ကဲ့သို့သော coating များ သုတ်လိမ်းထားသည်။ ထိုသုတ်ဆေးများ သုတ်လိမ်းထားပါက သံချေးတတ်ခြင်းကို ကာကွယ်နိုင်သည်)

3. အခွန်နှင့် ဥပဒေသတ်မှတ်ချက်များ

* တချို့ဒေသတွေမှာ container houses မတည်ဆောက်ဖို့ စည်းမျဉ်းကန့်သတ်ထားတတ်တယ်။ (Myanmarမှာအထူးသဖြင့်မြို့နယ်ပေါ်မူတည်)

---

House အသုံးပြုနည်းများ

*ဧည့်သည်လက်ခံအိမ် (Airbnb-style)
* တိုတောင်းအငှားအိမ် (rental cabin)
* အရောင်းဆိုင်/ရုံးခန်း (shop/office)
* စက်မှုဇုန်အနီး – အလုပ်သမားအိမ်
* စိုက်ပျိုးရေးဒေသ – field office / warehouse guard house

ထပ်မံဖြည့်စွက်ပေးနိုင်ပါတယ်ခင်ဗျာ

လယ်ယာမြေတွေနဲ့ ပတ်သက်လို့အရောင်းအဝယ်လုပ်ကြရင် သတိပြုကြဖို့မိမိ ကိုယ်တိုင် တွေ့ကြုံသိရှိသမျှကိုအပြုသဘောနဲ့ အကြံပေးတာပါ။ပထ...
26/05/2025

လယ်ယာမြေတွေနဲ့ ပတ်သက်လို့
အရောင်းအဝယ်လုပ်ကြရင် သတိပြုကြဖို့
မိမိ ကိုယ်တိုင် တွေ့ကြုံသိရှိသမျှကို
အပြုသဘောနဲ့ အကြံပေးတာပါ။

ပထမဦးဆုံးအနေနဲ့
အကြမ်းမျဥ်း သိရှိထားရမှာက

ပုံစံ ၇ ဆိုတာက
လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်

ပုံစံ ၁၀၅ ဆိုတာက
လယ်ယာမြေရဲ့ တည်နေရာပြ မြေပုံ
အနား ၄ ရပ် ၊အရှေ့ အနောက် တောင် မြောက်က
ဦးဘယ်သူ မြေကွက် ၊ လမ်း ၊ စသဖြင့်
ဖော်ပြပေးတာ

ပုံစံ ၁၀၆ ဆိုတာက
မြေအမျိုးအစား အကျယ်အဝန်း
ဦးပိုင်အမှတ်၊ ကွင်းအမှတ်စတဲ့
မြေရာဇဝင်ကို ပြောတာ

ပုံစံ ၇ ရပြီး ၊ ပုံစံ ၁၀၅/၁၀၆ ရပြီးပြီ ဆိုတိုင်း
မြေကွက်ရိုက်ပြီး ရောင်းလို့မရဘူး။

နောက်တစ်ခုက ပုံစံ ၁၀၅ / ၁၀၆ က
စည်ပင်ပိုင် ဂရံမြေတွေမှာ အိမ်ဆောက်မယ်ဆိုရင်
အဆောက်အဦ ဆောက်လုပ်ခွင့်အတွက်
မြေယာဌာနမှာ ရေးကူးပြီး ဆောက်လုပ်ခွင့်
တင်ပြရင် တွဲတင်ရတာလည်း ရှိတယ်။
သက်တမ်းက ၆ လ ပါပဲ။

နောက်တစ်ချက် သတိထားရမှာက
အခြားနည်းသုံးစွဲခွင့်ကျပြီးသား ​
မြေကွက်မှာ အကွက်ရိုက်ရောင်းပြီး
အိမ်ဆောက်လို့ မရဘူး။
ဥပဒေက ခွင့်မပြုဘူး။

အခြားနည်းသုံးစွဲခွင့်ကျပြီးသား ပြောရင်
ဘယ်လိုခေါင်းစဥ်နဲ့ ချပေးတာလဲ ဆိုတာကို
သေချာလေ့လာထားရတယ်။

မသိရှိသေးသူတွေအတွက် ရှင်းပြပါ့မယ်။

အခြားနည်းသုံးစွဲခွင့် လျှောက်ရင် - - -

၁။ လျှောက်ထားသူရဲ့ အမည်ပေါက်
လယ်ယာမြေ ပုံစံ ၇ ရှိရတယ်။

၂။ ကာယကံရှင်ကိုယ်တိုင် ပုံစံ ၇ မူရင်း /
မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စု
စာရင်း မိတ္တူနဲ့ မြို့နယ် မြေစာရင်းမှာ
သတ်မှတ်တဲ့ ဖောင်တွေ ထုတ် / ဖြည့်ပြီး
လျှောက်ရပါတယ်။

၃။ အခြားနည်း သုံးစွဲခွင့်ကို
ဘယ်လိုအမည်နဲ့ လျှောက်မှာလဲ ဆိုတာ
ခေါင်းစဥ်တပ်ရတယ်။ ဥပမာ -
ဓါတ်ဆီဆိုင်လား ?၊ ဖူဆယ်ကွင်းလား ?
လယ်ယာသုံး စက်ပစ္စည်းဆိုင်လား ?
သီးနှံဂိုဒေါင်လား ? ပလပ်စတစ်စက်ရုံလား?
ကော်စေ့စက်ရုံအတွက်လား ? စသဖြင့်ပေါ့။

၄။ သက်ဆိုင်ရာ ယာမြေ တည်ရှိတဲ့
မိမိယာရဲ့ ရှေ့နောက်ဘေးဘယ်ညာ
အနား ၄ ရပ်က ယာခင်းပိုင်ရှင်များရဲ့
ထောက်ခံချက်ကို ပဏာမယူ။
ရပ်ကွက် / ကျေးရွာမှာ ရှိတဲ့ လယ်စီအဖွဲ့
၅ ဦးကော်မတီထံ မြေပြင်ဓါတ်ပုံ၊
Google ဓါတ်ပုံ၊ ပုံစံ ၇ မိတ္တူ စုံလင်စွာနဲ့
အခြားနည်းသုံးစွဲခွင့်အတွက် ထောက်ခံချက်
အရင်ဆုံး ရယူရတယ်။

၅။ ၅ ဦးကော်မတီထံ ကနေ ထောက်ခံချက်
ရယူပြီးရင် သက်ဆိုင်ရာ မြို့နယ်က
လမ်းဦးစီး၊ စိုက်ပျိုးရေး၊ ကျေးလက်၊
မီးသတ်၊ ဆည်မြောင်း၊ လျှပ်စစ် စတဲ့
ဌာနတွေဆီကနေ ထောက်ခံချက်ယူရတယ်။

၆။ ထောက်ခံချက်ပေါင်းစုံ ရပြီ ဆိုရင်
မြေစာရင်းဦးစီးရုံးမှာ ပုံစံထုတ်၊
မြေပြင်ဓါတ်ပုံ၊ Google ဓါတ်ပုံ ၊
အပိုဒ်။ ၃ မှာပါတဲ့ လုပ်ငန်းအလိုက်
စီမံချက်ရေးသားပြီး တင်ပြရတယ်။

၇။ မြို့နယ်မြေစာရင်းမှာ စီမံချက်တွေ
လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေနဲ့
တင်ပြပြီးတဲ့နောက် ကွင်းဆင်းပြီး
စစ်ဆေးကြတယ်။

၈။ ကွင်းဆင်းစစ်ဆေးပြီးရင် အခြားနည်း
သုံးစွဲခွင့်အတွက် ချထားပေးသင့်တယ် လို့
ဆုံးဖြတ်ပြီးရင် ပုံစံ ၁၀၅/၁၀၆
ရေးဆွဲရတယ်။ ပြီးရင် မြေစာရင်းက
Google မြေပုံမှာ စက်ဝိုင်းတွေရော
အလျားလိုက် မျဥ်းတွေရော စုံလို့ ။
နားတော့မလည်ပါဘူး သူတို့ဆွဲပေးတာ

၉။ ပြီးရင် သတ်မှတ်တဲ့ မြေဧက အကျယ်အဝန်း
အတိုင်း သတ်မှတ်တဲ့ နှုန်းထားနဲ့ မြန်မာ့
စီးပွားရေးဘဏ်မှာ ငွေသွင်းရတယ်။
အလွန်ဆုံးငွေသွင်းရ သောင်းဂဏန်းပါပဲ။

၁၀။ ငွေသွင်းပြီးရင် ကန့်ကွက် ၁ လ ကို
သက်ဆိုင်ရာ ရုံးက ကြေညာသင်ပုန်း၊
မြေကွက် တည်နေရာက ရပ်ကွက်/ ရွာမှာ
လိုက်ကပ်ပြီး ကြေညာပေးရတယ်။
(ဂရံက ၂ ပတ်၊ အခြားနည်းက ၁ လ )

၁၁။ ကန့်ကွက် ၁ လ ပြည့်လို့ Clear ဆိုရင်
မြို့နယ်ရုံးကနေ ထွေအုပ်ကို တင်ပြ။
တစ်ခါ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုမှ
ခရိုင် နဲ့ တိုင်းကို ဆက်တင်ပြရတာ။

၁၂။ ခရိုင် နဲ့ တိုင်းက နေ ဗဟို လယ်/စီထံ
ဆက်လက်တင်ပြပြီး အခြားနည်းသုံးစွဲခွင့်
ကို မူလ တင်ပြထားတဲ့ လုပ်ငန်းအတိုင်း
ပေးသင့်တယ် လို့ ဆုံးဖြတ်မှ အခြားနည်း
အသုံးပြုခွင့်က ရတာ။

၁၃။ ပြီးရင် သတ်မှတ်ကာလအတွင်းမှာ
မူလ တင်ပြပါ စီမံချက် အတိုင်း
အကောင်အထည် မဖော်နိုင်ရင် အခြားနည်း
သုံးစွဲခွင့်ကို ပယ်ဖျက်တယ်။

၁၄။ အခြား လုပ်ထုံးလုပ်နည်းတွေ၊
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တာတွေ ကျန်သေး။
အဲဒီ Process အတိုင်း လုပ်ရတာ။
ကိုယ်တိုင် အမှုတွဲကို မျက်ခြေမပြတ်
လုပ်ကိုင်ရင်တောင် ၈ လလောက် ကြာတယ်။
သေချာ စီစစ်ပေးတာ။
===================================

အဲဒီ လုပ်ထုံးလုပ်နည်းတွေကို မသိရင်
အခြားနည်း အသုံးပြုခွင့်ကို ၁ လ အတွင်း
ရရမယ်။ ဘယ်လောက်ပေး ဆိုသူတွေရဲ့
လိမ်ညာတာ ခံရတတ်တယ်။ 😁

အခြားနည်း သုံးစွဲခွင့် ဆိုတာကလည်း
တင်ပြတဲ့ စီမံချက်အပေါ်မှာ သုံးသပ်ပြီးမှ
သင့်တင့်တဲ့ မြေကို အသုံးပြုခွင့်ပေးတာ။
ဥပမာ - ဓါတ်ဆီဆိုင် အတွက်ဆိုရင်
အလွန်ဆုံး ခွင့်ပြုရင် ၁ ဧက ပဲ။

အတိုချုပ် ပြောရရင်
အခြားနည်း သုံးစွဲခွင့်ကျပြီးသား မြေလို့
ပြောလာခဲ့ရင် ဘယ်လို ခေါင်းစဥ်နဲ့
ချပေးတာလည်း ဆိုတာ အရင်မေး။
မြို့နယ် မြေစာရင်းရုံးမှာ တိုက်ဆိုင်စစ်။

အခြားနည်းသုံးစွဲခွင့် ရပြီ ဆိုတိုင်း
အိမ်ဆောက်ဖို့ ၊ မြေကွက်ရိုက် ရောင်းဖို့
မဟုတ်ကြောင်း ပြောပြတာပါ။

အဝယ်မှားလို့ ​လယ်ယာမြေဥပဒေ အရ
ဖျက်သိမ်းခံရရင် ကိုယ့်လောဘနဲ့ကိုယ်ပါ။

အဲဒါလေးကို
မသိနားမလည်သူတွေ အတွက်
ကိုယ်တိုင် လုပ်ကိုင်ခဲ့ရလို့ သိရှိလာတဲ့
အတွေ့အကြုံ ၃၀ % လောက်ကို ရှင်းပြတာပါ။

ပညာရှင်တော့ မဟုတ်ပါ။

အားလုံးအဆင်ပြေကြပါစေ။


NASA စနစ်ထဲ ဝင် Hack ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်    အသက် ၁၇ နှစ်အရွယ် ဒီလူငယ်လေးကို NASA က တရားဝင် ကျေးဇူးတင်လွှာ ...
22/05/2025

NASA စနစ်ထဲ ဝင် Hack ခဲ့တဲ့
ဘင်္ဂလားဒေ့ရှ် ဆယ်ကျော်သက်

အသက် ၁၇ နှစ်အရွယ် ဒီလူငယ်လေးကို
NASA က တရားဝင် ကျေးဇူးတင်လွှာ
ပေးပို့ခဲ့ ပါတယ်။

အကြောင်းက သူဟာ
NAS ရဲ့ ဆိုက်ဘာလုံခြုံရေးစနစ်ထဲက
အရေးကြီးတဲ့ ချို့ယွင်းချက်ကို
ရှာပေးနိုင်ခဲ့လို့ပါ။
Sherpur ခရိုင် Jhenaigati မြို့မှာ ကြီးပြင်းလာတဲ့ ရှာရီအာ ရှနက်ဇ် ရှုဗွန် က
Self-Study လုပ်ပြီး Programming လေ့လာခဲ့တဲ့ လူငယ်ပါ။

၇ တန်းအရောက်မှာ
ရှုဗွန်က Programming ကို Free Course တွေတက် ၊ YouTube Tutorials ကြည့် ၊ စာအုပ်တွေ ဖတ်ပြီး သူ့ဘာသာ လေ့လာပါတယ်။
၈ တန်းမှာ Cybersecurity ပိုင်းလိုက်ပြီး Hackathons တွေ ဝင်ပြိုင်တာ Bug ရှာတာတွေ လုပ်နေပြီလို့ ဆိုပါတယ်။

"နည်းပညာဘက်က နယ်ပယ်အစုံကို
ကျွန်တော် လိုက်လုပ်ခဲ့တာ။
အဲ့ထဲမှာ SEO တို့ Graphic Design နဲ့
Video Editing တို့လည်း ပါတာပဲ။
Cybersecurity ပိုင်းက ကျွန်တော့် passion ပဲ"

NASA system ထဲက
privacy နဲ့ ဆိုင်တဲ့ bug ကို သူတွေ့တာက
ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၁ ရက်နေ့ကပါ။
သူတွေ့ပုံက ဒီလိုပါ။

"ပထမ တခြားသူတွေ တွေ့ထားတယ် ဆိုတဲ့
စနစ်ယိုပေါက်တွေ လိုက်ကြည့်ပြီး စမ်းတယ်။
တစ်ခုမှ မရဘူး။ နောက်တော့
စနစ်အားနည်းချက်တွေ အများကြီး ပေါင်းပြီး SSRF (Server-Side Request Forgery) နဲ့
IDOR (Insecure Direct Object Reference)
နည်းလမ်းကို စမ်းကြည့်တယ်။
ဒါတွေကို ဆက်စပ်ကြည့်ပြီးနောက်
ကိုယ်ရေး အချက်လက်တွေပါတဲ့
Earth data ထဲ access ဝင်ဖို့ bug တွေ့ရတယ်။ "

"ဒီ bug ကို တွေ့ရင် phishing attack တွေ လုပ်ပြီး ငွေညှစ်လို့ ရတယ် ၊
ဒေတာ ရောင်းလို့ ရမယ် ၊
ကျင့်ဝတ် နဲ့ မညီဘဲ သုံးလို့ ရမယ်လေ။
ကျွန်တော် NASA ကို ဒီအကြောင်း
အစီရင်ခံလိုက်တယ်။ သူတို့ ပြင်လိုက်ပါတယ်။

သူ့ရဲ့ report ကို NASA က
၂၀၂၅ ဖေဖော်ဝါရီမှာ တရားဝင်ကျေးဇူးတင်လွှာနဲ့ အသိအမှတ် ပြုခဲ့ပါတယ်။
ရှုဗွန်ဟာ အရင်ကလည်း Sony ၊
Meta စတဲ့ ကုမ္ပဏီကြီးတွေ စနစ်အားနည်းချက်တွေ ရှာတွေ့ထားသူလည်း ဖြစ်ပါတယ်။
ဒါတင်မဟုတ်ဘဲ
ဆိုက်ဘာ လုံခြုံရေး ဖိတ်ခေါ်ပြိုင်ပွဲ
ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ TryHackMe မှာလည်း Global Top 1 ချိတ်ထား ပါတယ်။

အခုတော့ ရှုဗွန်ဟာ
မလေးရှားက Cyberjaya တက္ကသိုလ်မှာ
ကျောင်းတက်ဖို့ လုပ်နေသလို တစ်ဖက်မှာလည်း ERTH ဆိုက်ဘာနည်းပညာ ကုမ္ပဏီတစ်ခုမှာ Infromation Security Analyst တစ်ယောက်အနေနဲ့ အလုပ် လုပ်နေတယ်လို့ ဆိုပါတယ်။

💘

မီတာရရှိပီး သိန်း ၁၀၀၀ ကျော်ကျော်လောက်နဲ့ ရမှာနော်
20/05/2025

မီတာရရှိပီး သိန်း ၁၀၀၀ ကျော်ကျော်လောက်နဲ့ ရမှာနော်

20/05/2025
20/05/2025
20/05/2025
20/05/2025

Address

Maymyo

Telephone

+959692020951

Website

Alerts

Be the first to know and let us send you an email when အိမ်ခြံမြေအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category