29/08/2022
ပြင်ဦးလွင်မြို့ရဲ့ အမ်ခြံမြေတွေနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Messenger ကတဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
ဒါကတော့ ပြင်ဦးလွင်မြို့လေးရဲ့ နေချင်စဖွယ် အနေအထားလေးတွေအချို့ကို ပြောပြထားပေးပါတယ်ရှင့်။
ပြင်ဦးလွင် စတင်ဖြစ်လာပုံ
ခရစ်နှစ် ၁၈၈၆-ခုနှစ်တွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ဗြိတိသျှတို့က ခေါ်တွင်ခဲ့သည်။ ပြင်ဦးလွင် ဟူသောအမည်ကို မေမြို့ဟူသော အမည်မှ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် တစ်ကြိမ်ပြောင်းလဲခေါ်တွင်ခဲ့သည်။ သို့သော် စစ်အပြီးတွင် ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်ချိန်မှစကာ မေမြို့ဟု ပြန်လည်ခေါ်တွင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟုပြန်ပြောင်းခေါ်စေခြင်းဖြစ်သည်။ ကဗျာဆန် နုယဉ်သော အမည်ဆောင်သည့် မြို့ဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးချမ်းသာယာသည်။ အထူးသဖြင့် နွေရာသီတွင် လူအများ အပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူ အပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။ ရှေးဗြိတိသျှ အစိုးရလက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရအရာရှိကြီးများသည် မေမြို့သို့ တက်၍နေထိုင်လေသည်။ ပြင်ဦးလွင်မြို့သည် ဗြိတိသျှတို့၏လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့တစ်ခု ဖြစ်သည်။ ပြင်ဦးလွင်သည် မန္တလေးမြို့ ရှမ်းပြည်နယ်နှင့် ရှေးအခါက တရုတ်ပြည် အနောက်ဘက်မှ ကုန်သည်များ စုဝေးရာဌာန ဖြစ်သည်။ ယခင်က ပြင်ဦးလွင်တွင် ၅ ရက် တစ်ဈေးသာရှိသည်။
ပြင်ဦးလွင်မြို့ရှိ ပါစယ်တာဝါ(Purcell Tower) ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ ဂီးလက်အင်ဂျွန်ဆင် ကုမ္ပဏီ(Gillete & Johnson Co.)မှ ဗြိတိသျှ ပဉ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် (၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။
ပြင်ဦးလွင်တည်နေရာ
ပြင်ဦးလွင် မြို့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတည်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် အမည် (၅) မျိုးဖြင့်ထင်ရှားသည်။ ၎င်းတို့မှာ မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော်ဟူ၍ ဖြစ်သည်။
ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။
ရာသီဥတု
တစ်နှစ်ပတ်လုံးတွင် ပြင်ဦးလွင်သည် မန္တလေးထက် 10°C ပိုအေးသည်။ အမှန်တကယ်တွင် မန္တလေးနှင့် ပြင်ဦးလွင်သည် လတ္တီတွဒ် တစ်တန်းတွင် တည်ရှိနေသော်လည်း ပြင်ဦးလွင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိသောကြောင့် ထိုကဲ့သို့အေးမြရခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။
ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်သော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်သဖြင့် သာယာအောင် ပြုပြင်ခဲ့ကြသည်ဟု ဝိကီးပီးဒီးယားကဖော်ပြထားသည်။ ရာသီဥတု အေးမြသောကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာလှပပြီး ဟင်းသီးဟင်းရွက်သစ်သီး သစ်နှံ ပန်းမာလာများကောင်းစွာ ဖြစ်ထွန်းသည်။ယင်းအပြင် တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်စသော စိုက်ခင်းများကိုစိုက်ပျိုးကြသလို ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည့် အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင် စသည်တို့ကိုလည်း ပြင်ဦးလွင်မြို့တွင် တွေ့မြင်နိုင်ပေသည်။